← Chapters

ဒီလစာမြင့်လွန်းတယ်! 'ဂီတပွဲအခမ်းအနား'စာလိပ်!

Vol. 18 Ch. 266

ဒီလစာမြင့်လွန်းတယ်! 'ဂီတပွဲအခမ်းအနား'စာလိပ်!

Vol. 18 Ch. 266

နောက်တစ်ရက်ကုန်လွန်သွားသည်။

ချင်လင်က မနက်စောစောရေချိုးခန်းထဲမှထွက်လာရာ ကျောက်မိုချင်းမှာ အလှပြင်မှန်ရှေ့ထိုင်ပြီး သူမမျက်နှာကိုကြည့်ရင်းသဘောကျနေသည်ကိုတွေ့ရသည်။

ဒီရက်ပိုင်း သူမ၏လှပသောမျက်နှာလေးက ပိုနူးညံ့ကာ အသားပိုဝင်းလာသည်။

ဤသည်မှာ အရည်အသွေး ၂ ဘဲဥကိုနေ့တိုင်းစားခြင်း၏အကျိုးဖြစ်သည်။

စားတာကြာလေလေ အာနိသင်ပိုကောင်းလေလေပင်။

အမျိုးသမီးများက အမြဲတမ်းသူတို့မျက်နှာကိုဂရုအစိုက်ဆုံးဖြစ်သည်။

ဒီမြင်သာသောအာနိသင်ကြောင့် ကျောက်မိုချင်းပျော်ရွှင်နေသည်။ ချင်လင်ထွက်လာသည်ကိုမြင်လျှင် မနေနိုင်ဘဲမတ်တပ်ထရပ်ကာ သူ့လည်ပင်းကိုသိုင်းဖက်လိုက်ပြီး_ ''ယောက်ျား... ကျွန်မမျက်နှာ ပိုဝင်းလာတယ်ထင်လား?''

အမျိုးသမီးများ၏ဒီလိုမေးခွန်းမျိုးအတွက် စံအဖြေကလုံးဝရှိပြီးသား။

အမျိုးသားတစ်ယောက်ရဲ့ EQ ကိုစမ်းသပ်ချိန်လည်းဖြစ်သည်။





ချင်လင်ကပြုံးကာ ကျောက်မိုချင်းခါးကိုဖက်လိုက်ပြီး_ ''ကြည့်ရအောင်... အာ.. တကယ်ပိုဝင်းလာတာပဲ... ကိုယ့်ဇနီးက ပိုတောင်လှလာတယ်''

သူမအသားဝင်းမလာခဲ့ရင်တောင် သူဒီလိုပဲဖြေရမည်။ နောက်ပြီး ကျောက်မိုချင်းမျက်နှာလှလှလေးက အမှန်တကယ်ဝင်းလာသည်။

''ဟုတ်တယ်နော်?'' ကျောက်မိုချင်းက ကျေနပ်သွားပုံနှင့်ပြုံးလိုက်၏။

ချင်လင်ကပြုံးပြီး_ ''နောက်ကျရင် ဘဲကြီးသုံးကောင်ကဥတဲ့ဥကို မင်းအတွက်ချန်ထားခိုင်းမယ်''

''ရှင်ကမှသိတတ်သေးတယ်'' ကျောက်မိုချင်းက ကျေနပ်အားရစွာပြောလိုက်သည်။

လွန်ခဲ့သောရက်များတွင် ဘဲဥကြီးနေ့တိုင်းစားပြီး ထိုဘဲဥ၏အာနိသင်ကို လက်တွေ့ခံစားရသည်။

ချင်လင်က စစနောက်နောက်ပုံစံနှင့်_ ''ကိုယ်တို့ရဲ့ညပိုင်းလှုပ်ရှားမှုအတွက်လည်း အကျိုးရှိတယ်''

''ရှင်ဘာလို့ အငွေ့အသက်ဖျက်ဆီးရတာကို ဒီလောက်သဘောကျတာလဲ?'' ကျောက်မိုချင်းရှက်သွားသည်။ သူမကလက်လှမ်းကာ သူ့ခါးကိုထိလိုက်ပြီးမှ_ ''ဒါနဲ့ ဒီနေ့ကလစာထုတ်ရက်... မနေ့ကကျွန်မတို့လစာတွက်တာ နည်းနည်းနောက်ကျသွားတယ်... ရှင်စံအိမ်ရောက်ရင် လစာစာရင်းကိုအရင်လက်မှတ်ထိုးပြီး ဘဏ်ကိုပို့ဖို့မမေ့နဲ့... လစာထုတ်နောက်မကျစေနဲ့''

''အင်း... ကိုယ်နောက်မကျနိုင်ပါဘူး'' ချင်လင်ပြုံးလိုက်သည်။

ဒီကိစ္စကို ဌာနခွဲဥက္ကဌလင်းရှစ်ဝေ (အခန်း ၁၀၅) ဆီဖုန်းဆက်လိုက်တာနဲ့ နာရီဝက်အတွင်းဖြေရှင်းပြီးသားဖြစ်နိုင်၏။

