ရေကန် အောက်က တိုက်ပွဲ။
Vol. 141 Ch. 1973
ရေကန် အောက်ခြေတွင် ရွှေရောင်များ တလက်လက် တောက်ပလျက်၊ ငွေရောင် ရူရ် များ တောက်ပ နေ၏။
ပိုင်ရှုရင်၏ အသား အရည်မှာ၊ ပုလဲ ဖြူ ရောင် ဖြစ်ပြီး၊ အပြစ် အနာအဆာ ကင်းသော ကောက်ကြောင်း ရှိသည်။
ရွှေရောင် အဆင်းများ အောက်တွင်၊ နတ်ဘုရားမ တစ်ပါးနှင့် တူနေပြီး၊ မျက်လုံး ဖွင့်ရန် ပြင်နေ သည်ကို မြင်လိုက်ရ သဖြင့်၊
( မြန်မြန် မျက်နှာဖုံး ပေး ... ။ )
-ဟု ခရမ်းငယ် ထံမှ တောင်းလိုက် ရသည်။
( ဟား ဟား ဟား ... စိတ် မပူနဲ့ ငါအသင့်ပြင် ထားတယ်။ )
ခရမ်းငယ်က ငွေလမင်း မျက်နှာဖုံးကို ကမ်းပေး လိုက်သည်။ ထိုအချိန်တွင် ပိုင်ရှုရင်မှာ မျက်လုံး ဖွင့်လိုက်ပြီ ဖြစ်၏။
လင်းယွန်၏ နိဗ္ဗာန် ရောင်ဝါက မိုးကြိုး မုန်တိုင်း အဖြစ် အားကောင်း လာပြီး ရေနဂါး အသွင်ပေါ် လာသည်။
ရေကန် အတွင်း လှိုင်းထန် လာ သောကြောင့်၊ သူမအား မည်သူ တိုက်ခိုက် သည်ကို၊ ပိုင်ရှုရင် မမြင် နိုင်ချေ။
“ ဘယ်လိုတောင် ... မိုက်မဲ လိုက်လဲ။ ”
ရေနဂါးကို ကြည့်ကာ၊ ပိုင်ရှုရင် မျက်နှာ အေးစက် သွား၏။ သူမနှင့် ခြေတစ်လှမ်း အကွာ သို့ ရောက်ချိန်၌၊ လက်ကို မြှောက်ကာ စက်ဝိုင်း ပုံ သဏ္ဍာန် ဝေှ့ယမ်း လိုက်သည်။
ရွှေရောင်နှင့် ငွေရောင် အလင်းတန်းများ ထွန်းလင်းလျက်၊ အမိုးခုံး အကာ တစ်ခု ဖြစ်ပေါ် လာသည်။
အမိုးခုံ အကာကို ဖွဲ့ပြီးသော အခါ၊ အနီး ပတ်ဝန်းကျင်ရှိ ရေများ ဖယ်ရှားခြင်း ခံလိုက် ရ သည်။
ထိုမြင်ကွင်းက စိတ်တည် ငြိမ်အောင် ကြိုးစား နေသော လင်းယွန်ကို အနှောက် အယှက် ဖြစ်သွား စေ၏။
သူမ၏ ကိုယ်လုံးတီး ပုံစံက အာရုံ မစိုက် နိုင်အောင်၊ ဆွဲဆောင် နေပေသည်။
“ ဘယ်လိုတောင် ကြည့်ရဲလဲ ... ။ ”
ပိုင်ရှုရင်မှ မျက်လုံး ပြူးလျက်၊ အားမနာတမ်း ကြည့်နေသော လင်းယွန်ကို ဒေါသဖြင့်၊ တိုက်ခိုက် လာ၏။
( တကယ် ... လှတယ်။ )
လင်းယွန်၏ မသိစိတ်က ပြန်ဖြေ လိုက်ချိန်တွင်၊ အစွမ်း ထက်သော လက်ဖဝါး ကျရောက် လာသည်။
ထိုလက်ဖဝါး နောက်ကွယ်မှ စွမ်းအား ကြောင့်၊ လင်းယွန် တစ်ယောက် အရှိန် အဟုန် နှင့်၊ လွင့်စင် သွား တော့၏။
