← Chapters

အစစ်အမှန်နတ်ဘုရားတစ်ပါးကိုပင် ဒူးထောက်သွားအောင်ပြုလုပ်နိုင်သူ

Vol. 88 Ch. 1234

အစစ်အမှန်နတ်ဘုရားတစ်ပါးကိုပင် ဒူးထောက်သွားအောင်ပြုလုပ်နိုင်သူ

Vol. 88 Ch. 1234

အခန်း (၁၂၃၄) အစစ်အမှန်နတ်ဘုရားတစ်ပါးကိုပင် ဒူးထောက်သွားအောင်ပြုလုပ်နိုင်သူ

ရန်ကျောက်ကဲ ရှေ့သို့ဆက်လျှောက်သွားလိုက်သည်။

“မင်းတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်ကို အမတချီစွမ်းအားတွေနဲ့ ဝိုင်းရံထားတာနဲ့ ငါ ဘာမှမတတ်နိုင်တော့ဘူးလို့ မင်းတို့ ထင်နေတာလား ၊ ငါ့မှာ အမတမှော်ဝင်ပစ္စည်းမရှိဘူးလို့ မင်းတို့တွေးနေတာလား”

ရန်ကျောက်ကဲက ရယ်ရယ်မောမောပင် ဆက်ပြောလိုက်သည်။

“ဒါပေါ့ ဒါပေါ့... ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားဆိုတာ အရင်တုန်းက သိုင်းသူတော်စင်တစ်ယောက်ကို ရှုံးနိမ့်ဖူးတာမျိုးမှ မရှိတာ ၊ မနိုင်ဘူးဆိုရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ကြတာပဲလေ ၊ အဆိုးဆုံးအခြေအနေက တိုက်ပွဲထဲမှာ ပိတ်မိနေတာလောက်ပဲ ရှိမှာ”

အစစ်အမှန်နတ်ဘုရားများအနေဖြင့် သေမျိုးလူသားသိုင်းသူတော်စင်တစ်ယောက်ကို ဘာမှမလုပ်နိုင်ဘူးဆိုလျှင်တောင်မှ ဒဏ်ရာမရဘဲ နောက်ပြန်ဆုတ်ရန် ကြိုးစားနိုင်သူများ ဖြစ်သည်။

အမတခုံရုံးမှ ကျင့်ကြံသူများပင်ဖြစ်လင့်ကစား အစစ်အမှန်နတ်ဘုရားအဆင့် ရောက်ရှိပြီးပါက ထိုသို့ပင် ပြုလုပ်နိုင်စွမ်း ရှိကြသည်။

ထို့ကြောင့် သူတို့အနေအဖြင့် အနိုင်မယူနိုင်သော သိုင်းသူတော်စင်တစ်ယောက် ရှိလာလျှင်ပင် လွတ်လမ်းကိုရှာဖွေနိုင်ပြီး ထိုသိုင်းသူတော်စင်အနေဖြင့် သူတို့ကိုထိခိုက်အောင် မည်သည့်နည်းနှင့်မှ ပြုလုပ်နိုင်မည် မဟုတ်ပေ။

“ဒါပေမဲ့ အဲဒါက တကယ်အလုပ်ဖြစ်ပါ့မလား ၊ မင်းတို့ တစ်ခုခုကို မေ့သွားကြတယ်ထင်တယ်”

ရန်ကျောက်ကဲ ရှေ့သို့‌ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် အချိန်နှင့်ဗလာနယ်ကိုဖြတ်ကျော်ကာ ဟန်လေဧကရီ ‘ရွမ့်မင်ယန်’ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။

သူက လက်ဖဝါးတစ်ဖက်ကို ပင့်မြှောက်လိုက်ပြီး ရွမ့်မင်ယန်၏မျက်နှာကိုချိန်ရွယ်ကာ ရိုက်ချလိုက်သည်။

ရွမ့်မင်ယန် သတိဝင်လာပြီး ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

“အယူမှားနေတဲ့ကောင်... နင်က အတော်မာန်တက်နေတယ်ပေါ့လေ”

ထို့နောက် သူမက ခန္ဓာကိုယ် တစ်ပတ်လှည့်လိုက်ပြီး လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်လိုက်ရာ လက်ထဲတွင် လှံရှည်တစ်လက် ထွက်ပေါ်လာသည်။

