အမတခုံရုံးမှ အုပ်စိုးရှင်(၅)ပါး ကျဆုံးခြင်း
Vol. 88 Ch. 1237
အခန်း (၁၂၃၇) အမတခုံရုံးမှ အုပ်စိုးရှင်(၅)ပါး ကျဆုံးခြင်း
သူမကဲ့သို့ အမတခုံရုံးမှ အုပ်စိုးရှင်တစ်ပါးအား သူမလက်ဖြင့် သတ်ဖြတ်လိုက်မိသည့်အတွက် ရွမ့်မင်ယန် အတော်လေး ထိတ်လန့်တုန်လှုပ်သွားသည်။
ရန်ကျောက်ကဲက သူ့လက်ကိုဆန့်ထုတ်ပြီး လက်ချောင်းများကိုဖွင့်ကာ ရွမ့်မင်ယန်၏ ဦးခေါင်းကို ဖမ်းဆုပ်လိုက်၏။
ရွမ့်မင်ယန်၏ အမြင်အာရုံတစ်ခုလုံး မှောင်အတိကျသွားပြီး ဦးတည်ချက်ပျောက်ဆုံးသွားသလို ခံစားလိုက်ရကာ ရန်ကျောက်ကဲ၏ ပင့်မြှောက်ဆွဲယူခြင်းကို ခံလိုက်ရသည်။
ထို့နောက် ရန်ကျောက်ကဲက ရွမ့်မင်ယန်၏ ဦးခေါင်းကို စောင့်ဆွဲလိုက်ပြီး ဗလာနယ်အက်ကွဲကြောင်းထဲတွင် ပိတ်မိနေသည့် အနက်ရောင်ပိုးသားဧကရာဇ်၏ ဘေးဘက်သို့ လျှင်မြန်စွာ ရောက်ရှိသွားသည်။
အနက်ရောင်ပိုးသားဧကရာဇ်မှာ နာကျင်စရာအကောင်းဆုံးအဆင့်ကို ဖြတ်ကျော်နိုင်ပြီးနောက် သူ၏ခန္ဓာကိုယ်အား ဗလာနယ်အက်ကွဲကြောင်းနှင့် တစ်သားတည်းဖြစ်စေရန် ‘ထိုက်ရှီးခုန်မင်မရှိမှုခန္ဓာ’ ကို အသုံးပြုပြီး ခွန်အားရှိသမျှ ကြိုးစားလိုက်သည်။
နောက်ဆုံး သူ၏အခြေအနေ အတော်လေး တည်ငြိမ်သွားချိန် ရန်ကျောက်ကဲက သူ့အရှေ့သို့ ရောက်ရှိလာလေသည်။
ရန်ကျောက်ကဲက သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့် ရွမ့်မင်ယန်၏ဦးခေါင်းကို အနက်ရောင်ပိုးသားဧကရာဇ်ထံသို့ တွန်းထုတ်လိုက်သည်။
ထိုအချိန် ဗလာနယ်ပုံပျက်သွားပြီး အက်ကွဲကြောင်းတစ်ခု ထပ်မံဖြစ်ပေါ်လာသည်။
ရွမ့်မင်ယန်နှင့် အနက်ရောင်ပိုးသားဧကရာဇ်တို့နှစ်ယောက်လုံး အော်ဟစ်ညည်းတွားလိုက်ပြီး ဗလာနယ်အက်ကွဲကြောင်းအတွင်းသို့ ကျရောက်သွားသည်။
သူတို့နှစ်ယောက် အက်ကွဲကြောင်းကို ဖြတ်သန်းသွားပြီး နေခြည်ဧကရာဇ်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ရှေ့တွင် ပေါ်လာသည်။
ဤနည်းလမ်းအားအသုံးပြုပြီး အချင်းချင်းပြန်လည်ဆုံတွေ့နိုင်ရန် အနက်ရောင်ပိုးသားဧကရာဇ်နှင့် နေခြည်ဧကရာဇ်တို့က နဂိုကတည်းက စီစဉ်ထားပြီးသား ဖြစ်သည်။
မူလရည်ရွယ်ချက်မှာ သူတို့နှစ်ယောက်ပူးပေါင်းပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် လွတ်မသွားအောင် ဖမ်းဆီးထားရန် ဖြစ်၏။
ယခုတော့ အနက်ရောင်ပိုးသားဧကရာဇ်သာမက ဟန်လေဧကရီ ‘ရွမ့်မင်ယန်’ ပင် အဆစ်ပါလာသေးသည်။
