← Chapters

ဒါစီစဉ်ထားတာပဲ!

Vol. 18 Ch. 258

ဒါစီစဉ်ထားတာပဲ!

Vol. 18 Ch. 258

ချင်လင်က ဘဲစားမှော်ပင်များကို ရေလှောင်တမံပို့လိုက်သည်။ ကားက စံအိမ်ထဲမဝင်ဘဲ တခြားလမ်းမှရေလှောင်တမံဆီဝင်နိုင်၏။

အချိန်ကျလျှင် အပြင်လူဝင်ရောက်ခြင်းကိုကာကွယ်ရန် လုံခြုံရေးဂတ်ဆောက်ဖို့ပြင်ရမည်။

ကားရပ်သောအခါ ချန်တပေက လုံခြုံရေးအစောင့်တချို့ချက်ချင်းခေါ်ပြီးရောက်လာသည်။ သူ့သူဌေးက တစ်ခုခုထပ်ယူလာပြီမှန်းသူသိသည်။

ထို့ကြောင့် ချင်လင်မညွှန်ကြားဘဲ သူကအလွန်သိတတ်စွာနှင့် လုံခြုံရေးအစောင့်များအား_ ''အပေါ်တက်ပြီး ပစ္စည်းသယ်ရအောင်''

ချင်လင်က ကားထဲမှထွက်လာပြီး ချန်တပေအား_ ''ယာယီသံဆူးကြိုးဝါယာတွေတပ်တာ အခြေအနေဘယ်လိုရှိလဲ?''

ချန်တပေကရှင်းပြလိုက်သည်_ ''ပြီးခါနီးပါပြီ... ညစာမတိုင်ခင်ပြီးလိမ့်မယ်''

ချင်လင်ကခေါင်းညိမ့်ပြီး မေးလိုက်၏_ ''ရန်သုံ့ရော ဘယ်လိုနေလဲ?''

ချန်တပေက သိပ်တွေးတောမနေဘဲ ဖြေလိုက်သည်_ ''သူ့ကိုယ်ရည်ကိုယ်သွေးကမဆိုးပါဘူး... အပျင်းမကြီးဘူး... ဘဲမစင်ဖောက်မယ့်နေရာစစ်ဆေးပြီးတော့ ဆရာမာကို ဘဲခြံဆောက်ဖို့တောင်ကူသေးတယ်... တချို့နေရာတွေမှာ ဆရာမာထက်ပိုပြီး ဆရာကျပုံရှိတယ်''



“သိပြီ” ချင်လင်ခေါင်းညိမ့်လိုက်သည်။

လုံခြုံရေးအစောင့်များက ကားပေါ်မှ ၁၀ အိတ်လုံးချလိုက်၏။

ချန်တပေက အိတ်ကိုစူးစူးစမ်းစမ်းဖွင့်လိုက်ပြီး_ ''သူဌေး... အကုန်ဘဲစားမှော်တွေပဲ... ဒါတွေကို ဒီရေလှောင်တမံထဲထည့်မှာလား?''

''အင်း!'' ချင်လင်က ညွှန်ကြားလိုက်၏_ ''ဒါတွေအကုန်ဖြန့်ထည့်လိုက်... အထုံးတွေဖြည်ဖို့​မမေ့နဲ့''

''နားလည်ပါပြီ'' ချန်တပေပြန်ဖြေလိုက်သည်။ သူက လုံခြုံရေးအစောင့်တချို့ကိုဦးဆောင်ပြီး ဘဲစားမှော်များကိုကမ်းစပ်ဆီသယ်သွားကာ ဝါးဖောင်ဆွဲလာခိုင်းလိုက်၏။

ဘဲစားမှော်များကိုမဖြန့်ခင် ဝါးဖောင်နှင့် အလယ်ပိုင်းနေရာသို့သယ်သွားရမည်။

မိုးမခရွက်ဘဲစားမှော်ပင်ကသိပ်မကြီး။ ခပ်ပါးပါးမိုးမခရွက်ပုံစံရှိသည်။ ရေထဲဖြန့်လိုက်သောအခါ ရေနှင့်အတူပြန့်သွားလိမ့်မည်။ တချို့ကိုချည်နှောင်ထား၍ သီးသန့်ခွဲထုတ်ရမည်။

ဘဲစားမှော်ရေမျောပင်မှာ အသက်ပြင်းသည်။ တစ်နှစ်ပတ်လုံးရှင်သန်နိုင်ရုံသာမက အပင်ကိုခွဲလိုက်ရင်တောင် ပြန်ရှင်သန်နိုင်သေး၏။

