← Chapters

သမိုင်းတစ်လျှောက် တန်ခိုးစွမ်းအားအမြင့်မားဆုံး “သိုင်းသူတော်စင်”

Vol. 88 Ch. 1233

သမိုင်းတစ်လျှောက် တန်ခိုးစွမ်းအားအမြင့်မားဆုံး “သိုင်းသူတော်စင်”

Vol. 88 Ch. 1233

အခန်း (၁၂၃၃) သမိုင်းတစ်လျှောက် တန်ခိုးစွမ်းအားအမြင့်မားဆုံး “သိုင်းသူတော်စင်”

ဟန်လေဧကရီ ‘ရွမ့်မင်ယန်’ ဦးဆောင်သည့် အမတခုံရုံးအုပ်စိုးရှင် (၆) ယောက်နှင့် စန်းချင်း (၃)ပါး အဆက်အနွယ်မှ အနက်ရောင်ပိုးသားဧကရာဇ်ပေါင်းလိုက်လျှင် စုစုပေါင်း အစစ်အမှန်နတ်ဘုရား (၇)ပါး ဖြစ်သည်။

ယခု အစစ်အမှန်နတ်ဘုရား (၇)ပါး ရန်ကျောက်ကဲရှေ့တွင် ရောက်ရှိနေကြသည်။

စာပေသမားတစ်ယောက်ပမာ ဝတ်ဆင်ထားသော အုပ်စိုးရှင်အပါအဝင် အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင် (၅)ယောက်က ရန်ကျောက်ကဲအား ချက်ချင်းပင် ဝိုင်းရံထားလိုက်ကြသည်။

သူတို့၏ အာရုံခံနိုင်စွမ်းက အနက်ရောင်ပိုးသားဧကရာဇ်နှင့် ရွမ့်မင်ယန်တို့ကဲ့သို့ ထက်မြက်ခြင်းမရှိသော်လည်း ရန်ကျောက်ကဲတွင် အလွန်ထူးခြားသော အရည်အချင်းများရှိကြောင်း အာရုံခံမိကြသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ထက်ပင် ပိုမိုအန္တရယ်များသော ခံစားချက်တစ်ခု ဖြစ်သည်။

ကြောက်မက်ဖွယ်ရာ ရန်သူများနှင့်ရင်ဆိုင်ရသည့်တိုင် ရန်ကျောက်ကဲကတော့ တည်ငြိမ်အေးဆေးနေဆဲပင်။

သူက သေးငယ်သည့် ရောင်စုံထီးငါးလက်ကို တစ်ချက်ကြည့်လိုက်ပြီး...

“ဒြပ်စင်ငါးပါး နေဖမ်းစား အစီအရင်ပဲ ၊ အရမ်းကိုသိမ်မွေ့ပြီး ထက်မြက်တဲ့ တိုက်ပွဲအစီအရင်တစ်ခုပဲ”

တစ်ချက်ကြည့်လိုက်သည်နှင့် ရန်ကျောက်ကဲက အခြေအနေကို ချက်ချင်းနားလည်သွားသည်။

“ဒါပေမဲ့ မဟာကပ်ဘေးကြီးမတိုင်ခင်က အစီအရင်နဲ့ ကွဲလွဲမှုလေးတွေ ရှိနေတယ် ၊ ကြည့်ရတာ ပြန်လည်ဆန်းသစ်ထားတဲ့ပုံပဲ”

သူက တိုးလျစွာ ရယ်မောလိုက်ရင်း...

