← Chapters

နဂါးပြာခန်းမ

Vol. 59 Ch. 816

နဂါးပြာခန်းမ

Vol. 59 Ch. 816

ယဲ့ချန်သည် လင်ယွမ်ကို အသက်ရှူရပ်သည်အထိ ရိုက်နှက်နေသောကြောင့် သူ၏အသံက တဖြည်းဖြည်း အားနည်းလာကာ ချောမောသော မျက်နှာက ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့သည်။

"ဒီကောင်လည်း သင်ခန်းစာရလောက်ပါပြီ။ တော်သင့်ပြီ"

ထိုအချိန်၌ ဟင်းလင်းပြင်အတွင်းမှ ခမ်းနားသော အမိန့်သံတစ်ခုကို ကြားလိုက်ရသောကြောင့် မဟာအကြီးအကဲတစ်ယောက် စွက်ဖက်လာကြောင်း ယဲ့ချန်က နားလည်လိုက်၏။ လင်ယွမ်၏မြှားအကြောင်း တွေးမိသောအခါ သူက နောက်ဆုံးအကြိမ်အဖြစ် မျက်နှာကို အားကုန်ဆောင့်နင်းလိုက်သဖြင့် အော်သံနက်ကြီး ထွက်ပေါ်လာသည်။ သူ၏မျက်နှာက ဝက်တစ်ကောင်ကဲ့သို့ ယောင်ကိုင်းနေပြီး ဒဏ်ရာများ ပြည့်နှက်နေကာ သူ၏ဖခင် ရောက်လာလျှင်ပင် မှတ်မိစရာ မရှိချေ။ ထို့နောက် လင်ယွမ်ကို အင်အားတစ်ခုက ဆောင့်တွန်းလိုက်သောကြောင့် အဝေးသို့ လွင့်ထွက်သွားခဲ့သည်။ သူ၏နောက်လိုက်များက အလျင်အမြန်ရောက်လာပြီး မတ်တပ်ရပ်ရန် ကူညီပေးလိုက်ကြသည်။ ထိုအချိန်၌ သူ၏မျက်နှာက ရုပ်ပျက်ဆင်းပျက်ဖြစ်နေကာ သွားများ ကျိုးနေသောကြောင့် ချောမောသော လူငယ်သခင်လေးတစ်ယောက်၏ မျက်နှာမျိုး ပျောက်ကွယ်နေသည်။ အစောင့်များကျွေးသော ဆေးလုံးအနည်းငယ်ကို စားပြီးမှသာ သူက အသက်ဝဝရှူလာနိုင်ခဲ့သည်။

"ငါ မင်းကို သတ်ပစ်မယ်"

သူက ယဲ့ချန်ကို လက်ညှိုးငေါက်ငေါက်ထိုး၍ ရိုက်နှက်ခံခဲ့ရခြင်းကို လက်စားချေချင်နေခဲ့သည်။ ယဲ့ချန်က တစ်ချက်လှည့်ကြည့်လာပြီး အေးစက်စက်နှာခေါင်းရှုံ့ကာ မဟာအကြီးအကဲ၏ ဆုံးဖြတ်ချက်ကို စောင့်ရန် ဆုံးဖြတ်လိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း"

ဒေါသတကြီး ဟိန်းဟောက်သံတစ်ခုနှင့်အတူ စွမ်းအားကြီးတစ်ရပ်က ဘက်ပေါင်းစုံမှ ကျဆင်းလာကာ လူတိုင်းအပေါ် ကြောက်မက်ဖွယ်ဖိအား ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် လင်ယွမ်က ဒူးထောက်ကျသွားပြီး ပါးစပ်က ချက်ချင်းပိတ်သွားခဲ့သည်။

"မဟာအကြီးအကဲ မင်လု"

ထိုစကားသံကြောင့် ငွေမြွေကျောင်းတော်မှ လူတိုင်း ထိတ်လန့်ကြောက်ရွံ့သွားကာ မျက်နှာပေါ်ရှိ မောက်မာမှုများ ချက်ချင်းပျောက်ကွယ်သွား၍ အလွန်ရိုကျိုးသွားကြသည်။

