← Chapters

သိုင်းသူတော်စင် ဒဿမအဆင့် ၊ လူသားထွတ်ထိပ်အဆင့်

Vol. 88 Ch. 1232

သိုင်းသူတော်စင် ဒဿမအဆင့် ၊ လူသားထွတ်ထိပ်အဆင့်

Vol. 88 Ch. 1232

အခန်း (၁၂၃၂) သိုင်းသူတော်စင် ဒဿမအဆင့် ၊ လူသားထွတ်ထိပ်အဆင့်

ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်၏ သက်ရောက်မှုကြောင့် ကောင်းကင်ဘုံနန်းတော် အပျက်အဆီးများတည်ရှိရာနေရာ ဗလာနယ်ထဲတွင် အက်ကွဲကြောင်းများ ထွက်ပေါ်လျှက် ရှိသည်။

ထို ဗလာနယ်အက်ကွဲကြောင်းများက မတည်မငြိမ်ဖြစ်နေပြီး အဆက်မပြတ် တုန်ခါနေသည်။

ထိုတုန်ခါမှုက ပုံမှန်မဟုတ်သည့်တိုင် အတိုင်းအဆ ပမာဏတစ်ခုက တည်ငြိမ်မှုရှိနေပြီး ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်ထဲတွင် သာမန် ဗလာနယ်အပြောင်းအလဲဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာစေသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုနေရာမှ အပြောင်းအလဲများက ပိုမိုသိသာလာသလို ကြမ်းတမ်းရှုပ်ထွေးလာသည်။

ထိုနေရာတွင် အလွန်စွမ်းအားကြီးမားသော တည်ရှိမှုတစ်ခု ရှိနေပုံရသည်။ မူလက ငြိမ်သက်နေဟန်ရှိသော်လည်း ယခု တဖြည်းဖြည်း ကြွတက်လာသည်။

ထိုအရာ သက်ဝင်လှုပ်ရှားလာသည်နှင့်အမျှ ဗလာနယ်က စတင်ကျယ်ပြန့်လာသည်။

လွတ်လပ်သောဗလာနယ်အတွင်းပိုင်းက အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားတော့မည်လား ထင်မှတ်ရသည်။

အရိပ်များဖုံးလွှမ်းနေသောနေရာအောက်တွင် ရန်ကျောက်ကဲ တင်ပျဉ်ခွေထိုင်နေလေသည်။ သူ၏လက်တစ်ဖက်၏ လက်ညှိုးလက်ခလယ်က မျက်ခုံးနှစ်ခုကြားသို့ ထိထားပြီး ကျန်လက်တစ်ဖက်က သူ၏ဝမ်းဗိုက်ရှေ့တွင် တင်ထားကာ စွမ်းအင်ဗဟိုချက်ကို ဖိနှိပ်ထားသည်။

ထို့နောက် သူ၏လက်များကို အထက်အောက်ရွေ့လျားကာ အလယ်ဗဟိုတွင် စုစည်းလိုက်သည်။

ထိုသို့လုပ်ဆောင်လိုက်သည်နှင့် ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတ်စခုစီက ကြယ်ပွင့်များပမာ တစ်ခုပြီးတစ်ခု တောက်ပလာသည်။

ကြယ်စင်များက တောက်ပသည်ထက် တောက်ပလာသည်။

ယခင်က တိတ်ဆိတ်ငြိမ်သက်နေသည့် ဖုံးကွယ်နေသော သွေးကြောဆုံချက်များက အဆုံးသတ်မှာတော့ တစ်ခုပြီးတစ်ခု တောက်ပလင်းလက်လာကြသည်။

သွေးကြောဆုံချက်များက ကြယ်စင်ရောင်များတောက်ပလာပြီး အခြားသောကြယ်စင်များပမာ စတင်ရွေ့လျားလာကြသည်။

ထို့နောက် ၎င်းတို့သည် ကိုယ်ပိုင်ထူးခြားသော လမ်းကြောင်းများနှင့် ပုံစံများဖန်တီးကာ မရပ်မနား ရွေ့လျားကြတော့သည်။