သို့ပေသိ ဗလာနယ်အက်ကွဲကြောင်းက ဒုတိယအကြိမ် အတင်းအကျပ်ဆွဲဖြဲခံထားရသဖြင့် အလွှာလိုက်တွန့်ခေါက်သွားပြီး ပုံပျက်နေလေရာ ၊ ထိုသက်ရောက်မှုက အနက်ရောင်ပိုးသားဧကရာဇ်နှင့် ရွမ့်မင်ယန်တို့၏ ခန္ဓာကိုယ်များကို မရပ်မနား တုန်ခါနေစေသည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူတို့နှစ်ယောက်ကို လုံးဝအရေးမစိုက်ဘဲ ဖယောင်းနေခြည်ဧကရာဇ်ကိုသာ ပိုမိုမြန်ဆန်စွာဖြင့် သဲကြီးမဲကြီး တိုက်ခိုက်နေသည်။
ထိုအချိန် နေခြည်ဧကရာဇ် မျက်လုံးထောင့်ကပ်ပြီး ရန်ကျောက်ကဲရှိရာသို့ တစ်ချက်လှမ်းကြည့်လိုက်ရာ ရုတ်ချည်းပင် ထိတ်လန့်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ရန်ကျောက်ကဲလက်ထဲတွင် အမတခုံရုံးမှ အုပ်စိုးရှင်နှစ်ပါးကို လက်တစ်ဖက်စီတွင် အရှင်လတ်လတ် ချုပ်ကိုင်ထားသည် မဟုတ်ပါလား။
ထို့နောက် သူက သွေးနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ နေခြည်ဧကရာဇ်နှင့် အခြားသူများရှေ့သို့ ဗလာနယ်ကိုဖြတ်ကျော်ပြီး အရှိန်အဟုန်ဖြင့် ရောက်ရှိလာသည်။
ရန်ကျောက်ကဲ၏ ညာဘက်လက်ဖြင့် ဆုပ်ကိုင်ခံထားရသော စူစန်းတောင်ဓားသိုင်းကျင့်ကြံထားသည့် အမတခုံရုံးမှ အုပ်စိုးရှင်မှာ ရှက်လည်းရှက် ဒေါသလည်း ထွက်နေလေသည်။
“မိစ္ဆာလမ်းစဉ်လိုက်တဲ့ ခွေးကောင် ၊ ငါ့ဓားကိုကြည့်စမ်း...”
သူက ဒေါသတကြီး အော်ဟစ်လိုက်၏။
အော်ဟစ်ပြီးသည်နှင့် သူ၏ခန္ဓာကိုယ်တုန်ခါသွားပြီး ဓားချီတစ်ခု စတင်ထွက်ပေါ်လာသည်။
ထိုခဏတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကောင်းကင်ချောက်နက်မရဏမိုးကြိုးလှံရှည်ပမာဖြစ်ပြီး ခန္ဓာကိုယ်တွင်းမှ တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာသည်။
တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲ၏ ညာဘက်လက်ထဲတွင် စူစန်းတောင်ဓားသိုင်းကျင့်ကြံသူ၏ ရုပ်ခန္ဓာပျောက်ကွယ်သွားပြီး တောက်ပသည့်ဓားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။
ဤ အုပ်စိုးရှင်က စူစန်းတောင်မှ လျှို့ဝှက်ဓားသိုင်းကို ကျင့်ကြံထားသည်ဖြစ်ရာ သူ၏ခန္ဓာကိုယ်ကိုစတေးပြီး အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သို့တိုင် ရန်ကျောက်ကဲလက်မှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
ရန်ကျောက်ကဲက...