"လင်ယွမ် ကိုယ့်အမှားကို ဝန်ခံစမ်း။ ကောင်းကင်နတ်ဆိုးကို တိုက်ခိုက်နေတဲ့ ဂိုဏ်းတူအချင်းချင်း တိုက်ခိုက်ရဲတယ်ပေါ့။ မင်းအပြစ်ကို မင်း သိလား"

မင်လုက အေးစက်စက် ငေါက်ငမ်းလိုက်သောအခါ ယဲ့ချန်သည်လည်း ထိပ်တန်းမဟာမိတ်မှဖြစ်ကြောင်း သိလိုက်ရသဖြင့် လင်ယွမ်က မင်သက်သွားခဲ့သည်။ သို့သော် ဂိုဏ်းအတွင်း၌ အသက်ငယ်ငယ်နှင့် ဤမျှအစွမ်းထက်သူတစ်ယောက်ကို သူက လုံးဝမကြားဖူးခဲ့ပေ။ အကယ်၍ တစ်ဖက်လူကသာ ထိပ်တန်းမဟာမိတ်၏ အဖွဲ့ဝင်တစ်ယောက်မဟုတ်လျှင် မဟာအကြီးအကဲများက ဤကိစ္စကို အလေးထားမည် မဟုတ်ပေ။ သို့သော် ဂိုဏ်းတူချင်းဖြစ်နေသောအခါ သူ၏ပြစ်မှုက ကြီးလေးသောကြောင့် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

"ဒီကောင်က ထိပ်တန်းမဟာမိတ်ကဆိုရင်လည်း စောစောစီးစီး ပြောပါလား"

လင်ယွမ်က စိတ်ထဲမှ ကျိန်ဆဲနေစဥ် ယဲ့ချန်သည် မင်လု၏သဘောထားကြောင့် စိတ်အေးသွားခဲ့သည်။ ထိုအကြီးအကဲက ဘက်လိုက်သူ မဟုတ်သောကြောင့် သူက ထိပ်တန်းမဟာမိတ်အပေါ် စတင်အကောင်းမြင်လာခဲ့သည်။

"ကျုပ် မှားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ မဟာအကြီးအကဲ။ သူက ဂိုဏ်းတူတစ်ယောက်ဆိုတာကို တကယ်မသိခဲ့လို့ပါ"

လင်ယွမ်က ခေါင်းငုံ့၍ တောင်းပန်ရန် မလိုလားသော်လည်း မဟာအကြီးတစ်ယောက်ရှေ့၌ စွမ်းဆောင်နိုင်သော အရာ မရှိပေ။ သူ၏စိတ်အတွင်း၌ ယဲ့ချန်ကို အပြစ်ပုံချနေခဲ့ပြီး ဤကိစ္စ၏ အဓိကတရားခံက သူကိုယ်တိုင်ဖြစ်ကြောင်းပင် မေ့နေခဲ့သည်။

"မင်းက ထိပ်တန်းမဟာမိတ်ကဆိုရင်ရော ဘာဖြစ်သေးလဲ။ ငါက မင်းကို ကောင်းကောင်းကြီး လက်စားချေပြမယ်"

သူက စိတ်ထဲမှ မကောင်းသော အကြံများ ထုတ်နေခဲ့သည်။

"ထိပ်တန်းမဟာမိတ်က အဖွဲ့ဝင်ဆိုတာကို မသိရင်တောင် ကောင်းကင်နတ်ဆိုးနဲ့ တိုက်ခိုက်နေတဲ့ ကျင့်ကြံသူတစ်ယောက်ကို လုပ်ကြံတာက ခွင့်လွှတ်လို့မရဘူး။ ဒီလိုအောက်တန်းကျမှုမျိုးက ငါတို့ဂိုဏ်းအတွက် အရှက်ရစရာ ဖြစ်တယ်"