သိပ်မကြာမီ ချန်တပေက နောက်ဆုံးဘဲစားမှော်အိတ်ကို ရေထဲပစ်ချလိုက်သည်။

ဘဲစားမှော်ပင်ကိုရေထဲဖြန့်လိုက်သောအခါ ဒီဘဲစားမှော်ပင်တွေက အလွန်လှကြောင်း ချန်တပေသိသွားသည်။

ဘေးမှလုံခြုံရေးအစောင့်တစ်ဦးက အံ့သြသံနှင့်_ ''မန်နေဂျာချန်... ဒီဘဲစားမှော်ပင်တွေက ကျွန်တော်တို့နယ်ကမြစ်ထဲကအပင်တွေထက် ပိုလှတာပဲ... စောစောကအလုပ်ရှုပ်နေတာနဲ့ သတိမထားမိဘူး... အခုကြည့်လိုက်တော့ ထပ်ထပ်ပြီးကြည့်ချင်စရာကောင်းနေတယ်''

ချန်တပေလည်း ဒီလိုခံစားရတာပေါ့။ သို့သော် သူ့လက်အောက်ငယ်သားရှေ့မှာထုတ်မပြ။ အားလုံးကိုသူနားလည်ပုံနှင့်_ ''ဒါတွေက သူဌေးပိုက်ဆံနဲ့ဝယ်လာတာလေ... သဘာဝအတိုင်းပေါက်နေရင်တောင် ဘယ်သူမှမလိုချင်တဲ့ဟာနဲ့ ယှဉ်လို့ရပါ့မလား?''

''ဟုတ်တာပဲ!'' လုံခြုံရေးအစောင့်က သူ့ကြီးကြပ်သူပြောတာအဓိပ္ပါယ်ရှိသလိုခံစားရသည်။

ချင်လင်က မိုးမခရွက်ဘဲစားမှော်ပင်များကို ဝမ်းသာပုံနှင့်ကြည့်လိုက်သည်။ ဂိမ်းအရည်အသွေးနဲ့ဆိုရင် အာနိသင်က သူထင်ထားတာထက်ပိုကောင်းဦးမည်။

သုမူရဲ့ 'ဘရိုကိတ်စိမ်းစိမ်းဘဲစားမှော်ရေကန်'ဆိုသောအဓိပ္ပါယ်ကို အကြမ်းဖျင်းသူသဘောပေါက်သွားသည်။

ဒီရေပြင်ကို မိုးမခရွက်ဘဲစားမှော်ပင်နှင့်အလှဆင်လိုက်ပြီး နောင်မှာစနစ်ထဲ၌ ရေလီလီပင်လို ရေမျောပင်တချို့ပေါ်လာခဲ့ရင် ရောယှက်လိုက်ပါက လူတိုင်းထင်ထားသည်ထက် လုံးဝကျော်လွန်သွားမည်။

နောက်ထပ်လှပသောဘဲဖြူအုပ်ကကူးခတ်နေလျှင် ဒီအလှကပိုထင်ရှားသွားမည်။



'ဘဲစားမှော်ရေမျောပင်က ရေသန့်စင်ပေးတယ်' နှင့် 'ရေလှိုင်းသန့်စင်ပေးသောလက်ဝါးနီ' မှာ အစပ်အဟပ်ကောင်းသည်။

ဘဲစားမှော်ပင်များဖြန့်ပြီးနောက် ချန်တပေက ဆရာမာကိုကူရန်လူများခေါ်ပြီး တခြားလူများကို ယာယီသံဆူးကြိုးဝါယာတပ်ခိုင်းလိုက်၏။ သူတို့ပြီးသောအခါ မိုးမှောင်သွားလေပြီ။

သူကချက်ချင်း ကမ်းစပ်ကိုသွားပြီး ချင်လင်ကိုတင်ပြလိုက်သည်_ ''သူဌေး... ယာယီသံဆူးကြိုးဝါယာတပ်ပြီးသွားပါပြီ''

''အလုပ်ကြိုးစားခဲ့တာပဲ... အားလုံးကိုစားသောက်ဆိုင်မှာစားဖို့ခေါ်လိုက်ပါ... ခင်ဗျားတို့စားဖို့အတွက် စားဖိုဆောင်မှာ ဟင်းကြီးချက်ခိုင်းလိုက်မယ်'' ချင်လင်ကပြောပြောဆိုဆို သူ့ဖုန်းထုတ်ပြီး စားဖိုဆောင်အတွက်စီစဉ်လိုက်သည်။ တစ်ချိန်တည်းမှာ ထရပ်ကားဆီသွား၍ အရည်အသွေး ၂ ဘဲဥသုံးလုံးပါသောအိတ်ကိုယူလိုက်၏။

ဒီလူတွေ ရေအေးအေးထဲမှာအလုပ်လုပ်ရတာ အမှန်ပင်အလွန်ခက်ခဲသည်။ ကတ်တီ ၃၀ ကျော်အချိန်စီးသော အရည်အသွေး ၂ ငါးကြင်းနက်ချက်လိုက်ရင် အားပါးတရစားကြလိမ့်မည်။