“မဆိုးပါဘူး... မင်းက ဓားနတ်ဆိုး ယင်းရှီယန်အဆက်အနွယ်က ဆင်းသက်လာတဲ့သူပဲ ၊ နှစ်ထောင်ပေါင်းများစွာကြာပြီးတဲ့နောက် သူ့မှာ ဒီလိုဆက်ခံသူရှိနေတာ အံ့သြစရာပဲ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ မင်းတို့အားလုံးက လမ်းမှားလိုက်နေတဲ့သူတွေဖြစ်နေတာ နှမျောစရာပဲ”
စကားပြောနေသည့်တိုင် ရန်ကျောက်ကဲက လှုပ်ရှားမှုကို မရပ်တန့်ခဲ့ပေ။
သူက ဘယ်လက်နှင့်ညာလက်ကို အလယ်ခေါင်သို့ စုစည်းလိုက်သည်။
စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် ၊ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ် ၊ ထိုက်ကျိယင်ယန်လက်ဝါးသိုင်း ၊ ယင်ယန်ကောင်းကင်ကျမ်းစာနှင့် အခြားသောထိပ်တန်းသိုင်းပညာရပ်များစွာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။
စူစန်းတောင်ဓားသိုင်းကျင့်ကြံသူမှ ပေါက်ကွဲထွက်သွားသော တောက်ပသည့်ဓားအလင်းတန်းက ရန်ကျောက်ကဲအား ထိခိုက်နိုင်ခြင်းမရှိဘဲ သူ၏ ညာဘက်လက်ထဲတွင် ခိုင်မာစွာ ဆုပ်ကိုင်ထားခြင်းခံလိုက်ရသည်။
ရန်ကျောက်ကဲ၏ ဘယ်ဘက်လက်တွင်တော့ သူတော်စင်ခုနစ်ပါးကျမ်းစာ ကျင့်ကြံထားသည့် အမတခုံရုံးမှ အုပ်စိုးရှင် ရျိနေသည်.
စူစန်းတောင်မှကျင့်ကြံသူက ဓားအလင်းတန်းအဖြစ်ပေါက်ကွဲထွက်သွားချိန် ရန်ကျောက်ကဲက လက်နှစ်ဖက်ကို အလယ်ဗဟိုတွင်စုစည်းလိုက်ခြင်းအား ထိုသူက စိတ်ပျက်လက်ပျက်ဖြင့်သာ ကြည့်နေရသည်။
သူ့အပေါ်ဖိနှိပ်ထားသည့် ရန်ကျောက်ကဲ၏ ဖိနှိပ်ချုပ်ချယ်မှု အနည်းငယ်ပြေလျော့သွားသည်နှင့် သူက သူတော်စင်ခုနစ်ပါးကျမ်းစာတွင်ပါရှိသည့် ပညာရပ် (၇)ခုလုံးကို အသုံးချရန် အကောင်းဆုံး ကြိုးစားလိုက်သည်။
ပေါက်ကွဲစေတတ်သောစွမ်းအား အထွတ်ထိပ်ရောက်ရှိသွားသည်နှင့်တပြိုက်နက် ရေတိုင်ကီထဲတွင် သိမ်းဆည်းထားသောရေများက မရပ်တန့်သောအင်အားဖြင့် ရေလွှမ်းမိုးမှုအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။
ကြီးကျယ်ခမ်းနားပြီး ပြင်းထန်သောအရှိန်အဟုန်ဖြင့် ရေလွှမ်းမိုးမှုကို ထင်ရှားစွာ ပြသခဲ့သည်။
သို့သော် ရန်ကျောက်ကဲက လက်နှစ်ဖက်ကို အလယ်တွင်စုလိုက်သည့်အခါ သူနှင့်ထိပ်တိုက်ရင်ဆိုင်ရသူက ရန်ကျောက်ကဲမဟုတ်ဘဲ စူစန်းတောင်မှ ဓားသိုင်းကျင့်ကြံသူ ဖြစ်သွားလေရာ သူ၏ အသက်ဓာတ်စွမ်းအားများ လောင်ကျွမ်းသွားပြီး သတ်ဖြတ်ခံလိုက်ရသည်။