မင်လုက အေးစက်စက် ပြောလိုက်သည်။

"မဟာအကြီးအကဲ ကျုပ်ရဲ့မြှားက တကယ်လွဲချော်သွားတာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

လင်ယွမ်က စတင်ကြောက်လန့်လာခဲ့သည်။

"မင်းက လွန်လွန်းလှချည်လား။ နောက်ထပ်ပြစ်မှုတစ်ခု ထပ်တိုးလာပြီ။ မင်းကများ ငါ့ကို လိမ်လည်ချင်သေးတယ်ပေါ့။ မင်းရဲ့ပြစ်မှုအတွက် စည်းကမ်းထိန်းခန်းမမှာ ကြိမ်ဒဏ်တစ်ထောင်ခံယူပြီး ဝိညာဥ်မီးဖိုထဲမှာ တစ်လ အကျဥ်းခံရမယ်"

မင်လု၏လေသံက ပို၍တင်းမာလာပြီး လင်ယွမ်အထက်ရှိ ဖိအားပမာဏက ပိုမိုကြီးမားလာခဲ့သည်။ သူ၏စကားကြောင့် လင်ယွမ်မှာ အကြောက်လွန်သွားပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်လာခဲ့သည်။ ကြိမ်ဒဏ်ကို သူက သည်းခံနိုင်သော်လည်း ဝိညာဥ်မီးဖိုပြစ်ဒဏ်က ကြောက်စရာကောင်းလွန်းသော နှိပ်စက်မှု ဖြစ်သည်။ ထိုနေရာ၌ ခုနစ်ရက်နေထိုင်လျှင်ပင် နတ်အစေခံတစ်ယောက်ကို သေလုမျောပါး ဖြစ်စေနိုင်သောကြောင့် တစ်လဆိုလျှင် သူက အသက်ရှင်လျက် ထွက်လာနိုင်ရန်ပင် မသေချာချေ။ သူ၏အမူအရာကြောင့် ယဲ့ချန်သည် ဝိညာဥ်မီးဖိုဆိုသော အရာ၏ ကြောက်စရာကောင်းပုံအကြောင်း သိချင်လာခဲ့သည်။

"ကျေးဇူးပြုပြီး ညှာတာပေးပါ"

မောက်မာ၍ ဆောင့်ကြွားကြွားဖြစ်နေသော လင်ယွမ်မှာ အကြိမ်ကြိမ်ဦးချ၍ ဆက်တိုက်တောင်းပန်နေခဲ့သည်။ ဤကိစ္စမျိုး ဖြစ်လာမည်ဟု ထင်မထားသော ဝေဖုန်းသည်လည်း စိုးရိမ်တကြီး ဖြစ်နေခဲ့သည်။ လင်ယွမ်သာ အမှန်တကယ် အပြစ်ပေးခံရလျှင် ဂိုဏ်းသို့ပြန်ရောက်ပါက သူကိုယ်တိုင်လည်း လွတ်မြောက်မည် မဟုတ်ပေ။ သို့သော် မဟာအကြီးအကဲတစ်ယောက်၏ အာဏာမျိုးက သူတို့အဆင့်ဖြင့် တွန်းလှန်နိုင်သော အရာ မဟုတ်ပေ။ မင်လု၏ဆုံးဖြတ်ချက်ကြောင့် ယဲ့ချန်က ကျေနပ်နေပြီး အကယ်၍ လင်ယွမ်ကို ပြင်းပြင်းထန်ထန် အပြစ်မပေးဘဲ ဘက်လိုက်၍ဆုံးဖြတ်ခဲ့လျှင် သူက ထိပ်တန်းမဟာမိတ်မှ ထွက်ခွာရန်ပင် စဥ်းစားထားသည်။

"မင်လု ဒီအပြစ်ဒဏ်က မများလွန်းဘူးလား"

