← Chapters

ဒီလစာမြင့်လွန်းတယ်! 'ဂီတပွဲအခမ်းအနား'စာလိပ်! ၃

Vol. 18 Ch. 268

ဒီလစာမြင့်လွန်းတယ်! 'ဂီတပွဲအခမ်းအနား'စာလိပ်! ၃

Vol. 18 Ch. 268

သို့သော် သူတို့လည်း ဒီကိစ္စကိုအလွန်သတိထားနေသည်။ အကြောင်းမှာ လက်ရှိရုံချန်းစီရင်စုထွက်အစားအစာအတော်များများက အရမ်းရိုးလွန်းနေ၏။ သူတို့က ခွေးသားသက်သက်ရောင်းနေသလိုပင်။

ထို့ကြောင့် ဗန်းပြပြီး ဖန်တီးလောက်စရာမရှိဘဲ ဆိုင်းဘုတ်ကိုဖျက်ဆီးလိမ့်မည်။ မုန့်စျေးလမ်းဆောက်လိုက်ရင် ကိုယ့်မျက်နှာကိုယ်ဖြတ်ရိုက်သလိုဖြစ်နေမည်။

ပြီးခဲ့သောရက်ပိုင်းအတွင်း ချန်လီလည်း ကျုံးလဲ့ကိုခေါ်ကာ ရုံချန်းစီရင်စုတစ်ခုလုံးပတ်ပြီး အဆာပြေမုန့်နှင့်စားကောင်းသောက်ဖွယ်အမျိုးစုံမြည်းကြည့်ခဲ့သည်။ နေရာကောင်းတွင်ဖွင့်ထားသောဆိုင်များမှာ လမ်းကြိုလမ်းကြားဖွင့်ထားသောဆိုင်များလောက်မကောင်းမှန်း သိလိုက်ရ၏။

ဥပမာဆိုရသော် သူဌေးချင်တို့စားစရာဆော့တွေ့ခဲ့သော ရွှေနန်းစားသောက်ဆိုင်နှင့် သတ္တမအထက်တန်းကျောင်းဘေးရှိ အသားညှပ်မုန့်ဆိုင်များမှာ ဆိုင်ကြီးမဟုတ်သော်လည်း အားလုံးလက်ဟောင်းတံဆိပ်များဖြစ်သည်။

ဤသည်မှာ သူတို့ပထမဆုံးကြည့်ရှုစစ်ဆေးသောပစ်မှတ်ဖြစ်၏။

သူတို့က လင်းရှစ်ဝေကိုမြင်လျှင် နည်းနည်းအံ့သြသွားသည်။

ချန်လီကတန်းမေးလိုက်၏_ ''ဥက္ကဌလင်း... ဘယ်လိုဖြစ်ပြီး ဒီလာဖို့အချိန်ရတာလဲ?''

လင်းရှစ်ဝေကပြုံးလိုက်ပြီး_ ''စီရင်စုကို လစာစာရွက်လာပို့တာပါ... ဒါချင်းလင်စံအိမ်နဲ့ ချင်းလင်အစားအသောက်ကုမ္ပဏီက''

''အိုး!” စွန်းရှန်စိတ်ဝင်စားသွားသည်။

ချင်းလင်စံအိမ်နှင့်ချင်းလင်အစားအသောက်ကုမ္ပဏီက အရမ်းတွက်ချေကိုက်တာ ပြောစရာမလို။ စီရင်စု၏အဖွဲ့အစည်းကြီးကြပ်ရံပုံငွေ၊ ချင်းလင်အစားအသောက်ကုမ္ပဏီ၊ အခွန်အခများနှုတ်ပြီး အသုံးစရိတ်အမျိုးမျိုးနှင့် ထိန်းသိမ်းထားသောပစ္စည်းများကုန်ကျစရိတ်ကို နှစ်သစ်ရောက်တာနှင့် မြန်မြန်ဆန်ဆန်ပြန်ချေနိုင်လိမ့်မည်။

လက်ရှိချင်းလင်စံအိမ်၏နေ့စဉ်ဖောက်သည်အရေအတွက်အရ ရွက်လွင့်ခြင်း၊ သတို့သမီးခန်းနှင့် စားသောက်ဆိုင်လို ရံပုံငွေထောက်ပံ့ထားသောလုပ်ငန်းများမှာ ချက်ချင်းပြန်ကျေနိုင်သည်။

