ကံဆိုးမှု ... ။
Vol. 141 Ch. 1972
ဝမ်ယွဲ့၊ ချန်ကျန့်၊ အိုယန်ဟီနှင့် ယွမ်ချန်မှာ ယဲ့ချင်းရှန် အကြောင်း စုံစမ်းရန် မရဏ မိုးကြိုး တောင်ထိပ်သို့ ရောက်ရှိ လာသည်။
“ ဒီမှာလည်း မရှိဖူးလား၊ သူ ဘယ်သွား တာလဲ။ ”
ဝမ်ယွဲ့မှ သက်ပြင်းချ မိ၏။ ချန်ကျန့်၊ အိုယန်ဟဲနှင့်၊ ယွမ်ချမ်မှာ ထိတ်လန့် သွားတော့ သည်။ ယဲ့ချင်းရှန် ပျောက်နေ သည်မှာ လဝက် နီးပါး ရှိနေ ချေပြီ။
“ သူ့ နေအိမ် မှာလည်း မရှိဘူး၊ ဂိုဏ်းကနေလဲ ထွက်သွားတာ မတွေ့ဘူး၊ ဘယ်များ ရောက်နေလဲ။ ”
ချန်ကျန့်မှ မေးစေ့ ကိုင်ကာ ပြောလိုက်သည်။ သူတို့သည် ယဲ့ချင်းရှန်နှင့် ဆက်ဆံရေး သိပ် မရှိ ကြချေ။
ဝမ်ယွဲ့ဖြင့် သာလျှင် ခင်မင်မှု ရှိသည်။ သိုသော် အသိ အကျွမ်း အဖြစ်လည်း၊ ယူဆနိုင် သောကြောင့်၊ သူတို့မှ စိုးရိမ် နေခဲ့ကြသည်။
“ လဝက် နေရင်၊ နတ်တာအို ခန်းမရဲ့၊ နှင်းသခင်လေး လာလိမ့်မယ်၊ ဒီကောင်သာ ပေါ် မလာရင် ... သန့်ရှင်းသော သမီးတော်ကို ဆုံးရှုံး ရမှာ။ ”
ဝမ်ယွဲ့က စိတ်မကောင်း ဟန်ဖြင့်၊ သက်ပြင်းချ လိုက်သည်။ နှင်းသခင်လေးသည် ကျက်သရေနှင့် ကြွယ်ဝမှု သင်္ကေတ ဖြစ်သော နတ်ဂီတ မျိုးရိုးမှ ဆင်းသက် လာသူ ဖြစ်၏။
ဂီတ တာအိုတွင် ကျွမ်းကျင်ပြီး၊ မြင့်မြတ်သော ဂီတ ပညာရှင် မိသားစုမှ မွေးဖွား လာသူ ဖြစ်သည်။ ၎င်းက ပိုင်ရှုရင်အား အဝေးမှ မြင်ကာ၊ ချစ်ကြိုက် သွားခဲ့၏။
နောက်ခံနှင့် အရည် အချင်းများ အရ၊ ပိုင်ရှုရင်နှင့် လိုက်ဖက်ညီ သည်ဟုပင် သတ်မှတ် ထားကြသည်။
အဘယ့်ကြောင့် ဆိုသော် ပိုင်ရှုရင် သည်လည်း၊ ဂီတ တူရိယာ အမျိုးမျိုးအား တီးခတ် တတ် သောကြောင့် ဖြစ်သည်။
အရှေ့ဘက် ပျက်စီးမြေမှ မြင့်မြတ်မြေ (၆)ပါးသည် အချင်းချင်း ဆက်ဆံရေး ရှိနေကြ သဖြင့်၊ ၎င်းနှင်းသခင် လေးမှ ကောင်းကင် တာအို ဂိုဏ်းသို့ လာရောက်မည် ဟူသော သတင်းကို ရရှိ ခဲ့သည်။
“ ယဲ့ဘိုးဘေးက ယဲ့ချင်းဟုန်ကို လိုက်ရှာခိုင်း ထားတယ်လို့ ငါ ကြားတယ်။ ”
ယွမ်ချမ်မှ တိုးတိုးလေး ပြောသည်။ အိုယန်ဟဲက ပြုံးပြီး၊
“ ပိုင်ယိဟွာ၊ ကျန်းခွိုက်နဲ့ ရှောင်ကျင်းယန် တို့ကလည်း သူ့ကို ရှာနေတယ်။ ”
“ ပြန်ရအောင် ... ၊ ဘာမှ ... မဖြစ်ပါ စေနဲ့ လို့ပဲ၊ မျှော်လင့် ရအောင်။ ”
ဝမ်ယွဲ့မှ ပြောကြား လိုက်သည်။ ထိုအချိန်တွင် လင်းယွန်မှာ သန့်ရှင်းသော ရင်ပြင်၌ တရားထိုင် နေသည်။
