သေ ပြီလား ... ။
Vol. 141 Ch. 1974
ကျူးကျော် သူသည် အဘယ်ကြောင့် သူမအား ကယ်တင်ခဲ့ သည်ကို နားမလည် နိုင် သဖြင့်၊ ပိုင်ရှုရင် ခမျာ အံ့သြ နေမိသည်။
သို့သော် သတိ ပြန်ဝင် လာသည်နှင့်၊
“ ငါ့ကို လွှတ် ... ။ ”
-ဟု ဆိုပြီး အော်ငေါက် လိုက်၏။
လင်းယွန်က ရှက်ရွံ့စွာ လွှတ်ပေး လိုက်သည်။ သို့သော် ရေကန် အောက်ခြေမှ စုပ်ဝဲ တစ်ခု ဖြစ်ပေါ် လာကာ၊ အရှိန်ဖြင့် သူတို့ နှစ်ဦးကို ပြန်လည် ပေါင်းဆုံစေ ခဲ့သည်။
ယခု တစ်ကြိမ် တွင်လည်း ပိုင်ရှုရင်၏ ယုန်ဖြူဖြူ များက လင်းယွန် နှလုံးပေါ်သို့ ဖိကပ် သွားပြန်၏။
ထိုအနေ အထားဖြင့်၊ ရေစုပ်ဝဲ အတိုင်း၊ လည်ပတ်ကာ၊ အောက်ခြေသို့ စုပ်ယူခြင်း ခံနေ ရသည်။ ရေဝဲက သူတို့ နှစ်ဦးအား ပြန်လည် ခွဲကွာခွင့် မပေး ခဲ့ချေ။
“ ဖယ် ... ။ ”
ပိုင်ရှုရင်က အတင်း ရုန်းထွက် တော့၏။ လင်းယွန်မှ လက်နှစ်အား လွှတ်ပေး လိုက်ချိန်၌၊ ရင်ခွင်မှ ခွာရန် ပြင်၏။
သို့သော် ရေစုပ်ဝဲက အားပြင်းပြင်းဖြင့် ပြန်လည်ပေါင်းစုံ စေပြန်ရာ၊ လင်းယွန်၏ လက် နှစ်ဖက်မှ၊ ယုန်လေး နှစ်ကောင်ကို ဆုပ်ကိုင် မိသွားသည်။
“ နင် ... ။ ”
“ မဟုတ်ဘူး၊ ... ငါ လွှတ်ထား တယ်လေ။ ”
ဤသို့သော အဆင် မပြေသည့် အနေ အထား မျိုးဖြင့် ရေစုပ်ဝဲ အတွင်း၊ လည်ပတ်ကာ အောက်သို့ စုပ်ယူခြင်း ခံနေ ရသည်။
“ ဟိတ် ... ။ ”
ရေဝဲက အနည်းငယ် ငြိမ်သက် သွားသော အခါ၊ လင်းယွန်က မျှားတစ်စင်း ကဲ့သို့ ပျံတက် လိုက်တော့သည်။
ထိုအချိန်တွင် ပိုင်ရှုရင်က သိုလှောင် လက်ကောက်မှ အင်္ကျီ ၀တ်စုံ တစ်စုံကို အမြန် ထုတ်ယူ နေသည် ။
သို့သော် ရေကန် အောက်ခြေ၏ မြင့်မားသော အပူချိန်က ထိုအင်္ကျီရှိ သူတော်စင် ရူရ်များကို၊ အရည် ဖျော်ချ ပစ်ခဲ့၏။
ထို့ကြောင့် ပိုင်ရှုရင် ခမျာ အင်္ကျီဝတ်ရန် စိတ်မ၀င်စား နိုင်တော့ဘဲ၊ ရေစုပ်ဝဲ အတွင်းမှ အမြန်ဆုံး ထွက်လိုက် ရသည်။
“ ဝှစ် ... ။ ”
ရေမျက်နှာ ပြင်ပေါ် တက်နေ လျက်မှ ထွက်သွားရန် ပြင်နေသော လင်းယွန်အား အံကြိတ်ပြီး ဟန့်တားဟန် ပြင်၏။
“ ထွက်သွား ချင်တာလား ... ၊ အိပ်မက် မက်မနေနဲ့။ ”
“ ဖရူး ... ။ ”
ထိုအချိန်တွင် လင်းယွန်က ရေကန်မှ ခုန်ထွက်လျက် တောင်ပံ များကို သိမ်းဆည်း ကာ ဓားသေတ္တာအား ပိုးလွယ်ပြီး၊ ထွက်ပြေး တော့သည်။