ထို့ကြောင့် သူတို့လည်း ချင်းလင်စံအိမ်နှင့်ချင်းလင်အစားအသောက်ကုမ္ပဏီ၏လစာများအကြောင်း အလွန်သိချင်နေကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့အခွန်တိုးမြင့်သည်ထက် စီရင်စုလုပ်ငန်းများဖွံ့ဖြိုးစေခြင်း၏အဓိကရည်ရွယ်ချက်မှာ ပြည်သူများဝင်ငွေတိုးစေရန်ဖြစ်သည်။

စီရင်စုရဲ့လိုအပ်ချက်တွေကလည်း သိပ်မမြင့်ပေ။ ဒီနှစ် ရုံချန်းစီရင်စုလုပ်ငန်း၏ပျမ်းမျှလစာမှာ ယွမ် ၄၀၀၀ ကျော်သည်။ ချင်းလင်အစားအသောက်ကုမ္ပဏီက ဒီအဆင့်ထက် ယွမ် ၁၅၀၀ မှ ၂၀၀၀ ကျော်လျှင် သူတို့ကျေနပ်ပြီ။

ချင်းလင်စံအိမ်လည်းရှိသေးသည်။ ပြည်တွင်းခရီးသွားလုပ်ငန်းလုပ်ကိုင်သူ၏ပျမ်းမျှလစာက ယွမ် ၄၀၀၀ ဖြစ်သည်။ စံအိမ်ဝန်ထမ်းတွေရဲ့လစာက ဒီတန်းမီတယ်ဆိုရင်အဆင်ပြေပြီ။

မိသားစု ၈၀၀ ကျော်၏ဝင်ငွေလည်း အကြီးအကျယ်တိုးတက်ခြင်းဖြစ်သည်။





စွန်းရှန်က လစာစာရင်းကိုယူပြီး စာရွက်ပေါ်မှလစာကိုမြင်မြင်ချင်း မတ်တပ်ထရပ်လိုက်ကာ အံ့သြသံနှင့်_ ''ဥက္ကဌလင်း... ဒီလစာအမှန်ပဲလား?''

စွန်းရှန်၏ပုံစံကြောင့် ချန်လီကြောင်သွားသည်။ သူကလစာစာရင်းကိုလှမ်းယူကြည့်ပြီး မယုံနိုင်သောအသံနှင့်ပြောလိုက်၏_ ''မြင့်လှချည်လား? စက်ရုံမှာ အချိန်ပြည့်လုပ်သားက ယွမ် ၁၀၀၀၀ ကျော်တယ်... စံအိမ်ရဲ့အနိမ့်ဆုံးအချိန်ပြည့်လုပ်သားက ယွမ် ၅၀၀၀ ရတယ်... အဲဒီလစာက လင်းဖန်ဆိုတဲ့စာရင်းသွင်းသူရဲ့လစာတဲ့''

''လင်းဖန်ရဲ့လစာသာ ပုံဆိုးပန်းဆိုးဖြစ်မနေခဲ့ရင် ဒီစံအိမ်ရဲ့အရင်လအခြေခံလစာက ယွမ် ၆၅၀၀ ကျော်လိမ့်မယ်''

ရုံချန်းစီရင်စုရဲ့စားပွဲထိုးတစ်ယောက်က ယွမ် ၆၅၀၀ ရနိုင်တယ်လား?

ဘယ်သူမှ ဒါကိုယုံမှာမဟုတ်ဘူးမလား? စီရင်စုထဲက နာမည်ကျော် 5A ရှုမျှော်ခင်းနေရာတွေတောင် ဒီလောက်လစာကောင်းကောင်းရမည်မဟုတ်။

စက်ရုံဝန်ထမ်းတွေလည်းရှိသေးသည်။ အများစုက ဆယ်စုနှစ်သက်တမ်းကျော်ပြီ။ ရုံချန်းစီရင်စုထဲမှာ ဘယ်စက်ရုံမှဒီလိုလစာမကောင်းပေ။

သူတို့မှာရုတ်တရက် သူဌေးချင်၏ဝန်ထမ်းအဖြစ်ကို အလွန်ဝမ်းသာသလိုခံစားလိုက်သည်။

''သူဌေးချင်က တကယ်ရက်ရောလိုက်တာ'' ချန်လီမချီးကျူးဘဲမနေနိုင်တော့။

စွန်းရှန်လည်း သက်ပြင်းချပြီး_ ''အင်း... ဒီလိုသူဌေးမျိုးရှိတာ ဒီလူတွေအရမ်းကံကောင်းတာပဲ... နောက်နှစ်ကျရင်လည်း သူတို့လိုကံကောင်းတဲ့သူတွေပိုပိုများလာပါစေလို့ မျှော်လင့်ပါတယ်... ဒါငါတို့မှာ သူမတူတဲ့အခြေအနေရှိကြောင်းသက်သေပြလိုက်တာပဲ''