လှုပ်ရှားမှုနှင့်အတူ ကြယ်စင်များက ကျယ်ပြန့်စွာ ရွေ့လျားသွားပြီး အထွတ်ထိပ်အဆင့်သို့ရောက်ရှိပြီးနောက် အားနည်းလာပြီး နောက်ဆုံးတွင် ငြိမ်းသတ်သွားသည်။

သို့သော် ငြိမ်းသတ်သွားပြီးနောက် ကြယ်စင်အသစ်တစ်ခုက သွေးကြောဆုံချက်နေရာတွင် ပြန်လည်မွေးဖွားလာပြီး တောက်ပလင်းလက်လာပြန်သည်။

အကန့်အသတ်မရှိသော သေခြင်းရှင်ခြင်းဖြင့် မမောနိုင်မပန်းနိုင် ရွေ့လျားလျှက် ရှိသည်။

ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်မှ နောက်ဆုံးကျန်ရှိသော သွေးကြောဆုံချက် ပြီးပြည့်စုံခြင်းရှိသည်အထိ ဤဖြစ်စဉ်က ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပြီး အသက်ဓာတ်စွမ်းအားများက ပြောင်းလဲသွားသည်။

သူ၏ကိုယ်တွင်းမှစကြာဝဠာကြီးက အပြင်လောကမှ အစစ်အမှန်စကြာဝဠာဖြင့် ကွာခြားမှုမရှိတော့ဘဲ နောက်ဆုံးမှာတော့ စကြာဝဠာငယ်တစ်ခုပမာ ပြီးပြည့်စုံသည့်အဆင့်သို့ရောက်ရှိသွားသည်။

ထိုခဏတွင် ရန်ကျောက်ကဲ အသစ်သောအဆင့်တစ်ခုသို့ မြင့်တက်ရောက်ရှိသွားသည်။

ဤဖြစ်စဉ်မှာပင် သူ၏ အသွေးအသားများက မကြုံစဖူးသော အပြောင်းအလဲများကို ကြုံတွေ့ခံစားခဲ့ရသည်။

သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက အစစ်အမှန်ကြယ်တာရာချီစွမ်းအားအနှစ်သာရများဖြင့် ပြည့်နက်နေပြီး အသေးငယ်ဆုံးသော အသား ၊ အရိုးနှင့် သွေးကြောများသည်ပင် ချီစွမ်းအားများဖြင့် ပြည့်နက်လို့နေသည်။

ရန်ကျောက်ကဲသာ ဆန္ဒရှိမည်ဆိုလျှင် ခန္ဓာကိုယ်အသွေးအသား ကန့်သတ်ချက်များမှ လွတ်မြောက်ပြီး သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို ကြယ်တာရာချီစွမ်းအား အနှစ်သာရဖြင့် အစားထိုးနိုင်ပြီ ဖြစ်သည်။

ကြွက်သားများ ဆန့်ထုတ်ခြင်း ၊ ကျုံ့ဝင်ခြင်းများကြောင့် “ပုံသဏ္ဌန်” ပြောင်းလဲမည်မဟုတ်သော်လည်း အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲခြင်း၏ အစ ဖြစ်သည်။

ဤခြေလှမ်း တက်လှမ်းပြီးသည်နှင့် သိုင်းကျင့်ကြံသူတစ်ယောက်သည် သေမျိုးလူသားအဆင့်ထက်မြင့်တက်သွားပြီဖြစ်သော ခရီးတစ်ခုကို စတင်နိုင်မည် ဖြစ်သည်။

၎င်းသည် အတိုင်းအတာတစ်ခုအထိ အစစ်အမှန်နတ်ဘုရားအဆင့်သို့ ချဉ်းကပ်နေပေပြီ။

တစ်နည်းဆိုရသော် သေခြင်းတရားကိုကျော်လွန်ပြီး သိုင်းသူတော်စင်တစ်ယောက် ဖြစ်လာသည့်တိုင် သေမျိုးလူသားတစ်ယောက်၏လက္ခဏာများက အပြည့်အဝ မလျော့ပါးသေးပေ။