ပြင်းထန်သော သက်ရောက်မှု ဖြစ်သည်။ နဂါး သွေးလွှတ်ကြော များကို ဓားဖြင့် ထိုးခံရ သကဲ့သို့ နာကျင် လာ၏။
လက်ဝါး တစ်ချက်က မမြင် နိုင်သော နံရံကြီး တစ်ချပ်လို၊ ဖိအားများ သက်ရောက် စေသည်။
( သတိထား ... ၊ ဒါ နဂါး လက်မောင်းပဲ။ )
ခရမ်းငယ်မှ သတိ ပေးသည်။ အဆိုပါ တိုက်ခိုက်မှုသည် ထိုစဉ်က သူမကို အံ့အားသင့် စေခဲ့ပြီး၊ ဒဏ်ရာ အချို့ပင် ပေးခဲ့၏။
လင်းယွန်၏ ဓားပင်လယ် အတွင်းရှိ ကြယ်က ပွင့်လာပြီး၊ ဓား ရည်ရွယ်ချက် ထွက် လာကာ၊ ဖိအားကို ချေဖျက် ပေးတော့သည်။
သို့မှသာ အကာ အကွယ် အလွှာ အတွင်း၊ ရွေ့လျား လာနိုင် ခဲ့၏။ မူလ နေရာ ကြမ်းပြင်၌ ပိုင်ရှုရင်၏ လက်ဖဝါး ရာကြီး ပေါ်လာသည်။
ကောင်းကင် ရေကန် တစ်ခုလုံးကို အစွမ်း ထက်သော သူတော်စင် ရူရ် များဖြင့် ထွင်းထု ထားသည်။
သို့တိုင် ပိုင်ရှုရင် လက်ဖဝါးက ရေကန် ကြမ်းပြင်အား၊ အလွယ် တကူ နိမ့်ဆင်း သွားစေ ခဲ့၏။
( မြန်မြန် ထွက်တော့ ... သူနဲ့ ကစားဖို့ မစဉ်းစားနဲ့၊ သူ့မှာ ထူးဆန်းတာ ... တစ်ခုခု ရှိနေတယ်။ )
ခရမ်းငယ်မှ အလျင်အမြန် သတိ ပေးလာသည်။ ဤနေရာတွင် အကြာကြီး မနေ သင့်မှန်း လင်းယွန်လည်း သိ၏။
ခြေဖျားကို ညင်သာစွာ ပုတ်လိုက်ပြီး၊ ထွက်ပြေးရန် ကြိုးစာ လိုက်သည်။ ယင်းကြောင့် အဝတ်အစား ဝတ်ရန် ကြံရွယ် နေသော ပိုင်ရှုရင်မှ ချက်ချင်း လှုပ်ရှား တော့၏။
ကောင်းကင်ပေါ် ပျံတက် လာပြီး၊ ဓားဆွဲလျက် လင်းယွန်အား ခုတ်ချ လိုက်သည်။ ကြောက်မက်ဖွယ် ဓားရောင်ခြည် များက အဟုတ်ဖြင့် ပြေးထွက် လာသည်။
ထိုဓားတွင် အမည်ခံ ကြယ်ဓား ပါ၏။ သည့်အပြင် မီးနှင့်ရေ ကိုလည်း ပေါင်းထည့် ထားခဲ့သည်။ ကြောက်စရာ ကောင်း၏။
လွန်ခဲ့သော နှစ်နှစ်က၊ ပင်မ နတ်ဘုရား အဆင့် သတ်မှတ်ချက် နေရာလု ပွဲတွင် ပိုင်ရှုရင် ကိုယ်ပွားနှင့် တိုက်ခဲ့ ဖူးသည်။
နှစ်နှစ်ကြာ ပြီးနောက်၊ သူမ ခွန်အားမှာ၊ နားလည်ရ ခက်လာ၏။ ယင်းကြောင့် ရေကန် အောက်ခြေသို့ ပြန်လည် ငုပ်လျှိုးကာ၊ ထွက် ပြေးရန် အကြံကို စွန့်လိုက် ရသည်။
အပူရှိန်ကို အမြင် ရသော အလွှာဖြင့်၊ ပိုင်ရှုရင်မှ ထုတ်ဖော်ကာ ဟန့်တား ပေးထားခဲ့ သည့်တိုင်၊ ပတ်ဝန်းကျင် အပူချိန်မှာ၊ လင်းယွန် ၏ သူတော်စင် ခန္ဓာ နှစ်ပါးအား လောက်မြိုက် လာခဲ့၏။