“ဒါပေါ့... ပြန်လည်ဆန်းသစ်ထားတာမျိုးမရှိဘဲနဲ့ ဒီအစီအရင်ကို တတ်ကျွမ်းဖို့ဆိုတာ မင်းတို့ရဲ့ ခပ်တိမ်တိမ်အသိဉာဏ်နဲ့ အရမ်းခက်ခဲမှာပဲ ၊ ဒါပေမဲ့ ဒီအစိအရင်ကို အခုလို ပိုပြီးရှင်းလင်းအောင် ပြုပြင်နိုင်ဖို့ဆိုတာ တကယ့်ကို ရှားပါးတာပဲ”

ထိုစကားကြားတော့ အခြားဘက်မှ အုပ်စိုးရှင် (၅)ပါး ဒေါသပေါက်ကွဲသွားကြသည်။

“အလိုက်ကန်းဆိုးမသိတဲ့ အရူးလေး ၊ မင်းက စည်းမရှိဘူးပဲ”

အထက်ဘုံကမ္ဘာမှ နေခြည်ဧကရာဇ် ၊ အနက်ရောင်ပိုးသားဧကရာဇ်တို့နှင့် နှိုင်းယှဉ်ပါက အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များက ရန်ကျောက်ကဲနှင့် တိုက်ရိုက်ထိတွေ့မှု မရှိသလောက် နည်းပါးသည်။ ထို့ကြောင့် သူ့အကြောင်း သိပ်မသိကြပေ။

သို့ဖြစ်ရာ သူတို့က ရန်ကျောက်ကဲ၏ ပေါက်ကရစကားများကိုကြားသည်နှင့် မကျေမနပ်ဖြစ်သွားကြသည်။

ချက်ချင်းပင် အစီအရင်ကိုလှည့်ပတ်လိုက်ပြီး ‘ဒြပ်စင်ငါးပါး နေဖမ်းစား အစီအရင်’ က ရန်ကျောက်ကဲအား ဝိုင်းပတ်လွှမ်းခြုံသွားသည်။

တိုက်ပွဲအစီအရင်၏ စွမ်းအားအောက်တွင် အမတခုံရုံးမှ အုပ်စိုးရှင် (၅)ပါးက အချင်းချင်းတွန်းအားပေးကာ စတင်တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ တိုက်ခိုက်မှုက တစ်ယောက်နှင့်တစ်ယောက် ဟန်ချက်ညီပြီး တစ်သားတည်းကျနေသည်။

“နတ်တောင်ဆောင်ကြဉ်းသံမဏိတူ .... သေမျိုးလူသားတွေက နတ်ဘုရားလမ်းစဉ်လိုက်နိုင်ဖို့အတွက် နတ်တောင်တွေကို ရွှေ့ကြတယ် ၊ သေမျိုးလူသားတိုင်း နတ်ဘုရားဖြစ်လာဖို့အတွက် ကိုယ်ပိုင်နည်းလမ်းတွေ အများကြီးရှိတယ်”

ရန်ကျောက်ကဲက အေးဆေးငြိမ်သက်စွာ ပြောလိုက်သည်။

သူ၏မျက်ဝန်းများက လူရွယ်စာပေသမားထံသို့ ကျရောက်သွားသည်။

ထိုသူက တောင်များကို ပင့် မ ထားသည့်ပမာ လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ရန်ကျောက်ကဲကို ထိုးနှက်ရန် ဟန်ပြင်နေလေသည်။

“ကမ္ဘာမြေမှောက်လှန်စည်းတံဆိပ်လိုပဲ... မြေကမ္ဘာဘုရင်မအဆက်အနွယ်က ဆင်းသက်လာတာပဲ”

ထို့နောက် ရန်ကျောက်ကဲက ဦးခေါင်းထက်တွင် အနီရောင်ထီးဆောင်းထားသည့် အမတခုံရုံးမှ အုပ်စိုးရှင်ကို လှမ်းကြည့်လိုက်သည်။

“ဒါကတော့... ‘လောင်ကျွမ်းနေအလင်းထိပ်တန်းသိုင်းပညာ’ ဖြစ်ရမယ်”

ဟုတ်ပေ၏။

ထိုသိုင်းပညာက ‘လောင်ကျွမ်းနေအလင်းထိပ်တန်းသိုင်းပညာ’ ဖြစ်ပြီး ‘နေရောင်ခြည်ဝိညာဉ်သိုင်းပညာ’ မဟုတ်ပေ။