သူ့ဝန်းကျင်၌ ငွေရောင် အခိုးအငွေ့များ ရစ်သိုင်း နေသည်။ များပြား လှသော အချက် အလက် များကို စစ်ထုတ် နေခြင်း ဖြစ်၏။
စိတ်ဝိညာဉ် တစ်ခုလုံး တုန်လှုပ် ချောက်ချားနေ ခဲ့ကာ၊ လေးနာရီ အကြာတွင် မျက်လုံးများ ဖွင့်လာ တော့သည်။
လက် နှစ်ဖက်ကို ဆန့်ထုတ်လျက်၊ ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ မှတ်မိသမျှ ပြန်လည် ကစား နေတော့သည်။
ကစား ပြီးသော အခါတွင် ခန္ဓာကိုယ်ရှိ သွေးသား စွမ်းအင်များ အားကောင်း လာပြီး ကျေနပ်နှစ်သိမ့်မှုအား ခံစား လိုက်ရသည်။
ဓားကို ပြန်သိမ်းကာ၊
“ ဒါက ... တကယ် ကောင်းတဲ့ ဓားရေး တစ်ရပ် ပါပဲ၊ လောလော ဆယ် ... ညှိုးနွမ်းခြင်း ဓား ပညာရပ်လို့ ခေါ်ရအောင်။”
ကောင်းကင် ကျောက်စိမ်းဓား သူတော်စင်သည် ဤဓားပညာ၏ အမည်ကို မပြောခဲ့ သဖြင့်၊ နာမည် တစ်ခု ပေးလိုက်၏။
ပိုးစုန်းကြူး နတ်ဓားထက် များစွာ အားကောင်း ချေပြီ။ သို့သော် သူ ထွက်သွား တော့မည့် အချိန်၌ တေးဂီတသံ ကြားလိုက် ရသဖြင့်၊ လှည့်ကြည့် လိုက်မိသည်။
အဲဟူ ဖြစ်၏။ သို့သော် ရစ်သမ် မမိဘဲ၊ ရည်ရွယ်ချက် နည်းနည်း လွဲနေ ခဲ့သည်။ အဲဟူ သည် ထင်သလောက် မလွယ်ချေ။
ရုတ်တရက် တစ်ခုခုကို သတိ ရလာပြီး၊
( ခရမ်းလေး ... ကောင်းကင် ရေကန်က တားမြစ်မြေလို့ မင်း ပြောခဲ့တယ် မဟုတ်လား။ )
( အင်း ... ။ )
( ပိုင်ရှုရင်က လွဲပြီး ... ၊ အခြား လူတွေ အတွက် ဝင်ခွင့် လိုတယ် မဟုတ်လား။ )
( ဟုတ်တယ် ... ၊ သတ်မှတ် ထားတဲ့ ရက်တွေလောက်ပဲ ... ကျန်သူ တွေက ဝင်ခွင့် ရတာ၊ ဟမ့် ... နေဦး နင် ... ကောင်းကင် ရေကန်ကို သွားမို့လား။ )
လင်းယွန်မှ ပြန် မဖြေချေ။ အချိန် အတော်ကြာ တွေးဆ နေပြီးနောက်၊
( သွားကြည့် ရအောင် ... ၊ အခြေ အနေ တစ်ခုခု လွဲမှား နေရင် ... ပြန်လာလို့ ရတယ်၊ ငါ့ကို လမ်းပြ ... ။ )
-ဟု ပြောလိုက်သည်။
ပိုင်ရှုရင်မှာ သူမ နေအိမ်တွင် ရှိသဖြင့်၊ ဤအချိန်သည် နေလ နတ်ရူရ်ကို သွားရောက် ရှာဖွေရန် အကောင်းဆုံး အချိန် ဖြစ်သည်။
“ ဟီး ... ၊ ငါ စိတ်လှုပ်ရှား နေပြီ။ ”
ခရမ်းငယ်က ကောက်ကျစ်စွာ ပြုံး လာသည်။ ဆန့်ကျင်ဘက် အနေနှင့်၊ လင်းယွန် မှ တည်ငြိမ်သွား ခဲ့သည်။ ရှာတွေ့ လျှင်ပင် ယူသွားရန် လွယ်မည် မဟုတ်ချေ။
သို့သော် လောလော ဆယ်တွင် ထိုအကြောင်းကို ဂရုမစိုက်နိုင် သေးဘဲ အခြေ အနေ သွးကြည့်ရန် ဆုံးဖြတ် လိုက်သည်။