ထိုအချိန်တွင် ချိုသာကြည်လင်သော မိန်းမသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဒါဆိုရင် ဘယ်လိုကိုင်တွယ်သင့်လဲ ပြောစမ်းပါ မင်ယု"

သူ၏ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခံလိုက်ရသောကြောင့် မင်လုက မကျေမနပ် ဖြစ်သွားခဲ့သည်။

"လင်ယွမ်က ဒီကလေးကို ဂိုဏ်းတူအချင်းချင်းဖြစ်​ကြောင်း မသိခဲ့တဲ့အတွက် ပြစ်မှုလို့ ပြောလို့မရဘူး။ ပြီးတော့ သူကိုယ်တိုင်လည်း ဘာမှထိခိုက်မသွားခဲ့ဘူး။ လင်ယွမ်က သူ့ကို တောင်းပန်ပြီး ကြိမ်ဒဏ်တစ်ထောင်ခံလိုက်ရင် အဆင်ပြေပါတယ်။ ဝိညာဥ်မီးဖိုထဲမှာ တစ်လနေမယ်ဆိုရင် လင်ယွမ်မှာ အသက်ရှင်ဖို့ လမ်းစမရှိဘူး။ သူသာသေသွားရင် လင်မြောင်က လက်စားပြန်ချေရင် ဒီကလေးအတွက်လည်း မကောင်းဘူး။ လက်စားချေခြင်းတွေ အဆုံးမရှိ ဖြစ်လာလိမ့်မယ်"

မင်ယုက တည်တည်ငြိမ်ငြိမ် ထောက်ပြလိုက်သော်လည်း ဘက်လိုက်နေခြင်းက သိသာလွန်းသည်။ လင်မြောင်က လင်ယွမ်၏ဖခင်၊ ငွေမြွေဘုရားကျောင်း၏သခင် ဖြစ်သည်။ နောက်ဆုံးတွင် ယဲ့ချန်သည် ထိပ်တန်းမဟာမိတ်အတွင်း၌ ဂိုဏ်းဂဏအသီးသီး ကွဲပြားနေကြောင်း နားလည်သွားကာ မဟာအကြီးအကဲမင်ယုသည် ငွေမြွေကျောင်းတော်မှဖြစ်ကြောင်း သိလိုက်ရသည်။ သူ့ကို ကူညီနေသော အကြီးအကဲမင်လုက မီတောက်ပေးခဲ့သော နာမည်ကတ်ကြောင့် ဖြစ်ပေလိမ့်မည်။

"လင်ယွမ်လို အောက်တန်းကျတဲ့ လူတစ်ယောက်ကို မင်းက ကာကွယ်ချင်တယ်ပေါ့။ ထိပ်တန်းမဟာမိတ်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာလား"

မင်လုက အေးစက်စက် နှာခေါင်းရှုံ့၍ ကဲ့ရဲ့လိုက်သည်။

"မင်လု ရှင်းအောင်ပြောစမ်း။ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ငါက ဘယ်မှာဖျက်ဆီးနေလို့လဲ"

မင်ယုက အလျှော့မပေးဘဲ ဆက်တိုက်မေးခွန်းထုတ်နေသော်လည်း မင်လုက အကျိုးအကြောင်းမသင့်သော မိန်းမတစ်ယောက်နှင့် မငြင်းခုံလိုကြောင်း သိသာနေသည်။

"လင်ယွမ် ထွက်သွားစမ်း"

"ဟုတ်ကဲ့ပါ မဟာအကြီးအကဲ"