ထိုသို့သောအဆင့်တွင် “လူသား” ဆိုသော စကားလုံးကို “နတ်ဘုရား” ဆိုသော စကားလုံးရှေ့တွင် ထည့်သွင်းခေါ်ဆိုနိုင်သည်။

‘လူသားနတ်ဘုရား’ အဆင့်။

သိုင်းသူတော်စင် ဒဿမအဆင့် ပြီးပြည့်စုံခြင်း ၊ လူသားအထွတ်ထိပ်အဆင့် ၊ လူသားနတ်ဘုရား ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

သေမျိုးလူသားများ၏အထက် ၊ နတ်ဘုရားများ၏အောက်။

လူသားနတ်ဘုရားများက နတ်ဘုရားဖြစ်လာရန်အတွက် ခြေတစ်လှမ်းမျှသာလိုသူများ ဖြစ်ကြသည်။

ရန်ကျောက်ကဲ လူသားနတ်ဘုရားတစ်ယောက်ဖြစ်လာသော အောင်မြင်မှုက အခြားသော သိုင်းကျင့်ကြံသူများနှင့် တူညီခြင်း မရှိပေ။

ထိုခဏတွင် ရန်ကျောက်ကဲက သူ၏ကိုယ်တွင်း စကြာဝဠာကို အကဲဖြတ်လိုက်သည်။ သူ၏ ကိုယ်တွင်းစကြာဝဠာက အပြင်ဘက်မှ စကြာဝဠာအစစ်နှင့်အတူတူပင်ဖြစ်ကြောင်း သိမြင်နိုင်ရုံသာမက စကြာဝဠာကိုဖန်ဆင်းခြင်းမှသည် အဆုံးသတ်ခြင်းအထိ တွေ့မြင်နိုင်သည်။

ထာဝရကာလတွင် သိမှတ်ရန်ခက်ခဲသည့် ‘ဆုံမှတ်’ တစ်ခုရှိသည်။

ထို ‘ဆုံမှတ်’ က သာလွန်မှုမရှိ ၊ ယုတ်ညံ့မှုမရှိ ၊ အစမရှိ ၊ အဆုံးမရှိပေ။

ထို ‘ဆုံမှတ်’ က တဖြည်းဖြည်း ကျယ်ပြန့်လာကာ ပရမ်းပတာအခြေအနေများစတင်ခဲ့ပြီး ကနဦးကမ္ဘာလောကတစ်ခု ဖြစ်ပေါ်လာစေသည်။

မြေ ၊ ရေ ၊ လေ ၊ မီး ဓာတ်ကြီး (၄)ပါး လှည့်ပတ်ပြီးနောက် ပြန်လည်တည်ငြိမ်သွားသည်။

လောကသစ်ဖွင့်လှစ်ပြီးနောက် နက်ရှိုင်းချီစွမ်းအားက မြင့်တက်လာပြီး နောက်ကျိသောချီစွမ်းအားက နက်မြုပ်သွားကာ အဆုံးသတ်တွင် ကမ္ဘာလောကတစ်ခု ဖြစ်တည်လာ၏။

ထို့နောက် ခေတ်အဆက်ဆက်ပြောင်းလဲသွားပြီး ကမ္ဘာလောကသည်လည်း ပြောင်းလဲသွားသည်။

ယဉ်ကျေးမှုမြင့်မားလာပြီး သက်ရှိများ ကြီးပွားတိုးတက်လာကြသည်။ သို့သော် အပျက်တရားနှင့် ဆွေးမြေ့ပုပ်ပျက်ခြင်းဆီသို့ တဖြည်းဖြည်း ဦးတည်သွားပြန်သည်။

အပျက်တရားကာလကတော့ စိတ်မကောင်းစရာ အခြေအနေပင် ဖြစ်သည်။

လမ်းမများ ၊ အဆောက်အဦများ ပြိုကျပျက်ဆီးပြီး သက်ရှိများအားလုံး သေဆုံး ပျက်သုဉ်းကြသည်။ အချိန်နှင့်နေရာတို့ ပျက်ပြယ်သွားပြီး နောက်ဆုံးမှာတော့ အရာအားလုံး အတူတကွ ပြိုကျပျက်ဆီးသွားသည်။

