← Chapters

နတ်သွေးစက်

Vol. 59 Ch. 824

နတ်သွေးစက်

Vol. 59 Ch. 824

"ဘုန်း ဘုန်း ဘုန်း"

ရာချီသော သွေးနီရောင်ကောင်းကင်နတ်ဆိုးများက မရဏအလင်းမျှော်စင်၏ ပစ်ခတ်မှုအောက်တွင် ပြာကျသွားပြီးနောက် အနက်ရောင်အလင်းများမှာ နတ်ဆိုးသန္ဓေသားထံ တိုးဝင်သွားသည်။ ၎င်းတို့က သူ့ကို ထိခိုက်စေနိုင်သော်လည်း အပေါ်ယံဒဏ်ရာများသာ ရစေခဲ့သောကြောင့် စွမ်းအားအဆင့်က အလွန်အားနည်းနေသည်။ သွေးမီးတောက်နတ်ဆိုးက သန္ဓေသားလောင်းဖြစ်သော်လည်း အဆင့်နှစ် မရဏအလင်းမျှော်စင်၏ ပစ်ခတ်မှုများကို ခုခံနိုင်နေသည်။ အဆင့်မြင့်ကြယ်သခင်များပင် ဤသို့ပစ်ခတ်ခံရလျှင် အပြင်းအထန် ဒဏ်ရာရသွားနိုင်သောကြောင့် ၎င်းသာ အကောင်ပေါက်လာလျှင် မည်မျှအစွမ်းထက်မည်ကို တွေးကြည့်နိုင်သည်။ ချင်းရန် ပြသခဲ့သော ပုံရိပ်အတွင်းမှ လူသန်ကြီးရှေ့တွင် သက်ရှိပေါင်းဘီလီယံချီက အသက်မရှင်နိုင်ခဲ့ကြောင်း ယဲ့ချန်က တွေးမိလိုက်သဖြင့် အနာဂတ်ပြဿနာကို ကြိုတင်ရှင်းပစ်ရန် ဆုံးဖြတ်လိုက်၏။

သူက တည်ကြည်သော မျက်နှာထားဖြင့် ပင်မတံဆိပ်ကို ဆုပ်ကိုင်ကာ နတ်ဆိုးသန္ဓေသားထံ ချဥ်းကပ်သွားခဲ့သည်။ ၎င်းက ပင်မတံဆိပ်ကို အလွန်ကြောက်နေသောကြောင့် တုန်ရီနေခဲ့သည်။

"တောင်းပန်ပါတယ်။ငါ့ကိုအသက်ရှင်ခွင့်ပေးပါ"

၎င်းထံမှ ကလေးသံလေးတစ်ခုက တုန်တုန်ယင်ယင် ထွက်ပေါ်လာခဲ့သည်။

"ဘာကြောင့် မင်းကို လွှတ်ပေးရမှာလဲ"

ဝိညာဥ်အသိစိတ်ဖြင့် ဆက်သွယ်လာသော နတ်ဆိုးကို ယဲ့ချန်က အေးစက်စက် ပြန်မေးလိုက်၏။

"ငါ မင်းကို နတ်ဆိုးနှလုံးသား ပေးပါမယ်"

နတ်ဆိုးက ရှိုက်သံအနည်းငယ်စွက်ရင်း ကမ်းလှမ်းလိုက်သည်။ နတ်ဆိုးနှလုံးအကြောင်းကို ယဲ့ချန်က လက်မောင်းကာအတွင်း ရှာဖွေလိုက်ပြီးနောက် အချက်အလက်များကို သိလိုက်ရသည်။ နတ်ဆိုးနှလုံးသားက သွေးမီးတောက်နတ်ဆိုး၏ အမြုတေဖြစ်ကာ လက်ဝါးအရွယ် အနီရောင် အရာဝတ္ထုတစ်ခု ဖြစ်သည်။ ၎င်း၏အသုံးဝင်ပုံ အတိအကျကို ရေးသားမထားသော်လည်း ရှင်းဟွမ်များကို ပိုမိုအစွမ်းထက်စေသဖြင့် သူတို့အတွက် ရတနာ ဖြစ်သည်။