မင်ယု၏စကားကြောင့် လင်ယွမ်က အပျော်လွန်သွားပြီး ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်ရင်း နောက်လိုက်များနှင့်အတူ လေ့ကျင့်ရေးကွင်းအတွင်းမှ ဖြတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။ ဤနေရာမှ အပြင်ပြန်ထွက်ရန်အတွက် အစီအရင်တစ်ခု မလိုအပ်ဘဲ မဟာအကြီးအကဲများ၏ အကူအညီကို လိုအပ်ပေသည်။ ထို့ကြောင့် မင်ယု၏ နောက်ခံရှိနေသော လင်ယွမ်က ဤမျှမောက်မာနေသည်မှာ အဆန်းမဟုတ်တော့ပေ။ အဖွဲ့ကြီးများ၏ ပဋိပက္ခအတွင်း ဘုမသိဘမသိရောက်သွားသော ယဲ့ချန်က ဒေါသတကြီး ဖြစ်နေခဲ့သည်။ သူ့အနေဖြင့် ကိုယ်ကျိုးအတွက်လား၊ ဂိုဏ်းအကျိုးအတွက်လား ရွေးချယ်ရလိမ့်မည်ဟု ပြောခဲ့သော မီတောက်၏စကားကို သူက ယခုမှ နားလည်လာခဲ့သည်။ အကယ်၍ သူ့ကို မဟာအကြီးအကဲမင်လုသာ ကာကွယ်ပေးနေခြင်းမရှိလျှင် မင်ယုက နည်းလမ်းရှာဖွေ၍ လုပ်ကြံလာနိုင်သည်။ ထိပ်တန်းမဟာမိတ်အတွင်း နေရာတစ်ခု အပိုင်ရရန်အတွက် ဂိုဏ်း၏တန်ဖိုးထားခြင်းကို လိုအပ်ပြီး ရန်သူများကို ခြောက်လှန့်ရန်အတွက် ပါရမီနှင့် ခွန်အားလုံလောက်ရန် လိုအပ်နေသည်။ လက်ရှိအခြေအနေကို သဘောပေါက်သွားသည့်အတွက် ယဲ့ချန်နှင့် ခြင်္သေ့ကြီးက အချင်းချင်းနားလှည်မှုရှိစွာ အကြည့်ချင်းဆုံလိုက်ပြီး သူတို့၏တန်ဖိုးကို သက်သေပြရန် ဆုံးဖြတ်လိုက်ကြသည်။ အနည်းဆုံး လင်ယွမ်ကဲ့သို့ လူယုတ်မာမျိုးက အနာဂတ်၌ ပြဿနာ လာမရှာရဲရန်အတွက် ခွန်အားကို ထုတ်ပြထားရပေလိမ့်မည်။

သူတို့က လေ့ကျင့်ရေးကွင်း၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားကာ ပို၍သန်မာသော ကောင်းကင်နတ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း လမ်းတလျှောက် အလောင်းချင်းပုံထပ်နေအောင် သတ်ဖြတ်လိုက်ကြသည်။ ထာဝရကြယ်သင်္ချိုင်း၏ အတွင်းပိုင်းတစ်နေရာမှ ကြယ်သေတစ်လုံးပေါ်တွင် အဖြူရောင် ကျောက်စိမ်းပလ္လင်တစ်ခုရှိနေပြီး ဆံပင်ဖြူဖြူ မုတ်ဆိတ်ဖြူဖြူနှင့် အဘိုးတစ်ယောက်က တင်ပျဥ်ခွေထိုင်နေခဲ့သည်။ သူက မဟာအကြီးအကဲမင်လုဖြစ်ကာ လေ့ကျင့်ရေးကွင်းကို အမြဲမပြတ် စောင့်ကြည့်နေခဲ့သည်။ သူက ယဲ့ချန်၏ခွန်အားကို စောင့်ကြည့်နေရင်း စိတ်ကျေနပ်သွားဟန်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်နေခဲ့သည်။

"ဒီလိုကျင့်ကြံသူတစ်ယောက်ကို ဘယ်က ရှာလာကြတာလဲ။ ဒီကလေးက အဆင့်တစ်ဆယ် နတ်အစေခံဆိုပေမယ့် အတော်လေးသန်မာတဲ့အတွက် ပျိုးထောင်ပေးဖို့ ထိုက်တန်တယ်။ သူက အချိန်လေဟာနယ်တာအိုရုန်းကိုရော နားလည်နိုင်ပါ့မလား။ သူသာ နားလည်နိုင်မယ်ဆိုရင် အနာဂတ်က အကန့်အသတ်မရှိဘူး။ မဆင်ခြင်နိုင်ရင်တော့ နှမြောစရာကောင်းလွန်းတယ်။ ဒီခြင်္သေ့ရဲ့ ပါရမီကလည်း မဆိုးဘူး"