အဓိက အာရုံစူးစိုက်ရမည်မှာ တောက်ပသည့်နေမင်းကြီးဖြစ်သည့်တိုင် အဆုံးမရှသော ကမ္ဘာမြေက နေရောင်အောက်တွင် ရှိနေသည်။

ပူလောင်ပြင်းပြနေသော အဆုံးမရှိ ကမ္ဘာမြေက ‘ကြေးချွတ်သန့်စင်ဘုံ’ နှင့် ဆင်တူသည်။

အမတခုံရုံးမှ နောက်ထပ်အုပ်စိုးရှင်တစ်ပါး ကျင့်ကြံထားသည့် သိုင်းပညာကတော့ ရေနှင့်သက်ဆိုင်သည့် သိုင်းပညာဖြစ်သော “သူတော်စင်ခုနစ်ပါးကျမ်းစာ” ဖြစ်သည်။

ထိုခဏမှာပင် ရေနှင့်သက်ဆိုင်သည့်သိုင်းပညာရပ် ကျင့်ကြံထားသော အမတခုံရုံးမှ အုပ်စိုးရှင်က လက်တစ်ဖက်ကို ရင်ဘတ်ထက်ထင်ထားပြီး ကျန်လက်တစ်ဖက်က တိုက်ခိုက်ရန် အပြင်သို့ ဆန့်ထုတ်လိုက်သည်။

သိုင်းပညာရပ် နှစ်မျိုးဖြစ်သည့် ‘လောင်ကျွမ်းနေအလင်းထိပ်တန်းသိုင်းပညာ’ နှင့် “သူတော်စင်ခုနစ်ပါးကျမ်းစာ” ပေါင်းစပ်လိုက်သည့်အခါ ကောင်းကင်တစ်ခွင်လွှမ်းခြုံသွားစေသည့် အရှိန်အဟုန်တစ်ခု ဖြစ်တည်လာသည်။

“သူတော်စင်ခုနစ်ပါးကျမ်းစာ” က အဆုံးမရှိသော ရေစီးကြောင်းတန်ခိုးစွမ်းအားဖြင့် ကျော်ကြားသည်။

အမတခုံရုံးမှ အုပ်စိုးရှင်က ထို အဆုံးမရှိသော ရေစီးကြောင်းကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ဟန်ရှိပြီး ရေများက မြင့်တက်လာကာ နောက်ဆုံးတွင် အောက်ဘက်သို့ စီးဆင်းပြိုကျလာပြီး ကျယ်လောင်စွာ ပေါက်ကွဲထွက်သွားသည်။

ဝိုင်းရံတိုက်ခိုက်ခံရသည့်တိုင် ရန်ကျောက်ကဲကတော့ အမတခုံရုံးအုပ်စိုးရှင်များ၏ ပူးပေါင်းတိုက်ခိုက်မှုကို စိတ်ဝင်စားနေမိသည်။

“သူတော်စင်ခုနစ်ပါးကျမ်းစာ” ကျမ်းစာကဲ့သို့ပင် နတ်တောင်ဆောင်ကြဉ်းသံမဏိတူ ၊ လောင်ကျွမ်းနေအလင်းထိပ်တန်းသိုင်းပညာနှင့် သစ်ခြောက်နက်ရှိုင်းသိုင်းပညာတို့သည်လည်း မဟာကပ်ဘေးကြီးမတိုင်ခင်က တည်ရှိခဲ့သော သိုင်းပညာရပ်များဖြစ်ပြီး အထက်ဘုံကမ္ဘာတွင် ပြန်လည်တွေ့ရှိနိုင်ခြင်း မရှီတော့သော ထိပ်တန်းအဆင့် သိုင်းပညာများ ဖြစ်ကြသည်။

ဤ ထိပ်တန်းသိုင်းပညာများက အထက်ဘုံကမ္ဘာတွင်တော့ မဟာကပ်ဘေးကြီးမတိုင်ခင်က ဒဏ္ဍာရီများအဖြစ် ကျန်ရစ်ခဲ့ပြီ ဖြစ်၏။