"မင်းက ငါ့ကို သတ်ချင်တာ နတ်ဆိုးနှလုံးကို လိုချင်လို့မလား။ ငါမွေးထဲက ငါ့မိဘတွေကို ရှင်းဟွမ်တွေ သတ်သွားခဲ့ပြီ။ ငါက တစ်ယောက်တည်း အကြာကြီး ရှင်သန်လာရတယ်။ မင်းကို ငါတို့အကြောင်း ပြမယ်"

နတ်ဆိုးလေးက ရှင်းဟွမ်များကို အလွန်မုန်းတီးနေဟန်ဖြင့် စတင်ငိုယိုလိုက်ပြီး လေဟာနယ်အတွင်း၌ ပုံရိပ်များ ဆက်တိုက်ထွက်ပေါ်လာ၏။ ကောင်းကင်နတ်ဆိုးများ မွေးဖွားမလာခင်အချိန်၌ ရှင်းဟွမ်များနှင့် သွေးမီးတောက်နတ်ဆိုးမျိုးနွယ်က စစ်မက် ဖြစ်ပွားနေခဲ့သည်။ ရှင်းဟွမ်မျိုးနွယ်က အဆင့်နှစ်မျိုးနွယ်များစွာကို သိမ်းသွင်းခဲ့ပြီး သွေးမီးတောက်နတ်ဆိုးများစွာကို သုတ်သင်ကာ ထာဝရပြည်ထောက်ကို တည်ထောင်ခဲ့သည်။ သွေးမီးတောက်နတ်ဆိုးမျိုးနွယ်၏ ကျန်ရစ်သူများက အသက်ရှင်ရေးအတွက် စကြဝဠာအတွင်း ထွက်ပြေးသွားရသည်။ နောက်ပိုင်းတွင် ကောင်းကင်နတ်ဆိုးများ၏ နတ်ဆိုးဘုရင်ပြည်ထောင် ထွက်ပေါ်လာသောအခါမှသာ ရှင်းဟွမ်များက သူတို့ကို လိုက်လံသတ်ဖြတ်ခြင်း မရှိတော့ပေ။ သို့သော်လည်း ဤမျိုးနွယ်က များစွာပျက်စီးဆုံးရှုံးခဲ့ရပြီး ရှင်းဟွမ်များက နတ်ဆိုးနှလုံးသားကို လိုချင်သောကြောင့်ဖြစ်သည်။

သွေးမီးတောက် နတ်ဆိုးသန္ဓေသားဘဝတွင် ထိုနှလုံးသားက တန်ဖိုးအရှိဆုံး အရာ ဖြစ်သည်။ သန္ဓေသားဘဝတွင် ၎င်းကို ဆုံးရှုံးလိုက်ရလျှင် နတ်ဆိုး၏စွမ်းအားက လျော့နည်းသွားပြီး အဆင့်နှစ်မျိုးနွယ်များပင် စိတ်ကြိုက် အနိုင်ကျင့်နိုင်သွားပေလိမ့်မည်။ မျိုးနွယ်ကို ကာကွယ်ရန်အတွက် သွေးမီးတောက်နတ်ဆိုးခေါင်းဆောင်က ရှင်းဟွမ်မျိုးနွယ်ကို ခုခံခဲ့သော်လည်း တစ်မျိုးနွယ်လုံးနီးပါး သုတ်သင်ခံလိုက်ရသည်။ ဤမြင်ကွင်းများကို မြင်နေရသော ယဲ့ချန်သည် နတ်ဆိုးလေးထံမှ ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ သန်မာသူက အားနည်းသူကို အနိုင်ကျင့်သော ဥပဒေသကို လူသားများ၏အမြင်၌ မြင့်မြတ်သော ရှင်းဟွမ်များပင် ကျင့်သုံးနေကြသည်။ သူက အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားပြီး နှလုံးသားထဲတွင် ဖော်ပြမရနိုင်သော ခံစားချက် ဖြစ်တည်လာသည်။ နတ်ဆိုးလေးက အမှန်တရားကို ပြောနေခြင်း ဟုတ်မဟုတ် သူက မသိနိုင်သော်လည်း ကြယ်သလင်းကျောက်တစ်ခုဖြင့် မှတ်တမ်းတင်ကာ ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်ကို မေးရန် တေးမှတ်ထားလိုက်သည်။ ဤနတ်ဆိုးလေးက သားပေါက်ရန်အတွက် နှစ်ပေါင်းများစွာ လိုအပ်နေသဖြင့် သူက အမှန်တရားကို အရင်ဆုံးရှာဖွေရန် ဆုံးဖြတ်လိုက်၏။