…

ယနေ့ချင်းလင်စံအိမ်အငွေ့အသက်မှာ ပွဲလမ်းသဘင်ရှိသလိုဖြစ်နေသည်။

လစာထုတ်ရက်တွင် ဘယ်သူမဆိုပျော်ကြပေမည်။

နောက်ပြီး ဒီလလစာ၏အဓိပ္ပါယ်က ထူးခြားသည်။ လနှစ်ပြက္ခဒိန်အရ နှစ်ဟောင်း၏ နောက်ဆုံးလစာဖြစ်သည်။ နှစ်သစ်ပြက္ခဒိန်အရဆိုလျှင် နှစ်သစ်၏ပထမဆုံးလစာဖြစ်၏။

အဓိကအချက်မှာ ဒီလတွင် နှစ်ကုန်ဆုကြေးရှိနေခြင်းပင်။ ဘယ်လောက်မှန်းမသိသော်လည်း ပျော်ရွှင်နေကြသည်။

တစ်နေ့လုံး စံအိမ်ဝန်ထမ်းများမှာ မျှော်လင့်စောင့်စားရင်းစိတ်လှုပ်ရှားနေကြ၏။

နေ့လယ်ရောက်လုနီးနီးအချိန်၌_

ကောင်းယောင်ယောင်က သူမရုံးခန်းထဲသို့ စာပွဲထိုးဟောင်းတစ်ယောက်ကိုခေါ်လာပြီး လက်ကမ်းစာစောင်ပုံးတစ်ပုံးထုတ်လိုက်ကာ_ ''အစ်မလျန်... ဒီမီးသတ်လက်ကမ်းစာစောင်တွေကို စားသောက်ဆိုင်ထဲသယ်ကူပါဦး... နေ့လယ်ကျရင် အားလုံးကိုဝေပေးရအောင်''

မီးစစ်ဆေးရေးမှာ ရှုမျှော်ခင်းနေရာ 4A လျှောက်ခြင်းအတွက် အရေးအကြီးဆုံးဖြစ်သည်။ ထို့ကြောင့် စံအိမ်တွင် စောစောစီးစီးပြင်ဆင်ထားရ၏။

''ကောင်းပါပြီ'' အစ်မလျန်ကခေါင်းညိမ့်ပြီး ကောင်းယောင်ယောင်နှင့်အတူ ပုံးသယ်ရင်းလမ်းလျှောက်ထွက်လာသည်_ ''မန်နေဂျာယောင်ယောင်... ကျွန်မကြားတာတော့ ဒီတစ်ခါနှစ်ပတ်လည်ဆု​ကြေးအတွက် ယွမ် ၁၀၀၀ ရှိသေးတယ်ဆို?''

ကောင်းယောင်ယောင်ကခေါင်းညိမ့်ပြီး_ ''အမှန်ပဲ... စံအိမ်စီမံရေးမှာ ကြေညာချက်ထွက်လာပြီ... အရင်လရဲ့ အချိန်ပြည့်လစာလည်းရှိသေးတယ်''

အစ်မလျန်က အတည်ပြုချက်အ​ဖြေရလျှင် စိတ်လှုပ်ရှားသွားပြီး_ ''ဒါဆိုရင် ကျွန်မရဲ့အခြေခံလစာယွမ် ၄၀၀၀ နဲ့ နှစ်ကုန်ဆုကြေးယွမ် ၁၀၀၀ ပေါင်းလိုက်ရင် လစာယွမ် ၅၀၀၀ ပေါ့? ကျွန်မရဲ့အရင်လစာထက် ယွမ် ၂၀၀၀ တောင်များသွားပြီ''

အရင်ကသူမမှာ စီရင်စုထဲရှိဂီတစားသောက်ဆိုင်တစ်ဆိုင်တွင် စာပွဲထိုးလုပ်ခဲ့သည်။ သူမလစာက ယွမ် ၃၀၀၀ သာရ၏။ အရင်အလုပ်ထွက်ခဲ့ခြင်းမှာ ကလေးမီးဖွားရခြင်းကြောင့်ပင်။ နောက်တော့ ချင်းလင်စံအိမ်ဝန်ထမ်းများမှာ ခံစားခွင့်ကောင်းသည်ဟုကြားပြီး အလုပ်လျှောက်ခဲ့၏။