ထို့နောက် သူမက ရုတ်တရက် ခါးကိုလိမ်လိုက်ရာ ဗလာနယ်ထဲတွင်

ထို့နောက် သူမက ခါးကို ရုတ်တရက် လိမ်လိုက်သည်။ငွေဖြူရောင်လျှပ်စီးကြောင်းများ စတင်ထွက်ပေါ်လာပြီး တိတ်ဆိတ်စွာ ပေါက်ကွဲသွားခဲ့သည်။

ရွမ့်မင်ယန်၏လက်သီးချက်က လှံရှည်တစ်လက်အဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ထက်မှ မိုးကြိုးနတ်ဘုရားလှံရှည်ပမာ ရန်ကျောက်ကဲထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။

ရန်ကျောက်ကဲ မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ သူ၏လက်ဖဝါးကို ဖွင့်ဟလိုက်ပြီး ရွမ့်မင်ယန်၏ လှံရှည်ကို လက်ဖြင့် ဖမ်းဆုပ်လိုက်၏။

ကြမ်းတမ်းသော်လည်း တိတ်ဆိတ်ငြိမ်သက်သည့် ငွေရောင်လျှပ်စီးကြောင်းမှာ ရန်ကျောက်ကဲ၏လက်ထဲတွင် လူးလွန့်နေပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။

သို့သော် ရန်ကျောက်ကဲ၏လက်ထဲတွင် ဆုပ်ကိုင်ခံလိုက်ရသည့်အခါ ငွေရောင်လျှပ်စီးကြောင်းများ တစ်ခုပြီးတစ်ခု ငြိမ်သက်သွားပြီး ကြိုးကွင်းများအဖြစ်သာ ကျန်ရှိတော့သည်။

“မရဏမိုးကြိုးကျမ်းစာ... မင်းတို့လို အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူတစ်ယောက်က ဒီလောက်အထိ ကျင့်ကြံနိုင်ဖို့ဆိုတာ တော်တယ်လို့ပြောလို့ရတယ်

ရန်ကျောက်ကဲ ချီးကျူးစကား ဆိုလိုက်သည်။

“ပြင်ပတာအိုကျင့်ကြံသူတွေထဲမှာ မင်းလိုမျိုး စွမ်းအားကြီးမားတဲ့သူတွေ ငါ ကြုံဖူးပါတယ် ၊ တကယ်ဆို ယင်းရှီယန်က မင်းထက်ပိုတော်တယ် ၊ မင်းတို့ ပြင်ပတာအိုကျင့်ကြံသူတွေအကြောင်း အများကြီးမသိပေမယ့် ကျင့်ကြံခြင်းအဆင့် တူညီတဲ့သူတွေကြားထဲမှာ မင်းထက်သာတဲ့သူတွေ အများကြီးပါပဲ”

ရွမ့်မင်ယန်က ရန်ကျောက်ကဲကို ဒေါသတကြီး စိုက်ကြည့်နေသည်။

သို့သော် သူမ၏ မရဏမိုးကြိုးလှံရှည်ကို ရန်ကျောက်ကဲက တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသဖြင့် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

လှံရှည်က ရှေ့ဆက်တိုး၍မရသလို နောက်ပြန်ဆုတ်၍လည်း မရပေ။

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“ဘယ်လောက်တော်တယ်ပြောပြာ အမှိုက်က အမှိုက်ပဲ”

သူက ဆက်ပြောသည်။

“လမ်းမှားလိုက်တော့ မင်းရဲ့အရည်အချင်းတွေ အလကားဖြစ်သွားတာပေါ့ ၊ နှမျောစရာပဲ နှမျောစရာပဲ...”

ရန်ကျောက်ကဲက မရဏမိုးကြိုးလှံရှည်နှင့်အတူ ရွမ့်မင်ယန်ကိုပါ သူ့ထံသို့ ဆွဲယူလိုက်သည်။

ထို့‌နောက် လက်တစ်ဖက်ကို ပင့်မြှောက်လိုက်ပြီး မိုးကောင်းကင် ပြိုကျသည့်ပမာ ရွမ့်မင်ယန်ဆီသို့ တဟုန်ထိုး ရိုက်ချလိုက်သည်။