ချန်တပေက ချင်လင်ထွက်သွားသည်ကိုမြင်လျှင် တခြားသူများအား ဝမ်းသာအားရလှမ်းအော်လိုက်သည်_ ''သူဌေးကပြောတယ်... ဒီညထပ်တိုးဟင်းပွဲရှိမယ်တဲ့... တို့စားဖို့ သဘာဝငါးကြီးပေးလိမ့်မယ်''

လုံခြုံရေးအစောင့်များက ထိုစကားကြားလျှင် ချက်ချင်းအားတက်သွားကြသည်။

“သူဌေးအသက်ရှည်ပါစေ!”

''ဒီညတော့ တစ်ပွဲတစ်လမ်းတွေ့ပြီပေါ့!”

''မန်နေဂျာချန်... သူဌေးကိုမေးပေးပါ... မနက်ဖြန်ဆက်လုပ်လို့ရမရ... ကြီးကြီးမားမားတွေစားချင်သေးတယ်''

“…”

စံအိမ်ရှိသဘာဝပစ္စည်းများမှာ အကန့်အသတ်နှင့်ဖြစ်သည်။ ခရီးသည်တွေ ဘယ်လောက်ချမ်းသာချမ်းသာ စားနိုင်လိမ့်မည်မဟုတ်။ အရင်ကပွဲတွင်လည်း သူဌေးက ပစ္စည်းကောင်းကြီးများသတ်ပြီး အားလုံးကိုဆုချခဲ့၏။ အများကြီးမစားခဲ့ရသော်လည်း အရသာမြိန်သဖြင့် တမ်းတနေဆဲပင်။

သူတို့သူဌေးက ဒီနေ့သူတို့အတွက်သီးသန့် တစ်ကောင်သတ်ပေးတယ်ဆိုမှတော့ ပိုစားနိုင်တော့မည်။

''မန်နေဂျာချန်... ခင်ဗျားပြောနေတာ သဘာဝငါးအမျိုးအစားလား?'' ရန်သုံ့လည်း ချန်တပေနားသို့ မျှော်လင့်တကြီးပြေးလာသည်။ သူအလုပ်လာမလျှောက်ခင်က ချင်းလင်စံအိမ်ဗီဒီယိုများစွာကြည့်ဖူးသည်။

ဒါကစံအိမ်အကြောင်းသိရန်အမြန်ဆုံးနည်းပင်။ သဘာဝငါးဗီဒီယိုများကိုလည်းတွေ့ဖူးသည်။ စားဖူးသောခရီးသည်များက မိုးထိအောင်မြှောက်ပြောထားကြသည်။

နောက်ပြီး ဒီလိုငါးကြီးမျိုး သူအရင်ကမစားခဲ့ဖူး။

''အင်း'' ချန်တပေက ရန်သုံ့ကိုခေါင်းညိမ့်ပြလိုက်ပြီး_ ''စံအိမ်ကိုပထမဆုံးလာတဲ့နေ့မှာ မင်းဒီရေအေးထဲ ခဲတော့မလိုပဲ... ပြီးရင် များများစားလိုက်... ငါးကြီးတွေအပြင် တို့စံအိမ်ဝန်ထမ်းတွေရဲ့အစားအသောက်တွေကလည်း အရမ်းကောင်းတယ်''

ရန်သုံ့လည်း မျှော်တလင့်လင့်ဖြစ်သွားသည်။ သို့သော် သူကချန်တပေနောက်လိုက်၍ စံအိမ်ဝန်ထမ်းစားသောက်ခန်းဆီရောက်သွားရာ သူ့အာရုံကိုဖမ်းစားလိုက်သည်က စားပွဲထိုးမလေးများနှင့်ငွေကိုင်မိန်းကလေးများဖြစ်သွားလေသည်။

ဒီတော့မှ ရှုမျှော်ခင်းနေရာဆိုတာ ဝန်ဆောင်မှုပေးသောလုပ်ငန်းဖြစ်မှန်း သူသဘောပေါက်လိုက်သည်။ ငယ်ငယ်ရွယ်ရွယ် လှလှပပလေးတွေအများကြီးရှိရမည်။ သူ့အဘိုးပေးလိုက်သောတာဝန်ကို သူမမေ့။

ရန်သုံ့မှာ ချစ်စရာကောင်းသောစားပွဲထိုးမလေးထံပြေးသွားသော လုံခြုံရေးအစောင့်၏သာသာယာယာနေ့လယ်ခင်းကိုကြည့်ရင်း မနာလိုဖြစ်မိကြောင်းဝန်ခံရပေမည်။



All Chapters