← Chapters

ပြိုင်ဘက်ကင်းခြင်း - လျှပ်စီးပမာလျှင်မြန်စွာရန်သူများကိုရှင်းပစ်

Vol. 88 Ch. 1236

ပြိုင်ဘက်ကင်းခြင်း - လျှပ်စီးပမာလျှင်မြန်စွာရန်သူများကိုရှင်းပစ်

Vol. 88 Ch. 1236

အခန်း (၁၂၃၆) ပြိုင်ဘက်ကင်းခြင်း - လျှပ်စီးပမာလျှင်မြန်စွာရန်သူများကိုရှင်းပစ်

လူရွယ်စာပေသမားက အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်ပြီး ထိပ်တန်းသိုင်းပညာရပ်ဖြစ်သော ‘နတ်တောင်ဆောင်ကြဉ်းသံမဏိတူ’ သိုင်းပညာကို ကျင့်ကြံထားသည့်တိုင် ရန်ကျောက်ကဲက သူ့ကို မလှုပ်ရှားနိုင်အောင် ဖိနှိပ်ထားဆဲ ဖြစ်၏။

သူက တိုက်ပွဲအလယ်တွင်ရှိနေချိန် ရန်ကျောက်ကဲနှင့် အနက်ရောင်ပိုးသားဧကရာဇ်တို့၏ တိုက်ခိုက်မှုများကို ခုခံကာကွယ်ခြင်း မပြုနိုင်ခဲ့ပေ။

ပြင်ပခုခံမှုကို တိုးမြှင့်ရန် ကြိုးစားလိုက်သည့်အခါ ထိုအရာက ထိုအရာက ရန်ကျောက်ကဲ၏လက်သီးချက်ကြောင့် ချက်ချင်းပင် ကြေမွသွားခဲ့သည်။

အဆုံးသတ်မှာတော့ သူ့ထံသို့ညွှန်ပြနေသည့် အနက်ရောင်ပိုးသားဧကရာဇ်၏လက်ချောင်းကိုသာ စူးစိုက်ကြည့်နေရပြီး ကျရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ရသည်။

အနက်ရောင်ပိုးသားဧကရာဇ်၏ မျက်နှာအမူအရာ အေးစက်သွားသည်။

ထိုက်ချူးနတ်လက်ချောင်းသိုင်းက အလွန်တရာ လေးနက်မှုရှိပြီး သူတိုက်ခိုက်ချင်သည့်အချိန်တွင် တိုက်ခိုက်နိုင်ကာ မတိုက်ခိုက်လိုသည့်အချိန်တွင် ပြန်လည်ရုတ်သိမ်းနိုင်သည်။

အရေးကြီးသောအခိုက်အတန့်တွင် အတင်းဖိအားပေးပြီး တိုက်ခိုက်မှုအား ရပ်တန့်နိုင်စွမ်း ရှိသည်။

အနက်ရောင်ပိုးသားဧကရာဇ်က လူရွယ်စာပေသမား၏ သေခြင်းရှင်ခြင်းကို စိတ်မဝင်စားပေ။ သို့သော် အမတခုံရုံးမှ အုပ်စိုးရှင်တစ်ပါးကို သတ်ဖြတ်ခြင်းဖြင့် ဤနေရာမှလွတ်မြောက်ရန် မည်သည့်အထောက်အကူမှ မဖြစ်နိုင်ပေ။

ယနေ့အတွက် ဘာအကျိုးကျေးဇူးမှမရှိသလို အနာဂတ်တွင်လည်း သူ့ကို ပြဿနာဖြစ်စေနိုင်ပေသည်။

သို့သော် သူ့အနေဖြင့် ယခုတိုက်ကွက်ကို ပြန်လည်ရုတ်သိမ်းလိုက်လျှင် ရန်ကျောက်ကဲကို ထပ်မံတိုက်ခိုက်ရန် စွမ်းဆောင်နိုင်မည် မဟုတ်တော့ပေ။ သူ့အနေဖြင့် ပထမအကြိမ် တိုက်ခိုက်မှု၏ အခွင့်ကောင်းကို ဆုံးရှုံးသွားရမည် ဖြစ်သည်။

