← Chapters

သေလမ်းရှာသူများ

Vol. 59 Ch. 823

သေလမ်းရှာသူများ

Vol. 59 Ch. 823

လေဟာနယ် အက်ကြောင်းအတွင်းမှ နေရာလပ်က ငလျင်လှုပ်သည့်ပမာ တုန်ခါနေပြီး အက်ကြောင်းများ ဖြစ်ပေါ်လာကာ တုတ်ခိုင်သန်မာသော သွေးနီရောင် လက်တံကြီးများ ဝင်ရောက်လာ၍ ယဲ့ချန်နှင့် ခြင်္သေ့ကြီးထံ ဦးတည်လာသည်။ ၎င်းတို့က သွေးမီးတောက်နတ်ဆိုးထံမှဖြစ်ကာ နှစ်ပေါင်းငါးရာကျော် ပိတ်မိနေသော ချင်းရန်ကို အဖက်မလုပ်သော်လည်း အသစ်ဝင်ရောက်လာသူ နှစ်ဦးကို သတ်ဖြတ်ရန် မစောင့်နိုင်ခဲ့ပေ။ သွေးနီရောင် ကောင်းကင်နတ်ဆိုးများအကြောင်း စဥ်းစားမိသောအခါ ယဲ့ချန်က အဖြေရှာတွေ့သွားပြီး တစ်ဖက်လူက သူ့ကို ဤ​အထိ ရည်ရွယ်ချက်ရှိရှိ မျှားခေါ်လာခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ သွေးမီးတောက်နတ်ဆိုးက သူ၏ အစွမ်းထက်ရုပ်ခန္ဓာကို ဝါးမျိုချင်နေပုံရသည်။ လုံခြုံစိတ်ချရသည်ဟု ထင်ရသော လေ့ကျင့်ရေးကွင်းအတွင်း ကြောက်မက်ဖွယ် ဖြစ်တည်မှုတစ်ခု ရှိနေမည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ လက်တံများက အလွန်လျင်မြန်စွာ ရောက်လာနေသောကြောင့် သူ၏ပတ်လည်၌ ကောင်းကင်ဓားပျံများ ဖန်တီး၍ ကာကွယ်ထားလိုက်ရသည်။

နေရာတိုင်း သွေးများ စွန်းထင်းသွားကာ လက်တံများစွာ ပြတ်ထွက်ကုန်ပြီး မြေပြင်သို့ ပြုတ်ကျသွားသောအခါ မီးခိုးငွေ့အဖြစ် လောင်ကျွမ်းသွားကြသည်။ ခြင်္သေ့ကြီးကလည်း ခရမ်းရောင်မီးတောက်များ ထုတ်ဖော်၍ ကာကွယ်လိုက်သော်လည်း ၎င်းတို့ကို လောင်ကျွမ်းဖျက်ဆီးရန်အတွက် အချိန်တစ်ခု ယူနေရသည်။ ပိုမိုများပြားသော လက်တံများက ဘက်ပေါင်းစုံမှ ထပ်မံရောက်ရှိလာသောအခါ ချင်းရန်က ကြောက်စိတ်များ ဖြစ်ပေါ်လာသည်။ သူက ဤနေရာ၌ နှစ်ပေါင်းငါးရာကျော် ပိတ်မိနေခဲ့သော်လည်း အသက်ရှင်လိုစိတ် ပြင်းထန်သောကြောင့် မျှော်လင့်ချက်ကို ဖမ်းဆုပ်ထားခဲ့သည်။ အဆင့်အတန်းမြင့်မားသော ကြယ်သခင်တစ်ယောက်ဖြစ်ရာ ဤနေရာ၌ တိတ်တဆိတ် မသေဆုံးသွားလိုခဲ့ချေ။ လက်တံများနှင့် ထိမိသောအခါ သူ၏ခန္ဓာကိုယ်က တိုက်စားခံလိုက်ရသောကြောင့် အရေအတွက် ပိုများလာလျှင် သေချာပေါက် အဆုံးသတ်သွားပေလိမ့်မည်။