ခရမ်းငယ်အား ဒဏ်ရ ထပ် မရ စေလို တော့ချေ။ ပြင်ဆင်မှုများ ပြုလုပ် ပြီးနောက်၊ ရေကန် ဆီသို့ ပြန်သွား ခဲ့သည်။
ခရမ်းငယ်က ယခင် သူမ သုံးခဲ့သော အစီရင်ကို သူ့တွင် ဆင်မြန်း ပေးထားသည်။ ငြိမ်ငြိမ်လေး ရပ်နေ သ၍ အမှောင်ထုနှင့် တစ်သားတည်း ဖြစ်နေ ပေမည်။
“ အစောင့်တွေ အများကြီးပဲ ... ။ ”
ခရမ်းငယ်က တုန်လှုပ် ခြောက်ခြားစွာ အော်ပြော လာသည်။ ဤတစ်ကြိမ်သည် သူမ လာစဉ် ကနှင့် မတူတော့ချေ။
တပည့် များစွာနှင့် ရွှေအစောင့်များ တောင်ခြေရင်း၌ ကင်းလှည့် နေကြသည်။ ရွှေ အစောင့် များသည်၊ အသက် တစ်ရာ ပြည့် သွားသော သူတော်စင် တပည့်များ ဖြစ်၏။
၎င်းတို့ အားလုံးသည် အမည်ခံ သူတော်စင် နယ်ပယ်၌ ရှိချေပြီ။
“ အရင်က ဒီနေရာကို စောင့်ကြပ် နေတဲ့ အစောင့်တွေ ထဲမှာ အမည်ခံ သူတော်စင်တွေ မပါဘူး။ ”
“ ကောင်းကင် ရေကန်မှာ ... မင်းကို တွေ့ရပြီးနောက် ငရဲ သစ်ခွ ခြံဝင်းက လုံခြုံရေး တိုးမြှင့် လိုက်တာ နေမယ်၊ ဒါပေမယ့် ဒါက ထူးဆန်းတယ် မဟုတ်လား။ ”
“ နင် ... မျက်နှာဖုံး ယူမလား။ ”
လင်းယွန်က ခေါင်းယမ်း လိုက်သည်။ မျက်နှာဖုံး မတပ်ထား ပါက၊ ရှင်သန်ရန် အခွင့် အရေး ရှိနိုင်မည်။
မူလ နဂါး မဟာ သူတော်စင်ကြောင့်၊ သူ့အပေါ် လွန်လွန် ကျူးကျူး လုပ်ဆောင် ဝံ့ကြ မည် မဟုတ်ချေ။ မျက်နှာဖုံး တပ်ထားသော်၊ စိတ်ကြိုက် လုပ်ဆောင် ကြပေမည်။
“ သွားစို့ ... ။ ”
အစောင့်များ ဖြတ်သွား ပြီးနောက် လင်းယွန်မှ ပြောလိုက်သည်။ မကြာမီ တောင် ပေါ်သို့ တက်လှမ်း လာခဲ့သည်။
“ တုံ့ပြန်မှု ရှိတယ်။ ”
ခရမ်းငယ်က သူမ နဖူးရှိ နတ်ရူရ် နှစ်လုံး ထံမှ၊ ဆက်သွယ်မှုကို ခံစား ရသည်။ အရှိန်ကို မြှင့်လျှက် (၁၅) မိနစ်ခန့် ပျံသန်း လာရ၏။
အဆုံးတွင် ကောင်းကင် ရေကန်အား မြင်လိုက် ရပြီး အတွင်း၌ ကင်းလှည့် နေသော ရွှေအစောင့်ကို မြင်လိုက် ရသည်။
၎င်းမှာ သူ သိသော ပိုင်ရှောင် ဖြစ်သည်။
“ နင့် အသိလား။ ”
“ ဟုတ်တယ် ... အဲဒီ လူက စစ်မှန်သော နဂါး သွေးရည်ကြည်နဲ့ အကျိုးဆောင် အမှတ် လဲလှယ် ပေးတဲ့ သူပဲ။ ”
“ သူလား ... အဟီး ... ၊ ဒါဆို ငါတို့ သူ့ကို ပြန်ပေးဆွဲပြီး၊ စစ်မှန်သော နဂါး သွေးရည်ကြည် နဲ့၊ ရွေးခိုင်း ရအောင်။ ”
