← Chapters

အဆင့်မြှင့်ဖို့ဖိအားပေးခြင်း! မိုးမခရွက်ဘဲစားမှော်! ၂

Vol. 18 Ch. 256

အဆင့်မြှင့်ဖို့ဖိအားပေးခြင်း! မိုးမခရွက်ဘဲစားမှော်! ၂

Vol. 18 Ch. 256

''ဘာဖြစ်လို့လဲ?'' ကျောက်မိုချင်းက မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။

ကောင်းယောင်ယောင်က ရှင်းပြလိုက်၏_ ''နေ့လယ် ၁၂ နာရီထိုးတော့မယ်... ဒါပေမဲ့ ဘယ်သူမှမထွက်သေးဘူး''

ကျောက်မိုချင်းက ထိုသတင်းကြားလျှင် မျက်မှောင်ကြုတ်လိုက်ပြီး စံအိမ်အကောင့်ထဲဝင်ကာ သတို့သမီးခန်းအခြေအနေကိုစစ်ဆေးကြည့်လိုက်သည်။

ဟိုတယ်များလိုပင် စံအိမ်သတို့သမီးခန်းကို စရံချထားဖို့လိုသည်။ နောက်ပြီး တည်းခိုခန်းကို နောက်နေ့ နေ့လယ် ၁၂ နာရီမတိုင်ခင် ထွက်ပေးရသည်။

စံအိမ်၏လက်ရှိအစီအစဉ်အရ ပထမနေ့မှာအလာနောက်ကျခဲ့ရင် ဒါမှမဟုတ် ပန်းပင်လယ်နှင့်ရွက်လွင့်ခြင်းကြောင့် တစ်ရက်တည်းမပြီးခဲ့ရင် နောက်နေ့ ၁၂ နာရီမတိုင်ခင်မှ ထွက်ခွင့်ရှိသည်။

သတို့သမီးခန်းအလွတ်တချို့ကို စံအိမ်ခရီးသည်များအတွက်ချန်ထားပေးပြီး ကျန်အခန်းများကို အွန်လိုင်းကြိုတင်ယူစနစ်အတွက်ထားပေးသည်။

ကျောက်မိုချင်းက နောက်ခံအချက်အလက်ထဲဝင်ကြည့်ပြီး တိတိကျကျအခြေအနေကိုမြင်လိုက်ရသဖြင့် အံ့သြသွားကာ_ ''၁၅ ယောက်ပဲထွက်တယ်... ကျန်တဲ့သူတွေအားလုံးက သူတို့အခန်းကိုပြန်ယူတာလား?''

ချင်လင်လည်း ကွန်ပျူတာနားလျှောက်သွားပြီး အခြေအနေကိုကြည့်လိုက်သည်။



ဒါကိုထင်မထားမိ။

ဘာပဲဖြစ်ဖြစ် သတို့သမီးခန်းရဲ့တန်ဖိုးက တက်တာမှမကြာသေး။

သို့သော် တွေးကြည့်လိုက်ပြီး အခြေအနေကိုသူသဘောပေါက်သွားသည်။ မနေ့က သတို့သမီးခန်းကိုယူကြသောခရီးသည်များမှာ အိပ်မပျော်ခြင်းရှိနိုင်သည်။ အိပ်ပျော်စေသည့်အာနိသင်ကိုအတွေ့အကြုံရှိပြီးနောက် ယွမ် ၁၀၀ ကိုလုံးဝဂရုမစိုက်တော့ဘဲ ထပ်ငှားခြင်းဖြစ်မည်။

စျေးနှုန်းမြှင့်လိုက်တာနည်းသွားလား? ဒါမှမဟုတ် အိပ်မပျော်တဲ့ဝေဒနာကို သူကောင်းကောင်းမသိတာလား?

