နောက်ထပ်ဧက ၅၀၀၀ စာချုပ်! ဂိမ်းမျိုးစေ့စိုက်ပျိုးအောင်မြင်သွားပြီ! ၂
Vol. 18 Ch. 264
ဒါဘယ်လောက်ခက်ခဲမှန်းသူသိသည်။
ဆောင်းရာသီအားလပ်ရက်အကြောင်းလာမေးသောကျောင်းသားကိုမြင်လျှင် သူ့ကိုယ်သူမြင်ယောင်မိသည်။
ယနေ့လူ့အဖွဲ့အစည်းတွင် ကလေးများအားလုံးမှာ အလိုလိုက်ခံရသည်။ သူတို့မိသားစုအခြေအနေသာနည်းနည်းကောင်းတယ်ဆိုရင် ဘယ်ကျောင်းသားက နွေရာသီအားလပ်ရက်မှာ အပြင်ထွက်ချင်ပါ့မလဲ?
ဘဝအတွေ့အကြုံရချင်သော လူနည်းနည်းလေးမှလွဲ၍ အများစုကအိမ်မှာအခြေအနေမကောင်းကြ။ ကွန်ပျူတာလိုပစ္စည်းကြီးကြီးမားမားလိုချင်သော်လည်း သူတို့မိသားစုကိုဝန်မပိစေလိုသူက နွေရာသီနှင့်ဆောင်းရာသီအားလပ်ရက်များတွင် ဝင်ငွေရရန်အလုပ်လုပ်ကြလိမ့်မည်။
အနည်းဆုံး သူတက္ကသိုလ်မှာအချိန်ပိုင်းလုပ်နေစဉ်အတွင်း သူနှင့်ကြုံခဲ့သော နွေရာသီ သို့မဟုတ် ဆောင်းရာသီအားလပ်ရက်တွင် အလုပ်လုပ်သူ ဘယ်သူကမှ ချမ်းသာသောမိသားစုမှမဟုတ်ချေ။
ချင်လင်နှင့်ကျောက်မိုချင်းက ခဏဆွေးနွေးလိုက်ပြီး ဆောင်းရာသီအားလပ်ရက်အလုပ်တချို့ဖွင့်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ တိုက်တိုက်ဆိုင်ဆိုင် အိမ်အပြန်ခရီးများစလာပြီဖြစ်သဖြင့် စံအိမ်မှာပိုတောင်အလုပ်ရှုပ်နေ၏။
လိုအပ်ချက်ကတော့ အသက် ၁၆ နှစ်ပြည့်ပြီးသူဖြစ်ရမည်။ သူကသဘောကောင်းတယ်ဆိုရင်တောင် သူ့ဒုက္ခသူရှာဖို့တော့မလို။


သူထင်မထားမိသည်က အကြီးအကဲချန်၏သမီးက အလစ်ဝင်လာမည်ဆိုတာပင်။
''ဥက္ကဌချင်... မွေးမြူရေးခြံဒီဇိုင်းအစီအစဉ်ကို ခင်ဗျားရဲ့တောင်းဆိုချက်အတိုင်း ထုတ်ထားပါပြီ'' စွန်းမင်က သူ့လက်ထဲမှစာဖိုင်ကို ချင်လင်ဆီပေးလိုက်ရင်း_ ''ဒါပေမဲ့ သတင်းဆိုးရှိပါတယ်... ခင်ဗျားတောင်းဆိုတဲ့အတိုင်း ပြေးလမ်းထည့်လိုက်တော့ ပြေးလမ်းရဲ့အရွယ်အစားကိုချုံ့မယ်ဆိုရင်တောင် မူလဧက ၅၀၀ နဲ့မလောက်ပါဘူး''