"ဒီနေ့ မင်းကို ငါ လွှတ်ပေးလိုက်မယ်။ ဒါပေမယ့် ငါထွက်သွားရင် ဒီနေရာကို ပိတ်ထားပြီး နောက်ထပ်လူသားတွေကို မစားနဲ့နော်"

ယဲ့ချန်က ခဏတာစဥ်းစား၍ လေးနက်စွာ မှာကြားလိုက်၏။

"မင်းက နတ်ဆိုးနှလုံးကို မယူတော့ဘူးလား"

နတ်ဆိုးလေးက မယုံနိုင်ဟန်ဖြင့် မေးလာခဲ့သည်။

"မင်းရဲ့နှလုံးကြီးကို ငါက ဘာလုပ်ရမှာလဲ။ ဒါပေမယ့် မင်း ငါ့ကို လိမ်ထားတာဆိုရင် ပြန်လာခဲ့မယ်။ မင်း ဘယ်မှထွက်မပြေးနိုင်ဘူးမလား"

ယဲ့ချန်သည် လက်မောင်းကာအတွင်းမှ မှတ်တမ်းအရ သားမပေါက်သေးလျှင် နတ်ဆိုးလေးက နေရာမရွေ့နိုင်ကြောင်း သိထားသည်။

"ယဲ့ချန် မင်း သူ့ကို တကယ်လွှတ်ပေးမလို့လား"

ခြင်္သေ့ကြီးက အသံချင်းဆက်သွယ်၍ မေးလိုက်သည်။

"လောလောဆယ်တော့ လွှတ်ထားပေးလိုက်မယ်။ အချိန်တိုအတွင်း သူက သားပေါက်ဦးမှာ မဟုတ်ဘူး။ ရှင်းဟွမ်တွေက လောဘစိတ်ကြောင့် မျိုးနွယ်တစ်ခုကို ဖျက်ဆီးလိုက်တာ ဖြစ်နိုင်တယ်"

ယဲ့ချန်သည် မသိစိတ်က နတ်ဆိုးလေး၏စကားများမှာ အမှန်တရားဖြစ်သည်ဟု ထောက်ခံနေသောကြောင့် သက်ပြင်းချလိုက်၏။ ကောင်းကင်မူလကြယ်တွင် သူ၏တွေးခေါ်ပုံက ရိုးရှင်းသော်လည်း ကောက်ကျစ်မှုများ ပြည့်နှက်နေသော စကြဝဠာကို မြင်တွေ့လာရသောအခါ ဖြည်းဖြည်းချင်း ​ပြောင်းလဲလာခဲ့သည်။ သူက ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်ကို ကျေးဇူးတင်ပြီး ရိုသေလေးစားသော်လည်း မျက်ကန်းကိုးကွယ်သူ မဟုတ်ပေ။ သူ၏ကြယ်ဝိညာဥ် ပေါင်းစပ်နှုန်း သုညဖြစ်နေရသည်မှာ အကြောင်းအရင်းရှိနိုင်ပြီး အခြားသုညပိုင်ရှင်များ မည်သို့ရှိနေမည်ကို အလွန်သိချင်နေသည်။

"သွားကြစို့"

ထို့နောက် ယဲ့ချန်နှင့် ခြင်္သေ့ကြီးက ထိုနေရာမှ ထွက်ခွာသွားရန် ပြင်ဆင်လိုက်ကြသည်။ နတ်ဆိုးလေးမှာ ယဲ့ချန်နှင့် ခြင်္သေ့ကြီးက အခြားလူများနှင့်မတူကြောင်း သဘောပေါက်သွားပြီး အသက်ချမ်းသာပေးခဲ့သည်ကို အလွန်ကျေးဇူးတင်နေသည်။

"ခဏလောက် စောင့်ပါဦး။ ငါ့အဖေ ချန်ထားရစ်တဲ့ ရတနာတစ်ခုကို မင်းအတွက် လက်ဆောင်ပေးလိုက်မယ်။ ဒါက နတ်ဘုရားသွေးစက် အမျိုးအစား ဖြစ်တယ်"

