← Chapters

သူဌေး... ဒါဘဲတွေလား? ၃

Vol. 18 Ch. 262

သူဌေး... ဒါဘဲတွေလား? ၃

Vol. 18 Ch. 262

တခဏချင်း ဘဲနှင့်ခွေးအော်သံများရောထွေးသွားပြီး စတင်ခုန်ပေါက်ကြတော့သည်။

ဝမ်ချိုင်မှာ အမဲလိုက်ခွေးနက်မျိုးဖြစ်ပြီး အလွန်လျင်မြန်သည်။ နောက်ပြီး ဂိမ်းထဲဝင်ကာ ပန်းကန်ပြားဖမ်းနည်းလေ့ကျင့်ပြီးမှ သူ့အရည်အချင်းကပိုတက်လာ၏။ သာမန်အမဲလိုက်ခွေးများ သူ့ကိုမယှဉ်နိုင်။

သို့သော် ဒီအရည်အသွေး ၂ ဘဲကို ခေါက်တုံ့ခေါက်ပြန်လိုက်ပြီး လုံးဝဖမ်းမမိချေ။

ရန်သုံ့က တဖန်ရှေ့ပြန်တိုးလာပြီး တခြားမွေးမြူရေးသမား ၄ ယောက်နှင့်အတူ မိုးကာကိုလုံးလုံးလှန်ပစ်လိုက်သည်။

အထဲကဘဲများမှာ လုံးဝမွန်းကြပ်ချင်စရာ။ ထိုအချိန်တွင် အတားအဆီးမရှိတော့သဖြင့် တောင်ပံခတ်ပြီး ကားအပြင်ခုန်ထွက်လာကြသည်။ တခဏတော့ တောင်ပံတဖျတ်ဖျတ်ခတ်သံများညံသွား၏။

ဝမ်ချိုင်က အရည်အသွေး ၂ ဘဲကိုဖမ်းမမိ၍ ဘဲအသစ်များထပ်တွေ့သောအခါ ပြန်လှည့်လာပြီး ထိုဘဲများကိုလိုက်ခုန်အုပ်သည်။

ထိုခဏတွင် ဘဲများလန့်ဖျပ်ပြီး အော်ကြ၏။

ဝမ်ချိုင်က သူ့စိတ်လှုပ်ရှားမှုကိုဖော်ပြနေသလိုလိုအူလိုက်ပြီး ဘဲဖြူကြီးတစ်ကောင်ပြီးတစ်ကောင် လိုက်ခုန်အုပ်နေသည်။

အဓိကအချက်မှာ သူကအလွန်ခွဲခြားသိမြင်နိုင်စွမ်းရှိသည်။ အရည်အသွေး ၂ ဘဲကြီးသုံးကောင်ကိုသာ သေချာလိုက်ကြည့်ပြီး တခြားအကောင်သေးများကိုလိုက်ဖို့စိတ်မဝင်စားသလိုပင်။

''ဝမ်ချိုင်... ပြန်လာစမ်း'' လင်းဖန်က ဝမ်ချိုင်ဘဲများကိုကိုက်ပစ်မည်စိုးသဖြင့် အလျင်စလိုလှမ်းခေါ်လိုက်သည်။ သို့သော် သူမအော်ရုံမျှရှိသေး ဝမ်ချိုင်နာကျင်၍အော်ဟစ်နေသံကြားလိုက်ရ၏။

ထို့နောက်ချက်ချင်းပင် ဝမ်ချိုင်ကိုဘဲကြီးသုံးကောင်ကလိုက်နေသည်ကို လင်းဖန်မှာမယုံနိုင်အောင်တွေ့လိုက်ရလေသည်။ နောက်ကလိုက်နေသောတခြားဘဲများလည်းရှိသည်။





ဘယ်လို…

ကြီးကောင်ကြီးမားခွေးကို တကယ်အလိုက်ခံနေရတာ သနားစရာအခြေအနေပင်။ နောက်ထပ်ဘဲနှင့်ခွေးအော်သံများရောထွေးသွားပြန်သည်။

ဘဲဆိုသည်က အလွန်သိမ်မွေ့သောသတ္တဝါ။ များသောအားဖြင့် ရန်မလိုတတ်။ ငန်းများနှင့်မတူ။ ငန်းက သူတို့ကိုစစမစစ လိုက်ထိုးချင်သည်။ သူတို့ကကမူးရှူးထိုးလျှောက်သွားသူများနှင့်တူ၏။

