← Chapters

ဒီလစာမြင့်လွန်းတယ်! 'ဂီတပွဲအခမ်းအနား'စာလိပ်! ၂

Vol. 18 Ch. 267

ဒီလစာမြင့်လွန်းတယ်! 'ဂီတပွဲအခမ်းအနား'စာလိပ်! ၂

Vol. 18 Ch. 267

ချင်လင်က ဂိုဒေါင်ဆီသွားလိုက်သည်။ ဂိမ်းထဲကပစ္စည်းများစံအိမ်ပို့ပြီးနောက် သူ့ရုံးခန်းထဲသွားကာ ကျောက်မိုချင်း၏လစာစာရင်းကိုကြည့်လိုက်သည်။

ဒီလဝန်ထမ်းများ၏လစာကိုမြင်သောအခါ သူလည်းအံ့သြသွား၏။

ရုံချန်းစီရင်စုထဲက တခြားကုမ္ပဏီများနှင့်ယှဉ်ကြည့်လျှင် သူတို့လစာက အများကြီးပိုမြင့်သည်။

ရုံချန်းစီရင်စုရဲ့စက်ရုံဝန်ထမ်းတစ်ယောက်က ၁၄၃၇၂ ယွမ်ရတယ်ဆိုတာ ဘယ်သူယုံနိုင်မှာလဲ?

ဒီဝန်ထမ်းက နှစ်ကုန်ဆုကြေးနှင့်ထူးချွန်ဝန်ထမ်းဆုရပြီး ဒီလောက်ဝင်ငွေမြင့်ခဲ့သည်ဆိုသော်လည်း ပျမ်းမျှလစာယွမ် ၄၀၀၀ သာရှိသောမြို့ငယ်လေးနှင့် အဆမတန်အောင်ရနေသည်။

တခြားဝန်ထမ်းဟောင်းတချို့လည်း အလုပ်ကြိုးစားပြီး အချိန်ပိုဆင်းခဲ့သည်။ နှစ်ကုန်ဆုကြေးနှင့်ပေါင်းလျှင် သူတို့ရသည်မှာ ယွမ် ၁၀၀၀၀ ကျော်၏။

ဒီလစာတွေကို သူပေးသင့်မပေးသင့် စဉ်းစားရမည်။ ဘာပဲဖြစ်ဖြစ် ကုမ္ပဏီအတော်များများက လုံးဝပေးလိမ့်မည်မဟုတ်။ အားလုံးကပိုက်ဆံတွေလေ။ ညစ်ပြီး အတော်များများကိုဖြတ်ချပစ်လည်းရသည်။

သို့သော် ၁၄၃၇၂ ယွမ်ရသောဝန်ထမ်းကိုကြည့်လိုက်သောအခါ ပျမ်းမျှ ၁၄ နာရီခန့် နေ့တိုင်းအချိန်ပိုဆင်းထားပြီး တစ်ရက်လေးတောင်မနားထားကြောင်းတွေ့ရသဖြင့် သူ့အကြံကိုလက်လျှော့လိုက်တော့သည်။





ဒီဝန်ထမ်းရဲ့မိသားစုက ဒုက္ခရောက်နေ၍ဖြစ်မည်။ မဟုတ်ရင် ဘယ်သူမှ ဒီလောက်ပြင်းပြင်းထန်ထန်လုပ်မှာမဟုတ်။

ထို့နောက် ချင်လင်က သူ့ကိုယ်သူယဲ့ယဲ့လေးပြုံးမိသည်။ သူ့မှာ ကောင်းကင်ဘုံကရွေးချယ်ထားသောကံကောင်းသူတစ်ဦးဖြစ်နေသော်လည်း သူ့ဝန်ထမ်းတွေကို လစာများများပေးသင့်မပေးသင့် တွေဝေနေသေးသည်။ သူအမြင်နည်းနည်းကျဉ်းသွား၏။

သူဝင်ငွေရတဲ့အချိန် လူတွေအများကြီးကိုလည်း ဝင်ငွေအများကြီးရအောင်လုပ်ပေးနိုင်သည်။ ဒါသူ့လုပ်နိုင်စွမ်းကို သက်သေပြခြင်းပင်။

ဒီအချက်ကြောင့် စီရင်စုထဲမှာ ကုမ္ပဏီအားလုံးအတွက် စံအဖြစ်သတ်မှတ်နိုင်သောကုမ္ပဏီတစ်ခုရှိသည်။

ဒီလိုကုမ္ပဏီမျိုးက အရင်းရှင်ကထိန်းချုပ်ပြီး အကျိူးအမြတ်ကိုအဓိကထားသော ကုမ္ပဏီမျိုးထက်စာလျှင် ပိုအန္တရာယ်ကင်းသည်။ အကျိုးအမြတ်ကိုအဓိကထားသောကုမ္ပဏီများမှာ ကုမ္ပဏီကြီးဆိုရင်တောင် အချိန်မရွေးဆွေးနွေးခံရမည့်အန္တရာယ်ရှိနေသည်။