ရန်ကျောက်ကဲ၏ လက်သီးချက်များက နေရာတိုင်းတွင်ရှိနေပြီး အနက်ရောင်ပိုးသားဧကရာဇ်၏ နောက်ကျောဘက်မှလည်း ဝင်ရောက်လာသည်။

အနက်ရောင်ပိုးသားဧကရာဇ်က ပြင်းထန်သော စွမ်းအားများ၏ တွန်းတိုက်မှုများမှ ကပ်သီလေးရှောင်တိမ်းလွတ်မြောက်ပြီး ရွမ့်မင်ယန်နှင့် အခြားသူများရှိသည့်နေရာသို့ တွန်းထုတ်ခံလိုက်ရသည်။

သို့သော် သူက စိတ်ပျက်သွားခြင်း မရှိပေ။ အရှိန်အဟုန်ကိုအသုံးပြုပြီး အခြားဘက်သို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်

“ထိုက်ရှီးခုန်မင်မရှိမှုခန္ဓာ” ကို အသုံးပြုလိုက်ပါက သူ၏လှုပ်ရှားမှုများက အမြဲတမ်း သွက်လက်လျှင်မြန်သည်ပင်။

သို့သော် ရန်ကျောက်ကဲက ဓားသိုင်းတစ်ကွက် ထုတ်ဖော်လိုက်ပြီး သွေးနီရောင်ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ဗလာနယ်ကို ထိုးခွင်းပြီး အနက်ရောင်ပိုးသားဧကရာဇ်နောက်သို့ ချက်ချင်း လိုက်ပါသွားသည်။

လင်ပေါင်ဓားသိုင်း (၄)မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်သော ‘နတ်ဘုရားထောင်ချောက်ဓားသိုင်း’ ပင် ဖြစ်သည်။

ရန်ကျောက်ကဲက စန့်ချင်အဆက်အနွယ်၏ အမြင့်ဆုံးဓားသိုင်းပညာကို ကျွမ်းကျင်ကြောင်း အထက်ဘုံကမ္ဘာမှလူများ သံသယဝင်နေကြသည့်တိုင် အတည်ပြုနိုင်ခြင်း မရှိသေးပေ။ စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းနှင့် ရွှမ့်ဝူသုတ်သင်ဓားသိုင်းတို့ကြောင့် သူတို့က သံသယဝင်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် သူက စန့်ချင်အဆက်အနွယ်မှ ဓားဧကရီ၏မြေးဖြစ်လေရာ စန့်ချင်ဓားသိုင်း တတ်ကျွမ်းခြင်းအား အထူးအဆန်းမလုပ်ဘဲ လက်ခံထားခဲ့ကြသည်။

တိဟွမ်မြေကမ္ဘာဧကရာဇ်ရောက်လာပြီး ဝါဒတောင်ကို မတိုက်ခိုက်ခင် ချီလင်ကမ်းပါးက ဤကိစ္စနှင့်ပတ်သက်ပြီး ရုန်းရင်းဆန်ခတ် မဖြစ်စေလိုပေ။ ထို့ကြောင့် ရန်ကျောက်ကဲ အထက်ဘုံကမ္ဘာတွင် နေထိုင်ခြင်းကို လျစ်လျူရှုရန် ရွေးချယ်ခဲ့ကြသည်။

ရန်ကျောက်ကဲအနေဖြင့် စန့်ချင်အဆက်အနွယ် ထိပ်တန်းသိုင်းပညာရပ်များကို အထက်ဘုံကမ္ဘာ လူမြင်ကွင်းတွင် ထုတ်ဖော်အသုံးမပြုသရွေ့ သူတို့အနေဖြင့် မသိသလို ဟန်ဆောင်နေမည် ဖြစ်သည်။

ရန်ကျောက်ကဲက ဝမ်ကျန်းချန်ကို သတ်ဖြတ်ပြီး တိဟွမ်မြေကမ္ဘာဧကရာဇ် အဆက်အနွယ်ကို လုံးလုံးလျားလျား စော်ကားလိုက်ပြီးသည့်နောက် သူ့အနေဖြင့် တိဟွမ်မြေကမ္ဘာဧကရာဇ်၏ စည်းမျဉ်းစည်းကမ်းများကို အရေးစိုက်ခြင်း မရှိတော့ပေ။