ခရီးသည်တွေကမထွက်ဘဲ ဆက်နေချင်သည်။ ဒီလိုအခြေအနေမျိုးမှာ တခြားဟိုတယ်ပိုင်ရှင်တွေဆို အားရပါးရရယ်မောပြီး သူတို့အခန်းကိုရက်ပိုင်းလောက်ဆက်နေဖို့ ဆုတောင်းကြလိမ့်မည်။

ချင်လင်မျက်မှောင်ကြုတ်လိုက်သည်။ ဒီအခြေအနေက သူတို့စံအိမ်ထဲမှခရီးသည်များအတွက်မကောင်း။

'အိပ်စက်စေတဲ့သတို့သမီးခန်း' အဆင့်မြှင့်တင်ခြင်းက စံအိမ်ရဲ့ဝိသေသလက္ခဏာတစ်ခုအဖြစ်ထည့်ထားခြင်းဖြစ်ပြီး ခရီးသည်များ ခရီးထွက်လာသည့်နေ့တွင် ဖြည့်ဆည်းပေးရန်ဖြစ်သည်။ အထောက်အပံ့အစီအစဉ်တစ်ခုဖြစ်ပြီး ခရီးသည်များကို မျှော်လင့်စောင့်စားစေသည့်ခံစားချင်တောင်ပေးနိုင်လိမ့်မည်။

ကျောက်မိုချင်းလည်း မျက်မှောင်ကြုတ်ပြီး_ ''ချင်လင်... စျေးကိုထပ်တက်သင့်လား? ဒါမှမဟုတ် ခရီးသည်တွေအခန်းယူချိန်ကို ကန့်သတ်လိုက်ရမလား?''

သူမမှာ စံအိမ်တွင်အများကြီးတာဝန်ခံထားရပြီး သူမယူထားသည့်အပိုင်းကကျယ်ပြန့်သည်။ ခရီးသည်များ၏မျှော်လင့်စောင့်စားမှုကို လျှော့တွက်၍မရ။

အိပ်ရုံသက်သက်ဖြစ်ပြီး မလည်ပတ်သော လက်ရှိအခြေအနေက ရှုမျှော်ခင်းနေရာ၏ သာသာယာယာအခြေအနေနှင့် လိုက်ဖက်မှုမရှိချေ။

''ဆွေးနွေးကြတာပေါ့'' ချင်လင်ကပြောလိုက်သည်။

ဒီခရီးသည်တွေက သတို့သမီးခန်းရဲ့တန်ဖိုးကိုထပ်တက်ဖို့ ဖိအားပေးနေကြပြီ။

သူတို့နှစ်ဦးကဆွေးနွေးပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ တန်ဖိုးထပ်မြှင့်သည်ထက် တည်းခိုချိန်ကန့်သတ်လိုက်ခြင်းက ပိုကောင်းသည်။

အကောင်းမသိသူတွေက သူတို့စံအိမ်ကိုငွေမက်တယ်၊ အခန်းတန်ဖိုးတက်ချင်တာနဲ့ တမင်သက်သက်အခန်းမရှိတော့ဘူးလို့ပြောတယ် ဒီလိုထင်ကြမည်။ သို့သော် သူတို့စံအိမ်က ယွမ် ၁၀၀၊ ယွမ် ၂၀၀ တက်ဖို့ ဒီအခန်းကိုအားထားနေစရာမလိုပါချေ။

သို့သော်လည်း ကီးဘုတ်ဖိုက်တာ၏တရားမျှတမှုအသိတွင် ဒီအချက်ကိုလျစ်လျူရှုပြီး လျှောက်တင်သည်မှာ ဦးနှောက်တောင်မရှိ။