အထက်လူများက မျက်ခြေမပြတ်စောင့်ကြည့်နေကြ၏။ မဟုတ်ရင် သူဌေးမာ ဒီလောက်လွယ်လွယ်နှင့်ပြိုလဲသွားမည်မဟုတ်ပေ။

ချင်လင်က အပြန်ပြန်အလှန်လှန်တွေးကြည့်ပြီး လစာစာရွက်ကို ပြုံးပြုံးနှင့်လက်မှတ်ထိုးလိုက်လေသည်။

သူ့မှာစနစ်ရှိပြီး နောင်မှာငွေဝင်စရာနေရာတွေအများကြီးရှိသည်။ ပိုက်ဆံတစ်ခုတည်းကိုပဲ အာရုံစိုက်စရာမလို။ ဝင်ငွေပိုများတဲ့ဝန်ထမ်းတွေပိုရအောင် ဘာလို့ဦးမဆောင်ရမှာလဲ?

သူကလက်မှတ်ထိုးထားသော လစာစာရွက်ကို သူ့ကွန်ပျူတာနှင့်စကင်န်ဖတ်ပြီး ဘဏ်ပို့လိုက်၏။ ထို့နောက် ​လင်းရှစ်ဝေကိုဖုန်းခေါ်လိုက်သည်။

ရုံချန်းစီရင်စုစီးပွားရေးဌာနခွဲအတွင်း၌_

လင်းရှစ်ဝေက သူ့ရုံးရောက်နေတာကြာပြီ။ သူလည်း နှစ်ကုန်အတွက်အလုပ်ရှုပ်နေ၏။ ဒီရက်တွေက ဌာနချုပ်ကိုတင်ပြရမည့်နောက်ဆုံးအချိန်လည်းဖြစ်သည်။

သို့သော် ဒီနှစ်သူသက်ပြင်းချနိုင်ပြီ။ သူလုပ်ဆောင်ရမည့်တာဝန်ထက်ကျော်လွန်နေပြီဖြစ်၏။ ဤသည်မှာ စက်မှုဇုန်ရှိချင်းလင်အစားအသောက်ကုမ္ပဏီနှင့် ချင်းလင်စံအိမ်လုပ်ငန်းအား ချန်ထားရမည့်အခွင့်အရေးကို အရင်အမိအရယူနိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ရမည်။

မဟုတ်ရင် နှစ်ကုန်မှာ ဒီလုပ်ငန်းတွေကို ဌာနခွဲဥက္ကဌများနှင့်အတူသွားနေရဦးမည်။

သူ့ဖုန်းမြည်လာသည်။

လင်းရှစ်ဝေက နံပါတ်ကိုကြည့်ပြီး အပြုံးနှင့်ချက်ချင်းကောက်ကိုင်လိုက်ကာ_ ''ဥက္ကဌချင်... ဘာများဆောင်ရွက်ပေးရမလဲ?''

ချင်လင်၏အသံကိုလည်း ကြားရသည်_ ''ဥက္ကဌလင်း... ကျွန်တော်တို့လစာစာရင်းကိုပို့လိုက်မယ်... လုပ်ပေးပါဦး''

''မပူပါနဲ့ ဥက္ကဌချင်... ခင်ဗျားအတွက်ချက်ချင်းစီစဉ်ပေးမယ်... အချိန်ရရင် လာပြီးလက်ဖက်ရည်သောက်ဖို့မမေ့နဲ့ဦး'' လင်းရှစ်ဝေမျက်နှာမှာ မျက်နှာချိုသွေးလိုခြင်းအပြည့်။ ဖုန်းချပြီးနောက် ချင်းလင်စံအိမ်၏လစာစာရင်းကိုရှာရန် ချက်ချင်းကွန်ပျူတာဖွင့်လိုက်သည်။





သူက ဥက္ကဌချင်ကိုလျစ်လျူမရှုရဲ။

ဒီနှစ် သူ့လုပ်ငန်းကျော်လွန်အောင် တစ်ဖက်လူကကူညီထားသည်လေ။ နောက်နှစ် ဒီဌာနခွဲတွေက သေချာပေါက်လာယှဉ်ကြဦးမည်။

လင်းရှစ်ဝေက ချင်လင်၏လစာစာရင်းကိုထုတ်လိုက်ပြီး ထုတ်ပြန်ထားသောဝန်ထမ်းအရေအတွက်ကိုကြည့်ရင်း အံ့အားသင့်သွားသည်။ ချင်းလင်စံအိမ် (ဝိုင်လုပ်ငန်း) နှင့် ချင်းလင်အစားအသောက်ကုမ္ပဏီ ဝန်ထမ်းပေါင်း ၈၀၀ နီးပါးရှိနေ၏။

ဒီဖွံ့ဖြိုးမှုက မြန်လိုက်တာ။

သို့ရာတွင် လင်းရှစ်ဝေကိုပိုပြီးအံ့အားသင့်စေသည်က ထိုဝန်ထမ်းများ၏လစာပင်။

''နောက်နေတာလား? မြင့်လှချည်လား?'' လင်းရှစ်ဝေက သတိလက်လွတ် မျက်လုံးများပွတ်လိုက်သည်။ သူများအကြည့်မှားသလား။

သူကသေချာစကင်န်ဖတ်လိုက်သည်။ လစာက မြင့်ရာကနေ မြင့်သွား၏။ ထုတ်လုပ်ရေးလိုင်းလုပ်ဆောင်သူက ဒီလယွမ် ၁၄၀၀၀ ကျော်ရသည်တဲ့။

ယွမ် ၁၀၀၀၀ ကျော်သူများလည်း အများကြီးရှိသည်။

ဒါရုံချန်းစီရင်စုက သူတို့ကုမ္ပဏီလစာလား ဒါမှမဟုတ် မင်မြို့တော်၊ ကျိုးမြို့တော်က ကုမ္ပဏီတွေရဲ့လစာလား?