ရွမ့်မင်ယန် ရုတ်တရက်သဘောပေါက်သွားသည်မှာ ငွေဖြူရောင်မိုးကြိုးစွမ်းအားဖြင့် သူမဖန်ဆင်းထားသည့် မရဏမိုးကြိုးလှံရှည်က မပျောက်ကွယ်နိုင်တော့ခြင်း ဖြစ်သည်။

သူမက အမတခုံရုံးမှ ကျင့်ကြံသူဖြစ်လင့်ကစား အစစ်အမှန်နတ်ဘုရားတစ်ပါးအဆင့်ရှိသည်ဖြစ်ရာ တန်ခိုးစွမ်းအားကို လိုသလိုထိန်းချုပ်နိုင်စွမ်း ရှိသည်။

သို့သော် ရန်ကျောက်ကဲက သူမဖန်ဆင်းထားသော လှံရှည်ကို ဆုပ်ကိုင်ထားသည့်အခါ သူမအနေဖြင့် မိုးကြိုးစွမ်းအားကို ထပ်မံထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။

သို့သော် ရန်ကျောက်ကဲက သူ၏လက်ကိုဆုပ်ကိုင်ထားသည့်အခါ သူမအနေဖြင့် မိုးကြိုးများကို ထိန်းချုပ်ဖန်တီးရန် ထပ်မံ မပြုလုပ်နိုင်တော့ပေ။

ယခု ငွေဖြူရောင်မိုးကြိုးလှံရှည်၏ ပိုင်ရှင်မှာ ရွမ့်မင်ယန်မဟုတ်တော့ဘဲ ရန်ကျောက်ကဲ ဖြစ်သွားပေပြီ။

“မိစ္ဆာလမ်းစဉ်လိုက်တဲ့သူတွေက တန်ခိုးစွမ်းအားရဖို့ နှေးကွေးတယ် ၊ ဒါပေမဲ့ ကျင့်ကြံခြင်းအဆင့်တူတွေမှာ ယှဉ်ကြည့်လိုက်ရင် သူတို့တွေက ငါတို့လမ်းမှန်သမားတွေထက် အများကြီးသာတယ် ၊ ဒါပေမဲ့ ဒီလူငယ်လို စွမ်းအားကြီးတဲ့သူမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး”

ရွမ့်မင်ယန် တွေးလိုက်သည်။

ကမ္ဘာလောကတစ်ခုလုံး အစစ်အမှန်မဟုတ်တော့သည့်အလား ရွမ့်မင်ယန် ခံစားလိုက်ရသည်။

အကယ်၍ ရန်သူက စန်းချင်း (၃)ပါးအဆက်အနွယ်မှ အစစ်အမှန်နတ်ဘုရားတစ်ပါးဆိုပါက ရွမ့်မင်ယန်အနေဖြင့် တူညီသည့်ကျ့င်ကြံခြင်းအဆင့်တွင် ရန်သူကို ရှုံးနိမ့်ရသည်ဖြစ်ရ အရှုံးကိုလက်ခံမည် ဖြစ်သည်။

သို့သော် ယခု သူမရှေ့မှ လူငယ်က သိုင်းသူတော်စင်အဆင့်မျှသာ ရှိသေးသည်။

“လူသားနတ်ဘုရား” ဆိုသည့်အမည်တွင် “လူသား” ဆိုသည့် စကားလုံး ပါဝင်နေဆဲပင်။ ထို့ကြောင့် သူတို့က တကယ့်နတ်ဘုရားအစစ် မဟုတ်သေးပေ။

သို့တိုင် ထိုလူငယ်ရှေ့တွင် သူမက မည်သည့်စွမ်းအားမှမရှိသော လမ်းလျှောက်တတ်စ ကလေးငယ်တစ်ယောက်ပမာ ဖြစ်နေလေရာ ရွမ့်မင်ယန် စိတ်တည်ငြိမ်နိုင်ခြင်း မရှိတော့ပေ။

“သူ့ကို လျှော့မတွက်နဲ့ ၊ သူ့ကို သိုင်းသူ‌တော်စင်အဆင့်တစ်ယောက်လို မဆက်ဆံနဲ့”

ရွမ့်မင်ရန် အော်ဟစ်လိုက်သည်။

ထို့နောက် သူမ၏ မာန ၊ မလိုလားမှု ၊ ဒေါသ ၊ တုန်လှုပ်မှု ၊ အကြောက်တရားနှင့် အခြားများစွာသော အဆိုးမြင်ခံစားချက်များကို ဖိနှိပ်လိုက်သည်။