စူစန်းတောင်မှ ဓားသိုင်းကျင့်ကြံသူ၏တိုက်ခိုက်မှုမျိုးက အသေခံတိုက်ခိုက်ပြီး မိမိကိုယ်ကို စတေးခံခြင်းဖြစ်သည်။ သာမန်ကျင့်ကြံသူတစ်ယောက်အတွက် ထိုသို့ပြုလုပ်နိုင်မည် မဟုတ်ပေ. စူစန်းတောင်မှ အဖိုးတန်လျှို့ဝှက်သိုင်းပညာရပ်ကြောင့်သာ ဤသို့ ပြုလုပ်နိုင်ခြင်း ဖြစ်၏။
အတိုင်းအတာတစ်ခုအထိ ရန်ကျောက်ကဲ၏ ဖိနှိပ်ခြင်းကိုခံနေရသော အမတခုံရုံးမှ ကျင့်ကြံသူကတော့ ပြောနေစရာပင် မလိုတော့ပေ။
အဆုံးသတ်မှာတော့ ရလဒ်တစ်ခုသာလျှင် ရှိခဲ့သည်။
စူစန်းတောင်မှဓားသိုင်းကိုကျင့်ကြံထားသော အမတခုံရုံးမှ အုပ်စိုးရှင် ဘဝကိုစတေးကာ ပြောင်းလဲထားသော တောက်ပသည့်ဓားသွားက သူတော်စင်ခုနစ်ပါးကျမ်းစာကျင့်ကြံထားသော အုပ်စိုးရှင်၏ ရေလွှမ်းမိုးခြင်းစွမ်းအားကို ထိုးခွင်းလိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ ထုတ်ချင်းပေါက် ဝင်ရောက်သွားသည်။
နောက်ဆုံးမှာတော့ “ဒြပ်စင်ငါးပါး နေဖမ်းစားအစီအရင်” ကို တည်ဆောက်ခဲ့သော အမတခုံရုံးမှ အုပ်စိုးရှင်(၅)ပါးလုံး သေဆုံးသွားရပေပြီ။
နေခြည်ဧကရာဇ်က သက်ပြင်းတစ်ချက်ချရင်း...
“ငါတို့ရဲ့အရှိန်အဟုန်က သူ့လောက် မမြန်ဘူး ၊ ဒီတော့ ငါတို့ ထွက်သွားချင်ရင်တောင် ထွက်သွားလို့ မရနိုင်ဘူး”
ပြောရင်း သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် သူက လက်ကိုဆန့်ထုတ်ကာ ကြေးမုံမှန်ထက်တွင် ကန့်လန့်ဖြတ်အနေအထား လက်ကိုပွတ်ဆွဲလိုက်သည်။
ယခင်က အက်ကြောင်းတစ်ခုရှိခဲ့ဖူးသော ရှေးဟောင်းကြေးမုံမှန်ထက်တွင် အက်ကြောင်းအသစ်တစ်ခု ထပ်မံထွက်ပေါ်လာသည်။
အက်ကြောင်းနှစ်ခုက ကြေးမုံမှန်၏အလယ်တွင် အလျားလိုက် ၊ ဒေါင်လိုက် နှစ်ကြောင်းဖြတ်သွားပြီး ကြက်ခြေခတ်သဏ္ဌန်ဖြစ်သွားကာ ကြေးမုံမှန်အတွင်းမှ ဖယောင်းတိုင်မီးသည်ပင် နှစ်ခြမ်းကွဲသွားခဲ့သည်။
သို့သော် အမတမှော်ဝင်ပစ္စည်း၏ တန်ခိုးစွမ်းအားက အားနည်းသွားခြင်း မရှိပေ။
တစ်ချိန်တည်းမှာပင် မည်သည့်သတိပေးချက်မှမရှိဘဲ ဗလာနယ်ထဲတွင် ကန့်လန့်ဖြတ်အက်ကွဲကြောင်းနှစ်ခု ရုတ်တရက်ပေါ်လာပြီး ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်ကို ထိုးခွင်းကာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ဆီသို့ ဦးတည်ဝင်ရောက်သွားသည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏မျက်နှာအမူအရာ တည်ကြည်လေးနက်သွားသည်။
အနီရောင်တောက်ပနေသည့် လခြမ်းကွေးလှံသွားနှစ်ခုက ကော်းကင်ခွင်းလှံရှည်ပမာ အသွင်သဏ္ဌန်ထွက်ပေါ်လာပြီး အရှေ့ဆီသို့ ခုတ်ပိုင်းချလိုက်သည်။