နတ်ဆိုးလေးက အော်ဟစ်လိုက်ပြီး လက်တံတစ်ခုဖြင့် ကျောက်စိမ်းပုလင်းကို ရစ်ပတ်ကာ ယဲ့ချန်ထံကမ်းပေးလာသည်။

"ကျေးဇူးတင်ပါတယ်"

ယဲ့ချန်က ၎င်းကို လက်ခံလိုက်ပြီး နတ်ဆိုးလေးကို လက်ဝှေ့ယမ်းပြလိုက်၏။ ကျောက်စိမ်းပုလင်းက ဖောက်ထွင်းမြင်နေရပြီး အရည်အမျိုးအစားအချို့ ရှိနေခဲ့သည်။ ၎င်းက နတ်ဘုရားသွေးစက် ဖြစ်နိုင်သော်လည်း အဆိပ်ရှိမရှိ မသေချာသောကြောင့် အသုံးပြုရန်အတွက် အရင်ဆုံး စစ်ဆေးရပေလိမ့်မည်။ သူက တော်ဝင်သင်္ချိုင်းအတွင်းရှိ နတ်သွေးစက်နှင့် ဝိညာဥ်အကြောင်း တွေးမိလိုက်သောအခါ ဤသွေးစက်နှင့် တစ်ခုတည်းလားဟု သိချင်လာခဲ့သည်။

"ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ မင်းက ငါ့ကို အသက်ချမ်းသာပေးခဲ့တယ်"

နတ်ဆိုးလေးက နှုတ်ဆက်လိုက်စဥ် ယဲ့ချန်တို့က ကြယ်သေကြီးထံမှ လျင်မြန်စွာ ထွက်ခွာသွားကြသည်။ မဟာအကြီးအကဲများက နတ်ဆိုးလေးကို ရှာတွေ့သွားနိုင်သောကြောင့် သူတို့က အတော်လှမ်းလှမ်းရောက်သည်အထိ အရှိန်အဝါကို ချိတ်ပိတ်ထားခဲ့ကြသည်။ ထို့နောက် သူတို့က ကောင်းကင်နတ်ဆိုးများကို စတင်သတ်ဖြတ်လိုက်သောအခါ မင်လုက ချက်ချင်းသိရှိသွားသည်။

"သူတို့က တစ်ချိန်တည်း ပြန်ပေါ်လာတာ နည်းနည်းထူးဆန်းတယ်။ သူတို့က လေဟာနယ်အက်ကြောင်းထဲကို မတော်တဆ ရောက်သွားတာများလား"

ထာဝရကြယ်သင်္ချိုင်းအတွင်း ဖြစ်ခဲ့သော တိုက်ပွဲများကြောင့် လေဟာနယ်အက်ကြောင်းများ ဖြစ်ပေါ်လာတတ်ပြီး နေရာလပ်များ ဖြစ်စေနိုင်သောကြောင့် အတွင်းသို့ ရောက်သွားပါက အပြင်ဘက်မှ အာရုံမခံနိုင်ပေ။ ဤဖြစ်နိုင်ချေကို စဥ်းစားမိသောကြောင့် မင်လုက နောက်ထပ်သံသယ ဝင်မနေခဲ့ပေ။

လေ့ကျင့်ရေးကွင်း၏ ဝင်ပေါက်ရှိ နတ်အစေခံအဆင့်စာရင်းရှေ့တွင် ကျင့်ကြံသူများစွာ စုဝေးနေပြီး ယဲ့ချန်နှင့် ခြင်္သေ့ကြီး၏ အဆင့်များက ရပ်တန့်နေခဲ့သည်။

"ငါပြောသလိုပဲ သူတို့က ဒီအဆင့်အထိသာ ရောက်နိုင်မှာပါ"

"သူတို့က အချိန်တိုအတွင်း နောက်ထပ်အဆင့်တက်နိုင်ဦးမှာ မဟုတ်ဘူး"

"ဒါပေမယ့် ဒီအဆင့်ရောက်တာကိုက အထင်ကြီးစရာ ကောင်းနေပါပြီ"

"သူတို့က ရှေ့ဆက်မသွားနိုင်တာ နှမြောစရာပဲ။ မဟုတ်လို့ကတော့ ထိပ်တန်းမဟာမိတ်တစ်ခုလုံး ဗြောင်းဆန်သွားလိမ့်မယ်"

