အပြစ်ပေး ခံရခြင်း။
Vol. 141 Ch. 1970
ကောင်းကင် ကျောက်စိမ်းဓား သူတော်စင် ရောက်လာသည့် အချိန်ထိ၊ ယဲ့ချင်းရှန်မှာ ပေါ် မလာ သေးချေ။
ထို့ကြောင့် လူတိုင်းက သံသယ များကို မေ့ပစ် ကြပြီး၊ ဟောပြောပွဲ အပေါ် အာရုံ စိုက် ခဲ့ကြသည်။
လေးနာရီ ကုန်လွန် ပြီးနောက်၊ ကောင်းကင်ဘုံ ကျောက်စိမ်းဓား သူတော်စင်မှ ထွက်ခွာ သွားသည်။ အဆုံးတွင် လူတိုင်းက ၎င်းတို့၏ သံသယ များကို ဖွင့်ဟ လာ၏။
“ ယဲ့ချင်းရှန် ... ဒီနေ့ ဘာလို့ ... မလာတာလဲ။ ”
“ သူ ကြောက်သွားတာ နေမယ် ... ၊ အဲဒီနေ့က ထွက်ပြေး သွားတာ ... မင်း မတွေ့ ဖူးလား။ ”
“ သိုင်းအဒေါ် အပေါ် မရိုမသေ လုပ်ခဲ့ တာကို တွေးမိပြီး၊ ရှောင်ပြေး သွားတာ နေမှာ ပေါ့။ ”
“ သူက လူယုတ်မာပဲ။ ”
ယဲ့ချင်းရှန်အား ကောင်းကင်ဘုံ ကျောက်စိမ်းဓား သူတော်စင်မှ ထုတ်ပယ်လိုက် သည် ဟူသော သတင်းက၊ တောမီး အလား ပျံ့နှံ့ သွားတော့၏။
ထိုအချိန်တွင် ကျောက်စိမ်းဓား သူတော်စင်က ကောင်းကင်၌ ရပ်ကာ၊ သန့်ရှင်းသော ရင်ပြင်အား ငုံ့ကြည့် နေသည်။
ရင်ပြင်တွင် လင်းယွန် (၆) ယောက်မှ တူညီသော ဓားရေးကို ကစား နေ၏။ ယင်းက ပိုးစုန်းကြူး နတ်ဓား ဖြစ်သည်။
သို့သော် ကျောက်စိမ်းဓား သူတော်စင်မှ မျက်မှောင်ကြုတ် သွား၏။ ဤသည်မှာ ပိုးစုန်း ကြူး နတ်ဓား ဖြစ်သော်လည်း ရည်ရွယ်ချက်မှာ ကွဲပြား နေသောကြောင့် ဖြစ်သည်။
“ ရွှပ် ... ။ ”
ပရမ်းပတာ ဓားရိပ်များ ကြားတွင် မတ်တပ်အနေ အထားဖြင့်၊ လင်းယွန်က လေထဲ ပက်လက် လှန်ချကာ၊ ဓားကို လှမ်းထိုး၏။
တိမ်ပင်လယ် အရောင် ပြောင်းလဲ လာသည်နှင့် အမျှ၊ ဓားစွမ်းအား သည်လည်း တိုးလာ တော့သည်။
ယင်းကြောင့် သက်တံဓား သူတော်စင်၏ ငယ်စဉ် အချိန်အား ပြန်၍ မြင်လာ မိတော့၏။ ထိုစဉ်က သက်တံဓား သူတော်စင်မှ သူမအား မြင်ကာ၊ လှည့်ပြီး ပြုံးပြ ခဲ့သည်။
“ ကျိယွမ် ... ငါ့ ဓားရေးကို ... မင်း ဘယ်လို မြင်လဲ၊ မနေ့က မင်းရဲ့ ဓားရေးကို ... ငါ ချိုးဖျက် နိုင်ပြီ။ ”
“ နင် ... ငါ့ကို အရှုံး မပေး ချင်လို့၊ တစ်ညလုံး လေ့ကျင့် နေတာလား။ ”
“ မဟုတ်ဘူး၊ မင်းရဲ့ ဓားရေးကို ဖြေရှင်းဖို့ ... တစ်ည မလို ပါဘူး။ ”