သို့သော် မရှိမှုဗလာနယ်ထဲတွင် လောကသစ်ဖန်ဆင်းခြင်း ထပ်မံဖြစ်ပေါ်လာပြီး အရာအားလုံး အသစ်တစ်ဖန် ပြန်လည်အစပြုကာ သေခြင်းရှင်ခြင်းများ ဆက်လက်ဖြစ်ပေါ်နေပြန်သည်။

ရန်ကျောက်ကဲ မျက်လုံးဖွင့်လိုက်ပြီး နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးလိုက်သည်။

“ငါ... သိုင်းသူတော်စင် ဒဿမအဆင့် ၊ လူသားအထွတ်ထိပ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ...”

ရောင်စုံအလင်းတန်းများကြားတွင်နစ်မြုပ်ရင်း စန်းချင်း (၃)ပါး သိုင်းပညာရပ် (၃)ခု ညီမျှစွာဖြင့် ကျင့်ကြံခြင်းအဆင့်တက်သွားပြီ ဖြစ်သည်။ ထိုခဏတွင် ရန်ကျောက်ကဲ၏ အမြင်သည်လည်း သူရောက်ရှိနေသည့်အဆင့်ထက်ကျော်လွန်ပြီး အထွတ်ထိပ်သို့ ရောက်ရှိသွားသည်။

ရန်ကျောက်ကဲ မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း...

“အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ဒီနားပတ်ဝန်းကျင်မှာ ရှိနေတုန်းပဲ ၊ သူ ထွက်မသွားနိုင်သေးဘူး ၊ ကြည့်ရတာ တိုက်ပွဲဖြစ်နေတာများလား”

“လူအတော်များများက သူ့ကိုဝိုင်းတိုက်နေတာပဲ ၊ ဒီ စွမ်းအားရောင်ဝါက ရင်းနှီးသလိုခံစားရတယ်... အနက်ရောင်ပိုးသားဧကရာဇ်နဲ့ ဖယောင်းနေခြည်ဧကရာဇ်ပါ ရှိနေတာပဲ”

အချိန်နှင့်အမျှ ရန်ကျောက်ကဲ၏ အာရုံခံနိုင်စွမ်းက သိသိသာသာမြင့်တက်လာပြီး ထိပ်ဆုံးအဆင့်သို့ရောက်ရှိသွားပြီးနောက် ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

သို့သော် သူ အာရုံခံမိသည်ကတော့ ထင်ယောင်ထင်မှားဖြစ်ခြင်းမျိုး မဟုတ်သည်မှာ သေချာသည်။

ရန်ကျောက်ကဲ ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ပြီး အထွတ်ထိပ်မှော်ဝင်ပစ္စည်းများဖြင့် ဖိနှိပ်ထားသည့် စည်းတံဆိပ် (၄)ခုနှင့် သူကိုယ်တိုင်ဖိနှိပ်ထားသည့် အလယ်ဗဟိုမှ စည်းတံဆိပ်ကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူက လက်တစ်ဖက်ကို အသာဝှေ့ယမ်းလိုက်ပြီး ယိုးမင်ဂမ္ဘီရစက်ဝန်းကို အလယ်ဗဟိုမှ စည်းတံဆိပ်အား ဖိနှိပ်ထားရန် ခေါ်ယူလိုက်သည်။

ယိုးမင်ဂမ္ဘီရစက်ဝန်းမှ ထွက်ပေါ်လာသော အမှောင်ရိပ်များက အရပ်လေးမျက်နှာ ထောင့်လေးထောင့်နှင့် ရောင်စုံအလင်းတန်းများကို ဖုံးအုပ်ထားဆဲပင်။