သေခြင်းတရား၏ ခြိမ်းခြောက်မှုကြောင့် သူ၏မျက်လုံးများက အေးစက်သွားကာ စွန့်စားရန် ဆုံးဖြတ်ပြီး ယဲ့ချန်ကို စိုက်ကြည့်လိုက်သည်။ သူက နောက်ဆုံးလက်ကျန်အင်အားကို စုစည်း၍ ခုန်အုပ်လိုက်ပြီး ပါးစပ်ကို အစွမ်းကုန်ဟကာ လက်မောင်းကို ကိုက်ချလိုက်၏။ သူ၏ နောက်ဆုံးလက်ကျန် အင်အားအရ အဆင့်တစ်ဆယ် နတ်အစေခံခွန်အားမျိုး ထွက်ပေါ်နေသဖြင့် ကြိုတင်ကြံစည်ထားသည်မှာ သိသာနေသည်။ တစ်ဖက်လူ၏ ရုပ်ခန္ဓာက ထူးခြားပြီး သူက အသားတစ်စကိုသာ ကိုက်စားနိုင်လျှင် ခွန်အားများစွာ ပြန်ရနိုင်ချေရှိသည်။ သူ၏အမြင်၌ ယဲ့ချန်က လူသားဆေးပင်တစ်ခု ဖြစ်နေသောကြောင့် လက်ရှိအခြေအနေအရ အနိုင်မတိုက်နိုင်သဖြင့် ခြုံခိုတိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ တစ်ဖက်လူ၏အသားကိုသာ စားသောက်နိုင်လျှင် အသက်အားများ တိုးပွားလာမည် ဖြစ်သောကြောင့် ချင်းရန်၏ မျက်လုံးများတွင် ရူးသွပ်မှုများ ထင်ဟပ်နေသည်။ သူက မည်သည်ကိုမှ ဂရုမစိုက်နိုင်တော့သကဲ့သို့ ထိပ်တန်းကြယ်သခင်တစ်ယောက်၏ ဂုဏ်သိက္ခာကို ဘေးချိတ်ထားခဲ့သည်။ သူက ယဲ့ချန်နှင့် နီးကပ်လာလေလေ ပြန်လည်ရှင်သန်ရန် အခွင့်အရေးရပြီဟု တွေးထင်နေခဲ့သည်။

"အောက်တန်းကျတဲ့ အဘိုးကြီး"

ခြင်္သေ့ကြီးက ထိုအဖြစ်ကို မြင်လိုက်သော်လည်း လက်တံများကို ခုခံနေရသဖြင့် ယဲ့ချန်ကို မကူညီနိုင်ခဲ့ပေ။ ယဲ့ချန်သည်လည်း လက်တံများကို တိုက်ခိုက်နေရသောကြောင့် ချင်းရန်ကို တုံ့ပြန်ရန် မဖြစ်နိုင်ပေ။

"ဝုန်း"

သို့သော် ချင်းရန်က နာကျင်စွာ အော်ဟစ်လိုက်ပြီး သွားများတွင် အက်ကြောင်းထင်လာ၍ အပိုင်းပိုင်း ကျိုးထွက်ကုန်သည်။ စိတ်ကူးယဥ်ခြင်းက လှပသော်လည်း အစစ်အမှန်တရားက ရက်စက်လှပြီး ယဲ့ချန်၏ ခန္ဓာကိုယ်ထက်တွင် တိမ်နက်ချပ်ဝတ် ရှိနေခဲ့သည်။ ချင်းရန်၏သွားများက အလွန်မာကျော်သော်လည်း ၎င်းကို မထိုးဖောက်နိုင်သည့်အပြင် ဤအဖြစ်ကိုလည်း မျှော်လင့်မထားချေ။ ထိုအချိန်၌ အဆုံးသတ်က နီးကပ်လာသောကြောင့် သူက လက်မခံနိုင်ဟန်ဖြင့် စိတ်ဓာတ်အလွန်ကျနေသည်။ သူက ထိပ်တန်းကြယ်သခင်တစ်ယောက်ဖြစ်ပြီး ဤနေရာ၌ နှစ်ပေါင်းများစွာ သည်းခံခဲ့ရသော်လည်း လူမသိသူမသိ သေဆုံးရတော့မည်။

"ငါ လက်မခံနိုင်ဘူး"