“ ဒါဆို ... နင့် ဆံပင်မှာ၊ ဘာလို့ နှင်းတွေ ခဲနေ ရတာလဲ။ ”
“ ဒါက ဓားနှင်း သက်သက်ပါ၊ အအေး ဒဏ်ကြောင့် မဟုတ်ဘူး၊ လာ... ဒီနေ့ ထပ်စမ်း ကြည့်ရအောင်၊ ငါက လွယ်လွယ်နဲ့ အရှုံးပေး မယ့်သူ မဟုတ်ဘူး။ ”
လင်းယွန်က ဓားကို သိမ်းကာ လှည့်ကြည့် မိ၏။ ကျောက်စိမ်းဓား သူတော်စင် ရောက်နေ သည်ကို တွေ့ရှိလိုက် သဖြင့် ပြုံးပြီး၊
“ သိုင်းအဒေါ် ... ၊ ငါ့ ဓားရေးကို ဘယ်လို မြင်လဲ။ ”
-ဟု မေးမြန်း လိုက်သည်။
“ မင်း ... တစ်ညလုံး လေ့ကျင့် နေတာလား။ ”
“ မဟုတ်ဘူး ... ၊ ဒါပေမယ့် ကျွန်တော်က အရှုံးကို လွယ်လွယ်နဲ့ ဝန်ခံမှာ မဟုတ်ဘူး။ ”
ထိုအဖြေကြောင့် ကျောက်စိမ်းဓား သူတော်စင်မှာ အတိတ်မှ ပြန်ရောက် လာပြီး၊ မျက်နှာ အေးစက် သွား၏။
“ သက်တံဓား မျိုးရိုးက အရင် အတိုင်း အရှုံးကို လက်မခံ ဖူးလား၊ ဒါဖြင့် ဒီတစ်ခါ မင်း ဘာလုပ် မလဲ ကြည့်ရအောင်။ ”
-ဟု ဆိုလျက်၊ စုတ်တံကို ထုတ်ကိုင်ပြီး စာရွက်အား စားပွဲ တင်ကာ ချရေး လိုက်သည်။ ဤတစ်ကြိမ်တွင် ဓားသမားပေါင်း ဆယ့်ရှစ် ယောက် ရှိ၏။
မနေ့ ကနှင့် ယှဉ်သော် အခက်အခဲ သုံးဆ တိုးလာသည်။ နောက်ရက် အနည်းငယ် လုံးလုံး ထိုနည်း အတိုင်း ပေပင်။
ဓားရေး လေ့ကျင့် နေသည်ဟု ဆိုသော် ငြားလည်း၊ တစ်ဖက်သတ် အရိုက်ခံ နေရခြင်း ဖြစ်သည်။
သူ ရင်ဆိုင် နိုင်ပြီဟု ခံစား မိသည့် အခါတိုင်း၊ အခက် အခဲမှာ တိုးမြင့် လာ၏။ အသက် ရှူရန် အချိန်ပင် မရှိ တော့ချေ။
(၇)ရက် အတွင်း ဓားသမား (၇၂)ယောက် အထိ တိုးလာပြီး၊ နေ့တိုင်း အရိုက် ခံနေ ရ၏။ တစ်ဖက်တွင် ပိုးစုန်းကြူး နတ်ဓား ကိုလည်း သိသိ သာသာ ကျွမ်းကျင် လာသည်။ အစွမ်း သတ္တိမှာ ခုန်ကျော် တိုးတက် လာ၏။
သည်မျှ လူ မဆန်သော သင်ကြားနည်း ကြောင့်၊ လင်းယွန်၏ ကိုယ်လုံး ကိုယ်ပေါက်ကို သာမက၊ စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်း နွမ်းနယ် စေခဲ့သည်။
ထို့ကြောင့် မထိန်းနိုင် တော့ဘဲ၊ ဓားနှလုံးသား၊ ရွှေကျီးကန်း တောင်ပံ၊ အုပ်စိုးရှင် နက္ခတ်နှင့်၊ အဓိပတိ နဂါး တံဆိပ်တို့ ထုတ်ယူ လိုစိတ်များ ဝင်ရောက် လာ၏။