''အရွယ်အစားကိုချုံ့လို့မရဘူး... အဲလိုလုပ်ရင် အရမ်းကြပ်သိပ်ပြီး မခမ်းနားဘဲနေလိမ့်မယ်'' ချင်လင်ခေါင်းခါလိုက်သည်။ ပြေးလမ်းဆိုမှတော့ အနိမ့်ဆုံးလိုအပ်ချက်က မြင်းတွေပြေးနိုင်ရမည်။ အနည်းဆုံးမြင်းနှစ်ကောင်ပြေးပြီး ပြိုင်နိုင်ရမယ် ဟုတ်တယ်မလား? မဟုတ်ရင် ပြေးလမ်းလို့ခေါ်လို့မရဘူးလေ။
စွန်းမင်က မတတ်သာပုံနှင့်_ ''ဥက္ကဌချင်... စံအိမ်စာချုပ်ချုပ်ထားတဲ့မြေကိုချဲ့ဖို့ စီရင်စုဆီသွားပါလား... အခုစီရင်စုက ခင်ဗျားစံအိမ်ကို ရတနာလိုသဘောထားတာ... အဲဒါစာချုပ်ချုပ်ဖို့ သိပ်မခက်လောက်ဘူး''
“သိပြီ” ချင်လင်ခေါင်းညိမ့်လိုက်သည်။
အခုသူလုပ်နိုင်တာ ဒါပဲရှိသည်။
ရွက်လွင့်လုပ်ငန်းဆောက်ရန် မြစ်အတွက်စာချုပ်ချုပ်သည်အထိ စံအိမ်တဟုန်ထိုးတိုးတက်လာခြင်းကြောင့် မူလမြေဧက ၅၀၀ မှာ အနှေးနှင့်အမြန်မလုံလောက်တော့သည့်ပုံရှိလာသည်။
စွန်းမင်ကဆက်ပြီး_ ''ဥက္ကဌချင်... ဒီဇိုင်းပုံစံငယ်ကိုကြည့်လိုက်ပါဦး... ခင်ဗျားသဘောမကျတာရှိရင် ကျွန်တော်ပြန်ရောက်တဲ့အခါ ပြင်ခိုင်းလိုက်မယ်''
ချင်လင်က စာဖိုင်ဖွင့်ပြီး အထဲမှမွေးမြူရေးခြံပုံစံကိုကြည့်လိုက်သည်။
ပြေးလမ်းကြီးကြီးထပ်ထည့်ထားခြင်းကြောင့် မွေးမြူရေးခြံ၏အရွယ်အစားက အဆမတန်ကြီးသွားသည်။ ပုံစံငယ်အရ စံအိမ်မြေမှာ မွေးမြူရေးခြံတဝက်ဆောက်ရန်သာ ကျန်တော့၏။
ထိုအချက်မှလွဲပြီး ပုံစံငယ်တွင်ပြဿနာများများစားစားမရှိ။ တချို့ပြဿနာလေးများကိုလည်း စွန်းမင်အားပြောပြလိုက်သည်။ စွန်းမင်က ပြဿနာများကို မှတ်စုချရေးပြီးနောက်_ ''ဥက္ကဌချင်... ကျွန်တော်ပြန်ရောက်တဲ့အခါ ပုံစံငယ်ကိုပြန်ပြင်ခိုင်းလိုက်မယ်... နောက်ပြီး မွေးမြူရေးခြံကို နှစ်သစ်ရောက်ရင်ဆောက်မယ်... ဒါပေမဲ့ စိတ်မပူပါနဲ့... နှစ်သစ်ရောက်ရောက်ချင်း ကျွန်တော်သေချာပေါက်ဝင်မှာပါ''
''အင်း... ဒါဆို ဥက္ကဌစွန်းကို ဒုက္ခပေးရတော့မှာပဲ'' ချင်လင်က နားလည်ပုံနှင့်ခေါင်းညိမ့်လိုက်သည်။ နှစ်သစ်ရောက်ဖို့ အချိန်သိပ်မလိုတော့။ ဒီအချိန်မှာ ဒီလိုလုပ်ငန်းစဖို့ ဆောက်လုပ်ရေးကုမ္ပဏီအတွက်မဖြစ်နိုင်။ ဘာပဲဖြစ်ဖြစ် ရေပေါ်တံတားဆောက်တာလို ရိုးရှင်းတဲ့လုပ်ငန်းမှမဟုတ်ဘဲ။