ခရမ်းငယ်မှ အကြံ ပြုသည်။ ဤလူသည် ရိုးရှင်းမည် မဟုတ်ကြောင်း လင်းယွန်မှ သိပြီး ခရမ်းငယ် အကြံကို လျစ်လျူရှု ခဲ့သည်။
သတိ ထားပြီး အသက်ကို အောင့်ကာ၊ သွေးလည်ပတ်မှုအား ရပ်တန့်ထား လိုက်သည်။ သို့သော် ပိုင်ရှောင်က မျက်မှောင်ကြုတ်ကာ လင်းယွန် ရှေ့၌ ရပ်သွား၏။
လင်းယွန်က ပြတ်ပြတ် သားသားပင် ၎င်းမရောက်ခင် တည်းက နောက်ပြန် ဆုတ် လိုက်သည်။
ထို့ကြောင့် ပိုင်ရှောင် ပြန်ရောက် လာပြီး၊ လက်ဖြင့် ဖမ်းဆုပ် လိုက်ချိန်၌ လေထု ကိုသာ ဖမ်းမိ သွားသည်။
“ အကြီးအကဲ ပိုင် ... ၊ ပြဿနာ ရှိလို့လား။ ”
ပိုင်ရှောင် အပြု အမူကြောင့် အခြားသော သင်းထောက် များက အာရုံစိုက် လာကြသည်။
“ ဘာမှ မဟုတ်ဘူး ... ၊ ခြင်တစ်ကောင်ပါ။ ”
ပိုင်ရှောင်က ပြုံးပြီး၊ လက်ဖဝါးကို ဖွင့်ပြလိုက်ရာ၊ ခြင်တစ်ကောင် ပျံထွက် သွား လေသည်။
ယင်းကြောင့် အခြားသော သင်းထောက် များမှာ စကား မပြော တော့ချေ။ ဤနေရာသို့ စောင့်ကြပ် ခြင်းသည် ညီးငွေ့ဖွယ် ဖြစ်သည်။
ကောင်းကင် ရေကန် ဟူသည် တားမြစ် နယ်မြေ ဖြစ်သဖြင့်၊ မည်သူမျှ လာမည် မဟုတ် ချေ။
လင်းယွန်က ကောင်းကင် ရေကန်ထဲ လှမ်းဝင် လိုက်တော့သည်။ ယင်းသည် တားမြစ် နယ်မြေ ဖြစ်သဖြင့်၊ စိတ်သက်သာ ရသွားသည်။
အဘယ့်ကြောင့် ဆိုသော် ပိုင်ရှောင် ကဲ့သို့ သင်းထောက် များပင် အပြင်၌သာ စောင့်ကြပ်ရ ပေသည်။ အတွင်း ဝင်ခွင့် မပြု ထားချေ။
ရေကန်တွင် သူတော်စင် ရောင်ဝါများ ထူထပ်စွာ ရစ်သိုင်း နေသည်။ ဝိညာဉ် စွမ်းအင် များက အဖြူရောင် မြူခိုးများ အသွင် ဖြစ်တည် နေသည်။
ဤရေကန်သည် ယဲ့ချင်းရှန်မှ ပိုင်ရှုရင်ကို ချောင်းကြည့် ခဲ့သော အရပ် ဖြစ်၏။ ထိုအချင်း အရာကြောင့် သေသည် အထိ၊ အရှက် ရအောင် ရိုက်နှက်ခြင်း ခံခဲ့ ရသည်။
“ နေလ နတ်ရူရ်က ရေကန် ကြမ်းပြင်မှာ ရှိနေတယ်။ ”
ခရမ်းငယ်က တိကျသော လေသံဖြင့် ပြောကြားသည်။ လင်းယွန်မှ မျက်နှာ ပြောင်း သွားပြီး၊ ကန်ထဲ ဆင်ရန် ချိန်ဆ နေမိသည်။
တစ်ဖက်တွင် ဝမ်မူယန် သည်လည်း ရေကန်ကို စိတ်လှုပ်ရှားစွာ ခေျာင်းကြည့် နေ ခဲ့သည်။
သူမ ရောက်နေ သည်မှာ ကြာပြီ ဖြစ်ပြီး ကျောက်ဆောင် နောက်၌ ပုန်းအောင်း နေခြင်း ဖြစ်၏။
နယ်မြေ ကျွမ်းကျင်မှု အရ ဤနေရာသို့ ပထမဆုံး အကြိမ် ရောက်ဖူးခြင်း မဟုတ်မှန်း ပြောနိုင်သည်။
“ ယဲ့ချင်းရှန်က ... ၊ ငါ့ အတွက် အကောင်းဆုံးပဲ၊ သူသာ ရှိရင် ငါဒီကို လာဖို့ မလိုဘူး။ ”