ဗလာနယ်ထဲမှ ကြက်ခြေခတ်သဏ္ဌန် အက်ကွဲကြောင်းကို အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ဖျက်ဆီးပစ်လိုက်သည်။
သို့ပေသိ ဤသို့ပြုလုပ်လိုက်ခြင်းက ပရမ်းပတာဗလာနယ်ထဲတွင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် ရန်ကျောက်ကဲတို့အား လူချင်းကွဲကွာသွားစေလေသည်။
ထိုခဏတွင် နေခြည်ဧကရာဇ်က ကြေးမုံမှန်အလင်းတန်းကိုကိုင်ဆောင်ပြီး ရှေ့သို့တိုးကာ ရန်ကျောက်ကဲကို စတင်တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
အနက်ရောင်ပိုးသားဧကရာဇ်နှင့် ဟန်လေဧကရီ ‘ရွမ့်မင်ယန်’ တို့က ဗလာနယ်အက်ကွဲကြောင်းဖြင့်တိုက်ခတ်မိပြီး သူတို့ထံကျရောက်လာသော ဝေဒနာကို ပြင်းထန်စွာနှိမ်နင်းပြီးနောက် နေခြည်ဧကရာဇ်နှင့်အတူ ရန်ကျောက်ကဲကိုတိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။
ရွမ့်မင်ယန်က မာနကြီးသူဖြစ်သလို တိုက်ပွဲအတွေ့အကြုံ များပြားသူလည်း ဖြစ်၏။
လက်ရှိအချိန်က အသက်ကို ကြိုးတန်းပေါ်တင်ထားရသည့်အနေအထားဖြစ်ကြောင်း အုပ်စိုးရှင် (၃)ပါးလုံး သိထားကြသည်။
သူတို့ အစွမ်းကုန်မကြိုးစားပါက ဤတိုက်ပွဲတွင် ရှင်သန်ရန် အခွင့်အရေးရှိမည် မဟုတ်ပေ။
သူတို့ (၃)ယောက်လုံးက နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီးဖြစ်သော အစစ်အမှန်နတ်ဘုရားများ ဖြစ်ကြသည်။ သို့သော် သူတို့အားလုံးပေါင်းပြီး သိုင်းသူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြသည်။
ထိုအကြောင်းကိုသာ အခြားသူများကြားသိပါက လှောင်ရယ်ကြပေလိမ့်မည်။
သို့သော် နေခြည်ဧကရာဇ် ၊ အနက်ရောင်ပိုးသားဧကရာဇ်နှင့် ရွမ့်မင်ယွမ်တို့အားလုံးက ဤကိစ္စကို ရယ်စရာအဖြစ် သဘောမထားခဲ့ကြပေ။
သူတို့စိတ်ထဲတွင် အတွေးတစ်ခုသာလျှင် ရှိသည်။
“ရန်ကျောက်ကဲအား သတ်ဖြတ်ပစ်ရမည် ၊ မဟုတ်ပါက သူတို့အတွက် အသက်အန္တရယ်ရှိလာမည်”။
ရွမ့်မင်ယန်က သူမ၏ မရဏမိုးကြိုးလှံရှည်ကို ပြန်လည်ထုတ်ယူလိုက်ပြီး တန်ခိုးစွမ်းအားအပြည့် ထုတ်ဖော်အသုံးပြုလိုက်သည်။ ပြင်းထန်လျှင်မြန်သည့် ငွေဖြူရောင်မိုးကြိုးက လေထုထဲတွင် လှုပ်ရှားသွားပြီး အဆုံးမရှိသော အမှောင်ထုကို ဆုတ်ဖြဲပစ်လိုက်သည်။
အနက်ရောင်ပိုးသားဧကရာဇ်၏ မျက်နှာက တည်ငြိမ်နေပြီး သူက ထိုက်ချူးနတ်လက်ချောင်းသိုင်းဖြင့် ရန်ကျောက်ကဲထံသို့ ညွှန်ပြလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏လက်သီးကို ကျိုင်းတံအဖြစ်အစားထိုးအသုံးပြုပြီး ကျိုင်းတံပညာကို ထုတ်ဖော်ကာ ရန်ကျောက်ကဲထံ တည့်တည့်မတ်မတ် ထိုးစိုက်ချလိုက်သည်။