စွန်းမင်က ချင်လင်ကိုကတိပေးပြီး စံအိမ်မှထွက်သွားသည်။
ချင်လင်က ချန်တပေကိုခေါ်ပြီး ရေလှောင်တမံအခြေအနေကို ပိုပြီးအာရုံစိုက်ခိုင်းထားလိုက်သည်။ သူလည်း စံအိမ်ပြန်လာပြီး သက်ဆိုင်ရာစာရွက်စာတမ်းနှင့်လုပ်နည်းများပြင်ဆင်ကာ စီရင်စုဆီထွက်လာခဲ့သည်။
ကားထဲရောက်သောအခါ အရင်ဆုံးချန်လီကိုဖုန်းခေါ်လိုက်၏။


လက်ရှိစံအိမ်ပတ်လည်မြေကိုစာချုပ်ချုပ်ရန် သူ့အတွက်အရမ်းလွယ်ကူသည်ဆိုသော်လည်း ချန်လီကိုမေးရင် အမြဲတမ်းပိုအဆင်ပြေတတ်သည်။
စီရင်စုရောက်လျှင် ကားရပ်လိုက်သောအခါ ချန်လီ၏အတွင်းရေးမှူးကျုံးလဲ့စောင့်နေသည်ကို တွေ့လိုက်ရ၏။
''ဥက္ကဌချင်... လက်ထောက်ချန်စောင့်နေပါတယ်'' ကျုံးလဲ့က ချင်လင်ကိုမြင်လျှင်ရှေ့တိုးလာသည်။
ချင်လင်ကအံ့သြသွားပုံနှင့်_ ''လက်ထောက်ချန်? အကြီးအကဲချန်ရာထူးတိုးသွားပြီလား?''
ကျုံးလဲ့ကပြုံးပြီး ရှင်းပြလိုက်သည်_ ''ဟုတ်တယ်... ရုံချန်းစီရင်စုရဲ့ 'ပြည်တွင်းခရီးသွားလုပ်ငန်း+' က ဒီနှစ်တွေအတွင်း အကျိုးရှိခဲ့တယ်... လက်ထောက်ချန်က အခုယဉ်ကျေးမှုခရီးသွားလုပ်ငန်းရဲ့တာဝန်ခံ စီရင်စုလက်ထောက်ပါ''
ချန်လီရာထူးတိုးသွားပြီဖြစ်၍ သူ့ရုံးခန်းလည်းအပေါ်ထပ်ရွှေ့သွားသည်။
''သူဌေးချင်... မင်းကိုစောင့်နေတာ... လက်ဖက်ရည်အဆင်သင့်ပဲ'' ချန်လီက ခါတိုင်းလိုပင် တက်ကြွနေမြဲ။ သူကချင်လင်ကို သူ့စားပွဲခေါ်ပြီး လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်၏။
ချန်လီက လက်ဖက်ရည်စားပွဲမှာ လက်ဖက်ရည်မဖျော်။ သူ့စားပွဲမှာသာ ကရားအိုးနှင့် တစ်ခွက်ဖျော်လိုက်သည်။ တောင်သူများကို လက်ဖက်စိုက်ပျိုးစေပြီး ချမ်းသာလာသော ပြည်သူ့အရာရှိတစ်ဦးရှိခဲ့ဖူးသည်။ သူ့ရုံးခန်းထဲတွင် သူ့အလုပ်အတွက် လက်ဖက်ရည်ဖျော်ရန် လက်ဖက်ရည်စားပွဲထားထား၏။ နောက်တော့ အလုပ်ချိန်အတွင်း လက်ဖက်ရည်လုပ်သည်ဟု သတင်းထောက်တစ်ယောက်၏တင်ပြခြင်းကိုခံလိုက်ရလေသည်။