စန့်ချင်အဆက်အနွယ်ဓားသိုင်းကိစ္စ မရှိလျှင်တောင်မျ သူတို့အနေဖြင့် အချင်းချင်း ဆက်ဆံရေးကောင်းမွန်နိုင်မည် မဟုတ်တော့ပေ။

ထို့ကြောင့် ရန်ကျောက်ကဲက စန့်ချင်အဆက်အနွယ်သိုင်းပညာများကို လွတ်လပ်စွာပင် အသုံးပြုတော့သည်။

အချိန်နှင့်နေရာကိုပင် ပိုင်းခြားရှင်းလင်းပစ်နိုင်စွမ်းရှိသည့် နတ်ဘုရားထောင်ချောက်ဓားသိုင်း၏ နက်နဲမှုများက အကောင်းဆုံးသိုင်းပညာရပ်များထဲမှ တစ်ခုပင် ဖြစ်သည်။

ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ဗလာနယ်ထဲမှ အတားအဆီးများကို ဖြတ်ကျော်သွားသည်။

ဤသည်က ယွိချင်အဆက်အနွယ် ၊ ထာဝရအလင်းကောင်းကင်ကျမ်းစာနှင့် ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်၏ စတုတ္ထမြောက်ပညာဖြစ်သော “ပုံရိပ်ယောင်ပညာရပ်” ဖြင့် နတ်ဘုရားထောင်ချောက်ဓားသိုင်းကို ပံ့ပိုးပေးထားခြင်း ဖြစ်၏။

ရန်ကျောက်ကဲက ထိုသိုင်းပညာရပ်များအားလုံးကို အထူးကျွမ်းကျင်သည်ဖြစ်ရာ တစ်ခုတည်းအဖြစ် ပေါင်းစပ်အသုံးပြုနိုင်စွမ်း ရှိသည်။

သူက အရှိန်အဟုန် ပြင်းပြင်းဖြင့် စတင်လိုက်သည့်အခါ အစစ်အမှန်နတ်ဘုရားများသည်ပင် တုံ့ပြန်ရန် အချိန်မရှိတော့ပေ။

သူက အနက်ရောင်ပိုးသားဧကရာဇ်အနားသို့ ချက်ချင်းရောက်ရှိလာပြီး နောက်ထပ်လက်သီးချက်တစ်ချက်ဖြင့် ထိုးနှက်လိုက်သည်။

နေရာတိုင်းတွင်ရှိနေသော သံမဏိလက်သီးချက်များက အန်ကရောင်ပိုးသားဧကရာဇ် ပိုမိုထိခိုက်စေရန် တွန်းအားပေးခဲ့သည်။

စိတ်ပျက်လက်ပျက်ဖြစ်နေသော လူရွယ်စာပေသမားကိုကြည့်ရင်း အနက်ရောင်ပိုးသားဧကရာဇ်၏မျက်နှာချက်က ခံစားချက်ကင်းမဲ့နေသည်။ ထို့နောက် တည်ငြိမ်စွာပင် သူ၏လက်ကို ရှေ့သို့တွန်းထုတ်လိုက်တော့သည်။

လူရွယ်စာပေသမားမှာ နတ်ဘုရားတံခါးဖွင့်လှစ်ထားသည့် အစစ်အမှန်နတ်ဘုရာတစ်ပါးဖြစ်ရာ ပိုးသားဧကရာဇ်၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော် ရန်ကျောက်ကဲက လှုပ်ရှားမှုတစ်ခု ပြုလိုက်ရာ သူ၏ တန်ခိုးစွမ်းအားများ လျော့ပါးသွားပြီး ကြောက်မက်ဖွယ်ရာ ယင်နှင့်ယန်စွမ်းအားက သူ့ကို တိုက်စားဝါးမျိုနေကြောင့် ထိတ်လန့်စွာ သိလိုက်ရသည်။

အရာအားလုံးကို ချေမှုန်းနိုင်စွမ်းရှိသော ထိုက်ကျိယင်ယန် လှည့်ပတ်မှုအောက်တွင် အမတခံရုံးမှ သနားစရာ အုပ်စိုးရှင်မှာ ပိုးသားဧကရာဇ်၏ တိုက်ခိုက်မှုကို မတားဆီးနိုင်တော့ဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပင် ကျန်ရစ်ခြင်းမရှိတော့ဘဲ ပွဲချင်းပြီး သေဆုံးသွားတော့သည်။