သို့သော် ထိုစိတ်ကူးအား အံကြိတ်ပြီး စွန့်ပစ်လိုက် ရသည်။ အဘယ့်ကြောင့် ဆိုသော် ဤရက် အနည်းငယ် အတွင်း သူ့စွမ်းရည်မှာ မယုံနိုင် လောက်အောင် တိုးတက် လာ၏။
ရက် အနည်းငယ်ဖြင့်၊ ပိုးစုန်းကြူး နတ်ဓားအား ခွဲခြမ်း စိတ်ဖြာခြင်း အဆင့်သို့ ဆောင်ယူ နိုင်သည်။
ထို့ကြောင့် တေရသမ ဓား အပေါ်၊ နားမလည် ခဲ့ရသည့် အကြောင်း ရင်းအား သဘော ပေါက် လာ၏။
၎င်း၏ အနှစ်သာရသည် ဓားပုံစံများ အားလုံးကို ပေါင်းစပ်ရန် မဟုတ်ဘဲ၊ ထိုဓား ပုံစံ များ၏ စွမ်းအားဖြင့်၊ အဆင့် သစ်သို့ တက်လှမ်းရန် ဖြစ်သည်။
စစ်မှန်သော စွမ်းအားသည် မရှိခြင်း ဖြစ်၏။ ပေါင်းစပ် ခြင်းဖြင့် သုညသို့ ပြန်သွား ရမည်ဟု ဆိုလိုသည်။
တနည်းအားဖြင့် ဓားပုံစံ ဆယ့်နှစ်မျိုးကို မေ့ထားကာ၊ ပထမဓား ဖြစ်သည့် ပိုးစုန်းကြူး ရောင်ခြည်အား ဆင့်ခေါ်ခြင်းမျိုး ပေပင်။
မူလသို့ ပြန်သွားခြင်း ဖြစ်သည်။ ဤတစ်ကြိမ်၌ တေရသမ ဓား ဖြစ်သဖြင့်၊ အဟုန်သည် ကွဲပြား သွား ပေမည်။
ရှစ်ရက်မြောက် နေ့တွင်၊ ကောင်းကင် ကျောက်စိမ်းဓား သူတော်စင်က လင်းယွန် လေ့ကျင့် နေ သည်အား၊ ကြည့်ရှုရန် ကောင်းကင်၌ ရပ်နေ ခဲ့သည်။
“ ဝှစ် ... ။ ”
မြေပြင်ရှိ လင်းယွန်က ခြေလှမ်း ဆယ့်နှစ်လှမ်း လှမ်းတက် လိုက်ရာ၊ ခြေလှမ်း တိုင်း နောက်ဆက်တွဲ ပုံရိပ်များ ထွက်ပေါ်လျက် ဓားတစ်ချက်ဆီ ပစ်ခတ် လာ၏။
ယင်းမှာ ပိုးစုန်းကြူး နတ်ဓား၏ ဓားပုံစံ (၁၂) မျိုး ဖြစ်သည်။ ပိုစုန်းကြူး တစ်ကောင်၏ ဘဝ ဖြစ်တည်မှု သံသရာ စက်ဝန်းကြီး ထွက်ပေါ် လာသည်။
အဖြစ် အပျက်များ ထပ်သွား ချိန်၌ တေရသမဓား ထွက်ပေါ် လာ၏။ တောက်ပ ရှင်းသန့်သော ဓားဖြစ်သည်။
ဆိုလို သည်မှာ ခြေလှမ်း ဆယ့်သုံး လှမ်း လှမ်းပြီး၊ မူလ နေရာသို့ ပြန်လည် ဆုတ်ခွာ သွား ခြင်းဖြင့်၊ ပွဲသိမ်း ဓားကို ထုတ်ရ ပေမည်။
နောက်ဆက်တွဲ အဖြစ် အပျက်များ အားလုံးက ဓား ရုတ်သိမ်း လိုက်ချိန်၌၊ ပိုးစုန်းကြူး ရောင်ခြည်များ အလား အလင်းများ ဖြာကျ လာတော့၏။
ဓား ရည်ရွယ်ချက်မှာ သက်ရှိ မီးတောက် အလား၊ မငြိမ်းသတ် နိုင်တော့ဘဲ သန့်ရှင်းသော နန်းတော် များပင်၊ တုန်လှုပ် လာသည်။
“ နောက်ဆုံးတော့ ... အနန္တ ဓားများ ပေါင်းစည်း ချင်းကို ... ငါ ကျွမ်းကျင် သွားပြီ။ ”