ထိုလူစုက ယဲ့ချန်နှင့် ခြင်္သေ့ကြီးအကြောင်း စိတ်ပါလက်ပါ ဆွေးနွေးနေကြသည်။ လီရိသည် ကျင့်ကြံနေသော်လည်း ဝိညာဥ်အသိစိတ်ဖြင့် အမြဲမပြတ် အာရုံစိုက်နေခဲ့သည်။ သူ၏အမြင်တွင် ယဲ့ချန်နှင့် ခြင်္သေ့ကြီးက အဆင့်ထပ်မတက်နိုင်ဟု သတ်မှတ်ထားသောကြောင့် သူ့ကို စိန်ခေါ်ရန် မထိုက်တန်ပေ။ သို့သော် ထိုအချိန်၌ ယဲ့ချန်နှင့် ခြင်္သေ့ကြီး၏အဆင့်များက ၁၆နှင့် ၂၁သို့ အသီးသီး မြင့်တက်သွားကြသည်။

"ဘာဖြစ်နေတာလဲ"

"အဆင့်တွေက ဘာလို့ ရုတ်တရက်ကြီး ခုန်တက်သွားတာလဲ"

"ဒီနှစ်ယောက်က အစွမ်းထက်လှချည်လား။ ကျန်တဲ့ကျင့်ကြံသူတွေတောင် ဒီအဆင့်လောက်ကိုရောက်ရင် မြန်မြန်ကြီး အဆင့်မတက်နိုင်ဘူးလေ"

"ဖြစ်နိုင်တာ သူတို့က နတ်အစေခံအဆင့်တစ်ဆယ် ကောင်းကင်နတ်ဆိုးတွေကို လိုက်သတ်နေတာများလား။ ဒီနှုန်းနဲ့ဆိုရင် ထိပ်တန်းဆယ်ယောက်ထဲကို ဝင်ဖို့ဆိုတာ ဖြစ်နိုင်တယ်"

"သူတို့က အဖွဲ့ဝင်အသစ်တွေရှိသေးတာတောင် ထိပ်တန်းဆယ်ယောက်ထဲရောက်လာရင် သေချာပေါက် အာရုံစိုက်ခံရလိမ့်မယ်"

လူတိုင်းက မနာလိုအားကျစိတ်ဖြင့် ချီးကျူးနေကြသည်။

"အစ်ကိုချန်က အစွမ်းထက်လိုက်တာ"

ရှုဝမ်အာက အဆင့်စာရင်းကြောင့် အံ့သြနေသကဲ့သို့ ယုရွယ်နှင့် အခြားကျင့်ကြံသူများမှာလည်း ရိုသေလေးစားနေကြသည်။ သူတို့က ယဲ့ချန်တို့ အစွမ်းထက်ကြောင်း သိထားသော်လည်း ဤမျှအစွမ်းထက်နေမည်ဟု ထင်မထားခဲ့ပေ။ သို့သော် အနာဂတ်၌ တစ်ဖက်လူက ထိပ်တန်းမဟာမိတ်တွင် အဆင့်အတန်းမြင့်လာမည်ဖြစ်ရာ သူတို့ကို အမှတ်ရနိုင်ချေ မရှိသောကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။

လီရိသည် ရှုဝမ်အာက ယဲ့ချန်ကို ချီးကျူးနေသည့်အတွက် စိတ်ပျက်နေခဲ့ပြီး အံကြိတ်ထားခဲ့သည်။ ယဲ့ချန်၏အဆင့်က သူ့ကို ကျော်တက်ခြင်း မရှိသေးသော်လည်း ဤနှုန်းအရဆိုလျှင် ခွန်အားက နိမ့်ကျစရာ အကြောင်းမရှိသဖြင့် မကျေမနပ်ဖြစ်နေခဲ့သည်။ ထိုအခိုက်၌ ထိပ်တန်းမဟာမိတ်၏ လူငယ်မျိုးဆက်အတွင်း ချန်ရဲဆိုသော အမည်က ဟိုးလေးတကျော်ကျော်ဖြစ်နေကာ နတ်အစေခံအဆင့်တွင် ထိပ်တန်းဆယ်ယောက်က အပြောင်းအလဲပင် ဖြစ်နိုင်လေသည်။

All Chapters