← Chapters

နှစ်ကုန်စားသောက်ပွဲ! ဂီတပွဲအခမ်းအနားစာလိပ်ကို လက်တွေ့အသုံးချရင်?

Vol. 18 Ch. 269

နှစ်ကုန်စားသောက်ပွဲ! ဂီတပွဲအခမ်းအနားစာလိပ်ကို လက်တွေ့အသုံးချရင်?

Vol. 18 Ch. 269

တေးဂီတပွဲများမှာ စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ထဲတွင် အရေးမကြီးဟုယူဆနိုင်သည်။ အကြောင်းမှာ ကစားသူများပါဝင်လုပ်ဆောင်ရမှုနည်းသောကြောင့်ပင်။

ချင်လင်က သတ္တုမြို့တော်တွင်လည်ပတ်သောအခါ တေးဂီတပွဲကာလအတွင်း ဘုရားကျောင်းသွား၍တေးသံနားထောင်ပြီး ဇာတ်ကွက်ကြည့်တတ်သည်။

တခြားပုံစံများထဲတွင် အမြွှာရွာပုံစံသာ ပို​ပြီးစိတ်ဝင်စားဖို့ကောင်းသည်။ ထိုလုပ်ဆောင်ချက်တွင် ကစားသူများပါဝင်နိုင်သေး၏။

ဒါပေမဲ့ ဒီ'ဂီတပွဲအခမ်းအနား'စာလိပ်က ဘာကြီးလဲ?

အရင်ပုံစံဟောင်းထဲမှာ ဒီပစ္စည်းအကြောင်းသူမမှတ်မိ။ ဒါမှမဟုတ် ဒီဇာတ်ကွက်ကိုကျော်သွားပြီး ဒီအထူးပစ္စည်းကိုမရခဲ့တာလား?

ဇာတ်ကွက်တစ်ခုနှင့်ကြုံဖို့မလွယ်။ ဘာပဲဖြစ်နေနေ အရင်ဆုံးရအောင်လုပ်ထားရမည်။

Zach ၏အသိပေးစာကို ချင်လင်ဖတ်ပြီးလျှင် ချက်ချင်းဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံမှထွက်စေပြီး သတ္တုမြို့တော်သွားစေလိုက်သည်။

ဒီတစ်ကြိမ် သတ္တုမြို့တော်၏မြင်ကွင်းမှာ လုံးဝကွဲပြားနေသည်။ တေးဂီတပွဲအတွက် လမ်းများတွင် ရောင်စုံမီးများချိတ်ဆွဲထား၏။ ဘုရားကျောင်းထဲ၌ စားပွဲများတည်ခင်းထားသည်။ ထိုစားပွဲများပေါ်တွင် အစားအသောက်များအပြည့်ရှိပြီး NPC များဝိုင်းထိုင်နေကြသည်။

ဘုရားကျောင်းတံခါးပေါက်တွင် မြို့တော်ဝန်မှာ ဝတ်စုံပြည့်နှင့်။

သူကဂိမ်းဇာတ်ကောင်အား ရှေ့တိုးစေပြီး တစ်ချက်နှိပ်လိုက်ရာ စကားပြောပေါ်လာသည်:





(မြို့တော်တေးဂီတပွဲချိန်အတွက် အစားအသောက်ဖြည့်တင်းပေးမည်လား? လုံလုံလောက်လောက်ဖြည့်တင်းပေးလျှင် ဆန်းကြယ်သောတေးဂီတပူဇော်ပွဲစာလိပ်ရနိုင်သည်။)

ချင်လင်ဘာပြောနိုင်ဦးမလဲ? သူကဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံပြန်လာစေပြီး အရင်ကသူသိမ်းထားသော ဘဲဥများ၊ သဘာဝငါးများ၊ ဟင်းသီးဟင်းရွက်နှင့် ရှန်းရွှေလက်ဆောင်ဆန်တို့ကိုထုတ်ယူစေလိုက်သည်။ ထို့နောက် ဂိမ်းဇာတ်ကောင်ကိုသတ္တုမြို့တော်ပြန်သွားစေ၍ ထိုပစ္စည်းများကိုမြို့တော်ဝန်ဆီ ပေးခိုင်းလိုက်သည်။

