← Chapters

နှစ်ကုန်စားသောက်ပွဲ! ဂီတပွဲအခမ်းအနားစာလိပ်ကို လက်တွေ့အသုံးချရင်? ၂

Vol. 18 Ch. 270

နှစ်ကုန်စားသောက်ပွဲ! ဂီတပွဲအခမ်းအနားစာလိပ်ကို လက်တွေ့အသုံးချရင်? ၂

Vol. 18 Ch. 270

ကုမ္ပဏီအရွယ်အစားအရ ဒီစားသောက်ပွဲ၏ အတိုင်းအတာလည်း ကွာခြားသည်။ လူ ၁၀ ယောက်ကျော်ကျော်သာရှိသောကုမ္ပဏီငယ်များမှာ စားသောက်ဆိုင်များ၊ ဟိုတယ်များတွင် စားပွဲတစ်ဝိုင်းယူပြီး သူတို့ဝန်ထမ်းများကို ကောင်းကောင်းကျွေးမွေးကြမည်။

တချို့ကုမ္ပဏီကြီးများက အကြီးအကျယ်စားသောက်ပွဲနှင့် ကျင်းပကြလိမ့်မည်။ တခမ်းတနားညစာစားပြီး စားသောက်ပွဲကြီးနှင့် ကြည့်ရှုစရာအစီအစဉ်အမျိုးမျိုးရှိလိမ့်မည်။ နာမည်ကျော်သူဌေးကြီးမာက စားသောက်ပွဲတွင် သီချင်းဆိုခြင်း၊ ပါဝင်လုပ်ဆောင်ရခြင်းကိုသဘောကျ၏။

နှစ်စဉ်နှစ်တိုင်း နှစ်ကုန်စားသောက်ပွဲတွင် သူဌေးမာဆိုသော တစ်ကိုယ်တော်သီချင်းများစွာလည်းရှိသည်။ အားလုံးကဝိုင်းပြီး လက်ခုပ်သြဘာပေးကြသည်ကိုတွေ့နိုင်၏။ သူဌေးမာမှာ သီချင်းဆိုခြင်းကို အရူးအမူးနှစ်သက်သူတစ်ဦးပင်။

ဥပမာအနေနှင့် ကျိုးချန်ကျွင်း၏ရုံချန်းစီရင်စုဆော့မှာ ရင်းနှီးမြှုပ်နှံမှုရခါစ ကုမ္ပဏီသစ်တစ်ခုဖြစ်၍ ဒါမျိုးလုပ်ရန် သူ့အတွက်မဖြစ်နိုင်။ နှစ်ကုန်စားသောက်ပွဲကို စားသောက်ဆိုင်မှာသာကျင်းပသည်။

''အချိန်ကျရင် တစ်ချက်ကြည့်လိုက်ဦးမယ်... အားတဲ့အခါ လာခဲ့ပါမယ်... အခုတလော အလုပ်များနေလို့'' ချင်လင်က သဘောမတူသလို ငြင်းလည်းမငြင်း။

အချိန်တန်ရင် သူအားမအားအပေါ်သာ လုံးဝမူတည်သည်။ အဓိကရှယ်ယာရှင်တစ်ဦးအနေနှင့် သွားဖို့အချိန်ရလျှင် အဆင်ပြေသည်။ လုံးဝအချိန်မရရင်တော့ သူမသွားနိုင်။

“သိပါပြီ” ကျိုးချန်ကျွင်းခေါင်းညိမ့်လိုက်သည်။





နှစ်ကုန်လျှင် စံအိမ်မှာအလွန်အလုပ်ရှုပ်မည်မှန်း သူလည်းသိသည်။ ဥက္ကဌချင်အားလိမ့်မည်မဟုတ်။

ဥက္ကချင်လာလာမလာလာ ကိစ္စတော့မရှိဘူးပေါ့။ အဓိကက သူဖိတ်ကြားမှုရှိရမည်။ ဒါက လောကဝတ်ယဉ်ကျေးမှုရှိခြင်းပင်။

သူက ဥက္ကဌချင်ကို အလွန်ကျေးဇူးတင်နေဆဲဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ့မှာသူ့အဘိုးရဲ့လျှို့ဝှက်နည်းရှိတယ်ဆိုရင်တောင် ဘယ်သူ့ဆီကမှ ဘာအရင်းအနှီးမှမရနိုင်တာ သေချာသလောက်ရှိ၏။

အဓိကအချက်မှာ ဥက္ကဌချင်က သူ့ကိုစီမံပိုင်ခွင့်ပေးထား​ပြီး ဝင်ရောက်စွက်ဖက်လိုခြင်းလုံးဝမရှိချေ။ သူ့အဘိုးပြောသလို ဒီယုံကြည်မှုက ကျေးဇူးတရားလိုဖော်ပြ၍မရနိုင်။