ထိ့နောက် ရန်ကျောက်ကဲ၏ပုံရိပ်က အရှေ့သို့ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားပြီး အက်ကွဲကြောင်းများဖြင့်ပြည့်နေသည့် နယ်နိမိတ်အစွန်းကို ချိုးဖျက်ကာ ကောင်းကင်ဘုံနန်းတော် အပျက်အဆီးများတည်ရှိရာနေရာသို့ ရောက်ရှိလာသည်။

အဝေးတစ်နေရာကောင်းကင်ထက်တွင် နေခြည်ဧကရာဇ်တို့အုပ်စုက အပျက်အဆီးများကြား ဗလာနယ်အပြောင်းအလဲဖြစ်ပေါ်သွားကြောင်း သတိပြုလိုက်မိကြသည်။

“မုယောက်ကြယ်စင်ထက်ယံအရှင်သခင် မသေသေးတာများလား”

လူတိုင်းသည် အစပိုင်းတွင် အံ့သြသွားသော်လည်း တစ်ခုခုမှားနေပြီဟု ခံစားမိကြသည်။

“မုယောက်ကြယ်စင်ထက်ယံအရှင်သခင် မဖြစ်နိုင်ဘူး”

“ဒါဖြင့် ရန်ကျောက်ကဲလား ၊ သူက မီးလျှံထက်ယံအရှင်သခင်နဲ့ လိုက်မသွားဘူးလား”

နေခြည်ဧကရာဇ်ခေါင်းထဲ အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည်။

အနက်ရောင်ပိုးသားဧကရာဇ်က တိုးတိတ်သည့်လေသံဖြင့်...

“သူနဲ့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ပူးပေါင်းသွားလို့ မဖြစ်နိုင်ဘူး”

သူက ဆက်ပြောသည်။

“မဟုတ်လို့ကတော့ သူ့မှာ အစစ်အမှန်နတ်ဘုရားတစ်ပါးကို သတ်ပစ်နိုင်တဲ့ အစွမ်းတွေ ရသွားလိမ့်မယ် ၊ ဝမ်ကျန်းချန်တောင်မှ ယင်ယန်တောင်နှင့်မြစ်ရေကားချပ်ရှိရဲ့သားနဲ့ သူ့လက်ကလွတ်အောင် မပြေးနိုင်ခဲ့ဘူး”

သူတို့စကားပြောနေစဉ်မှာပင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ဦးတည်ချက်ပြောင်းလဲသွားပြီး နောက်သို့ပြန်လှည့်ကာ တံတိုင်းနံရံ အပျက်အဆီးများရှိရာသို့ ပျံသန်းသွားရန် ပြင်ဆင်လိုက်သည်။

ယခု ရန်ကျောက်ကဲက လက်ဦးမှုရယူရန် စတင်လုပ်ဆောင်နေပြီဖြစ်ရာ သူ့အနေဖြင့် ရန်သူကိုနှိမ်နင်းရန်အတွက် ရန်ကျောက်ကဲနှင့် အင်အားချင်း ပူးပေါင်းရပေမည်။

အနက်ရောင်ပိုးသားဧကရာဇ်ပြောသလိုပင် ရန်ကျောက်ကဲနှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် အင်အားချင်းပေါင်းမိပါက ရန်ကျောက်ကဲက ပုဆိန်သွားလှံရှည်ကို လက်နက်အဖြစ်အသုံးပြုပြီး တန်ခိုးစွမ်းအား ပိုမိုကြီးမားလာမည် ဖြစ်သည်။

နေခြည်ဧကရာဇ်ကတော့ အတွေးလျှင်မြန်သလို အလုပ်လည်းနှေးကွေးခြင်း မရှိခဲ့ပေ။

သူက ရန်ကျောက်ကဲနှင့် တစ်ကြိမ်သာ ခဏမျှ တိုက်ခိုက်ဖူးသော်လည်း အနှီလူငယ်လေး မည်မျှထူးခြားကြောင်းသိရှိသဖြင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ရန်ကျောက်ကဲလက်ထဲ ကျရောက်မသွားစေရန် တားဆီးမည် ဖြစ်သည်။

အနက်ရောင်ပိုးသားဧကရာဇ် သတိပေးခြင်း မရှိလျှင်တောင်မှ နေခြည်ဧကရာဇ်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို တားဆီးရန်ဟန်ပြင်နေပြီ ဖြစ်သည်။

အမတခုံရုံးမှ ဟန်လေဧကရီရွမ့်မင်ယန်က အေးစက်သည့်မျက်ဝန်းများဖြင့် စူးစိုက်ကြည့်ရင်း...