သူက ကျိုးပဲ့နေသော သွားများကို ကြည့်နေရင်း ငိုချင်နေသော်လည်း မျက်ရည် ထွက်မလာခဲ့ပေ။ ထိုအချိန်၌ ယဲ့ချန်က အေးစက်စက်ဖြစ်သွားကာ ချင်းရန်ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သောကြောင့် အရိုးများ တကျွတ်ကျွတ်မြည်ကာ ကျိုးသွားကြသည်။ သူ၏အသက်အားများ ကုန်ခမ်းနေသဖြင့် ရုပ်ခန္ဓာက အလွန်အားနည်းနေသည်။ အကယ်၍ သူသာ အငိုက်ဖမ်း၍ အကောက်မကြံခဲ့လျှင် ယဲ့ချန်က သူ့ကို ကယ်တင်သွားရန် စဥ်းစားထားခဲ့သည်။ သို့သော် သူက ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာ၏ အသွေးအသားကို စားသောက်လိုနေသောကြောင့် ယဲ့ချန်က သနားညှာတာမနေခဲ့ပေ။ သူ၏ကန်ချက်ကြောင့် ချင်းရန်မှာ လက်တံများကြား ရောက်ရှိသွားပြီး ထိုးဖောက်ခံလိုက်ရသောအခါ အသက်အားများ ချက်ချင်းစုပ်ယူခံလိုက်ရသည်။ ချင်းရန်က ကြောက်လန့်တကြား အော်ဟစ်၍ အစွမ်းကုန် ရုန်းကန်နေရင်း ခန္ဓာကိုယ်က ကျုံ့ဝင်လာကာ နောက်ဆုံး၌ ပြာ ဖြစ်သွားသည်။ သူ သေဆုံးသွားသောအခါ အညိုရောင်စာလိပ်အချို့ ထွက်ပေါ်လာသောကြောင့် ယဲ့ချန်သည် ချင်းရန်ပြောဖူးသည်ကို အမှတ်ရလိုက်၏။ ၎င်းတွင် လျှို့ဝှက်ကျင့်စဥ် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အချိန်ကြာမြင့်စွာ တည်ရှိခဲ့သောကြောင့် သာမန်ရတနာမျိုး မဖြစ်နိုင်ချေ။

ယဲ့ချန်သည် လက်တံများကို တိုက်ခိုက်ရင်း စာလိပ်များကို သိမ်းယူလိုက်၏။

"ဆရာ လက်ထောက်တံဆိပ်ထဲကို ဝင်လိုက်"

ယဲ့ချန်က သတိပေးအော်ဟစ်ကာ ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း ခြင်္သေ့ကြီးနှင့်အတူ ဝင်ရောက်လိုက်သည်။

"ဒီအဘိုးကြီးက သေသင့်တယ်"

ကြင်နာမှုကို ကျေးစွပ်ခြင်းဖြင့် ပြန်ပေးဆပ်ခဲ့သော ချင်းရန်ကို ခြင်္သေ့ကြီးက အလွန်ဒေါသထွက်နေခဲ့သည်။ သူတို့က လက်ထောက်တံဆိပ်အတွင်း ဒရောသောပါး ပြေးဝင်လာရသော်လည်း ကံကောင်းစွာဖြင့် ဒဏ်ရာမရခဲ့ပေ။

"ထားလိုက်ပါ။ လူတစ်ယောက်က သေဖို့ထိုက်တန်ရင် သေရမှာပဲ"

ယဲ့ချန်က ခေါင်းယမ်းလိုက်ပြီး အပြင်ဘက်သို့ ဝိညာဥ်အသိစိတ်ဖြင့် လှမ်းကြည့်လိုက်သောအခါ နေရာတိုင်း၌ လက်တံများကို တွေ့လိုက်ရ၏။ အချိန်တိုအတွင်း သူတို့က အပြင်ထွက်နိုင်မည့်ပုံ မရှိသောကြောင့် စောင့်နေရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ ထို့ကြောင့် သူက စာလိပ်များကို ထုတ်ယူ၍ စစ်ဆေးလိုက်သောအခါ စုစုပေါင်းခြောက်ခုဖြစ်ကာ လျှို့ဝှက်ကျင့်စဥ်များ မှတ်တမ်းတင်ထားခဲ့သည်။ စာလိပ်တစ်ခု၌ အချိန်လေဟာနယ်စွမ်းအင်ကို နားလည်အောင် လုပ်ရမည့် သဘောတရားကို ဖော်ပြထားသည်။ ၎င်းတွင် ရေးထားသည်မှာ စကြဝဠာဖြစ်တည်ကာစတွင် ဤစွမ်းအင်က ဖြစ်တည်လာပြီး နေရာတိုင်း၌ သိပ်သည်းစွာ ရှိနေသည်။ ချီခုနစ်မျိုးက အတူတကွရောနှော၍ လေဟာနယ်အတွင်း ပုန်းကွယ်နေသဖြင့် ကျင့်ကြံသူများ ခံစားသိရှိနိုင်ရန် မလွယ်ချေ။ အကယ်၍ ကျင့်ကြံသူတစ်ယောက်က ၎င်းကို ပိုင်ဆိုင်လိုလျှင် အရင်ဆုံး တစ်ခုချင်းစီ ခွဲထုတ်ရပေလိမ့်မည်။