(တေးဂီတပွဲမှာပါဝင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်... ဒီညတေးဂီတပွဲကိုလာခဲ့ပါ... အချိန်ကျရင် တေးဂီတပွဲမှာပါဝင်ပေးခဲ့သူတွေကို လက်ဆောင်အဖြစ် 'ဂီတပွဲအခမ်းအနား' စာလိပ်ပေးအပ်မှာဖြစ်ပါတယ်)

ဒီညဂိမ်းအတွက် ထပ်စောင့်ရဦးမယ်ပေါ့။

ဖြစ်ချင်တော့ ဂိမ်းထဲကအချိန်စီးဆင်းပုံမှာမတူ။ ဂိမ်းထဲတွင် လျင်လျင်မြန်မြန်ညရောက်သွားသည်။

ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကို မြို့တော်ဘုရားကျောင်းဆီ ထပ်သွားစေလိုက်၏။ ထင်ထားသည့်အတိုင်း အထဲတွင်ဇာတ်ကွက်ရှိနေသည်။ NPC ဇာတ်ကောင်များက တစ်ယောက်ပြီးတစ်ယောက်တက်လာပြီး တူရိယာများတီးခတ်ကြ၏။

တေးဂီတကလည်း မြိုင်မြိုင်ဆိုင်ဆိုင်။

ဇာတ်ကွက်ပြီးသွားသောအခါ ဂိမ်းဇာတ်ကောင်ရှေ့တွင် မြို့တော်ဝန်ပေါ်လာသည်။

(တေးဂီတပွဲမှာ သင့်ရဲ့ပါဝင်အားထုတ်မှုအတွက်... သင့်ရဲ့လက်ဆောင်ပါ!)

(ဂီတပွဲအခမ်းအနားစာလိပ်ရသည့်အတွက် ဂုဏ်ယူပါတယ်!)

ချင်လင်ကအသိပေးစာရပြီးလျှင် သူ့ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံဆီ ပြန်စေလိုက်သည်။ ထို့နောက် ရုံးခန်းတံခါးကိုလော့ချပြီး ဂိမ်းထဲဝင်လိုက်၏။

ဂီတပွဲအခမ်းအနားစာလိပ်ကို သူတွေ့ရသည်။ ထိုအပေါ်တွင် ပုံစံတချို့ဆွဲထားပုံရ၏။

သူအာရုံစိုက်ကြည့်လိုက်သောအခါ မှတ်ချက်ပေါ်လာသည်:

(ဂီတပွဲအခမ်းအနားစာလိပ်: ဂမ္ဘီရပစ္စည်း!)

(သတ္တုမြို့တော်မှ အထူးပူဇော်ပွဲစာလိပ်ဖြစ်သည်။ သင့်ဝန်ထမ်းများအတွက် ဂီတပွဲကျင်းပနိုင်ရန် နတ်ဘုရားများမှကောင်းချီးပေးထားခြင်းဖြစ်သည်။ ဇာတ်အသုံးအ​ဆောင်ပစ္စည်းများကျပန်းရနိုင်သည်။)

(လိုအပ်ချက်များ:

၁။ ဝန်ထမ်းများအတွက် တေးဂီတပွဲကျင်းပပေးရန်

၂။ တေးဂီတပွဲကိုအာရုံစိုက်ခံရမှုအလုံအလောက်ရှိရန်

၃။ အနည်းဆုံး တေးဂီတအစီအစဉ် ၁၀ ခုပါဝင်ရန်

၄။ ဝန်ထမ်းများ၏စိတ်အားထက်သန်မှု မြင့်မားစေရန်)

ထိုမှတ်ချက်ကိုမြင်လျှင် ချင်လင်အတွန့်တက်လိုက်ချင်သည်။

ဇာတ်ကွက်တာဝန် တသီတတန်းကြီး?