အပြင်မှ အစောင့် သင်းထောက် များက ထိုမြင်ကွင်းကြောင့် မှင်တတ် ကုန်သည်။ ဤလူ မည်သို့ ဝင်သွားခဲ့ သည်ကို၊ တွေးဆ နေမိ၏။
“ ဒါဆို ... ခြင်တွေက တကယ် ရှိတာပေါ့။ ”
ပိုင်ရှောင်က ပြုံးပြီး ပြေးဝင် ဟန့်တား လာသည်။ စစ်မှန်သော အမည်ခံ သူတော်စင် တပါးသည်၊ ငွေလမင်း ဝံပုလွေထက် များစွာ အားကောင်းမှန်း လင်းယွန် သိလိုက် ရ၏။
“ ဝုန်း ... ။ ”
“ အွတ် ... ။ ”
တစ်ကြိမ် လဲလှယ် လိုက်ရုံဖြင့် သူ့အား အဝေးသို့ ရိုက်လွှတ် နိုင်သည်။
“ သူ့ကို အသက် ရှင်လျက် လိုချင်တယ်။ ”
ပိုင်ရှုရင်က သူတော်စင် ရောင်ဝါများ ဖုံးအုပ်လျက်၊ ကောင်းကင် ရေကန်မှ ပျံသန်း လာသည်။
အင်္ကျီ ဝတ်နေရ သဖြင့်၊ ကျူးကျော် သူကို ပိုင်ရှောင်မှ သတ်ပစ် လိုက်မည်အား စိုးရိမ်သွား ခဲ့သည်။
“ ကောင်းပြီ ... ။ ”
ပိုင်ရှောင်က ခေါင်းညိတ်၏။ သူ့ တိုက်ခိုက်မှုသည် ကျူးကျော် သူ၏ ခွန်အားကို စုံစမ်း ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် မြေပေါ် ပြန်လည် ဆင်းသက် လိုက်ကာ၊
“ သူ့ကို ဖမ်းလိုက် ... ။ ”
-ဟု အမိန့်ပေး တော့၏။
အစောပိုင်း လက်ဖဝါးသည် ကျူးကျော် သူအား ပြင်းစွာ ဒဏ်ရာရ စေမည်။ ထို့ကြောင့် သင်းထောက် (၁၀)ပါးဖြင့် ဖမ်းရန် လုံလောက် ပေ၏။
သို့သော် လင်းယွန်က သစ်ကိုင်း တစ်ကိုင်း ကောက်ယူပြီး၊ သင်းထောက် များအား ခုခံတော့ သည်။
“ ဝှစ် ... ။ ”
သင်းထောက် များထံ လင်းယွန် (၁၃) ယောက် ပျံထွက် သွားပြီး၊ ပိုးစုန်းကြူး နတ်ဓား ကို၊ သစ်ကိုင်းဖြင့် ထုတ်လွှတ် လိုက် ကြ၏။
ဤတိုက်ခိုက်မှုသည် စက်ဝိုင်း (၁၃)ဝိုင်း အသွင် ဝင်ရောက် လာသော သင်းထောက်များ ထံ၊ ပြေးဝင် ကုန်သည်။
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
“ အား ... ။ ”
သင်းထောက် (၁၀)ယောက် ခမျာ ကျောက်တုံး များထံ လွင့်စဉ် ထိမှန် ပြုတ်ကျ ကုန်၏။ ဤမြင်ကွင်းကြောင့် ပိုင်ရှောင် တစ်ယောက် တုန်လှုပ် သွားသည်။
“ အနန္တဓားများ ပေါင်းစည်းခြင်း ... ။ ”
ကျူးကျော်သူသည် နိဗ္ဗာန် အဆင့်ဖြင့်၊ ဤဓားရေး အပေါ်၊ မည်သို့ ကျွမ်းကျင် နေသည် ကို၊ နားမလည် နိုင်တော့ချေ။
ထိုအချိန်တွင် သူတော်စင်များ ချဉ်းကပ် လာသည်ကို ခံစားမိ သဖြင့်၊ ဒုက္ခ ရောက်ပြီမှန်း လင်းယွန် သိလိုက်၏။