ဒါကိုမြင်တော့ ရွမ့်မင်ယန်နှင့်အခြားသူများ ကျောရိုးထဲအထိ အေးစိမ့်သွားကြသည်။

အဝေးတစ်နေရာတွင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ဖြင့် တိုက်ခိုက်နေသော ဖယောင်းနေခြည်ဧကရာဇ်သည်ပင် မျက်မှောင်ကျုံ့လိုက်မိသည်။

ရန်ကျောက်ကဲက ယင်ယန်ကောင်းကင်ကျမ်းစာကို ကျွမ်းကျင်စွာလေ့ကျင့်ထားကြောင်း နေခြည်ဧကရာဇ်နှင့် အနက်ရောင်ပိုးသားဧကရာဇ်တို့ သိရှိထားကြသည်အမှန်ပင်။

ယင်ယန်ကောင်းကင်ကျမ်းစာက ယင်နှင့်ယန်နှင့်ပတ်သက်သော အစွန်းနှစ်ဖက်ကို ညွှန်ပြနိုင်သည်ဖြစ်ရာ ရန်သူများ ဝိုင်းဝန်းတိုက်ခိုက်ခံရလျှင်လည်း ကြောက်ရွံ့စရာ မရှိပေ။

သို့သော် ရန်ကျောက်ကဲက သေမျိုးလူသား သိုင်းသူ‌တော်စင်တစ်ယောက်ဖြစ်ပြီး သူ၏ရန်သူများက နတ်ဘုရားတံခါးဖွင့်လှစ်ထားသည့် အစစ်အမှန်နတ်ဘုရားများ ဖြစ်ကြသည်။ အစစ်အမှန်နတ်ဘုရားများက အမတချီစွမ်းအားဖြင့် သူတို့၏ရုပ်ခန္ဓာကို ကျင့်ကြံထားကြသည်ဖြစ်ရာ ရန်ကျောက်ကဲ၏ ယင်ယန်ကောင်းကင်ကျမ်းစာ၏ ထူးခြားချက်ကြောင့် သက်ရောက်မှု မရှိနိုင်ပေ။

ထို့ကြောင့် ရန်ကျောက်ကဲက အခြားသူဓားကိုအသုံးပြုပြီး အချင်းချင်းပြန်လည်တိုက်ခိုက်အောင် ပြုလုပ်လာမည်ကို မည်သူမှ မစိုးရိမ်ခဲ့ကြပေ။

ယခု ရန်ကျောက်ကဲက အခြားသူဓားကိုအသုံးပြုခဲ့ခြင်း မရှိပေ။

ထိုအစား ယင်ယန်ကောင်းကင်ကျမ်းစာကို ကိုယ်တိုင်အသုံးပြုကာ ရန်သူကို ပွင့်ပွင့်လင်းလင်းပင် တိုက်ခိုက်ခဲ့သည်။

အမတခုံရုံးမှ အုပ်စိုးရှင်တစ်ပါးဖြစ်သော စာပေသမားလူရွယ် သေလွန်သွားပြီးနောက် ယုံကြည်ခြင်းဖြင့်ပြည့်နက်နေသည့် ရတနာအလင်းတန်းက သူ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး ဗလာနယ်ကို ဖြတ်ကျော်ပျံသန်းသွားရန် ကြိုးစားလိုက်သည်။

ထိုရတနာအလင်းတန်းက တိုက်ခိုက်နိုင်စွမ်းမရှိသလို မည်သည့်တန်ခိုးစွမ်းအားမှလည်း မရှိပေ။ သို့သော် ယုံကြည်ခြင်းရောင်ဝါများဖြင့် ပြည့်နက်နေသည်။

ယုံကြည်ခြင်းရောင်ဝါဖြင့် ဖုံးလွှမ်းထားသော ထိုရတနာအလင်းတန်းအား အနက်ရောင်ပိုးသားဧကရာဇ်၏ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းက ထိခိုက်နိုင်ခြင်း မရှိခဲ့ပေ။

သူတို့နှစ်ဦးသည် မတူညီသော ကမ္ဘာတစ်ခုတွင် ရှိနေသည့်ပမာ ဖြ်စသည်။ သူတို့နှစ်ယောက်လုံး တစ်ဘောက်နှင့်တစ်ယောက် ထိခိုက်စေနိုင်ခြင်း မရှိကြပေ။