“ရန်ကျောက်ကဲလား... သူက ဘာမှသိပ်အားစိုက်စရာမလိုဘဲ အဲဒါကို လုပ်ခဲ့တာလား”

စောမင်ကျန့် ထွက်ခွာသွားပြီဖြစ်ရာ အမတခုံရုံးအနေဖြင့် မည်သည့်တန်ဖိုးပေးဆပ်ရပါစေ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဖမ်းဆီးရန် သို့မဟုတ် ဖျက်ဆီးပစ်ရန် ကြိုးစားမည် ဖြစ်သည်။

ထို့အတူ ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ ၏ အမွေကိုဆက်ခံထား‌သော ရန်ကျောက်ကဲအားလည်း အမတခုံရုံးက ရှင်းထုတ်ပစ်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။

နေခြည်ဧကရာဇ်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဟန့်တားလိုက်သည်ကိုကြည့်ရင်း ရွမ့်မင်ယန်တို့အုပ်စုက မည်သည့်စကားမှ မဆိုကြပေ။ သူတို့က အပျက်အဆီးများရှိရာသို့ ထွက်ခွာသွားပြီး ရန်ကျောက်ကဲနှင့် ရင်ဆိုင်လိုက်ကြသည်။

အနက်ရောင်ဝတ်ပိုးသားဧကရာဇ်ကလည်း ထိုနည်းအတိုင်းပင် ပြုမူလိုက်သည်။

သူ့အတွက်တော့ ရန်ကျောက်ကဲကို သတ်နိုင်မည်ဆိုလျှင် အကောင်းဆုံးရလဒ် ထွက်ပေါ်လာပေမည်။

မသတ်နိုင်လျှင်တောင်မှ အရေးမကြီးပေ။ လူအများ ဝိုင်းရံတိုက်ခိုက်ကြသည့်အခါ ရန်ကျောက်ကဲအနေဖြင့် ထိုက်ယီလက်သီးသိုင်းကို ထုတ်ဖော်အသုံးပြုလာပေလိမ့်မည်။ ဤသည်က အနက်ရောင်ပိုးသားဧကရာဇ်၏ ရည်မှန်းချက်ပင် ဖြစ်၏။

ထို့ပြင် ရန်ကျောက်ကဲအနေဖြင့် အထက်ဘုံကမ္ဘာမှ မူလဖွင့်လှစ်ဓားကို ယူဆောင်လာမည်ဟု သူ တွေးမထားခဲ့ပေ။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ကြားဖြတ်ဟန့်တားနေသည့် ဖယောင်းနေခြည်ဧကရာဇ်မှလွဲပြီး အနက်ရောင်ပိုးသားဧရာဇ်နှင့် အမတခုံရုံးမှ အုပ်စိုးရှင် (၆)ယောက်တို့ လျှင်မြန်စွာပင် ရန်ကျောက်ကဲအား ဝိုင်းထားလိုက်ကြသည်။

သို့သော် သူတို့ရှေ့မှ ရန်ကျောက်ကဲက တစ်ခုခုထူးခြားနေကြောင်း အနက်ရောင်ပိုးသားဧကရာဇ်နှင့် ရွမ့်မင်ယွမ်တို့နှစ်ယောက်လုံး အာရုံခံလိုက်မိကြသည်။

ရန်ကျောက်ကဲက သူ့အရှေ့မှ အမတခုံရုံး နတ်ဘုရားများနှင့် အနက်ရောင်ပိုးသားဧကရာဇ်ကိုကြည့်လျှက် မျက်ခုံးတစ်ချက်ပင့်ရင်း...

“ဟေး... အစစ်အမှန်နတ်ဘုရားတွေလား...”

All Chapters