ကြည့်ရတာ ဂီတပွဲအခမ်းအနားစာလိပ်က နောက်ဆုံးလက်ဆောင်မဟုတ်သေး။ ဂီတပူဇော်ပွဲတောင်းဆိုချက်ကိုဖြည့်ဆည်းပြီး စာလိပ်ကနေ ကျပန်းပေါ်လာတဲ့အထူးပစ္စည်းကိုရမှ လက်ဆောင်ဖြစ်မည်။





ဒါပေမဲ့ သူ့စိုက်ပျိုးမွေးမြူရေးခြံမှာ ဘယ်ကဝန်ထမ်းရှိလို့လဲ?

နောင်မှာ လူပုလေးတွေကိုအလုပ်ခန့်ပြီး တေးဂီတပွဲထဲဆွဲထည့်ရင်တောင် လူပုလေးက ၇ ယောက်ပဲရှိတာမလား?

လူပုလေးတစ်ယောက်ကို တေးဂီတအစီအစဉ်တစ်ခုလုပ်ရင်တောင် ၁၀ ခုကမပြည့်။

အရေးအကြီးဆုံးက အာရုံစိုက်ခံရမှုအလုံအလောက်ရှိမရှိကို သူဘယ်လိုဆုံးဖြတ်ရမှာတဲ့လဲ? မြို့သားတွေကို ဖိတ်ကြားနိုင်လို့လား?

ချင်လင်က ဂိမ်းထဲမှထွက်ပြီး သူ့ဂိမ်းဇာတ်ကောင်ကို ဂီတပွဲအခမ်းအနားစာလိပ်ပေါ်နှိပ်ကြည့်စေသည်။ နောက်ထပ်စာတစ်စောင်ရလိုက်သည်:

(လက်ရှိအသုံးပြုထားသော လိုအပ်ချက်များမပြည့်စုံပါ!)

ချင်လင်မျက်မှောင်ကြုတ်လိုက်သည်။ သူကသူ့ဂိမ်းဇာတ်ကောင်အား မြို့သားတစ်ယောက်ချင်းကိုလိုက်စကားပြောကြည့်စေသည်။ သို့သော် ဂီတပွဲအခမ်းအနားစာလိပ်အကြောင်း ဘာစကားပြောမှထွက်မလာ။

အချိန်အကြာကြီးကြိုးစားကြည့်သော်လည်း ဘာမှဖြစ်မလာချေ။

လမ်းဆုံးရောက်နေသလို ခံစားရသည်။

သူမြို့တော်ဝန်ကိုပေးလိုက်တဲ့ပစ္စည်းတွေ ရေစုန်မျောကုန်ပြီပေါ့။ အသုံးမဝင်တဲ့စာလိပ်ကြီးရလိုက်ပြီ။ ဒါမှမဟုတ် အရေးကြီးတဲ့ပစ္စည်းတစ်ခုခုလွတ်သွားတာလည်း ဖြစ်ကောင်းဖြစ်မည်။

သူတွေးတောနေစဉ် သူ့ရုံးခန်းတံခါးကိုလာခေါက်သံကြားလိုက်ရ၏။ သူကဂိမ်းထဲမှလျှပ်တပြတ်ထွက်လာပြီး တံခါးဖွင့်လိုက်သည်။

ဝတ်စုံပြည့်နှင့် နက်ကတိုင်နှင့် သပ်သပ်ရပ်ရပ်ဝတ်စားထားသော ကျိုးချန်ကျွင်းလျှောက်ဝင်လာသည်။ သူ့ဆံပင်ကိုလည်း အနုစိတ်ပုံသွင်းထားသေး၏။

''ဒီနေ့ဘယ်လိုဖြစ်ပြီး စံအိမ်ရောက်လာတာလဲ?'' ချင်လင်ကမတ်တပ်ရပ်ပြီး လက်ဖက်ရည်စားပွဲတွင်ထိုင်ရန် ဖိတ်လိုက်သည်။