ဒြပ်စင်ငါးပါး နေဖမ်းစားအစီအရင်တွင်ပါဝင်သည့် အမတခုံရုံးမှ ပဉ္စမမြောက်အုပ်စိုးရှင်က သတ္တုဒြပ်စင်ဖြင့်လိုက်ဖက်ညီသည့် ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ဗလာနယ်ထဲတွင် ဓားအလင်းတန်းတောက်ပသွားပြီး ရုတ်ချည်းဆိုသလိုပင် ထောင်နှင့်သောင်းနှင့်ချီသော ဓားမိုးစက်များ ဖြစ်တည်လာသည်။

“စူစန်းတောင်ဓားသိုင်း...”

ရန်ကျောက်ကဲ မျက်ခုံးများတွန့်ချိုးလိုက်ပြီး မည်သို့မှမတတ်နိုင်စွာ ထူးဆန်းသည့် ခံစားချက်ကို ခံစားလိုက်မိသည်။

မဟာကပ်‌ဘေးကြီးမတိုင်ခင်က စူစန်းတောင်ဓားသိုင်းသည် ကြီးကျယ်ခမ်းနားသော အချိန်ကာလတစ်ခုကို ပိုင်ဆိုင်ခဲ့ဖူးသည်။

စူစန်းတောင်၏ ရွှေခေတ်တွင် ထက်မြက်သောဓားသမားများစွာ ပေါ်ထွက်လာခဲ့သည်။

စန့်ချင်အဆက်အနွယ်များ ၊ ကောင်းကင်ဘုံအရှင်မြောက်ပိုင်းကြယ်စင်ကျီဝေးဧကရာဇ်မင်း၏ အဆက်အနွယ်များနှင့်ယှဉ်လျှင် စူစန်းတောင်က ဒုတိယလိုက်သည်။

စူစန်းတောင်ရွှေခေတ် ကုန်ဆုံးပြီးနောက် ကျဆင်းသည့်ကာလတစ်ခုသို့ ရောက်လာသည့်တိုင် ကမ္ဘာပေါ်တွင် လူသိများ ထင်ရှားဆဲ ဖြစ်သည်။

သူတို့ကို စန်းချင်း (၃)ပါး တိုက်ရိုက်အဆက်အနွယ်မဟုတ်ဘဲ ပထမဆုံးဓားသိုင်းအမွေဆက်ခံသော သိုင်းဂိုဏ်းအဖြစ် လူသိများသည်။

စူစန်းတောင်တွင် ထူးချွန်သော ကျင့်ကြံသူ အများအပြားရှိပြီး အချို့ဆိုလျှင် စန်းချင်း (၃)ပါး အဆက်အနွယ်များထက်ပင် သာလွန်ကြသည်။

စန်းချင်း (၃)ပါးအဆက်အနွယ်များနှင့် ကောင်းကင်ဘုံနန်းတော်မှ တန်ခိုးစွမ်းအားကြီးမားကြသူများ၏ မျက်လုံးထဲတွင်ပင် စူစန်းတောင်ကို ကမ္ဘာမြေပေါ်မှ မြင့်မြတ်သောနယ်မြေတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။

ပိုမိုကောင်းမွန်သည့် ပြောင်းလဲမှုများနှင့် အရည်အချင်းရှိသူများ နောက်တစ်ကြိမ် စုစည်းနိုင်မည်ဆိုလျှင် စူစန်းတောင် တစ်ဖန်ပြန်လည် ရှင်သန်တိုးတက်လာပြီး ရွှေခေတ်သို့ ပြန်လည်ရောက်ရှိလာမည်ဟု မျှော်လင့်ခဲ့ကြသည်။

ကံမကောင်းသည်မှာ မဟာကပ်ဘေးကြီးက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