ခဏမျှ ငြိမ်သက်သွားပြီးနောက် သူမက ပါးစပ်ကိုဖွင့်ဟလိုက်ရာ ငွေဖြူမိုးကြိုးသွားက သူမ၏ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။

ငွေဖြူရောင်မိုးကြိုးက တောက်ပနေပြီး ထိုမိုးကြိုးသွားထဲမှ ထက်ရှသည့် လှံရှည်တစ်ခု ထွက်ပေါ်လာသည်။

တောက်ပသည့်ငွေရောင်လှံရှည်က ထက်ရှစွာဖြင့် ဗလာနယ်ကိုထိုးခွင်းကာ ရွမ့်မင်ယန်လက်ထဲသို့ ကျရောက်လာသည်။

လှံရှည်က တစ်ချက်တုန်ခါသွားပြီး ငွေရောင်နဂါးကြီးတစ်ကောင် ချောက်နက်ကြီးအတွင်းမှ ကောင်းကင်ကိုးထပ်ဆီသို့ ပျံသန်းထွက်ခွာသွားသည့်အလား ထင်မှတ်ရသည်။

ငွေရောင်နဂါးက ရွမ့်မင်ယန်ထံ တည့်မတ်စွာကျဆင်းလာသည့် ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကို တားဆီးလိုက်သည်။

ဤ လှံရှည်က ယိုစိမ့်ခြင်းမရှိ အမတမှော်ဝင်ပစ္စည်းတစ်ခုဖြစ်သော ‘ကောင်းကင်ချောက်နက်မရဏမိုးကြိုးလှံရှည်’ ဖြစ်သည်။

ရန်ကျောက်ကဲ၏ လက်ဖဝါးက မရပ်မနား ရှေ့တိုးလာသည်။

သူက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်၏ ပြောင်းပြန်စွမ်းအားကို အသုံးပြုပြီး လက်ဖဝါးကိုလှန်လိုက်ကာ ‘ကောင်းကင်ချောက်နက်မရဏမိုးကြိုး’ လှံရှည်ကို ဖမ်းယူဆုပ်ကိုင်လိုက်သည်။

ရွမ့်မင်ယန်၏မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ ကြောက်စရာကောင်းသော အလင်းတန်းတစ်ခုက သူမမျက်လုံးများထဲ ဖြတ်ပြေးသွားသည်။

“သော...”

သူမက အသံမဲ့ တိုးလျသော ကြုံးဝါးသံတစ်သံ ထုတ်လွှတ်လိုက်သည်။ မိုးခြိမ်းသံပမာ ပေါက်ကွဲသံတစ်သံဖြစ်‌သော်လည်း မည်သည့်အသံမှ မကြားရပေ။

သို့သော် သူမ၏ အသံမဲ့ကြုံးဝါးသံထွက်ပေါ်ာလသည်နှင့် ကောင်းကင်ချောက်နက်မရဏမိုးကြိုးလှံရှည်သည် ရန်ကျောက်ကဲနှင့် ဆက်သွယ်မိခြင်းမရှိတော့ဘဲ သူ၏လက်က တစ်ချက်တုန်ခါသွားသည်။

ထို့နောက်မှာတော့ အမတမှော်ဝင်ပစ္စည်းဖြစ်သော လှံရှည်က တုန်ခါသွားပြီး အပိုင်းပိုင်းကွဲကြေသွားကာ ပေါက်ကွဲထွက်သွားလေသည်။

ရွမ့်မင်ယန်၏လက်ချောင်းများသည်လည်း တဆတ်ဆတ်တုန်ခါနေပြီး ကျယ်လောင်သော မိုးခြိမ်းသံများအလယ် မရဏမိုးကြိုးက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ တန်ခိုးစွမ်းအားက ပေါက်ကွဲထါက်သွားသည့် ကောင်းကင်ချောက်နက်မရဏမိုးကြိုးလှံရှည်၏ စွမ်းအားများဖြင့် ပေါင်းစပ်သွားသည်။

သူမ၏ ကျင့်ကြံခြင်းနှင့်တန်ခိုးစွမ်းအားအရ ဤသို့သောတိုက်ခိုက်မှုမျိုးမှာ စန်းချင်း (၃)ပါး အဆက်အနွယ်မှ အစစ်အမှန်နတ်ဘုရားများအတွက်ပင် ကြီးမားသော ခြိမ်း‌ခြောက်မှု ဖြစ်လာနိုင်သည်။