ထိုအလွှာသာ မရှိသော်၊ မြင့်မားသော အပူချိန် အတွင်း တာရှည် ခံနိုင်မည် မဟုတ်ပေ။ မျက်စိတစ်မှိတ် အတွင်း မှာပင်၊ လှုပ်ရှားမှုပေါင်း ဆယ်ကြိမ်ခန့် ဖလှယ် မိကြ၏။
ဖလှယ်သည် ဆိုသည်ထက် ပိုင်ရှုရင်၏ တိုက်ခိုက်မှု များကို ရှောင်ရှား နေရခြင်း ဆိုက ပိုမှန်မည်။
ဗီဇကြောင့် အကြိမ်ကြိမ် လက်တုံ့ပြန် လုနီးပါး ဖြစ်ခဲ့မိ သော်လည်း၊ သူ့ကိုယ်သူ ထိန်းထား လိုက်ရသည်။
ပိုင်ရှုရင်၏ တိုက်ခိုက်မှု များတွင် အစွမ်းထက်သော နိဗ္ဗာန် ရောင်ဝါများ ပါ၀င် လာခဲ့၏။
သူမ၏ ကျင့်ကြံမှုသည် သူ့ထက် များစွာ မြင့်မားနေ သဖြင့်၊ တစ်စ-တစ်စ ဆိုးရွား လာ တော့သည်။
ဒုက္ခ အပေးနိုင် ဆုံးမှာ၊ အမိုးခုံး အတား အဆီးသည်၊ အပူရှိန်ကြောင့် မီးဖိုကြီး အလား ပို၍ ပူလာခြင်း ဖြစ်၏။
“ ဝှစ် ... ။ ”
ဓားဆယ်ချက်ခန့် ရေှာင်ပြီး ချိန်၌ ချွေးများဖြင့် ဖုံးလွှမ်း သွားသည်။ သူသာ ဓား မဆွဲသော်၊ အသက် ပေးရ ပေလိမ့်မည်။
ထို့ကြောင့် အသက် ပြင်းပြင်း ရှူလျက်၊ နောက်ပြန် ဆုတ်ကာ၊ ပိုင်ရှုရင် လက်ကောက် ဝတ်ကို၊ ဖမ်းဆုပ် လိုက်သည်။
“ ဖပ် ... ။ ”
ယင်းကြောင့် ပိုင်ရှုရင်မှ၊ လက်ကို ချက်ချင်း ပြန်ရုတ် လိုက် သော်လည်း၊ ဖမ်းမိ သွား သဖြင့်၊ အံ့သြ သွားသည်။
“ ဝှစ် ... ။ ”
တစ်ဖက် လူသည် သူမထက် များစွာ မြန်နေ၏။ သို့တိုင် ဗီဇ အရ ၎င်း၏ ရင်ဘတ်ကို ကျန်လက် တစ်ဖက်ဖြင့် လှမ်းရိုက် ပစ်သည်။
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
ထိုအချိန်တွင် လင်းယွန်၏ မျက်နှာ ဖုံးမှ ငွေရောင် အလင်းများ လက်လာပြီး၊ ရင်ဘတ် ပေါ်၌ သူတော်စင် ရူရ်ပေါ် လာ၏။
“ အဟွတ် ... ဟွတ် ... ၊ မင်းနဲ့သာ ရန်ငြိုး ရှိခဲ့ရင်၊ ငါ မင်းရဲ့ လက် ကောက်ဝတ်ကို ချိုးမိမှာ အမှန်ပဲ။ ”
ငွေလမင်း မျက်နှာဖုံးသာ မရှိသော်၊ ထိုလက်ဖဝါး ချက်သည် သူ့နှလုံးကို ချွေယူနိုင် ပေမည်။
သူတော်စင် ရူရ်မှ၊ ကာကွယ် ပေးခဲ့ သည့်တိုင်၊ နှလုံးသွေး လျှံလျက် သွေးချောင်း ဆိုးလိုက် ရသည်။
သူ့စကားကြောင့် ပိုင်းရှုရင် မျက်နှာ၊ အနည်းငယ် ပြောင်းသွား သော်လည်း၊ မသိသာ ခဲ့ချေ။ အေးစက်စက် နေမြဲ ဖြစ်သည်။