ယဲ့ချန်သည် သဘောတရားအချို့ကို ချက်ချင်းနားလည်သဖြင့် ပျော်ရွှင်သွားခဲ့သည်။ သူ၏ရုပ်ခန္ဓာအတွင်း အချိန်လေဟာနယ်ချီများ ပေါင်းစပ်နေသဖြင့် ၎င်းကို ဆင်ခြင်ရာ၌ အခြားကျင့်ကြံသူများထက် ပို၍လျင်မြန်ပေလိမ့်မည်။ ကျန်စာလိပ်များတွင် ကြယ်သခင်ဖြစ်လာပြီးနောက် မည်သို့ကျင့်ကြံရမည်ကို ရေးသားထားသောကြောင့် လက်ရှိ၌ သူ့အတွက် အသုံးမလိုပေ။ သူက ထိုစာလိပ်ကို ခြင်္သေ့ကြီးအား ကမ်းပေးလိုက်ပြီးနောက် တင်ပျဥ်ခွေထိုင်ချကာ ကျင့်ကြံရင်း ပတ်ဝန်းကျင်ကို ထောက်လှမ်းနေသည်။ လက်တံများသည် ယဲ့ချန်နှင့် ခြင်္သေ့ကြီးရှိနေကြောင်း အာရုံခံမိသဖြင့် ပြန်ထွက်သွားမည် မဟုတ်ပေ။

"ဒီကောင့်ကို ရင်ဆိုင်ပြီး လေဟာနယ်အက်ကြောင်းကို ဖျက်ဆီးဖို့အတွက် ပင်မတံဆိပ်ကို အသုံးပြုကြမလား"

ယဲ့ချန်က ခဏတာစဥ်းစား၍ အကြံတောင်းလိုက်သည်။

"အကြံကောင်းပဲ။ လေဟာနယ်အက်ကြောင်းကို ဖျက်ဆီးဖို့အတွက် အဆင့်မြင့်စွမ်းအား လိုအပ်တယ်ဆိုတော့ ပင်မတံဆိပ်က သေချာပေါက် လုံလောက်လိမ့်မယ်"

ခြင်္သေ့ကြီး၏ မျက်လုံးများ တောက်ပလာခဲ့သည်။

"ဆရာ ပင်မတံဆိပ်ထဲမှာ ဘာကို ချုပ်နှောင်ထားတယ်ဆိုတာ မပြောပြရသေးဘူး"

ယဲ့ချန်က စပ်စုလိုက်သည်။

"တကယ်ဆိုရင် ငါလည်း သေချာမသိဘူး ။ငါသိတာ တစ်ခုကတော့ ဒီအရာဟာ ကြောက်စရာကောင်းလွန်းတယ်"

​ခြင်္သေ့ကြီး၏ မျက်လုံးများတွင် ကြောက်စိတ်များ ထင်ဟပ်လာပြီး ခေါင်းကို ချက်ချင်းယမ်းပြလိုက်သည်။ သူက ပေါ့ပေါ့ပါးပါး နေတတ်သူဖြစ်သော်လည်း ပင်မတံဆိပ်ကို အကြောက်လွန်နေသဖြင့် ယဲ့ချန်၌ သိချင်စိတ်များ ဖြစ်ပေါ်လာသည်။

"ဒါဆိုရင် ပင်မတံဆိပ်ကို ဖောက်ခွဲကြတာပေါ့"

ယဲ့ချန်က လက်ထောက်တံဆိပ်အတွင်းမှ ခုန်ထွက်ကာ ပင်မတံဆိပ်ကို ဆုပ်ကိုင်ထားလိုက်သည်။ လက်တံများက ဘက်ပေါင်းစုံမှ တိုးဝင်လာသောအခါ ဝိညာဥ်အသိစိတ်ဖြင့် ၎င်း၏အစီအရင်ကို တိုက်ခိုက်ရန်စ၍ သူက လက်ထောက်တံဆိပ်အတွင်း လှစ်ခနဲ ပြန်ဝင်လိုက်၏။ ကြောက်မက်ဖွယ် စွမ်းအားကြီးတစ်ရပ်က ဘန်းခနဲ ထွက်ပေါ်လာကာ ပင်မတံဆိပ်ကို ဗဟိုပြု၍ ပြန့်ထွက်သွားသောအခါ လက်တံများမှာ မည်သည်မှမကျန်အောင် ဖျက်ဆီးခံလိုက်ရသည်။ လေဟာနယ်အက်ကြောင်းသည်ပင် တုန်ခါသွားပြီး စတင်အက်ကွဲသွားကာ အပြင်ဘက်ရှိ သွေးမီးတောက် နတ်ဆိုးသန္ဓေသားထံမှလည်း အော်သံနက်ကြီး ထွက်ပေါ်လာသည်။ ပင်မတံဆိပ်၏ စွမ်းအားက ဤမျှနှင့် ရပ်တန့်မသွားသည့်အပြင် သွေးနီရောင် ကောင်းကင်နတ်ဆိုးနှစ်ကောင်ကိုလည်း သုတ်သင်ပစ်လိုက်သည်။