နောက်ဆုံးပြည်သူ့အရာရှိမှာအဆင်ပြေသွားသည်ဆိုသော်လည်း ရုံးထဲကလူတိုင်း ရုံးခန်းထဲလက်ဖက်ရည်ဖျော်ဖို့ လန့်သွားကြ၏။
''ဂုဏ်ယူပါတယ် လက်ထောက်ချန်!'' ချင်လင်ကပြုံးပြီး လက်ဖက်ရည်ခွက်ကိုယူလိုက်သည်။
ချန်လီကပြုံးလိုက်ကာ_ ''သူဌေးချင်... ဒီလိုမလုပ်ပါနဲ့... ဒီတစ်ခေါက် ဧကဘယ်လောက်များစာချုပ်ချုပ်ဖို့စီစဉ်ထားလဲ? ငါ့ကိုအချက်အလက်ပေးပြီးရင် ကျုံးလဲ့ကို မြေစာရင်းဌာနဆီ ဆန်းစစ်ဖို့ပို့ခိုင်းလိုက်မယ်''
''ကျေးဇူးတင်ပါတယ် လက်ထောက်ချန်'' ချင်လင်ကခေါင်းညိမ့်ပြီး သူ့လက်ထဲမှစာချုပ်အချက်အလက်ကို လှမ်းပေးလိုက်သည်။
ချန်လီက ချင်လင်၏အချက်အလက်ကိုယူပြီး ကြည့်လိုက်၏။ သူကအံ့သြသံနှင့်_ ''ဧက ၅၀၀၀... ကြည့်ရတာ သူဌေးချင်မှာ အစီအစဉ်ကြီးကြီးရှိပုံပဲ''
''အစီအစဉ်တချို့ရှိပါတယ်'' ချင်လင်ခေါင်းညိမ့်လိုက်သည်။ ဧက ၅၀၀၀ က စံအိမ်အရွယ်အစားပင်။
မွေးမြူရေးခြံဆောက်ဖို့ ဒီလောက်မြေနေရာကြီးကြီးတော့မသုံး။ သူက နောင်အတွက်ပြင်ဆင်ထားခြင်းသာဖြစ်သည်။ မွေးမြူရေးခြံဆောက်လုပ်ရေး ဒါမှမဟုတ် နောင်မှာအစီအစဉ်သစ်တွေရှိလာရင် သေချာပေါက်မြေလိုဦးမည်။
နောက်ပြီး အရည်အသွေး ၂ ဖရဲသီးမျိုးစေ့ကိုအောက်အောင်မြင်မြင်ပျိုးထောင်နိုင်ခဲ့ရင် စိုက်ပျိုးဖို့လိုဦးမည်။ တစ်ခါတည်းများများချုပ်ထားတာပိုကောင်းသည်။
ချန်လီကပြုံးပြီး_ ''သူဌေးချင်... တကယ်တော့ စီရင်စုက ခင်ဗျားစာချုပ်ထပ်တိုးမှာကိုစောင့်နေတာ... ချင်းလင်စံအိမ်နာမည်ကျော်လာတော့ အတော်များများက ချင်းလင်စံအိမ်ပတ်လည်ကမြေကိုစောင့်ကြည့်ပြီး စာချုပ်ချုပ်ချင်နေကြတာ''
''ဒါပေမဲ့ စီရင်စုကပိတ်ထားတယ်... သူတို့ကဘယ်လိုလူတွေဆိုတာ စွန်းရှန်သိတယ်... သေချာပေါက်ရှုပ်မယ့်သူတွေ... သူဌေးချင်... မြေတစ်ခုလုံးကိုစာချုပ်ချုပ်ထားတာ ပိုပြီးစိတ်အေးရတယ်''
အဓိပ္ပါယ်မရှိတာမဟုတ်။ အမှန်ပင် ချင်းလင်စံအိမ်ပတ်လည်မြေကို စောင့်ကြည့်နေသူအများကြီးရှိလေသည်။