“ မင်း ... စမ်းကြည့် နိုင်တယ်။ ”
“ မလို ပါဘူး ... ၊ မင်း ငါ့အပေါ် နားလည်မှု လွဲနေတယ်။ ”
လင်းယွန်က ရှင်းပြရန် ကြိုးစား၏။
“ နားလည်မှု လွဲတာ မရှိဘူး၊ မင်းက ကျန်းယွီကို လှည့်စားဖို့ ... ငါ့နာမည် သုံးခဲ့တဲ့ လူယုတ်မာပဲ။ ”
“ ခရစ် ... ။ ”
ဖြေရှင်း၍ မရနိုင် တော့မှန်း လင်းယွန် သိလိုက်သည်။ ထိုစဉ် အမိုးခုံး အကာ အလွှာက ရုတ်တရက် အက်ကွဲ လာ၏။
ကန်ရေသည် ချော်ရည်များ အလား၊ ပူပြင်းနေ သောကြောင့်၊ လင်းယွန် မျက်နှာ ချက်ချင်း ပြောင်းသွားသည်။
အကာအကွယ် အဝန်း အဝိုင်း သည်သာ ပျက်စီးသော် ဒုက္ခ ရောက်ပေမည်။ ယင်းကြောင့် ပိုင်ရှုရင် သည်လည်း မျက်နှာ ပြောင်းသွား တော့၏။
“ ဖယ် ... ။ ”
လင်းယွန်က ပိုင်ရှုရင်အား လက်လှိုင်းဖြင့် ဝင်ရောက် လာသော ရေပူ များနှင့် လွတ်ရာသို့ တွန်းထုတ် ပေးလိုက်သည်။
သို့သော် အတား အဆီး ကာအကွယ် အလွှာမှာ၊ လုံးလုံး ပြိုကျ သွားပြီ ဖြစ်သော ကြောင့်၊ အချိန် မရ တော့ချေ။
“ ဖရူး ... ။ ”
“ ဝှစ် ... ။ ”
ရွှေတောင်ပံ များကို ဆင့်ခေါ်လျက်၊ ပိုင်ရှုရင်အား ပြန်လည် ဆွဲယူ ပွေ့ဖက်ကာ၊ လွတ်ရာသို့ အတူ ခေါ်ဆောင် သွားလိုက် ရသည်။
“ အ ... ။ ”
ရေပူများ ဝင်ရောက် လာပြီ ဖြစ် သဖြင့် ရွှေတောင်ပံအား ခေါက်ပြီး၊ ခံယူ လိုက်ရလေရာ အပူရှိန်ကြောင့် ညည်းသံ ပြုလိုက် မိသည်။
ပါးစပ်မှ သွေးများပင် စီးကျ လာ၏။ ပိုင်ရှုရင်က ရွှေတောင်ပံအား မော့ကြည့်သည်။ ၎င်းမှ အခွံ တစ်ခုလို၊ သူမနှင့် တစ်ဖက် လူကို၊ သိုင်းခြုံ ပေးထား၏။ ထို့ကြောင့် ဒဏ်ရာ မရခဲ့ချေ။
“ ဒုတ် ... ဒုတ် ဒုတ် ။ ”
“ ဒုတ် ... ဒုတ် ဒုတ် ။ ”
သို့သော် ရုတ်တရက် ကျယ်လောင်သော နှလုံး ခုန်သံကို၊ ကြားလိုက် ရသဖြင့်၊ အချိန်များ ရပ်တန့် သွားသလို၊ မှင်တတ် သွား၏။
အဘယ့်ကြောင့် ဆိုသော်၊ သူမ၏ ယုန်ဖြူဖြူလေး နှစ်ကောင်မှာ၊ တစ်ဖက် လူ၏ ရင်ခွင် အတွင်း၌၊ နှစ်ဝင် နေသော ကြောင့် ဖြစ်သည်။
လက်ရှှိ အချိန်ထိ အင်္ကျီ မဝတ်ရ သေးချေ။ မည်မျှ နီးကပ် နေခဲ့ သည်ကို တွေးမိလာ သဖြင့်၊ မျက်နှာ တစ်ပြင်လုံး ရဲရဲနီ လာတော့၏။
***