ကျိုးချန်ကျွင်းက ကြာကြာမနေ။

သို့ရာတွင် နှစ်ကုန်စားသောက်ပွဲဆိုမှ သူလည်းသူဌေးတစ်ဦးဖြစ်ကြောင်း ချင်လင်သတိရ၏။ စံအိမ်နှင့်အစားအသောက်ကုမ္ပဏီတွင် ဝန်ထမ်းအများကြီးရှိသည်။ သူလည်း နှစ်ကုန်စားသောက်ပွဲကျင်းပရမည်ထင်သည်။

သို့သော် ဒီစားသောက်ပွဲမှာ ဘာလုပ်ရမည်ဆိုသည်ကပြဿနာ။

ဒီလောက်လူအများကြီးနှင့် လုပ်ငန်းကြီးဟုယူဆရမည်။

စားသောက်ပွဲက သာမန်ကာလျှံကာဆိုရင် ဟာသဖြစ်နေမည်။ ဒီလိုဆို မလုပ်တာက ပိုကောင်းသေး၏။

ထိုအတွေးနှင့် ကျောက်မိုချင်းရုံးခန်းသွားပြီး သူမနှင့်စကားပြောရန်ပြင်လိုက်သည်။ ကျောက်မိုချင်းကိုတွေ့လျှင် သူမမှာ ကွန်ပျူတာအားအသည်းအသန်ကြည့်နေသည်ကိုတွေ့ရသဖြင့် သူကမေးလိုက်၏_ ''ဘာတွေကြည့်နေတာလဲ? ဘာလို့အသည်းအသန်လုပ်နေတာလဲ?''

''ဗီဒီယိုတစ်ပုဒ်ကြည့်နေတာ'' ကျောက်မိုချင်းကပြောပြောဆိုဆို သူမထိုင်ခုံမှထပြီး ချင်လင်ကိုထိုင်ခိုင်းလိုက်သည်။

ချင်လင်ကပြုံးပြီး သူမခါးကိုဖက်လိုက်ကာ သူ့ပေါင်ပေါ်ထိုင်ခိုင်းလိုက်၏။

“ဟွန့်!” ကျောက်မိုချင်းက ထေ့လိုက်သည်။

ဒီလိုဖြစ်လာမည်မှန်းသိ၍ သူမထိုင်ခုံကိုအရင်ပေးလိုက်ခြင်းပင်။

ချင်လင်က ကျောက်မိုချင်းပေါင်ပေါ်လက်တင်ပြီး_ ''ဒါနဲ့... ပြောဦးမယ်... တို့စံအိမ်နဲ့စက်ရုံနှစ်ကုန်စားသောက်ပွဲအတွက် ဘာလုပ်ရမလဲ?''





ကျောက်မိုချင်းက ကွန်ပျူတာကိုညွှန်ပြလိုက်ရင်း_ ''နေ့လယ်က ကျွန်မအစ်ကိုရဲ့ KTV မှာ နှစ်ကုန်စားသောက်ပွဲလုပ်နေတာတွေ့တယ်... အဲဒါနဲ့ဆိုင်တဲ့ဗီဒီယိုတွေကြည့်နေတာ... ကျွန်မတို့စံအိမ်နဲ့စက်ရုံမှာ စုစုပေါင်းလူ ၈၀၀ နီးပါးရှိတယ်... ဒါရုံချန်းစီရင်စုလိုနေရာငယ်လေးမှာ ပွဲကြီးပွဲကောင်းဖြစ်နေပြီ... ကျွန်မတို့လည်း ကုမ္ပဏီကြီးတွေလို စားသောက်ပွဲ ဒါမှမဟုတ် ပါတီကျင်းပရမလား စဉ်းစားနေတာ''

''တို့ဘာလို့ ပါတီမလုပ်ရမှာလဲ?'' ချင်လင်က ကွန်ပျူတာပေါ်တွင်ဖွင့်ထားသောဗီဒီယိုကိုကြည့်လိုက်သည်။ ထိုဗီဒီယိုမှာ ကုမ္ပဏီတစ်ခု၏နှစ်ကုန်စားသောက်ပွဲဖြစ်သည်။ မိန်းမလှလေးတချို့က စကတ်တိုတိုနှင့်ကနေပြီး ပတ်ဝန်းကျင်မှာအလွန်သက်ဝင်လှုပ်ရှားနေ၏။

ကျောက်မိုချင်းကခေါင်းညိမ့်လိုက်ပြီး_ ''ဒါပေမဲ့ လူက ၈၀၀ နီးပါးလေ... ဘယ်နားသွားကျင်းပမလဲ? ဒီလောက်လူအများကြီးနဲ့ စီရင်စုခန်းမငှားနေရမှာစိုးတယ်''

စီရင်စုခန်းမမှာ စီရင်စုထဲတွင်အကြီးဆုံးနေရာဖြစ်သည်။ အစိုးရပုံစံခန်းမလည်းဖြစ်၏။ ပုံမှန်အားဖြင့် စီရင်စုတွင် တချို့အရေးကြီးပွဲ ဒါမှမဟုတ် ရုံးကနားကိစ္စရှိမှသာ အသုံးပြုသည်။ သူငှားရမ်းနိုင်မလားသိချင်သွား၏။