ရန်ကျောက်ကဲက မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။

သူက တင်းတင်းဆုပ်ထားသည့် ညာဘက်လက်သီးကို ရှေ့သို့တိုး၍ ထပ်မံထိုးနှက်လိုက်သည်။

ထိုက်ယိလက်သီးသိုင်းက စကြာဝဠာတစ်ခုလုံးအား ဖုံးအုပ်ထားပြီး ယုံကြည်ခြင်းရောင်ဝါဖြင့်ပြည့်နက်နေသော ရတနာအလင်းတန်းကို ဖျက်ဆီးပစ်လိုက်လေရာ ထိုအလင်းတန်းမှာ ထွက်ခွာသွားနိုင်ခြင်းမရှိတော့ဘဲ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

ဒါကိုမြင်တော့ အနက်ရောင်ပိုးသားဧကရာဇ်က ခေါင်းခါယမ်းရင်း...

“ထိုက်ယိလက်သီးသိုင်းတင်မဟုတ်ဘဲ သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာကိုလည်း သူက သိနေတာပဲ ၊ ပြီးတော့ နတ်ဘုရားသုတ်သင်ဓားသိုင်းကိုလည်းသိနေတယ်”

ဖယောင်းနေခြည်ဧကရာဇ်သည်လည်း ကောင်းကင်ကိုမော့ကြည့်ပြီး သက်ပြင်းရှည်ချလိုက်သည်။ သူက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် ဆက်လက်တိုက်ခိုက်ရန် မကြိုးစားတော့ဘဲ ထွက်သွားရန် ဟန်ပြင်လိုက်သည်။

ယခုအချိန်တွင် သူ့အနေဖြင့် ရပ်တည်ချက်ကို ထိန်းထားရန် မလိုအပ်တော့ပေ။

သို့သော် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူ့ကို ထွက်သွားခွင့် မပေးခဲ့ပေ။

ရန်ကျောက်ကဲက အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ကြောင်း တွေ့ရသည့်အခါ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူ့အားသွားရောက်ကူညီရန် အလျင်စလို မလုပ်တော့ပေ။ ထိုအစား သူက နေခြည်ဧကရာဇ်ကို စတင်တိုက်ခိုက်လိုက်သည်။

ရန်ကျောက်ကဲက ဗလာနယ်ကိုဖြတ်သန်းပြီး ရွမ့်မင်ယန်ရှေ့သို့ရောက်ရှိလာကာ လက်သီးဖြင့်ထိုးနှက်ချလိုက်ပြန်သည်။

ရန်ကျောက်ကဲ၏ လက်သီးချက်နှင့် ရင်ဆိုင်ရသည့်အခါ ရွမ့်မင်ယန်မှာ သူမပတ်ဝန်းကျင်ရှိလေထုမှာ နွံအိုင်ပမာဖြစ်သွားပြီး ရုန်းထွက်ရန် ခက်ခဲသွားပြီး လှုပ်ရှား၍ပင် မရတော့ပေ။

ထို့နောက် နွံအိုင်က ရေခဲသားပမာ မာကျောအေးခဲသွားပြီး ရွမ့်မင်ယန်မှာ ပယင်းထဲတွင် ပိတ်မိနေသည့် ပိုးကောင်တစ်ကောင်ပမာ လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

ရန်ကျောက်ကဲက ဗလာနယ်ကို ထပ်မံကျော်ဖြတ်သွားပြီး အနက်ရောင်ပိုးသားဧကရာဇ်ရှေ့သို့ ပြန်လည်ရောက်ရှိလာကာ လက်သီးဖြင့် ထပ်မံထိုးနှက်လိုက်ပြန်သည်။

ရန်ကျောက်ကဲ ဗလာနယ်ကို ဖြတ်သန်းသွားချိန်တွင် နက်မှောင်သော အာကာသထဲတွင် အနီရောင်အလင်းတန်းများ ဖြတ်သန်းနေသည်ကို တွေ့မြင်ကြရသည်။ ဗလာနယ်က အက်ကွဲသွားပြီးနောက် ပြန်လည်ချိတ်ပိတ်ခံလိုက်ရသည့် ပမာပင်။