ထို ကျိုင်းတံတိုက်ခိုက်မှုတွင် ထိုက်ယိလက်သီးသိုင်းအငွေ့အသက် အနည်းငယ် ပါဝင်နေသည်ကိုပင် ခံစားရသည်။
သူက ရန်ကျောက်ကဲထံမှ လက်သီးချက်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီးနောက် ထိုက်ယိလက်သီးသိုင်းနှင့်ပတ်သက်ပြီး နားလည်မှုတစ်စုံတစ်ရာ ရရှိခဲ့ပေ၏။
သို့သော် လက်ရှိတိုက်ပွဲကို အဆုံးသတ်နိုင်မှသာလျှင် သူရရှိထားသည့် အကျိုးအမြတ်ကို အမှန်တကယ် ထိန်းသိမ်းနိုင်မည် ဖြစ်သည်။
အနက်ရောင်ပိုးသားဧကရာဇ် နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သူ့ဘဝတစ်လျှောက်လုံး သင်ယူခဲ့သမျှ ပညာအားလုံးကို အသုံးပြု တိုက်ခိုက်လိုက်၏။
သူတို့ (၃)ယောက်တွင် စွမ်းအားအကြီးမားဆုံးမှာ ဖယောင်းနေခြည်ဧကရာဇ်ဖြစ်ကြောင်း သံသယဝင်စရာ မရှိပေ။
မည်သည့်လက်နက်မှ အသုံးမပြုဘဲ လက်ဗလာဖြင့်တိုက်ခိုက်ခြင်းက သူ၏စွမ်းအားဖြစ်သည်။ သို့သော် ယခုတော့ သူ့လက်ထဲတွင် အမတမှော်ဝင်ပစ္စည်းတစ်ခု ကိုင်ဆောင်ထားသည်။
ယခု နေခြည်ဧကရာဇ်အနေဖြင့် ခံစစ်အနေအထားတွင်ရှိမနေသည်ဖြစ်ရာ တိုက်စစ်ဆင်ရန်အတွက် အခွင့်အရေးစောင့်နေစရာ မလိုအပ်ပေ။
သူက ကြေးမုံမှန်အလင်းတန်းကို ပင့်မြှောက်လိုက်ပြီး ကျယ်ပြန့်သည့်ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံကာ ရုတ်ချည်းပင် ရန်ကျောက်ကဲအား ရိုက်ချလိုက်သည်။
ကြက်ခြေခတ်ပုံသဏ္ဌန်အက်ကွဲမှုကြောင့် ကြေးမုံမှန်က လေးပိုင်းကွဲနေပုံရသည်။ အနက်ရောင်နှင့်အဖြူရောင် ဖယောင်းတိုင်အလင်းတန်းနှစ်ခုက ယိမ်းခါလှုပ်ယမ်းနေပြီး အယူအဆ (၄)မျိုးဖြစ်သည့် အဓိကယန်စွမ်းအား ၊ အဓိကယင်စွမ်းအား ၊ သေးငယ်သည့် ယန်စွမ်းအား ၊ သေးငယ်သည့် ယင်စွမ်းအားတို့ကို ပြသထားသည်။
ဤ ယင်နှင့်ယန် (၄)မျိုးသည် ကမ္ဘာတစ်ခု၏ အသွင်ကူးပြောင်းမှုကို ပြသနေသည့်အလား များပြားလှသော အရာများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်မှပြိုကျလာကာ ရန်ကျောက်ကဲအား ဖိနှိပ်ထားလိုက်သည်။
ပုံရိပ်ယောင်အရှင်၏ အဆက်အနွယ်များက စက်ဝန်းသံသရာကော်ငးကင်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာ ၊ အသင်္ချေစကြာဝဠာကောင်းကင်ကျမ်းစာနှင့် ပုံရိပ်ယောင်ကျမ်းစာတို့ကို ကျင့်ကြံထားသူများ ဖြစ်ကြသည်။
ရန်ကျောက်ကဲထံသို့ “အသင်္ချေယင်ယန် စည်းတံဆိပ်” က ပြင်းထန်စွာပင် ကျရောက်လာလေ၏။