အကြိမ်ပေါင်း များစွာ လာခဲ့ ဖူးပြီး၊ တစ်ကြိမ်ထက် တစ်ကြိမ် ပိုပြီး၊ အစောင့်များ တင်းကျပ် လာသည်။
သူမ ရှာဖွေသော အရာသည်၊ ရေကန်ထဲ၌ ရှိမည်ဟု ခန့်မှန်း မိသဖြင့်၊ ထွက်ခွာရန် ဆုံးဖြတ် လိုက်တော့၏။
“ ယဲ့ချင်းရှန်နဲ့ ... စကား ပြောရ တော့မယ် ထင်တယ်။ ”
ယဲ့ချင်းရှန်သည် သူမ သိသော လူ မဟုတ်သဖြင့်၊ သတိထား ဆက်ဆံ နေရသည်။ မဟုတ်သော် ၎င်းနှင့် အတူ၊ ဆွဲချသွား နိုင်၏။
ထိုအချိန်တွင် ရေမျက်နှာ ပြင်၌၊ လှိုင်းလုံးကြီး တစ်ခု ကြွတက် လာသဖြင့်၊ အံ့အားသင့် သွားသည်။
ထိုနေရာကို စောင့်ကြည့် နေခဲ့ သည်မှာ၊ ကြာပြီ ဖြစ်သည်။ မည်သူ့ ကိုမျှ မတွေ့ခဲ့ ရချေ။ တစ်ယောက် ယောက် ရှိနေပုံ ရသည်။
“ ပိုင်ရှုရင်လား ... ။ ”
သို့သော် သူ့ထင်ကြေးကို ပုံရိပ်ရှင်က ငြင်းဆန် သွားခဲ့သည်။ လက်ပစ်ကူး နေသူ၏ နောက်ကျောကို ကြည့်လျက် ပြုံးမိ၏။
“ အခုတော့ စိတ်ဝင်စား စရာ ကောင်းလာပြီ။ ”
လင်းယွန်က ရေကန် အတွင်း ကူးခတ် နေခဲ့သည်။ ရေကန် အလယ်သို့ ရောက်လေလေ ပတ်ဝန်းကျင် အပူချိန် မြင့်တက်လေ ဖြစ်သည်။
သူတော်စင် ခန္ဓာ နှစ်ပါးသာ မပိုင်ဆိုင်က၊ ဤမြင့်မားသော အပူချိန်ကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
(၁၀)မီတာ ကူးခတ် ပြီးနောက်၊ အပူချိန်မှာ အံ့အားသင့်ဖွယ် ဖြစ်လာသည်။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
အချို့သော ဝိညာဉ်ရေး ရေကန်များ၏ ကြမ်းပြင်တွင် မီးလျှံ သွေးလွှတ်ကြောများ ပါရှိ တတ်သည်။
သို့သော် ဤမျှ မပြင်း ထန်ချေ။ အမည်ခံ သူတော်စင် တစ်ပါးပင် မခံနိုင် လောက်အောင် ပူပြင်း လှသည်။
ရေအရောင်မှာ ရွှေရောင် ဖြစ်လာ သဖြင့်၊ မီးတောက် သို့မဟုတ် ဝိညာဉ်ရေး သွေးကြော များ မဟုတ်ဟု ဆိုနေ ပြန်သည်။
ရုတ်တရက် မြူများ အတွင်း အဝတ် ဗလာဖြင့် ထိုင်နေသည့် ပုံရိပ် တစ်ရိပ်အား မြင်လိုက် ရ၏။
၎င်းမှ မှိန်ဖျော့ နေသော သူတော်စင် ရောင်ဝါများ ထုတ်လွှတ် ထားသောကြောင့်၊ မယုံနိုင်စွာ မျက်လုံး ပြူးသွား မိသည်။
“ ပိုင်ရှုရင် လား ... ။ ”
သူမ မည်သို့ ရောက်ရှိ လာ သည်ကို နားမလည် နိုင်တော့ချေ။ ဤမလာခင် အဲဟူ ကစား နေသည် သူ ကြားခဲ့သည်။
ကံဆိုး လွန်းလှ သဖြင့်၊ မှင်တတ်စွာ ငေးကြည့်နေ မိ၏။ ထိုအချိန်တွင် ပိုင်ရှုရင်မှ ရုတ်တရက် မျက်လုံး ဖွင့်လာ တော့သည်။
***