သူက ယဲ့ချန်နှင့် ခြင်္သေ့ကြီးအကြောင်း သုံးသပ်နေခဲ့သည်။

ထိုနေရာမှ ကီလိုမီတာတစ်သောင်းကျော် ဝေးကွာသော ကြယ်သေတစ်လုံးထက်တွင် အပြာရောင်ဝတ်ရုံဝတ် သက်လတ်ပိုင်း မိန်းမတစ်ယောက် ရှိနေသည်။ သူမကလည်း ယဲ့ချန်တို့ကို စောင့်ကြည့်နေပြီး မျက်မှောင်ကြုတ်ထားသဖြင့် မကျေနပ်ကြောင်း သိသာသည်။ ထိုနှစ်ယောက်၏ပါရမီက အလွန်မြင့်ပြီး အံ့သြစရာကောင်းသည်မှာ ရုပ်ခန္ဓာများက တစ်နည်းတဖုံ ထူးခြားနေခြင်းဖြစ်သည်။

"နဂါးပြာကျောင်းတော်က ဒီနှစ်ယောက်ကို ဘယ်ကရှာတွေ့လာကြတာလဲ။ တော်တော်ပါရမီရှိကြတာပဲ"

မင်ယုက နှာခေါင်းရှုံ့လိုက်သော်လည်း ဂျူနီယာများဖြစ်သောကြောင့် မျက်စိထဲထည့်ရန် မလိုအပ်ဟု သတ်မှတ်ထားခဲ့သည်။ နတ်အစေခံတစ်ယောက်က မည်မျှအစွမ်းထက်ပါစေ၊ အချိန်လေဟာနယ်ရုန်းများကို မဆင်ခြင်နိုင်လျှင် တန်ဖိုးထားရန် မထိုက်တန်ချေ။ ထိပ်တန်းမဟာမိတ်အတွင်း၌ အဓိကအဖွဲ့ကြီးသုံးခုရှိပြီး အင်အားချင်းက မျှခြေဖြစ်နေခဲ့သည်။ ၎င်းတို့က အတွင်းကြိတ် ပြိုင်ဆိုင်နေကြသော်လည်း ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းအတွင်း ထိပ်တန်းမဟာမိတ်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် လျှို့ဝှက်ထားကြသည်။ ဤအကြောင်းအရင်းကြောင့် မင်လုက လင်ယွမ်ကို လွှတ်ပေးလိုက်ခြင်းဖြစ်ကာ အမှန်တကယ် အပြစ်ပေးလိုလျှင် မဟာအကြီးအကဲတစ်ယောက်၏ အာဏာစက်အောက်မှ ပြေးမလွတ်ပေ။

ယဲ့ချန်နှင့် ခြင်္သေ့ကြီးသည် လမ်းတလျှောက် ကောင်းကင်နတ်ဆိုးများကို သတ်ဖြတ်နေကြပြီး အုပ်စုလိုက် ရောက်လာနေကြသော်လည်း သွေးခင်းလမ်းဖောက်နေကြသည်။ ထိုအချိန်၌ သူ၏လက်ချောင်းထိပ်ရှိ နာမည်ကတ်ပြားက တုန်ခါ၍ လင်းလက်လာကာ တည်နေရာတစ်ခုသို့ အလင်းတန်းဖြင့် ညွှန်ပြနေခဲ့သည်။ မီတောက်၏စကားအရ တစ်ယောက်ယောက် အကူအညီ လိုနေပြီဖြစ်ကြောင်း သူက သိလိုက်ရလေသည်။

All Chapters