သို့သော် ထပ်တွေးကြည့်လိုက်တော့ ရုံချန်းလိုစီရင်စုငယ်လေးမှာ ချင်းလင်ဆော့လို ဘယ်နာမည်ကျော်ကုမ္ပဏီမှ နေမည့်ပုံမပေါ်။

ဒါကြောင့်လည်း စီရင်စုက သူဌေးချင်ကိုအရမ်းအထင်ကြီးပြီး ထိန်းထားချင်တာကိုး။

ဒီလစာကိုသာ စီရင်စုခေါင်းဆောင်တွေမြင်ရင် ဖင်တကြွကြွဖြစ်လောက်သည်။ ဒီလောက်မြင့်တဲ့လစာက ရုံချန်းစီရင်စုအတွက် ကြီးကြီးမားမားလူသိများစေမည့်အချက်လည်းဖြစ်၏။

ရုံချန်းစီရင်စုက ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ချင်ရင် ရုံချန်းစီရင်စုရဲ့ချင်းလင်အစားအသောက်ကုမ္ပဏီက သာမန်ဝန်ထမ်းလစာမှာ ယွမ် ၁၄၀၀၀ ကျော်ရှိကြောင်း လူထုကိုတိုက်ရိုက်ပြောလိုက်နိုင်သည်။

ချင်းလင်အစားအသောက်ကုမ္ပဏီက ဒီလိုလစာကောင်းကောင်း ဘာကြောင့်ပေးနိုင်တာလဲ? အကျိုးအမြတ်တွေက ကောင်းသည်။ ရုံချန်းစီရင်စုကိုရွေးထားပုံထောက်ရင် ရုံချန်းစီရင်စုရဲ့ပတ်ဝန်းကျင်က တကယ်ကောင်းလို့ပေါ့။

ဒီယွမ် ၁၄၀၀၀ က နှစ်ကုန်ဆုကြေး၊ ထူးချွန်ဝန်ထမ်း၊ အချိန်ပိုကြာရှည်ဆင်းခြင်းတို့ကြောင့်ဆိုသော်လည်း ဒါကိုအသုံးချပြီး သူ့ကိုယ်သူကြော်ငြာရလောက်အောင်တော့ မိုက်မဲလိမ့်မည်မဟုတ်။

''စွန်းရှန်တို့ ဒါကိုထင်ထားမှာမဟုတ်ဘူးမလား?'' လင်းရှစ်ဝေက လစာစာရင်းကိုကြည့်ပြီး ထိုခေါင်းဆောင်များဖြစ်သွားမည့်ပုံစံကိုမြင်ယောင်မိသည်။

ထိုအကြောင်းတွေးရင်း လင်းရှစ်ဝေက အရင်ဆုံးလစာစာရင်းကိုဖြေရှင်းလိုက်၏။ ဥက္ကဌချင်က ဖုန်းဆက်ထားပြီ။ ဒါကိုမြန်မြန်ဆန်ဆန်လုပ်နိုင်မှတော့ အချိန်မဆွဲသင့်။ အကောင်းဘက်ကကြည့်ရင် နောက်နှစ်ဆို အဲဒီဌာနခွဲဥက္ကဌတွေနဲ့ သူယှဉ်နိုင်တော့မည်။

ချင်းလင်စံအိမ်ကိုယ်စားလစာပေးခြင်းကိစ္စကိုဖြေရှင်းပြီးနောက် လစာပုံစံမိတ္တူထုတ်ပြီး စီရင်စုဆီသွားကာ ဒီကိစ္စအကြောင်း စွန်းရှန်ထံတင်ပြရန်စီစဉ်လိုက်သည်။

စီရင်စုမှာ သူနှင့်ဖွဲ့စည်းပုံချင်းမတူသော်လည်း စီရင်စုတွင် ဘဏ္ဍာရေးဌာနရှိသည်။ ဘဏ်ကလည်း သူနှင့်အတွင်းကျကျဆက်စပ်နေ၏။ ဒီလိုဆက်သွယ်ထားဖို့က လိုအပ်သည်။

စီရင်စုတွင် စွန်းရှန်မှာ ချန်လီနှင့်မုန့်စျေးလမ်းအကြောင်းဆွေးနွေးနေကြသည်။ လက်ရှိချင်းလင်စံအိမ်၏ခရီးသည်အရေအတွက်အရ သူတို့ရဲ့မုန့်စျေးလမ်းကို မလွဲမသွေဖွင့်ရပေမည်။





All Chapters