သို့သော် ဘဲများကသိမ်မွေ့သည်ဆိုသော်လည်း ရန်မလိုတတ်ခြင်းတော့မဟုတ်။ သူတို့အန္တရာယ်ကျရောက်လျှင် တချို့ဘဲများက သူတို့ကိုယ်သူတို့ကာကွယ်ရန်တုံ့ပြန်ကြလိမ့်မည်။ ထိုအချိန်တွင် အလွန်ရန်လိုတတ်ကြ၏။

နောက်ပြီး ဘဲထိုးလျှင်နာသည်။

ထိုစမ်းသပ်မှုကို ပျင်းနေသောဘွဲ့ရကျောင်းသားများလုပ်ခဲ့ခြင်းဖြစ်သည်။ သူတို့က ဘဲနှင့်ငန်းငါးကောင်အုပ်စုကို နေရာကျဉ်းကျဉ်းတွင်သော့ခတ်ထားလိုက်၏။ ငန်းများက လက်ဦးမှုယူပြီး ဘဲများကိုစတိုက်သည်။ နောက်ဆုံး ဘဲများကဖိအားပေးခံရသဖြင့်လက်တုံ့ပြန်ကာ ငန်းများကိုတိုက်ခိုက်တော့သည်။

သို့ရာတွင် ဘဲနှစ်ကောင်အုပ်စုက ငန်းများကိုလုံးဝလန့်သွားစေ၏။

ဘဲများမှာ ရိုးသားသူများနှင့်တူသည်။ သူတို့ကပုံမှန်အားဖြင့် အလွန်သိမ်မွေ့ပြီး အန္တရာယ်မပေးတတ်သော်လည်း လူရိုးတစ်ယောက်ကိုအရမ်းဖိအားပေးမိလျှင် သင်အလွန်ဆိုးဆိုးဝါးဝါးအဆုံးသတ်ရဖွယ်ရှိသည်။

အခုဝမ်ချိုင်မှာ သိမ်မွေ့သောဘဲဖြူကြီးသုံးကောင်ကိုဒေါသထွက်စေခဲ့၏။ သူတို့က သူတို့နောက်မှတက်ကြွသောဘဲအုပ်ကြီးနှင့်အတူ မရပ်မနားလိုက်နေသည်။

ခွေးမှာ စောစောကထောင်လွှားထောင်လွှားလုပ်ခဲ့ပြီး အခုတော့ကြောက်လွန်း၍ မရပ်ရဲတော့ချေ။

“ဝု!”

ဝမ်ချိုင်က ချင်လင်ဆီပြေးလာပြီး သူ့သခင်ကိုအကူအညီတောင်းသလိုလိုအူလိုက်သည်။

သို့သော် ဘဲများက လူသတ်ချင်စိတ်ပေါက်နေသောလူရိုးများကဲ့သို့ ကျွက်ကျွက်ညံအောင်လိုက်နေ၏။ သူတို့၏ရန်လိုနေသောပုံစံကြောင့် ရန်သုံ့နှင့်မွေးမြူရေးသမား ၄ ယောက်မှာ ရှေ့မတိုးရဲ။

ဘဲသုံးကောင်၏အရွယ်အစားနှင့်အတိုက်အခိုက်အင်အားက အကြမ်းတမ်းဆုံးငန်းကိုချက်ချင်းသတ်ပစ်နိုင်လောက်သည်။

ဝမ်ချိုင်က ချင်လင်ကိုလှည့်ပတ်ပြေးနေပြီး ဘဲသုံးကောင်ကလိုက်နေ၏။

သူ့သခင်က ကူမည့်ပုံမပေါ်လျှင် ခွေးကအူပြီး စံအိမ်ထဲသာပြေးသွားတော့သည်။ အလွတ်ပြေးရာတွင် သူကဆရာကျ၏။

ခွေးပြေးသွားလျှင် ဘဲများကမလိုက်တော့ဘဲရပ်သွားသည်။ တခဏတော့ ဟိုလျှောက်ဒီလျှောက်နှင့် မရင်းနှီးသေးသောပတ်ဝန်းကျင်ကိုစူးစမ်းနေကြ၏။