သတိလက်လွတ်သာဖြစ်ခဲ့ပါက အသက်အန္တရယ်ပင် ရင်ဆိုင်ရနိုင်သည်။

သိူ့သော် ရန်ကျောက်ကဲက ပြုံးလိုက်ပြီး  သူ၏ဘယ်ဘက်လက်မှ ‘စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်’ ဆက်လက်ကျဆင်းလာသည်။

သူ၏လက်ချောင်းများထက်တွင် ဓားတစ်လက်အသွင် ထွက်ပေါ်လာပြီး ဗလာနယ်အား ခုတ်ပိုင်းချလိုက်သည်။

ထို့နောက် သူ၏လက်ဖဝါးက အမှောင်ထုကိုထိုးခွင်းလိုက်ပြီး သူ၏လက်ထဲတွင် အလင်းရောင်တစ်ချက် ထွက်ပေါ်လာသည်။

အလင်းရောင်ထဲတွင် ပုဆိန်သွားအသွင် လှံရှည်တစ်လက် ရှိနေလေသည်။

ကောင်းကင်ခွင်းလှံရှည်။

ဤလှံရှည်က မိုးမြေကိုပိုင်ခြားပစ်နိုင်သောကြီးမားသည့်စွမ်းအားကို ပိုင်ဆိုင်ထားပြီး ပထမဆုံးလှုပ်ရှားလိုက်ချိန်မှာပင် ပြင်းထန်သော မိုးကြိုးစွမ်းအားကိုကျော်ဖြတ်ကာ မိုးခြိမ်းသံများကို ပေါက်ကွဲထွက်သွားစေသည်။

ထို့နောက်မှာတော့ မိုးနှင့်မြေကိုပင် ဖိအားပေးနိုင်စွမ်းရှိသည့် ကနဦးကောင်းကင်သို့ ပြောင်းပြန်ပြန်လှည့်သည့် တန်ခိုးစွမ်းအားက မိုးကြိုးစွမ်းအားကို အက်ကွဲသွားစေသည်။

မိုးခြိမ်းသံများ ပျောက်ကွယ်သွားသည်နှင့် ကြီးမားသောလက်တစ်ဖက်က ရွမ့်မင်ယန် ဦးခေါင်းထက်သို့ ကျရောက်လာပြီး လက်ငါးချောင်းဖြင့် သူမ၏ခေါင်းကို ဖမ်းဆုပ်ထားလိုက်သည်။

“သူက ဘယ်လိုဖြစ်လို့ ဒီလောက် စွမ်းအားကြီးနေရတာလဲ ၊ နက်ရှိုင်းနတ်ဘုရားအဆင့်တောင်မှ အစစ်အမှန်နတ်ဘုရားတစ်ပါးကိုဖိနှိပ်ဖို့ ဒီလောက်အစွမ်းထက်မှာ မဟုတ်ဘူး”

ရွမ့်မင်ယန်၏ မျက်လုံးများက ဒေါသကြောင့် ပြူးကျယ်လျှက် ရှိသည်။

သူမက လက်နှစ်ဖက်လုံးကို ပင့်မြှောက်လိုက်ပြီး ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကို တားဆီးလိုက်သည်။

သို့သော် ရန်ကျောက်ကဲက တိုက်ကွက်ကိုပြောင်းလဲရန်မစဉ်းစားသလို ရွမ့်မင်ယန်၏ ခုခံမှုကိုလည်း ရှောင်လွှဲရန် မကြိုးစားခဲ့ပေ။

သူ့လက်ကိုသာ အောက်ဘက်သို့ ဆက်တိုက်ဖိနှိပ်ထားလိုက်သည်။

ပြင်းဖန်လှသောတန်ခိုးစွမ်းအားက ရွမ့်မင်ယန်၏ခန္ဓာကိုယ်အား တုန်ခါလာစေပြီး ဖြည်းဖြည်းချင်း စွမ်းအားမဲ့သွားစေသည်။

သူမကို ပိုမိုကြောက်ရွံ့စေသည့်အချက်မှာ ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်က ပတ်ဝန်းကျင်ဗလာနယ်တစ်ခုလုံးကို ချိတ်ပိတ်ထားနိုင်ခြင်း ဖြစ်သည်။