ရွှင်မြူး စွာဖြင့် ကြုံးဝါး လိုက်၏။ သူ၏ ကြိုးစား အားထုတ်မှုသည် ထိုက်တန်သော အကျိုး အမြတ် ရရှိ ချေပြီ။
အစောပိုင်း ဓားသည် လေဟာနယ်ကို တုန်ခါသွား စေပြီး၊ တံခါး အသစ် တစ်ချပ် ပွင့်သွား သလို ခံစား ရစေ၏။
တေရသမ ဓားကို ကျွမ်းကျင် ပြီးနောက်၊ ၎င်းသည် စစ်မှန်သော ပိုးစုန်းကြူး နတ်ဓား၏ အနှစ် သာရအား ဖွင့်ရန်၊ သော့ တစ်ချောင်းမှန်း နားလည် လာသည်။
ခေါင်းမော့ကြည့် မိချိန်၌၊ လေထု အလယ် ရပ်နေသော ကျောက်စိမ်းဓား သူတော်စင်အား မြင်လိုက် ရသည်။
“ သိုင်းအဒေါ်၊ ကျွန်တော်ရဲ့ တေရသမ ဓားပုံစံကို ... ။ ”
“ ဒါလေးကို ကျွမ်းကျင်ဖို့ အတွက် ... ၊ မင်းက ခုနစ်ရက်တောင် အချိန်ယူ ရတာလား၊ သက်တံဓား သူတော်စင်က နုံအတဲ့ တပည့် တစ်ယောက်ကို ရထား ပုံပဲ။ ”
ကျောက်စိမ်းဓား သူတော်စင်က၊ စိတ်ထဲ တုန်လှုပ်နေ သော်လည်း၊ တည်ငြိမ် စွာဖြင့် ရှုံ့ချ လိုက်ဆဲ ဖြစ်သည်။
ပိုင်ရှုရင်သည် ၎င်းကို နားလည်ရန် အချိန် တစ်လ ယူခဲ့ ရ၏။ တစ်ဖက်တွင် မှတ်ချက်များ အတွက်၊ ကျင့်သား ရနေပြီ ဖြစ်သောကြောင့် လင်းယွန်မှ ပြုံးမိသည်။
“ သိုင်းအဒေါ်... ၊ နောက်ထပ် ... ဘာများ သင်ပေးစရာ ရှိသေးလဲ။ ”
“ ပြီးခဲ့တဲ့ ခုနှစ်ရက် အတွင်း ... ၊ ငါ စကားလုံးပေါင်း ဘယ်လောက် ရေးခဲ့ သလဲ။ ”
“ ဒါ ... ။ ”
ယင်းကို သတိ မထားမိ ခဲ့ သဖြင့် လင်းယွန်က မျက်မှောင်ကြုတ် လိုက်သည်။
“ မင်းက ထွင်းမရတဲ့ ... သစ်ကိုင်းခြောက် လိုပဲ၊ ငါ ဘယ်လောက် ရေးခဲ့လဲ ဆိုတာတောင် မမှတ် မိနိုင်ဘူး၊ ကျန့်ဝူမင်က ဝက်တစ်ကောင် လို မိုက်မဲ ပေမယ့်၊ မင်း လိုတော့ ...
... နမော်နမဲ့ မနိုင် ပါဘူး ... ၊ သေချာ မှတ်ထား စာလုံး (၃၆)လုံး ရေးသား ခဲ့တယ်၊ ဒီအတွက် (၃) ရက် တိတိ၊ ဒီမှာ ဆင်ခြင် နေဖို့၊ မင်းကို ငါ အပြစ် ပေးမယ်။ ”
ကျောက်စိမ်းဓား သူတော်စင် လက်မှ (၃၆)ရွက်သော စာရွက် များက၊ ပန်းချီကားများ သဖွယ်၊ လွင့််ထွက် လာပြီး၊ လှည့်ထွက် သွား တော့သည်။
စာရွက် (၃၆) ရွက်က လေထဲ လွင့်ဝဲလျက်၊ သူတော်စင် ရောင်ဝါများ ဖြာကာ၊ လှောင်အိမ် ကြီး သဖွယ်၊ လင်းယွန်ပေါ် ကျဆင်း လာခဲ့၏။
***