ကောင်းယောင်ယောင်ကပြုံးလိုက်ပြီး_ ''တို့မှာ ကော်မရှင်ခရှိသေးတယ်လေ... ဒီလစံအိမ်မှာ လှုပ်ရှားမှုတွေရှိခဲ့တယ်... ဝင်ငွေအရမ်းမြင့်တယ်ဆိုတော့ တို့ရဲ့ဝန်ဆောင်မှုဌာနကော်မရှင်ခက မနည်းဘူး''





''ဘယ်လောက်ရှိလဲ?'' အစ်မလျန်က စပ်စပ်စုစုမေးလိုက်သည်_ ''ကော်မရှင်ခက ယွမ် ၅၀၀ လား?''

ကော်မရှင်ခအကြောင်း သူမသိသည်။ အရင်ဂီတစားသောက်ဆိုင်မှာ စားပွဲထိုးလုပ်ခဲ့စဉ်က ဧည့်သည်များအအေးမှာလျှင် ကော်မရှင်ခရသည်။ တစ်လတစ်လ ယွမ် ၁၀၀ ကျော်၏။

ယွမ် ၅၀၀?

ကောင်းယောင်ယောင်က ထိုစကားကြားလျှင် ခေါင်းခါလိုက်သည်။ သေချာပေါက် ယွမ် ၅၀၀ ကျော်တာပေါ့။

အစပိုင်း စံအိမ်ဝင်ငွေ ယွမ် ၁၅၀၀၀၀ ရစဉ်က တစ်ရက်ကိုကော်မရှင်ခယွမ် ၄၀ ရသည်။ လက်ရှိစံအိမ်ဝင်ငွေက အရမ်းမြင့်နေပြီ။ ဝန်ထမ်းပိုများလာသည်ဆိုသော်လည်း သူမရဲ့ကော်မရှင်ခက တစ်ရက်ယွမ် ၄၀ နှုန်းထက်တော့ ပိုဦးမည်မဟုတ်လား?

နောက်ပြီး သူမမှာ ဗီဒီယိုရိုက်လျှင်မျက်နှာပြရခြင်းအတွက် အပိုဘေးပေါက်ရှိသေးသည်။

ကောင်းယောင်ယောင်ကရှင်းပြမည်အပြု သူတို့ဖုန်းများတပြိုင်တည်းအသံမြည်လာ၏။ ကောင်းယောင်ယောင်က တစ်ခုခုသတိရပြီး ချက်ချင်းဖုန်းထုတ်ကာ စစ်ကြည့်လိုက်သည်။ လစာအကြောင်းအသိပေးစာပင်။

၁၀၀၈၂ ယွမ်။

ထိုလစာကိုမြင်လျှင် ကောင်းယောင်ယောင်မှာစိတ်မလှုပ်ရှားဘဲမနေနိုင်တော့။

တစ်လ ယွမ် ၁၀၀၀၀ ကျော်သွားပြီလား?

ဒီပမာဏမှာ အရင်ကလုံးဝစိတ်ကူးမယဉ်ရဲသောပမာဏပင်။

အစ်မမိုချင်းနှင့်သူဌေးက စံအိမ်ကိုလက်လွှဲယူခဲ့သည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်လာသည်။ မဟုတ်ရင် အခုလောက်ဆို ဘယ်မှာဟင်းပွဲတွေတည်ခင်းနေရမလဲမသိ။

သူမဘေးနားမှ အစ်မလျန်ကအလန့်တကြားနှင့်_ ''မန်နေဂျာယောင်ယောင်... ကျွန်မလစာက ၇၃၄၈ ယွမ်တဲ့... စံအိမ်ဝင်ငွေကအရမ်းမြင့်လို့လား?''

သူမ မယုံနိုင်။ သူမထင်ထားတာထက်အများကြီးကျော်နေသည်။

အစ်မလျန်က ကောင်းယောင်ယောင်နှင့် စားသောက်ဆိုင်ထဲသို့ မီးသတ်လက်ကမ်းစာစောင်များရွှေ့ပြီးလျှင် မနေနိုင်တော့ဘဲ နေရာလွတ်တစ်ခုရှာ၍ သူ့ယောက်ျားဆီဖုန်းခေါ်လိုက်၏_ ''ယောက်ျား... ကျွန်မလစာရပြီ''

တစ်ဖက်မှရယ်မောသံထွက်လာပြီး_ ''အချစ်... ကိုယ်လည်းရပြီ... တိုက်ဆိုင်လိုက်တာ... ဒါနဲ့မင်းဘယ်လောက်ရလဲ?''