မကြာမီ နေ့လယ်ရောက်လာသည်။ အွန်လိုင်းပေါ်၌ စံအိမ်တရားဝင်ဝဘ်ဆိုဒ်တွင် ကြိုတင်လင့်ယူရန်စောင့်နေသော အိပ်မပျော်သူများစွာရှိနေသည်။ ချင်းလင်စံအိမ်မှာ အိပ်စက်စေသောနံ့သာဖြူရှိပြီး အထူးနံ့သာဖြူနံ့သာမှုန့် ၃ ဂရမ်ပေးမှန်းသိလျှင် ချင်းလင်စံအိမ်တွင်အတွေ့အကြုံယူရန် အခန်းကြိုတင်ယူချင်ကြသည်။

ဇိမ်ခံဟိုတယ်တစ်ခု၌_



ဝမ်ကူက တုန်ချိနေသော​ခြေထောက်များနှင့် သန့်စင်ခန်းအပြင်ထွက်လာသည်။ မနေ့ကအစီအစဉ်များကို သူထိန်းသိမ်းနိုင်ဖို့မလွယ်။ အထူးသဖြင့် ​ခြေထောက်ရှည်ရှည်နှင့်ကောင်မလေးက သူ့ကိုသေမတတ်ညင်းဆဲလိုက်သည်။ သူထလာသောအခါ သူ့ခြေထောက်များပျော့ခွေနေလေပြီ။

သူသာတတ်နိုင်ရင် ​ခြေထောက်ရှည်ရှည်ကောင်မလေးနဲ့နောက်တစ်ကြိမ်ထပ်ကျော့ဖို့အစီအစဉ်ကို စိတ်ထဲမထားဘူးပေါ့။ တခြားတစ်ယောက်ကအဆင်ပြေပေမဲ့ သူမကတော့နည်းနည်းမှမညင်သာ။ သူ့ကိုအလကားရတဲ့လုပ်သားနွားကြီးလိုဆက်ဆံပြီး အလွန်မနှစ်မြို့စရာကောင်းသောအတွေ့အကြုံကိုပေးခဲ့သည်။

ထိုင်လိုက်ပြီးနောက် ဝမ်ကူကသူ့ဖုန်းကိုင်ပြီး ချင်းလင်စံအိမ်အခန်းကြိုတင်ယူရန် link ကိုဆက်နှိပ်လိုက်၏။

သူ့အလုပ်ကိုလည်း သူမမေ့။ ချင်းလင်စံအိမ်သတို့သမီးခန်းမှာ လေးငါးရက်လောက်အိပ်ပြီး အိပ်ပျော်စေတဲ့နံ့သာဖြူနံ့သာမှုန့်နောက်ထပ်ကျန်အောင် တွေးနေဆဲဖြစ်သည်။ ဒါက သူ့ရဲ့ပျက်စီးနေတဲ့ဇီဝနာရီကိုပြင်ဆင်နိုင်မည့်အစီအစဉ်ဟုယူဆနိုင်၏။

သို့သော် မနက်အိပ်ရာထကတည်းက နေ့ဝက်လောက် အခန်းဦးဖို့ကြိုးစားနေခဲ့သော်လည်း အခုထိသူရသောအသိပေးစာက ကြိုတင်ယူရန်အခန်းမရှိပါတဲ့။

''သောက်... အိပ်မပျော်တဲ့သူကို လမ်းမပေးတော့ဘူးလား?'' ဝမ်ကူဆဲရေးပစ်သည်။

အခန်းငှားဖို့ဒီလောက်ခက်တာ ဒါပထမဆုံးပင်။

ကြယ်ငါးပွင့်ဟိုတယ်တောင် ငှားဖို့ဒီလောက်ခက်မှာမဟုတ်ဘူးမလား?