ကောင်းကင် ရေကန်သို့၊ အကြိမ်ကြိမ် ကျူးကျော် ဝင်ရောက် နေကြ သဖြင့်၊ ငရဲ သစ်ခွ ခြံဝင်းမှ လုံခြုံရေး တိုးမြှင့် ထားပေမည်။
“ ရပ် ... ။ ”
“ မလွတ် စေနဲ့ ... ။ ”
ထို့ကြောင့် အမည်ခံ သူတော်စင် ရှစ်ပါး ချက်ချင်း ရောက်လာကာ၊ လင်းယွန်ကို ပိတ်ဆို့ တော့၏။
အမည်ခံ သူတော်စင် တစ်ပါးက၊
“ မင်း ... ဘယ်သူလဲ၊ ကောင်းကင် ရေကန်ကို ဘာအတွက် ခိုးဝင် ရတာလဲ။ ”
-ဟု မေးမြန်းလျက် ရိုက်နှက်ရန်၊ လှမ်း လာသည်။ သို့သော် ပိုင်ရှုရင်မှ ၎င်းအား လက်ဟန်ဖြင့် ဟန့်တား လျက်၊
“ နေဦး ... ၊ သူ့ကို ငါ မေးစရာ ရှိတယ်။ ”
-ဟု အေးစက်စွာ ပြောကြား လိုက်သည်။
“ မင်း ... မျက်နှာဖုံးကို ဖယ်ပါ။ ”
“ ဟုတ်တယ် ... ၊ မျက်နှာဖုံးကို ချွတ်လိုက်။ ”
အမည်ခံ သူတော်စင် များက လူသတ် လိုသော ရည်ရွယ်ချက်များ ပြသ လာပြီး၊ ဝိုင်း၍ ခြိမ်းခြောက် လိုက်ကြသည်။
တစ်စုံ တစ်ယောက်သည်၊ သူတို့ စောင့်ကြပ် နေသော အရပ်သို့၊ အမှန်ပင် ဝင်ရောက်ခဲ့ သဖြင့် ဒေါသ ထွက်နေခြင်း ဖြစ်၏။
ပိုင်ရှောင် သည်လည်း၊ ဤမျှ ရဲရင့်သော မျက်နှာဖုံးရှင်၊ မည်သူ ဖြစ်မည်ကို သိချင် နေ၏။ လင်းယွန် ခမျာ ကူကယ်ရာ မဲ့ လာသည်။
ရေကန် ထဲ၌ ပိုင်ရှုရင် ရှိနေလိမ့် မည်ဟု မမျှော်လင့် ထားသည်မှာ အမှန် ဖြစ်၏။ ထို့ပြင် ရေကန်အောက်၌ သူမ သည်သာ အဝတ် ဗလာ ဖြင့် မနေ ခဲ့သော်၊ မျက်နှာဖုံးအား ချက်ချင်း ချွတ်ပြ မိပေမည်။
မူလ နဂါး မဟာ သူတော်စင်၏ သီးသန့် တပည့် တစ်ဦး ဖြစ်သောကြောင့်၊ ထိုအချိန်၌ သူ့အား သတ်ဝံ့ ကြမည် မဟုတ်ချေ။
မူလ နဂါး မဟာ သူတော်စင် ပြန်လာ ပြီးနောက် ဖြေရှင်းပေး ပေလိမ့်မည်။ ယခုမူ ထိုသို့သော အခြေ အနေမျိုး မဟုတ် သဖြင့်၊ ကိုယ့်ကိုယ် ကိုသာ အားကိုးရ ပေမည်။
“ မျက်နှာဖုံး ချွတ်ပြရင် ... ၊ မင်း ဘယ်သူ ဖြစ်ဖြစ် အသက် ချမ်းသာ ပေးမယ်။ ”
ပိုင်ရှုရင်က အံကြိတ်ကာ ကတိ ပေး၏။ သို့သော် လင်းယွန်မှ ပြုံးပြီး၊
“ မျက်နှာဖုံး တပ်ထား တာက ... ငါ့ကို အသက် ရှင်စေ နိုင်တယ် ... ၊ မျက်နှာဖုံး မရှိရင် ငါ့ အသက်ကို အရင်ဆုံး ယူမဲ့ လူက၊ မင်း ... ဖြစ်သွား လိမ့်မယ်။ ”
“ ဟုတ်လား ... ။ ”