အစ်မလျန်ကဖုံးကွယ်မထားဘဲ ပျော်ပျော်ရွှင်ရွှင်နှင့်_ ''ယောက်ျား... ကျွန်မ ၇၃၄၈ ယွမ်ရတယ်... ကျွန်မတို့စံအိမ်ရဲ့လစာက တကယ်မြင့်တာပဲ... ယောက်ျား... ရှင်အရင်လက KTV မန်နေဂျာရာထူးတိုးတယ်မလား? ဒီတစ်ခေါက်ရှင့်လစာ ဘယ်လောက်ဖြစ်သွားပြီလဲ?''

''အာ...'' ဖုန်းလိုင်းတစ်ဖက်တွင် တိတ်ဆိတ်သွားသည်။ ခဏအကြာမှ သူက_ ''အချစ်... အမ်.. ချင်းလင်စံအိမ်မှာ စားပွဲထိုးတွေခေါ်သေးလား?''

အစ်မလျန်မှမဟုတ်။ လစာပေးလိုက်သောအခါ ဝန်ထမ်းအားလုံးလိုလိုက မယုံနိုင်ကြပေ။ လစာရလျှင် အောင်ပွဲခံသလိုအငွေ့အသက်က စံအိမ်တွင် တမဟုတ်ချင်းမြင့်တက်သွားသည်။ ခရီးသည်များတောင် စံအိမ်ဝန်ထမ်းများ၏စိတ်အားတက်ကြွမှုကိုခံစားမိနိုင်သည်။

ရုံးခန်းထဲ၌_

ဝန်ထမ်းများပျော်ရွှင်နေစဉ် ချင်လင်မှာရုတ်တရက် သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကို အံ့သြစွာကြည့်လိုက်သည်။ အကြောင်းမှာ ဂိမ်းဇာတ်ကောင်ကို သူထိန်းချုပ်နေစဉ်မဟုတ်ဘဲ ဇာတ်ကွက်က ရုတ်တရက်ပေါ်လာခြင်းကြောင့်ပင်။

နောက်ပြီး ဒီတစ်ခေါက်ဇာတ်ကွက်က အရင်ဇာတ်ကွက်နှင့်မတူ။ ယစ်ပူဇော်ခြင်းဇာတ်ကွက်ဖြစ်သည်။

စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ပုံစံအမျိုးမျိုး၌ ယစ်ပူဇော်ခြင်းဇာတ်ကွက်အမျိုးစုံရှိ၏။ နွားယစ်ပူဇော်ခြင်း၊ မြင်းယစ်ပူဇော်ခြင်း၊ ကြက်ယစ်ပူဇော်ခြင်း၊ ကောက်ပဲသီးနှံပူဇော်ပသခြင်း၊ နွေဦးပူဇော်ခြင်း စသည်ဖြင့်...

တချို့ပုံစံများထဲတွင် ယစ်ပူဇော်ခြင်းအမျိုးမျိုးမှ အထူးပစ္စည်းအမျိုးမျိုးရနိုင်သည်။

ဒီတစ်ကြိမ်ပေါ်လာသူက Zach ဖြစ်၏:

(သတ္တုမြို့တော်၏စီးပွားရေးဖွံ့ဖြိုးမှုကိုအောင်ပွဲခံသောအနေနှင့် နှစ်ပတ်လည်'ဂီတပွဲအခမ်းအနား'ကိုကျင်းပတော့မည်။ ကောက်ရိတ်သိမ်းပွဲကို ဂီတနှင့်ကျင်းပမည်ဖြစ်သည်။ မြို့သူမြို့သားများမှာ 'ဂီတပွဲအခမ်းအနား'အတွက် အစားအသောက်ဖြည့်တင်းခြင်း၊ ပါဝင်ဆောင်ရွက်ခြင်းနှင့် အလုပ်ရှုပ်နေကြသည်။ ဆန်းကြယ်သော 'ဂီတပွဲအခမ်းအနား'စာလိပ်ကို သင်ရလိမ့်မည်!)





All Chapters