စံအိမ်လစာကို မူလက ၁၅ ရက်မှာပေးခဲ့သည်။ နောက်ပိုင်းတွင် ဘဏ်နှင့်အစားထိုးလစာပေးဖို့လက်မှတ်ထိုးခဲ့၏။ အစားအသောက်ကုမ္ပဏီချဲ့သောအခါ အချိန်တိုအတွင်း လူအများကြီးခန့်ရသောကြောင့် ဝန်ထမ်းများအချက်အလက်ဖြည့်ပြီး ရက်ပိုင်းလောက်ကြာသွားသည်။ ထို့ကြောင့် ဒီလလစာထုတ်ရက်မှာ ၂၂ ရက်သို့ပြောင်းသွား၏။

သူတို့နှစ်ယောက်က မနက်စာစားဖို့ထွက်လာကြသည်။ လင်းဖန်မှာ ဒီမနက်အလွန်တက်တက်ကြွကြွရှိနေ၏။ သူမက သူတို့နှစ်ဦးကိုကြည့်ပြီး တစ်ခုခုပြောချင်သော်လည်း ချီတုံချတုံဖြစ်နေသည်။

ကျောက်မိုချင်းက လင်းဖန်မူမမှန်ပုံကိုမြင်ပြီး ချက်ချင်းမေးလိုက်၏_ ''အမေ... ဘာဖြစ်နေတာလဲ?''

လင်းဖန်မှာ စိတ်လောနေသည်ကိုမဖုံးကွယ်နိုင်တော့ဘဲ မေးလိုက်သည်_ ''မိုချင်း... အမေဒီလ လစာဘယ်လောက်ရလဲ?''

သူမက ချင်းလင်စံအိမ်မှာ လစာရသည်။ ဘာပဲဖြစ်ဖြစ် သူမကလည်းအဝယ်စာရင်းသွင်းရသူလေ။ သူမအလုပ်က အရမ်းလွယ်ကူပြီး အချိန်တိုင်းလိုလိုဝမ်ချိုင်နဲ့လျှောက်သွားနေတယ်ဆိုရင်တောင်မှပေါ့။

သူ့သားနှင့်ချွေးမက သုံးစရာငွေမပေးခြင်းကြောင့်မဟုတ်။

သို့သော်လည်း သူ့သားနှင့်ချွေးမက သားသမီးတာဝန်ကျေပွန်ပြီးပေးသောငွေနှင့် သူမကိုယ်ပိုင်ရသောဝင်ငွေက ကွာသေးသည်။

လစာက သူမရဲ့လုပ်အားခ။ သူမအသုံးဝင်သေးတယ်ဆိုတဲ့သဘော။





သူမခင်ပွန်းကွယ်လွန်သွားပြီးနောက် သူမကျန်းမာရေးကချို့တဲ့သဖြင့် သူ့သားအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့သည်။ သူ့သားက ပိုက်ဆံအများကြီးရှာနိုင်တယ်ဆိုရင်တောင် သူမကအသုံးမဝင်တာမျိုးမဖြစ်ချင်။

ဒီနေ့က စံအိမ်လစာထုတ်ရက်။ သူ့ချွေးမက ဝန်ထမ်းတွေကိုဘယ်လောက်ပေးတယ်ဆိုတာ သိရမည်။

ကျောက်မိုချင်းနှင့်ချင်လင်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

အစပိုင်းသူတို့နှစ်ဦးက လင်းဖန်ကိုစံအိမ်သွားပြီး လည်ပတ်စေမည်၊ သူမကိုပိုသက်သာလာအောင်လုပ်မည်။ ကိစ္စများက သက်သောင့်သက်သာရှိသဖြင့် စံအိမ်မှာလမ်းလျှောက်ခိုင်းသလိုပင်။

သူမ၏အဝယ်စာရင်းသွင်းခြင်းကို တင်သွင်းသူအားရှင်းလိုက်တိုင်း စာရင်းကိုင်ကတဖန်ပြန်လည်တွက်ချက်သည်။ သူမစာရင်းမသွင်းရင်တောင် အဆင်ပြေ၏။

သို့သော် သူတို့နှစ်ယောက်က ဒီအကြောင်းလင်းဖန်ကိုမပြောပြပေ။ လစာအပါအဝင် အားလုံးကိုသရုပ်ဆောင်ထားသည်။

ကျောက်မိုချင်းက ပြုံးပြုံးနှင့်_ ''အမေ... အမေ့လစာရယ် ကော်မရှင်ခရယ် နှစ်ကုန်ဆုကြေးပေါင်းလိုက်ရင် ဒီလယွမ် ၅၀၀၀ ရတယ်''

နှစ်ကုန်ဆုကြေးကို နှစ်မကုန်ခင်အထိ ထုတ်ပြန်ခြင်းမရှိ။ ကုမ္ပဏီ၏အကျိုးအမြတ်နှင့် သူဌေး၏စေတနာအပေါ်ကြည့်လျှင် စံအိမ်နှင့်ချင်းလင်အစားအသောက်ကုမ္ပဏီမှာ အလွန်အမြတ်အစွန်းရှိသည်။ ထို့​ကြောင့် အရင်လက ဝန်ထမ်းများတာဝန်ချိန်အပြည့်ဆင်းခဲ့လျှင် နှစ်ကုန်ဆုကြေးရမည်။ ထို့အပြင် ဆုကြေးပမာဏကများသည်။