စန်းချင်း (၃)ပါး လမ်းမှန်တာအို စကြာဝဠာဖြစ်သော အထက်ဘုံကမ္ဘာ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာနှင့် အခြားသော အောက်ဘုံကမ္ဘာများတွင် စူစန်းတောင်မှ သိုင်းပညာများပျောက်ဆုံးသွားခဲ့ပြီး သုံးမရသည့် အပိုင်းအစများသာလျှင် ကျန်ရစ်ခဲ့သည်။

သို့သော် ယခုတော့ စူစန်းတောင်သိုင်းပညာက အမတခုံရုံးလက်ထဲတွင် ပြန်လည်ပေါ်ပေါက်လာသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲစိတ်ထဲ မည်သို့မှမတတ်နိုင်စွာ ခံစားချက်ပြင်းထန်သွားသည်။

သို့သော် သူက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချရုံသာတတ်နိုင်ပြီး ခေါင်းတစ်ချက်ခါယမ်းကာ အတွေးများကို ဖျောက်လိုက်၏။

“ကံမကောင်းတာက ဒီသိုင်းပညာက မင်းတို့လေ့ကျင့်ရမယ့်ပညာမဟုတ်ဘူး”

သူ့ကို ဝိုင်းရံထားသည့်ရန်သူများကို ရန်ကျောက်ကဲက တည်ငြိမ်စွာကြည့်ရင်း လက်နှစ်ဖက်ကို အသာပင့်မြှောက်လိုက်သည်။

သူသည်လည်း “ဒြပ်စင်ငါးပါး နေဖမ်းစားအစီအရင်” ကို တီးမိခေါက်မိ သိရှိသူ ဖြစ်သည်။

အစီအရင်ကို ဦးစွာဖျက်ဆီးပြီး ရန်သူများကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ပစ်ရန်မှာ ပိုမိုလွယ်ကူသည့်နည်းလမ်းဖြစ်ကြောင်း သံသယဝင်စရာ မလိုပေ။

သို့သော် ရန်ကျောက်ကဲကတော့ ထိုနည်းလမ်းကို အသုံးမပြုခဲ့ပေ။

သူ၏ ခန္ဓာကိုယ်ထဲမှ စကြာဝဠာက လျှင်မြန်စွာလည်ပတ်သွားပြီး ကြယ်စင်များက ပြိုင်တူဆိုသလို တောက်ပလာသည်။

ထို့နောက် ရန်ကျောက်ကဲက သူ၏လက်ဖဝါးနှစ်ဖက်ကို ကောင်းကင်ထက်သို့ အတူတကွ ပင့်မြှောက်လိုက်ပြီး အောက်ဘက်သို့ ရိုက်ချလိုက်သည်။

လက်နှစ်ဖက် ၊ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် နှစ်ခု။

လက်ဖဝါးတစ်ဖက်က နေရာတိုင်းသို့ ရွေ့လျားသွားပြီး သဘာဝဖြစ်စဉ် ပြောင်းလဲမှုများပြောင်းပြန်လည်ပတ်သွားကာ မိုးနှင့်မြေ နှစ်ခုလုံး ပျောက်ကွယ်သွားပြီး မူလအစ ပတကိအခြေအနေသို့ ရောက်ရှိသွားသည်။

လက်ဖဝါးနှစ်ဖက်ရှိ ဖြစ်စဉ်နှစ်ခုက တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ဖြစ်သည့်တိုင် ၎င်းတို့က ကမ္ဘာလောက၏ ကြီးကျယ်ခမ်းနားသော ပြောင်းလဲမှုကို ပြသခဲ့သည်။

ထိုခဏတွင် တန်ခိုးစွမ်းအားနှစ်ခု ရောယှက်ပြီး ကြောက်မက်ဖွယ်ရာ လည်ပတ်နေသော တန်ခိုးစွမ်းအားတစ်ခု ဖြစ်တည်လာသည်။

ရန်ကျောက်ကဲ၏လက်နှစ်ဖက် အောက်သို့ကျဆင်းလာသည်နှင့် အတူသယ်ဆောင်လာသည့် တန်ခိုးစွမ်းအားက အနီးပတ်ဝန်းကျင် ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်ကို လိမ်ညှစ်လိုက်သည့်အလား လေထုတစ်ခုလုံး ပုံပျက်သွားလေသည်။