လက်ဝါးရိုက်ချက်ထိမှန်ခံရပြီးနောက် သူမ အောက်ဘက်သို့ နိမ့်ဆင်းကျသွားသည်။

သို့သော် သူမ ခြေထောက်အောက်ရှိ ဗလာနယ်က အဆုံးမရှိသည့်မြေပြင်တစ်ခုပမာ မာကျောခိုင်ခန့်သွားသည်။

ထို့ကြောင့် သူမ၏ ဦးခေါင်းထက်မှ ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ဖိအားနှင့် အောက်ဘက်မှပိတ်ဆို့ထားသည့်ဖိအားကို ရင်ဆိုင်လိုက်ရသည်။

စွမ်းအားနှစ်ခုလုံးက ရွမ့်မင်ယန်၏ ခန္ဓာကိုယ်အား အတင်းအကျပ် ဖိအားပေးနေပြီး ဒူးများခွေယိုင်အားနည်းလာကာ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်ခြင်း မရှိတော့ပေ။

ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်သော ‘ရွမ့်မင်ယန်’ အား ရန်ကျောက်ကဲက လေထုထဲတွင် ဒူးထောက်သွားသည်အထိ ရိုက်နှက်နိုင်ခဲ့သည်။

ရွမ့်မင်ယန် ဒေါသတကြီးဖြင့် မတ်တတ်ရပ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

ထိုအချိန်...

ရန်ကျောက်ကဲ၏ ဘယ်ဘက်လက်က ရွမ့်မင်ယန် ဒူးထောက်သွားစေရန် ဖိနှိပ်ထားပြီး ညာဘက်လက်က အခြားတစ်ဖက်ဆီသို့ တွန်းထုတ်လိုက်သည်။

ဒြပ်စင်ငါးပါး နေဖမ်းစားအစီအရင်ပြုလုပ်သူများဖြစ်သော အမတခုံရုံးမှ အုပ်စိုးရှင် (၅)ပါးတွင် “နတ်တောင်ဆောင်ကြဉ်းသံမဏိတူ” ကိုအသုံးပြုသော တန်ခိုးစွမ်းအားရှင်က စွမ်းအားအကြီးမားဆုံး ဖြစ်သည်။

သို့သော် ယခုလောလောဆယ်မှာတော့ သူသည်လည်း ရန်ကျောက်ကဲ၏ လက်ကျန်တန်ခိုးစွမ်းအားသက်ရောက်မှုမှ လွတ်မြောက်ရန် ခဲယဉ်းနေပေပြီ။

သို့ပေသိ သူ ပြန်လည်ကောင်းမွန်လာပြီး ခိုင်မြဲစွာ မတ်တတ်မရပ်နိုင်ခင်မှာပင် ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်က တဟုန်ထိုး ဝင်ရောက်လာပြီး ခေါင်းများပင် မူးဝေသွားရသည်။

ရန်ကျောက်ကဲ၏ ကြောက်မက်ဖွယ်ရာ ကြယ်တာရာချီစွမ်းအားအနှစ်သာရက သူ၏ ‘နတ်တောင်ဆောင်ကြဉ်းသံမဏိတူ’ ထက်ပင် ပိုမိုကြောက်စရာကောင်းသော နတ်ဘုရားတောင်မြင့်ကြီးပမာ ပြောင်းလဲသွားပြီး သူက တောင်အောက်တွင် ဖိနှိပ်ခံရသည့်ပမာဖြစ်ကာ ရုန်းကန်ခြင်းပင် မပြုနိုင်ခဲ့ပေ။

ထိုအချိန်...

ထွက်ခွာသွားရန်ဟန်ပြင်နေသော အနက်ရောင်ပိုးသားဧကရာဇ်ကို ရန်ကျောက်ကဲက ခေါင်းမော့ကြည့်လိုက်ပြီး...

“အနက်ရောင်ပိုးသားဧကရာဇ်... မင်း ငါ့ရဲ့ ထိုက်ယိလက်သီးသိုင်းကို တွေ့မြင်ချင်နေတာ မဟုတ်လား”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက အနက်ရောင်ပိုးသားဧကရာဇ်က အဝေးဆီမှပင် လက်သီးဖြင့် ထိုးစိုက်ချလိုက်လေသည်။

All Chapters