အိပ်မပျော်သူက စိတ်မရှည်ဖြစ်လွယ်၍ ချက်ချင်းသူစိတ်အနှောင့်အယှက်ဖြစ်သွားသည်။

ထိုအချိန်တွင် အင်တာနက်ပေါ်၌ မရေမတွက်နိုင်သောအိပ်မပျော်သူများမှာ အခန်းကြိုတင်ယူမရသဖြင့် သူ့လိုပင်စိတ်တိုနေကြသည်။

သို့ရာတွင် ဒီနေ့ချင်လင်မှာ ရွေးချယ်စရာမရှိ။

မနေ့ကခရီးသည်တွေအားလုံးက သူတို့အခန်းကိုပြန်ယူထားကြပြီ။ ကျောက်မိုချင်းကိုရှင်းပြချက်ဗီဒီယိုတင်ပြီး မနက်ဖြန်သတို့သမီးခန်းအတွက် အချိန်ကန့်သတ်ထားကြောင်း ကြေညာခိုင်းရန်သာရှိတော့သည်။

မကြာမီနေ့လယ်ပိုင်းတွင် ရေပေါ်တံတားဆောက်သောကုမ္ပဏီရောက်လာသည်။ ချင်လင်က သူ့တောင်းဆိုချက်နှင့်ရွေးချယ်ထားသောပစ္စည်းများပြောပြီး စာချုပ်လက်မှတ်ထိုးလိုက်၏။ မနက်ဖြန်သူတို့ဆောက်လုပ်ရေးဝင်လိမ့်မည်။

ရေပေါ်တံတားဆောက်လုပ်ရေးကုမ္ပဏီကိုပြန်ပို့ပြီးနောက် ချင်လင်ကသူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။ လယ်ကွက်နှစ်ကွက်ထဲမှရှန်းရွှေလက်ဆောင်ဆန်များမှည့်နေပြီ။ ရှန်းရွှေလက်ဆောင်ဆန်မှည့်ချိန်မှာ ဖရဲသီး၊ စတော်ဘယ်ရီသီးများနှင့်မတူသောကြောင့် အချိန်ကသီသည်။

ချင်လင်က ဂိမ်းဇာတ်ကောင်ကို ရှန်းရွှေလက်ဆောင်ဆန်ရိတ်ခိုင်းလိုက်သည်။ အရည်အသွေး ၂ ဆန်ကိုသိမ်းထားပြီး အရည်အသွေး ၁ ဆန်ကို ဂိမ်းထဲမှာရောင်းပစ်လိုက်၏။ ရှန်းရွှေလက်ဆောင်ဆန်ဆက်ပြီးစိုက်မည်အပြု တစ်ခုခုတွေးမိပြီး သူ့ဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်မျိုးစေ့ဆိုင်သွားစေလိုက်သည်။

ဂိမ်းထဲတွင်ရေမျောပင်များရှိမရှိ ကြည့်ချင်သည်။

ရေပေါ်တံတားဆောက်ပြီး အလှမွေးဘဲကြည့်ဖို့လုပ်မည်ဆိုလျှင် အတတ်နိုင်ဆုံးပြည့်စုံအောင်လုပ်ရမည်။

လက်တွေ့ဘဝက ဂိမ်းမဟုတ်။ ဘဲတွေများလာပြီဆိုတာနှင့် ဘဲမစင်ဖောက်ပြီး ငါးမွေးဖို့ သိပ္ပံနည်းကျသားဖောက်နည်းရှိသည်ဆိုလျှင်တောင် ရေအရည်အသွေးကို နွေအပူချိန်မှာ သက်ရောက်မှုရှိဦးမည်။

ထို့ကြောင့် သိပ္ပံနည်းကျသားဖောက်ခြင်းအခြေခံထားပြီး ရေအရည်အသွေးကို ရေမျောပင်တချို့နှင့်သန့်စင်နိုင်သည်။ ပြည်သူလူထုကိုဖွင့်ပေးထားသော အော်ဂဲနစ်စိုက်ခင်းအတော်များများတွင် ဒီလိုလုပ်ကြသည်။

ရေမျောပင်များမှာ ရွှံ့နွံထဲတွင်မကြီးထွားနိုင်သော ရေပေါ်မျောသည့်အပင်မျိုးဖြစ်သည်။



All Chapters