ပြင်းထန်သော ပုံပျက်ခြင်းအောက်တွင် အချိန်နှင့်နေရာ နယ်နိမိတ်များ စုတ်ပြဲသွားသည်။

ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်၏ သေးငယ်သောအစိတ်အပိုင်း၏ အချိန်နှင့်ဗလာနယ် အတွင်းပိုင်း အစိတ်အပိုင်းများမှာ ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကြောင့် အပိုင်းပိုင်းအက်ကွဲသွားခဲ့သည်။

အမတခုံရုံးမှ အုပ်စိုးရှင် (၅)ပါးတို့က တိုက်ပွဲအစီအရင်ပြုလုပ်ပြီး တန်ခိုးစွမ်းအားများ ပေါင်းစည်းခဲ့ကြသည်။ အမှန်ဆိုလျှင် လမ်းမှန်တာအိုဝါဒမှ နတ်ဘုရားများသည်ပင် ဒြပ်စင်ငါးပါး နေဖမ်းစားအစီအရင်ကို အထူးသတိထားကြရသည်။

အစီအရင်နှင့်အတူ လိုက်ပါလာသည့် အချိန်နှင့်နေရာက ရန်ကျောက်ကဲလက်ထဲတွင် အဝတ်တစ်ထည်ပမာ အံ့အားသင့်စရာ လိမ်ချိုးခံလိုက်ရသည်။

အစီအရင်သင်္ကေတက စတင်အက်ကွဲသွားပြီး မရေမတွက်နိုင်သောအလင်းတန်းများအဖြစ် အစိတ်စိတ်အမွှာမွှာကွဲကြေသွားကာ အလင်းမှုံများအဖြစ် ပြောင်းလဲသွားသည်။

တောင်မြင့်ကြီးတစ်လုံးပမာ လေးလံသော သံမဏိတူကြီး ကောင်းကင်ထက်မှပြုတ်ကျလာကာ အပိုင်းပိုင်းအက်ကွဲပြီး မြေမှုံ့များအဖြစ် ပြောင်းလဲသွားသည်။

မိုင်သန်းပေါင်းများစွာ လောင်ကျွမ်းနေသည့် ‘ကြေးချွတ်သန့်စင်ဘုံ’ မြေပြင်သည်လည်း ချက်ချင်းပင် အေးမြသည့်ပြာမှုံလေးများအဖြစ် ပြောင်းလဲသွားသည်။

နဂါးငွေ့တန်း ကမ်းပါး ပြိုကျသွားသည့်ပမာ လောကကြီး တခြမ်းစောင်းသွားပြီး ရေလွှမ်းမိုးမှုများအားလုံးသည်လည်း အငွေ့ပျံသွားခဲ့သည်။

နွေဦးမိုးကြိုးပေါက်ကွဲထွက်သွားပြီး မိုးခြိမ်းသံကလျော့ပါးမှိန်ဖျော့သွားကာ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။

ထောင်ပေါင်းများစွာသော ဓားအလင်းတန်းများက မိုးမြေတစ်ခွင်လွှမ်းခြုံပြီး တိမ်တိုက်များနှင့် ကျောက်တုံးကျောက်ဆောင်များကို ဖြတ်ကျော်ကျဆင်းလာသည်။ သို့သော် ဤသည်က လှည့်စားမှုတစ်ခုသာဖြစ်ပြီး လေထုထဲတွင် အခိုးအ‌ငွေ့ပမာ ပျောက်ကွယ်သွားလေသည်။

အုပ်စိုးရှင် (၅)ပါးလုံး၏ တိုက်ခိုက်မှုများ ပျက်ဆီသွားပြီး ဒြပ်စင်ငါးပါး နေဖမ်းစားအစီအရင်တစ်ခုလုံး ပြိုကျပျက်ဆီးသွားသည်။