ထို့နောက် ရန်ကျောက်ကဲ၏ပုံရိပ်က “လောင်ကျွမ်းနေအလင်းထိပ်တန်းသိုင်းပညာ” ကျင့်ကြံထားသည့် အမတခံရုံးမှ အုပ်စိုးရှင်ရှေ့သို့ ရောက်ရှိလာသည်။

ထိုအုပ်စိုးရှင်က ဗလာနယ်တစ်ခုလုံး လောင်မြိုက်နေသောငရဲတစ်ခုပမာ ပြောင်းလဲလိုက်ပြီး ရန်ကျောက်ကဲအား တန်ပြန်တိုက်ခိုက်လိုက်သည်။

သို့သော် ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ထိမှန်လိုက်သည်နှင့် ‌လောင်မြိုက်နေသောငရဲမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။

ထို့နောက်မှာတော့ မှိန်ဖျော့သောအလင်းရောင်က အမတခုံရုံးမှ အုပ်စိုးရှင်အား ဝါးမျိုသွားခဲ့သည်။

သွေးနီရောင်ဓားအလင်းတန်း လက်ခနဲတောက်ပသွားပြီး အနက်ရောင်ပိုးသားဧကရာဇ်ရှေ့တွင် ရန်ကျောက်ကဲ ထွက်ပေါ်လာပြန်သည်။ သူက အနက်ရောင်ပိုးသာဧကရာဇ် ထွက်ပြေးမည့်အခွင့်အရေးကို ပိတ်ဆို့ထားလိုက်၏။

အနက်ရောင်ပိုးသားဧကရာဇ် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ရှည်လျားသော ညည်းညူသံတစ်သံ ထုတ်လွှတ်လိုက်သည်။

တစ်ချိန်တည်းပင် အဝေးတွင်ရှိနေသော ဖယောင်းနေခြည်ဧကရာဇ်၏ ကြေးမုံမှန်လည်ပတ်သွားပြီး ကြေးမုံမျက်နှာပြင် ပြန်လည်တည်ငြိမ်သွားသည့်အခါ အတွင်းမှ ဖ‌ယောင်းတိုင်မီးက တုန်လှုပ်လျှက် ကျန်ခဲ့သည်။

ထို့နောက် သူက ကြေးမုံမှန်မျက်နှာပြင်ထက်သို့ လက်ဝါးဖြင့်ရိုက်ချလိုက်ရာ ကြေးမုံမျက်နှာပြင်ထက်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။

တစ်ဆက်တည်းပင် အနက်ရောင်ပိုးသားဧကရာဇ်အနားမှ ဗလာနယ်ထဲတွင် အက်ကွဲကြောင်းတစ်ခု ထင်ဟပ်လာသည်။

အနက်ရောင်ပိုးသားဧကရာဇ်တွင် မည်သည့်စွမ်းအားမှ မကျန်တော့ပေ။ ရန်ကျောက်ကဲက သူ့အရှေ့တွင် ဒိုင်းသဖွယ် ကာကွယ်လိုက်သည့် အမတခုံရုံးမှ စာပေသမားလူရွယ် အုပ်စိုးရှင်ကို သတ်ဖြတ်စဉ်က တန်ခိုးစွမ်းအားအပြည့် အသုံးပြုခဲ့ပြီး ဖြစ်သည်။

သို့ဖြစ်ရာ ဗလာနယ်အက်ကွဲကြောင်းကိုတွေ့သည်နှင့် အနက်ရောင်ဧကရာဇ်က အလျှင်အမြန် ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက သဘောကျစွာ ပြုံးလိုက်၏။

သူက ဘယ်လက်ဖြင့် ထိုက်ယိလက်သီးသိုင်းကို ထုတ်ဖော်ပြီး ညာလက်ဖြင့် ကောင်းကင်ခွင်းလှံရှည်ကို ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။

ကနဦးကာလ ကမ္ဘာမြေကို ပိုင်းခြားပစ်နိုင်သော ‘ထိုက်ယိ’ ၏ အလုံးစုံစွမ်းအားဖြင့် ထိမှန်ခံရသဖြင့် အနက်ရောင်ပိုးသားဧကရာဇ် ဗလာနယ်အက်ကွဲကြောင်းထဲတွင် ပိတ်မိသွားပြီး လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုကြောင့် ပတ်ဝန်းကျင်ဗလာနယ်က ပျက်ဆီးသွားလေရာ အနက်ရောင်ပိုးသားဧကရာဇ်၏ ခန္ဓာကိုယ်တစ်ဝက်က အက်ကွဲကြောင်းထဲတွင်ရှိနေပြီး ကျန်တစ်ဝက်က ပုံပျက်သွားသည့် ဗလာနယ်ထဲတွင် ရှိနေသည်။