ဘေးမှ ရပ်ကြည့် နေသော ပိုင်ရှောင်က ပြုံးပြီး လင်းယွန် ရှေ့ ရုတ်တရက် ပေါ်လာ၏။ မိုးပြာ နဂါး ဓားနှလုံးသားဖြင့် ထိုလှုပ်ရှားမှုကို ခံစားမိ သဖြင့်၊ လင်းယွန်က နောက်ပြန် ဆုတ် လိုက်သည်။ သို့သော် အချိန် နှောင်းသွား၏။
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
ပိုင်ရှောင်မှာ လျင်မြန် လွန်းသော လင်းယွန်ကြောင့် အနည်းငယ် အံ့အားသင့် သွားပြီး၊ ရင်ဘတ်ထံ လက်ဖဝါး တစ်ချက် အသာ ရိုက်ကာ၊ မျက်နှာဖုံးကို ဖမ်းဆွဲ လိုက်သည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
လင်းယွန် တစ်ယောက် ထိုလက်ဖဝါး ရိုက်ချက် ထိ မှန်ကာ၊ နောက်သုံးလှမ်း ဆုတ်ပြီး၊ ဒူး တစ်ဖက် ထောက်ကျ သွား၏။
မျက်နှာဖုံး မရှိတော့ သဖြင့်၊ လရောင် အောက်တွင် လင်းယွန် ရုပ်သွင်က ရှင်းလင်းစွာ ထွက်ပေါ် လာသည်။ ထို့ကြောင့် လူတိုင်း မယုံ နိုင်စွာဖြင့်၊ မျက်လုံးများ ပြူးကုန် ကြ၏။
“ ယဲ့ ချင်း ရှန် ... မင်းပဲလား ။ ”
ပိုင်ရှုရင်မှာ အဆိုးဆုံး ဖြစ်သည်။ အခြားသော အမည်ခံ သူတော်စင် များက၊ ပါးစပ် ပိတ်ကျ သွားသည်။ အသံ မထွက်ရဲ တော့ချေ။
ဤလူငယ်သည် လက်ရှိ အချိန်၌ မဟာ သူတော်စင်၏ သီးသန့် တပည့် ဖြစ်သည်။ ၎င်းမှ တားမြစ် မြေထံ၊ ဤသို့ ထပ်မံ ဝင်ရောက် လိမ့် မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားချေ။
ပိုင်ရှောင်ပင် ယောင်ရမ်းပြီး၊ လက်ထဲရှိ မျက်နှာဖုံးအား ပြန်၍ ကမ်းပေး မိ၏။ လင်းယွန် တစ်ယောက် ဖွာလန်ကျဲ နေသော ဆံပင် များကို သပ်ရပ်အောင် ပြင်ယူနေ လျက်မှ ပြုံးကာ၊ မျက်နှာဖုံး ယူလိုက်သည်။
ပိုင်ရှောင်က မည်သူမျှ မမြင်အောင် လက်မထောင် ပြပြီး၊ လင်းယွန်အား ဂုဏ်ယူ ဟန် ပြုံးပြ လာ၏။
“ တွေ့လား ... မျက်နှာဖုံးကို ဖယ်ရင် ငါ့အသက်ကို အရင်ဆုံး သတ်ချင်တဲ့ လူက မင်း ဖြစ်လာ လိမ့်မယ်လို့၊ ငါပြောခဲ့ သားပဲ။ ”
“ နင် ... မှန်တယ် ... ၊ သူ့ကို သတ်ပစ်။ ”
ပိုင်ရှုရင်မှ အသိစိတ် ပျောက်ဆုံးကာ၊ အမိန့်ပေး လိုက်တော့၏။ ပိုင်ရှောင်က အံ့သြ တကြီး ပြုံးလျက်၊
“ ရှုရင် ... ဒီလောက် အထိလည်း မလိုသေးဘူး ထင်တယ်။ ”
-ဟု စောဒက တတ်ကြည့် လိုက်သည်။
အခြားသော အမည်ခံ သူတော်စင်များ သည်လည်း အကျပ်ရိုက် ကုန်၏။ ယဲ့ချင်းရှန်၏ ရာထူးသည် သူတို့ထက် မြင့်မား ချေပြီ။
ထို့ကြောင့် သတ်ရန် မဆိုနှင့်၊ ၎င်းအား ရိုက်နှက် ရန်ပင် ပြဿနာ ရှိနေ နိုင်မည်။