လုံခြုံရေးအတွက် ယဲ့ချန်သည် ပင်မတံဆိပ်အတွင်းမှ ဖြစ်တည်မှုကို ရန်စရာတွင် အစွမ်းကုန် ထုတ်သုံးမထားပေ။ ထို့ကြောင့် ဤစွမ်းအားက လေဟာနယ်အက်ကြောင်းကို ပွင့်ဟသွားစေမည်ဟု မျှော်လင့်မထားခဲ့ပေ။ စွမ်းအားများ ပြန်လည်ပျောက်ကွယ်သွားချိန်တွင် သူက နောက်တစ်ကြိမ် ပြန်ထွက်ပြီး ပင်မတံဆိပ်ဖြင့် တိုက်ခိုက်ကာ ပြန်လည်ပုန်းအောင်းလိုက်၏။

"ဘုန်း"

နောက်ထပ်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာအခါ ကြောက်မက်ဖွယ်အင်အားကြောင့် လေဟာနယ်အက်ကြောင်း ကွဲကြေသွားခဲ့ပြီး ယဲ့ချန်ရော ခြင်္သေ့ကြီးပါ လွတ်မြောက်လာခဲ့သည်။ သွေးမီးတောက်နတ်ဆိုးသည် ပင်မတံဆိပ်ကို တပ်မက်နေဟန်ဖြင့် လက်တံတစ်ချောင်းကို ထိန်းချုပ်ကာ ဖမ်းယူသွားခဲ့သည်။

"ဒီကောင်က တကယ်သေချင်နေတာပဲ"

ယဲ့ချန်က လှောင်ပြုံးပြုံးလိုက်ပြီး ဝိညာဥ်အသိစိတ်ကို အပ်ချောင်းပမာ စုစည်း၍ ပင်မတံဆိပ်ထံ ပစ်ခတ်လိုက်သည်။

"ဘုန်း"

နောက်ထပ်ကမ္ဘာတုန်လောက်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာကာ ပြင်းထန်သော အင်အားက သွေးမီးတောက်သန္ဓေသားကို ထိမှန်သွားသည်။ ၎င်း၏တစ်ဖက်ခြမ်းက ချိုင့်ဝင်သွားကာ သွေးများ ပန်းထွက်လာသော ဒဏ်ရာတစ်ခုကို ဖြစ်စေခဲ့သည်။ ထို့နောက် ယဲ့ချန်က သူ့ထံ ပျံ့လွင့်လာသော ပင်မတံဆိပ်ကို ဖမ်းယူလိုက်သည်။

"ပင်မတံဆိပ်ကြောင့်သာ မဟုတ်ရင် မင်းကြောင့် ငါတို့က လေဟာနယ်အက်ကြောင်းထဲမှာ ပိတ်မိနေရလိမ့်မယ်။ အခု မင်းကို ပင်မတံဆိပ်ရဲ့ စွမ်းအားအကြောင်း ပြပေးမယ်"

သူက အေးစက်စက် ကြုံးဝါး၍ နတ်ဆိုးတိုက်လှေကို ဆင့်ခေါ်ကာ ခြင်္သေ့ကြီးကို မောင်းနှင်စေလိုက်၏။ ခြင်္သေ့ကြီးက မရဏအလင်းမျှော်စင်များကို ထိန်းချုပ်၍ အလင်းတန်းများ ပစ်ခတ်ကာ လမ်းပိတ်နေသည့် သွေးနီရောင် ကောင်းကင်နတ်ဆိုးများကို ရှင်းပစ်လိုက်၏။ လမ်းကြောင်း ရှင်းသွားသောအခါ ယဲ့ချန်က ပင်မတံဆိပ်ကို ကိုင်ထားရင်း သွေးမီးတောက် နတ်ဆိုးသန္ဓေသားထံ တဟုန်ထိုး ပြေးသွားခဲ့လေသည်။

All Chapters