နေရာနှစ်ခု၏ ကွဲလွဲနေသော စွမ်းအားကြောင့် သူကဲ့သို့ အစစ်အမှန်နတ်ဘုရားတစ်ပါးသည်ပင် ခံနိုင်ရည် မရှိခဲ့ပေ။

ရန်ကျောက်ကဲက အက်ကွဲကြောင်းကြားထဲတွင် ပိတ်မိနေသည့် အနက်ရောင်ပိုးသားဧကရာဇ်ကို တိုက်ခိုက်ခြင်းပြုဘဲ အက်ကွဲကြောင်းဝင်ပေါက်အား ဖျက်ဆီးပစ်လိုက်သည်။

နောက်ဆက်တွဲရလဒ်က အလွန်ကြောက်စရာကောင်းပြီး ဗလာနယ် နယ်နိမိတ်ပုံပျက်ခြင်းကြောင့် အနက်ရောင်ပိုးသားဧကရာဇ်မှာ ခန္ဓာကိုယ် နှစ်ခြမ်းကွဲသွားသည့်ပမာ ခံစားလိုက်ရသည်။

မြင်ကွင်းကိုကြည့်ရင်း ရွမ့်မင်ယန်က မျက်ခုံးတစ်ချက်ပင့်လိုက်၏။

သူမ၏မျက်နှာက ရက်စက်ကြမ်းတမ်းမှုများဖြင့် ပြည့်နက်နေသည်။

သူမက စွမ်းအားများပေါက်ကွဲထွက်စေကာ သူမကို ထိန်းချုပ်ထားသော ရန်ကျောက်ကဲ၏ လက်သီးသိုင်းဝိညာဉ်ကို ဖယ်ရှားပြီး သဏ္ဌန်မဲ့အကျဉ်းခန်းကို ချိုးဖျက်လိုက်သည်။

သူမက မရဏမိုးကြိုးလှံရှည်ကိုအသုံးပြုပြီး ပိတ်ဆို့ထားမှုကို ချိုးဖျက်ရန် ကြိုးစားလိုက်စဉ် ရုတ်တရက် သူမ၏မျက်လုံးရှေ့မှမြင်ကွင်းက မည်းမှောင်သွားသည်။

ရန်ကျောက်ကဲ ချက်ချင်းပင် သူမရှေ့သို့ရောက်ရှိလာပြီး လက်သီးတစ်ချက် ထပ်မံထိုးနှက်လိုက်ခြင်းပင် ဖြစ်၏။

ထို့နောက် မှိန်ဖျော့သောအလင်းရောင်ထဲတွင် အမတခုံရုံးမှ “သစ်ခြောက်နက်ရှိုင်းသိုင်းပညာ” ကျင့်ကြံထားသည့် အုပ်စိုးရင်၏ပုံရိပ် ထွက်ပေါ်လာသည်။

ငွေဖြူရောင်တောက်ပနေသော မိုးကြိုးစွမ်းအားအောက်တွင် သူ၏ စိတ်ပျက်လက်ပျက်ဖြစ်နေသော မျက်နှာက ဖြူဖျော့လျှက် ရှိသည်။

ရန်ကျောက်ကဲ၏ အချိန်ကိုထိန်းချုပ်နိုင်စွမ်းက အထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေပေပြီ။

ရွမ့်မင်ယန်မှာ ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လင့်ကစား သူမ၏ တိုက်ခိုက်မှုကို အချိန်မီ မရုတ်သိမ်းနိုင်ခဲ့ပေ။

သူမ၏ မရဏမိုးကြိုးလှံရှည်က သူမ၏အပေါင်းပါ ခန္ဓာကိုယ်အား ထိုးဖောက်ဝင်ရောက်သွားကာ ဗလာနယ်ထဲတွင် ချိတ်ဆွဲလျှက် ရှိပေတော့၏။

All Chapters