တစ်လစာအလုပ်မလုပ်တဲ့သူတောင် မရှိချေ။

''ဒီလောက်များလား?'' လင်းဖန်ကမနေနိုင်ဘဲ ဝမ်းသာအားရမေးလိုက်သည်။ သူမယောက်ျားနှင့်သစ်သီးဆိုင်ဖွင့်ခဲ့သည်မှလွဲ၍ ဒီလောက်လစာများများကို ပထမဆုံးရဖူးခြင်းပင်။ ထို့နောက် သူမကစိတ်ပူပုံနှင့်_ ''မိုချင်း... မင်းပေးတာမများလွန်းဘူးလား? အမေလုပ်တာ နည်းနည်းလေး... သူများတွေငြိုငြင်လိမ့်မယ်''

ရုံချန်းစီရင်စုလစာကို သူမကောင်းကောင်းသိသည်။ လူတိုင်းက ပုံမှန်ယွမ် ၄၀၀၀ လောက်ပဲရတယ်မလား?

သူမက တစ်နေ့နည်းနည်းလေးလုပ်ပြီး ယွမ် ၅၀၀၀ ရတာ။ ပိုက်ဆံရဖို့ ဘယ်ကဒီလောက်လွယ်မှာလဲ?

ကျောက်မိုချင်းက ချက်ချင်းသူမကိုနှစ်သိမ့်လိုက်သည်_ ''အမေ မပူပါနဲ့... လစာအပြည့်ဝန်ထမ်းတွေထဲမှာ အမေ့လစာက စံအိမ်မှာအောက်ဆုံးပဲ... တခြားလူတွေက ယွမ် ၆၀၀၀ ကျော်ရတာ... ဘယ်သူမှ ဘာမှကန့်ကွက်မှာမဟုတ်ဘူး''

ထိုစကားများကြောင့် လင်းဖန်အံ့သြသွားသည်_ ''တို့စံအိမ်လစာက ဒီလောက်မြင့်တာလား?''

ကျောက်မိုချင်းကဆက်ပြီး_ ''စံအိမ်လစာက မြင့်တယ်မဆိုနိုင်သေးဘူး... အစားအသောက်ကုမ္ပဏီမှာ နှစ်ကုန်ဆုကြေးရတဲ့ဝန်ထမ်းဟောင်းတွေရဲ့လစာက ပိုမြင့်တာ''

အစားအသောက်ကုမ္ပဏီထုတ်လုပ်ရေးလိုင်းမှာ အခြေခံလစာ+ပစ္စည်းလစာပေးနည်းဖြစ်သည်။

ပစ္စည်းအဝင် - အဆင့်သတ်မှတ်ခြင်း - သန့်ရှင်းခြင်း - ဖြတ်တောက်ခြင်း - သံပူပေးခြင်း - ပါဝင်ပစ္စည်းများပျော့ပျောင်းစေခြင်း - အပူပေးခြင်းနှင့်အာရုံစူးစိုက်မှု - ပုလင်းထဲထည့်ခြင်း - အဖုံးပိတ်ခြင်း - ပိုးသတ်ခြင်း။ လုပ်ငန်းစဉ်အမျိုးမျိုးအတွက် လုပ်အားခကိုသီးသန့်တွက်ချက်သည်။

ဤနည်းက လုံးဝလုပ်ရကျိုးနပ်၏။

အစပိုင်းတွင် အရင်လက ဝန်ထမ်းဟောင်းများ အချိန်ပြည့်အလုပ်ဆင်းကြသည်။ သူတို့က ထုတ်လုပ်ရေးလိုင်းတွင် တစ်နေ့ ၁၀ နာရီဆင်းကြ၏။ တချို့က အချိန်အကြာကြီး အချိန်ပိုဆင်းဖို့ရွေးချယ်သဖြင့် လစာကောင်းကောင်းရကြသည်။

ထိုဝန်ထမ်းဟောင်းများ၏လစာကိုမြင်လျှင် ကျောက်မိုချင်းမယုံနိုင်အောင်ဖြစ်သွား၏။ ဒါရုံချန်းစီရင်စုလိုနေရာငယ်လေးမှာရနိုင်တဲ့လစာမျိုးမဟုတ်။

သို့သော်လည်း စဉ်းစားကြည့်ပါက သူတို့၏ လျှို့ဝှက်ဆော့လုပ်နည်းပါဝင်ပစ္စည်းကုန်ကျစရိတ်မှာ ၅ ယွမ်သာရှိသည်။ စက်ရုံ၏အနိမ့်ဆုံးစျေးက ၁၁ ယွမ်ဖြစ်၏။ ဒီတော့ ဝန်ထမ်းတွေကိုခွဲပေးရတဲ့လစာက ဘာမှမဟုတ်ချေ။





All Chapters