''ကိုယ်စီရင်စုကိုဖုန်းဆက်ပြီး မေးလိုက်မယ်'' ချင်လင်ကပြောရင်းဆိုရင်း ဖုန်းထုတ်ပြီး ချန်လီ၏နံပါတ်ကိုရှာလိုက်သည်။

ထိုအချိန်၌…

ချန်လီလည်း သူ့ရုံးခန်းထဲတွင် ကျုံးလဲ့နှင့်အတူ အချက်အလက်များပြန်လည်စစ်ဆေးနေသည်။ အားလုံးက စီရင်စုထဲရှိစားသောက်ဆိုင်အသီးသီး၏အချက်အလက်များဖြစ်သည်။

မုန့်စျေးလမ်းမှာ သူလက်ထောက်အဖြစ်ရာထူးတိုးပြီးနောက် ပထမဆုံးလုပ်ငန်းဖြစ်၏။ ဘာအမှားအယွင်းမှ လုံးဝမဖြစ်စေချင်။ သူ့အာရုံအားလုံးကို ဒီအပေါ်စိုက်ထားသည်။

''အရေအတွက်နဲ့အရည်အသွေး မပြည့်မီဘူး'' ချန်လီက အချက်အလက်များဖတ်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ခဏအကြာ သူကကျုံးလဲ့အား_ ''ရှောင်ကျုံး... စီရင်စုမြို့တော်ပဲ ကြည့်နေလို့မဖြစ်ဘူးမလား? မြို့အောက်ဘက်မှာလည်း မုန့်ဆိုင်တွေအများကြီး... စုစုပေါင်းအရေအတွက်က စီရင်စုမြို့တော်ထက်ပိုများတယ်''

ကျုံးလဲ့သဘောပေါက်သွားပြီး_ ''လက်ထောက်ချန်... မနက်ဖြန် မြို့တွေကို ကျွန်တော်ကိုယ်တိုင်လိုက်ကြည့်မယ်... အားလပ်ရက်မတိုင်ခင်တော့ သေချာပေါက်အဖြေထွက်မှာပဲ''

“ကောင်းတယ်” ချန်လီခေါင်းညိမ့်လိုက်သည်။

ထိုစဉ် ဖုန်းမြည်လာသည်။

ချင်လင်၏နံပါတ်ကိုတွေ့သောအခါ ချန်လီကတုံ့ဆိုင်းခြင်းမရှိကောက်ကိုင်လိုက်ပြီး_ ''သူဌေးချင်... တစ်ခုခုဖြစ်နေပြီထင်တယ်''

ချင်လင်၏အသံလည်း ကြားရသည်_ ''လက်ထောက်ချန်... စီရင်စုထဲက စီရင်စုခန်းမကို ငှားလို့ရမရမေးချင်လို့ပါ? ကျွန်တော်တို့နှစ်ကုန်စားသောက်ပွဲအတွက် ပါတီပွဲကျင်းပဖို့စီစဉ်ထားတယ်... စီရင်စုခန်းမမှပဲ လူ ၈၀၀ ကျော်လောက်ဆံ့မှာမလို့ပါ''

''သူဌေးချင်... ပါတီလုပ်မလို့လား? ခင်ဗျားကို စီရင်စုခန်းမငှားနိုင်ပါတယ်'' ချန်လီကအံ့သြပြီး မတ်တပ်ထရပ်လိုက်သည်။

လူ ၈၀၀ နဲ့ပါတီပွဲက အရမ်းအသက်ဝင်မှာပဲ။ နောက်ထပ်လူနည်းနည်းဖိတ်လိုက်ရင် လုံးဝလူ ၁၀၀၀ ကျော်နိုင်သည်။

စီရင်စုထဲမှာ ဘယ်ကုမ္ပဏီမှ ဒီလိုပါတီပွဲမျိုးမကျင်းပခဲ့ဖူးပေ။ ဒါစီရင်စုက အားပေးထိုက်သော ဝမ်းသာစရာကိစ္စတစ်ရပ်လည်း​ဖြစ်သည်။

ချင်လင်ကိုသဘောတူလိုက်ပြီးနောက် ချန်လီက စွန်းရှန်အား ထိုအကြောင်းတင်ပြလိုက်သည်။

စွန်းရှန်က အပြတ်ဆိုလိုက်၏_ ''စီရင်စုရဲ့အနုပညာအဖွဲ့ကို သူဌေးချင်ကိုကူပြီး ပိုအသက်ဝင်အောင်လုပ်ပေးလိုက်ပါ... ပြီးရင် စီရင်စုရုပ်သံဌာနကို အင်တာဗျူးပြီး မှတ်တမ်းတင်ခိုင်းပါ... အချိန်ကျရင် ငါတို့အွန်လိုင်းပေါ်မှာတင်မယ်... ပြည်သူတွေကို ငါတို့ရုံချန်းစီရင်စုအဖွဲ့အစည်းရဲ့ခမ်းနားပုံကိုမြင်စေရမယ်''





All Chapters