ရုံချန်းစီရင်စုဆော့လုပ်ကိုင်ပုံနှင့်ပတ်သက်ပြီး သူဘယ်တုန်းကမှဝင်မပါသလို မေးလည်းမမေးခဲ့။ ပထမအချက်အနေနှင့် စီမံပိုင်ခွင့်ကသူ့လက်ထဲမှာဟု ကျိုးချန်ကျွင်းကိုကတိပေးထားသည်။ ဒုတိယအချက်မှာ သူ့စံအိမ်နှင့်ချင်းလင်ဆော့အတွက် အလုပ်ရှုပ်နေခြင်းကြောင့်ပင်။

ထို့ကြောင့် ကျိုးချန်ကျွင်းစံအိမ်ကိုပုံမှန်လာပြီး အခြေအနေတင်ပြသည်ကို နားထောင်လိုက်ရုံသာ။

ရုံချန်းစီရင်စုဆော့၏အရည်အသွေးက မဆိုး။ ထုတ်ကုန်ထုတ်လုပ်နေပြီဖြစ်ပြီး စံအိမ်အရောင်းစင်တာထဲသွင်းကာ ရောင်းချလျက်ရှိသည်။ RT စျေးထဲကိုလည်း သွင်းထား၏။

တန့်ကွမ်း၏ထောက်ခံချက်နှင့် ချင်းလင်ဆော့ကိုယ်စားလှယ်ချန်ဟယ်တောင် ရုံချန်းစီရင်စုဆော့ကိုပါ ရောင်းဖို့ကြိုးစားနေသည်။

လက်ရှိအခြေအနေကြည့်လျှင် ရုံချန်းစီရင်စုဆော့ရောင်းအားက မဆိုးချေ။ ချန်ဟယ်ဆီကအချက်အလက်အရ ကျေနပ်လောက်စရာရှိသည်။ ချင်းလင်ဆော့ကိုတော့ မမီဘူးပေါ့။

နောက်ပြီး ဆော့စျေးကွက်ကို လောင်ကန်းမာ၏ဆော့က လွှမ်းမိုးထားဆဲပင်။

အရေးအကြီးဆုံးမှာ သူကရင်းနှီးမြှုပ်နှံသူဆိုသော်လည်း စီမံပိုင်ခွင့်က ကျိုးချန်ကျွင်းလက်ထဲမှာဖြစ်သည်။ ဒီတော့ သူတို့ကကုမ္ပဏီတစ်ခုတည်းမဟုတ်ဘူးဆိုသည့်သဘောသက်ရောက်၏။ ရုံချန်းစီရင်စုဆော့ကိုကြော်ငြာရန် ချင်းလင်ဆော့ကဲ့သို့ စံအိမ်၏လိုင်းကိုအသုံးမပြုနိုင်ပေ။

ကျိုးချန်ကျွင်းကထိုင်လိုက်ပြီး အပြုံးနှင့်ဆိုလာသည်_ ''ဥက္ကဌချင်... ရုံချန်းစီရင်စုဆော့က နှစ်ရက်အတွင်း နှစ်ကုန်စားသောက်ပွဲလုပ်မှာ... ခင်ဗျားက အဓိကရှယ်ယာရှင်ဆိုတော့ အတူတူတက်ပေးဖို့လာဖိတ်တာပါ''

နှစ်ကုန်စားသောက်ပွဲမှာ မူလက မင်နန်ဒေသဓလေ့ဆိုသော်လည်း လူမှုအဖွဲ့အစည်းဖွံ့ဖြိုးလာသည်နှင့်အမျှ ယခုအခါ ကုမ္ပဏီအတော်များများတွင် နှစ်တစ်နှစ်၏အဆုံး၌ သူတို့ဝန်ထမ်းများအားကျေးဇူးတင်ရန်စုဝေးသည့်ပုံစံမျိုးဖြစ်လာသည်။





All Chapters