''ဘဲတွေကို ဘဲခြံသွင်းရအောင်'' ရန်သုံ့က မွေးမြူရေးသမား ၄ ယောက်ကိုပြောလိုက်သည်။

ဘဲမွေးဖို့ကလည်း အလွန်အရေးကြီးသည်။ ဘဲတွေဘဲခြံပြန်လာပြီး စားဖို့ ဒါမှမဟုတ် ဥဥဖို့နှင့်သက်ဆိုင်နေ၏။





သူတို့လေးယောက်က ဘဲခြံထဲဝင်ပြီး အစာအိတ်သေးတစ်အိတ်ယူလိုက်သည်။ အရင်ကကျောက်မိုချင်းမှာထားသည်။ အိတ်အများကြီးရှိပြီး လောလောလတ်လတ်ဒီဘဲတွေစားဖို့ အလုံအလောက်ရှိသည်တဲ့။

သူတို့လေးယောက်က ဘဲများရှေ့ရောက်သောအခါ အစာများပက်ကျွေးလိုက်၏။ ဘဲများကအစာမြင်လျှင် စားရန်ဟပ်ထိုးပြေးလာသည်။

ဒီလိုနှင့် သူတို့လေးယောက်က နောက်ပြန်ဆုတ်လာပြီး အစာကိုအသုံးချကာ ဘဲများဘဲခြံထဲဝင်လာရန်မျှားခေါ်၍ ဘဲခြံတချို့ထဲပိတ်ထားလိုက်သည်။

ချင်လင်ကဘေးမှကြည့်နေ၏။ သူတို့အားလုံးပြီးသောအခါ သူကမှာလိုက်သည်_ ''ခင်ဗျားတို့နဲ့ထားခဲ့တော့မယ်... ဘဲပေါက်တစ်အုပ်စုလည်းရှိသေးတယ်... ကျွန်တော်သွားသယ်လိုက်ဦးမယ်''

''သူဌေး မပူပါနဲ့... ကျွန်တော်တို့တာဝန်ထားလိုက်ပါ'' ရန်သုံ့ကပြုံးလိုက်သည်။ အခုစံအိမ်ကအလုပ်ကို သူအရမ်းအားတက်သရောရှိနေပြီ။ သူ့သူဌေးက သူ့ကိုဘဲခြံစီမံခွင့်ပေးခြင်းကြောင့်မဟုတ်။ သူသဘောကျသောမိန်းကလေးရှိခြင်းကြောင့်ဖြစ်လေသည်။

သူမနေ့ညကပတ်မေးပြီး သူမနာမည်ကျန်းကွေ့ကျူမှန်းသိလိုက်ရ၏။ သူမက စံအိမ်တွင် အိမ်မွေးတိရစ္ဆာန်ထိန်းကျောင်းပေးသူဖြစ်သည်တဲ့။ အခုသူမနဲ့ခေါင်းစဉ်အတူတူဖြစ်သွားပြီ ဟုတ်တယ်မလား?

ချင်လင်ကကားမောင်းထွက်ပြီး ဂိုဒေါင်ဆီဦးတည်လာလိုက်သည်။ ကားပါကင်ထိုးပြီးနောက် သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်အား အိမ်နီးချင်းမွေးမြူရေးခြံတစ်ခုမှ ဘဲပေါက်များဝယ်ခိုင်းလိုက်၏။

ဘဲပေါက်အကောင် ၃၀၀ လုံးဝယ်ပြီးနောက် သူစုထားသောဂိမ်းရွှေပြားများကုန်လုနီးနီးဖြစ်သွားသည်။

ဂိမ်းထဲဝင်ပြီးလျှင် ဘဲပေါက်အကောင် ၃၀၀ ကို အချိန်ယူပြီး ဂိမ်းအပြင်ထုတ်လိုက်၏။

ဘဲပေါက်အကောင် ၃၀၀ ကို ရေလှောင်တမံဘဲခြံဆီယူလာသောအခါ ပါမောက္ခရန်နှင့်လီခိုင်ရောက်နေမှန်းတွေ့လိုက်ရသည်။ သူတို့က ဘဲခြံထဲမှဘဲများကို သွေးထုတ်နေကြသည်။