ရန်ကျောက်ကဲက သူ၏လက်ဖဝါးများကို အဆက်မပြတ်လှုပ်ရှားလိုက်ပြီး အရှေ့ဆီသို့ တွန်းထုတ်လိုက်သည်။

ရန်ကျောက်ကဲ၏ လက်ဖဝါးထက်မှ ကနဦးကောင်းကင်အဆင့်တွင် အပြန်ပြန်အလှန်လှန်လည်ပတ်နေသော တန်ခိုးစွမ်းအားက စည်းတံဆိပ်များအဖြစ် အသွင်ပြောင်းသွားပြီး အမတခုံရုံးမှ အုပ်စိုးရှင် (၅)ယောက်ကို ရိုက်ချလိုက်ရာ အားလုံး အဝေးသို့ တပြိုင်တည်းလွင့်စင်ထွက်သွားကြသည်။

တုန်လှုပ်ချောက်ချားဖွယ်ရာ တန်ခိုးစွမ်းအားက တော်တော်နှင့် ပျောက်ကွယ်မသွားဘဲ အချိန်အတန်ကြာအောင် တည်ရှိနေသည်။

တိုက်ခိုက်ရန်အတွက် ရှေ့သို့တက်လာသော အနက်ရောင်ပိုးသားဧကရာဇ်နှင့် ရွမ့်မင်ယန်တို့ ရုတ်တရက် ရပ်တန့်သွားကြသည်။

ရွမ့်မင်ယန် အံ့အားသင့်စွာဖြင့်...

“ဒါက သိုင်းသူတော်စင်အဆင့်လား ၊ နတ်ဘုရားတောင်မဖြစ်သေးတဲ့လူတစ်ယောက်ရဲ့ တန်ခိုးစွမ်းအားလား”

အနက်ရောင်ပိုးသားဧကရာဇ်ကတော့ စိတ်ခံစားချက်မရှိသည့်တိုင် ထိုအခိုက်အတန့်တွင် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းငြိမ်သက်နေပြီး ရန်ကျောက်ကဲကို ခြေဆုံးခေါင်းဆုံး အကဲခတ်နေသည်။

အထက်ဘုံကမ္ဘာတွင် ယခင်က သူတို့တိုက်ခိုက်ခဲ့သည်ထက်ပင် ရန်ကျောက်ကဲက တန်ခိုးစွမ်းအား ပိုမိုကြီးမားလာသည်။

“သိုင်းသူတော်စင် ဒဿမအဆင့် ၊ လူသားနတ်ဘုရားအဆင့်... ရောက်နေပြီလား”

အနက်ရောင်ပိုးသားဧကရာဇ်က ရန်ကျောက်ကဲ၏ စွမ်းအားရောင်ဝါကို အာရုံခံလိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲတွင် အစစ်အမှန်စကြာဝဠာတစ်ခုရှိနေသည်ကို သိလိုက်သည်။

“အဆင့်တက်တာ အရမ်းမြန်တယ် ၊ သိုင်းသူတော်စင် အဋ္ဌမအဆင့်ကနေ သိုင်းသူတော်စင် နဝမအဆင့်တက်တာထက်တောင် အချိန်ပိုကြာသင့်တာ”

“ပြီးတော့ ဒီတန်ခိုးစွမ်းအားက... ချန်ချန်းဟွာတောင်မှ သူ့နောက်မှာ အများကြီးပြတ်ကျန်ခဲ့ပြီ”

သူ့အရှေ့မှလူငယ်က သမိုင်းတစ်လျှောက် စွမ်းအားအကြီးမားဆုံး လူသားတစ်ယောက် ဖြစ်နိုင်သည်။

သူသိသမျှလူများထဲတွင် ရန်ကျောက်ကဲက တန်ခိုးစွမ်းအား အကြီးမားဆုံးသော သိုင်းသူတော်စင်အဆင့် ကျင့်ကြံသူ ဖြစ်နိုင်လေသည်။

All Chapters