“ ငါ တာဝန် ယူတယ်၊ သူ့ကို သတ်ပစ်လိုက်။ ”
ပိုင်ရှုရင်က အေးစက်စွာ ထပ်ပြောသည်။ ထိုအချိန်တွင် ကျောက်စိမ်းဓား သူတော်စင်က၊ ကောင်းကင်မှ ဆင်းသက်လာ သဖြင့်၊ လူတိုင်း စိတ် သက်သာရာ ရကုန်၏။
“ မင်္ဂလာပါ သိုင်းအဒေါ်။ ”
ကျောက်စိမ်းဓား သူတော်စင်က လင်းယွန်ထံ ကြည့်ကာ၊
“ မင်းရဲ့ ဆရာက ... ၊ တကယ်ပဲ တပည့်ကောင်း တစ်ယောက်ရဲ့ ဂုဏ်သိက္ခာမျိုး ရအောင် သင်ပေးခဲ့ တာပဲ။ ”
-ဟု သုံးသပ် လိုက်၏။
( ငါ ပြောခဲ့ တာကို ... နင် မှတ်မိ သေးလား၊ လုပ် မြန်မြန် ခေါ်လိုက် ... ။ )
ခရမ်းငယ်မှ ဝင်ရောက် သတိ ပေးလာသည်။ ယင်းကြောင့် လင်းယွန် မျက်နှာ ပြောင်းသွားပြီး၊ တွေဝေ လာ၏။ သို့သော် အံကြိတ်လျက်၊
“ သခင်မ ... ၊ ဒီဇာတ်လမ်းက အရှည် ကြီးမို့၊ အကျပ် အတည်း ကနေ၊ အရင်ဆုံး ကူညီ ဖြေရှင်း ပေးပါ ခင်မျာ။ ”
-ဟု ခပ်တိုးတိုး တောင်းဆို ကြည့်မိသည်။
‘သခင်မ’ ဟူသော အသုံး အနှုန်းကြောင့် ကျောက်စိမ်းဓား သူတော်စင်မှ လင်းယွန်ထံ၊ အလေး အနက် ပြန်ကြည့်သည်။
“ ယဲ့ချင်းရှန် ... မင်းကို ဘယ်သူက ... ဒီလို အသည်းမျိုး ပေးခဲ့လဲ။ ”
ထိုမေးခွန်းကို လင်းယွန်မှ ပြန်ဖြေရန် ပြင်နေစဉ်၊ ကျောက်စိမ်းဓား သူတော်စင်၏ လက်ဖဝါးက ကျဆင်း လာသည်။
အမည်ခံ သူတော်စင်များ အားလုံး ကြောက်မက်ဖွယ် ထိုသူတော်စင် ရောင်ဝါ အောက်၌၊ စိတ် ဝိညာဉ်များ တုန်ယင်လျက် ဒူးထောက် ကျကုန်၏။
အဆိုပါ မြင်ကွင်းက ပိုင်ရှုရင်အား ဒွိဟ ဖြစ်လာ စေသည်။ တစ်ဖက် လူအား ဆရာမှ သတ်ပစ် ပေတော့မည်။
ထိုလူသည် ရေကန် အောက်၌ သူမ အသက်အား၊ စွန့်စား ကယ်တင် ပေးခဲ့ ချေ၏။ ၎င်းမှ လက်တုံ့ ပြန်နိုင် သော်လည်း၊ တစ်ချိန်လုံး ရှောင်တိမ်း ရိုက်နှက် ခံခဲ့သည်။
ယင်းကြောင့် ဤအရာက တစ်စုံ တစ်ရာ မှားယွင်း နေမှန်း အသိ ဝင်လာ၏။ ဆရာအား လှည့်ကြည့်ကာ၊
“ ဆရာ ... ခဏ နေပါဦး ... ။ ”
-ဟု ဟန့်တား လိုက်သည်။
“ ဘုန်း ... ။ ”
“ ..... ။ ”
သို့သော် နောက်ကျ သွားချေပြီ။ ဆရာ သခင်၏ လက်ဖဝါးက ယဲ့ချင်းရှန်အား ထိမှန် သွားပြီ ဖြစ်၏။ တစ်ဖက်လူ ခမျာ ချက်ချင်း သတိလစ် သွားတော့သည်။
လူတိုင်း တိတ်ဆိတ် ကုန်၏။ မလှုပ်ရဲ တော့ချေ။ ကြောက်ရွံ့ တုန်လှုပ် နေသော ခံစား ချက် များသာ၊ လှိုင်လှိုင် ထလာ ခဲ့သည်။
***