လီခိုင်က ချင်လင်ပြန်လာသည်ကိုမြင်လျှင် ပြုံးပြီး_ ''ညီလေးချင်... ပါမောက္ခရန်နဲ့ငါ ဒီနေ့ဘာမှမလုပ်ဘူးနော်... ငါတို့မင်းကိုကူပြီး ဒီဘဲတွေမှာ အပေါ်ယံပြဿနာတွေ ဒါမှမဟုတ် အန္တရာယ်ရှိနိုင်တဲ့ပစ္စည်းတွေရှိမရှိ စစ်ဆေးပေးမလို့''

ပါမောက္ခရန်ကလည်း_ ''သူဌေးချင်... ဒီဘဲတွေမှာ စိတ်အခြေအနေအရတော့ပြဿနာမရှိဘူး... သူတို့သွေးကိုယူပြီး စမ်းသပ်ကြည့်ဖို့တော့လိုသေးတယ်''

''ကျေးဇူးတင်ပါတယ်'' ဒီဘဲတွေမှာပြဿနာမရှိမှန်း ချင်လင်သိသော်လည်း ဒီနှစ်ယောက်က စေတနာနှင့်လုပ်ပေးခြင်းဖြစ်၍ ကျေးဇူးတင်ထိုက်သည်။

ထိုအချိန်တွင် လီခိုင်ကခန့်မှန်းလိုက်သည်_ ''ညီလေးချင်... ငါထင်တာတော့ ဟိုလူမင်းကိုဒီဘဲတွေရောင်းလိုက်တာ သန္ဓေပြောင်းဗီဇတွေက မတည်မငြိမ်ဖြစ်နေလို့ပဲ''

''သန္ဓေပြောင်းတွေက အကြောင်းတိုက်ဆိုင်မှဖြစ်တာ... မျိုးရိုးဗီဇမတည်ငြိမ်ရင် မျိုးဆက်တွေဆုတ်ယုတ်လွယ်တယ်... ဒီပိုသေးတဲ့ဘဲတွေက ဟိုအကောင်ကြီးသုံးကောင်ရဲ့ဥတွေကနေပေါက်လာတာဖြစ်မယ်... မင်းမြင်တဲ့အတိုင်းပဲ... ပေါက်လာတဲ့ဘဲတွေက အဲလောက်မကြီးဘူး''

''ဟိုလူက အများကြီးမွေးထားတယ်လို့ သံသယတောင်ဝင်မိတယ်... သူတို့ကပိုက်ဆံအများကြီးသုံးခဲ့ပေမဲ့ ပြဿနာကိုမဖြေရှင်းနိုင်ဘူး... အဲဒါကြောင့် လက်လွှဲယူမယ့်သူရှာပြီး လက်စဖျောက်လိုက်တာပဲ''

ပါမောက္ခရန်ကခေါင်းညိမ့်လိုက်ပြီး_ ''ဖြစ်နိုင်တယ်... တကယ်လို့ သွေးစစ်ချက်မှာပြဿနာမရှိဘူးဆိုရင် သူဌေးချင်ဒီဘဲဥနဲ့ ဘဲပေါက်စမ်းမွေးပြီး ပြဿနာရှိမရှိကြည့်နိုင်တယ်... ရှိတယ်ဆိုရင် ငါ့မိတ်ဆွေဟောင်းကိုခေါ်ပြီး ချက်ချင်းကူညီဖြေရှင်းခိုင်းပေးမယ်''

သူတို့စကားကိုကြားပြီး ချင်လင်ကြောင်သွားသည်။

ဒီလိုဆင်ခြေပေးဖို့ အစကသူတွေးထားခဲ့တာမဟုတ်လား? သိပ္ပံပညာရှင်နှစ်ယောက်ဖြစ်တဲ့ ပါမောက္ခရန်နဲ့လီခိုင်က ဒီလိုတစ်ထပ်တည်းတွေးလိမ့်မည်ဟု သူမထင်ထားပေ။

ဒါတိုက်ဆိုင်တာမလား?

သူတကယ်ပဲ သိပ္ပံပညာရှင်နှစ်ယောက်လိုတွေးလိုက်တယ်ဆိုတော့ ဂုဏ်ယူသင့်လား?

သူသာခရီးသွားလုပ်ငန်းကိုမလေ့လာခဲ့ရင် သူလည်းသိပ္ပံပညာရှင်ဖြစ်လာနိုင်တယ်ပေါ့။





All Chapters