← Chapters

တလိရာ့ ကျွန်းပေါ်ရှိ အခြေအနေ

Vol. 66 Ch. 977

တလိရာ့ ကျွန်းပေါ်ရှိ အခြေအနေ

Vol. 66 Ch. 977

“ မင်း အဲ့လိုတော့ ပြောလို့ ဘယ်ရမှာ… ထူးခြားတဲ့လူတွေဆီမှာ ထူးခြားတဲ့ အတွေးတွေ ရှိတယ်ဆိုတာ ပုံမှန်ပဲ မဟုတ်ဘူးလား..” ထောင်ချိန် လင်းရီဘက်မှ ကာပြောပေးရန် ကြိုးစားလိုက်ပြီး “ ပြီးတော့ အဲ့တာက သူ ဝါသနာထုံတာလေ…. ငါတို့မှာ ဝေဖန်စရာ အကြောင်းမရှိဘူး..”

ဝမ်ပင်းယွီ တိတ်ဆိတ်သွားခဲ့သည်။ သို့သော်လည်း သူ အထဲရှိ ဝက်ပေါက်လေးအား တစ်လှည့်၊ ဘေးရှိ နို့ဘူးအားတစ်လှည့် ကြည့်နေရင်းဖြင့် အတွေးကမ္ဘာထဲ လွင့်မြောနေတော့၏။

“ သူ့လိုလူမျိုးက ဘယ်လိုလုပ်ပြီး တန်းထျန်ထဲက အတွင်းအားကို အသုံးပြုနိုင်သွားလဲ အရမ်းသိချင်တာပဲ..”

“ သူက ပါရမီရှင် ဖြစ်ရင်လည်း ဖြစ်မှာပေါ့… ကဲပါ.. အဲ့အကြောင်း တွေးမနေနဲ့… သူနဲ့ စကားအရင်ပြောကြည့်ပြီး အခြေအနေ ဘယ်လိုလာမလဲ စောင့်ကြည့်ကြစို့…”

“ ဟေ့ကောင်တွေ ငါးသွားဖမ်းကြစို့ကွ..”

ရန်ကွမ်းရှ၏ စိတ်အားထက်သန်မှုအောက်တွင် အုပ်စုမှာ ငါးမျှားထွက်ရန် ဟန်ပြင်ကြတော့၏။

“ နင် ဘာတွေလဲလုပ်နေတာ… နင်အဲ့တာကြီးနဲ့ ငါးမျှားထွက်မယ်ပေါ့..” လျန်ရူရွှယ်မှ လင်းရီ လက်မောင်းထဲ ပွေ့ထားသည့် ဝက်ပေါက်လေးအား လက်ညိုးထိုးရင်း ပြောလိုက်သည်။

“ အင်း… ဒီကောင်က ရက်သားလေးပဲ ရှိသေးတော့ နို့တိုက်ပေးဖို့ လိုနေသေးတုန်းပဲလေ.. မဟုတ်ရင် အိမ်မှာ နို့ဆာပြီး ငိုနေမှာပေါ့…”

လျန်ရူရွှယ် “… “

ထောင်ချိန် “ ….”

ဝမ်ပင်းယွီ “ …. “

လင်းရီ ကျန်သူများ၏ အမူအရာကို လျစ်လျူရှု၍ ဝက်ပေါက်လေးကို ကားထဲ ပွေ့သွားလိုက်ပြီး ငါးကန်ဆီသို့ မောင်းနှင်သွားလိုက်သည်။

မိုဟုန်ရှန်းက ထိုင်လို့ကောင်းသည့် တစ်နေရာကို ရန်ကွမ်းရှအတွက် သန့်ရှင်းပေးလိုက်ပြီး ငါးမျှားတံများ ပြင်ဆင်ပေးလိုက်၏။ ထိုစဉ် လျန်ရူရွှယ်ကတော့ ဘေးတွင် ထိုင်နေရင်း ငါးစာ ပြင်ဆင်နေသည်။

ငါးမျှားသည့် နေရာတွင်တော့ မည်သူကမျှ ရန်ကွမ်းရှနှင့် မနှိုင်းယှဉ်နိုင်ကြချေ။

အခြားတစ်ဖက်တွင်တော့ လင်းရီ ဝက်ပေါက်လေးအား လက်မောင်းထဲ ပွေ့ထားရင်း ထောက်ချိန် ၊ ဝမ်ပင်းယွီတို့နှင့် အတူထိုင်နေသည်။

ထိုနှစ်ယောက်အတွက်တော့ လင်းရီ၏ အမူအကျင့်နှင့် နေသားကျအောင် ခေတ္တ အချိန်ပေးလိုက်ရ၏။

“ မစ္စတာလင်း… မင်းလည်း မစ္စတာရန်ဆီကနေ ငါတို့အဖွဲ့အစည်းအကြောင်း တော်တော်လေး သိထားပြီးရောပေါ့.. ငါတို့ ဒီတစ်ခေါက် လာတဲ့ အဓိက ရည်ရွယ်ချက်က မစ္စတာလင်းရဲ့ အခြေအနေကို မေးမြန်းဖို့ပဲ… ငါတို့ချင်း ပွင့်ပွင့်လင်းလင်း စကားပြောနိုင်မယ်လို့ မျှော်လင့်ပါတယ်..” ထောက်ချိန် ယဉ်ကျေးစွာဖြင့် စကားဖွင့်လိုက်၏။

လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ တကယ်လို့ မေးစရာ ရှိတယ်ဆိုရင်လည်း မေးလေ….”

“ မင်းရဲ့ ဒီသိုင်းပညာတွေကို ဘယ်သူ သင်ပေးခဲ့လဲ ငါတို့ သိချင်တယ်….”

“ ကိုယ့်ဘာကိုယ် လေ့လာခဲ့တာ.. ခင်များတို့ စိတ်ပူနေစရာမလိုဘူး.. ကျုပ်က တခြား အဖွဲ့အစည်းတွေနဲ့လည်း အရှုပ်အရှင်းကင်းတယ်… ပြောရရင် ကျုပ်အထောက်အထားက လုံးဝ သန့်ရှင်းပြီးသား…” လင်းရီ ပြောလိုက်ပြီးနောက် “ နောက်ပြီး မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တာလေ… ငယ်တုန်းက စားဖို့တောင် အနိုင်နိုင်ဖြစ်နေတာကို ကျုပ်က ဒီပညာတွေ လိုက်ပြီးဆည်းပူးနေဖို့ စိတ်ပါမယ်လို့ ထင်လား…”

လင်းရီ၏ စကားလုံးများက ထောက်ချိန်ကို ကြက်သေသေသွားစေခဲ့သည်။

ဒါဆို သူတို့က ဘာသွားဆက်ပြောရတော့မှာ…

“ ဒါဆို ခု မစ္စတာလင်းကို ငါတို့ရဲ့ ကျုံးဝေ့တပ်ဖွဲ့ဆီ အစမ်းလေ့ကျင့်ရေး ဆင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်… အဲ့အတွက် ပြဿနာ မရှိလောက်ဘူးမလား…”

“ ဒါပေါ့… ဘယ်ရှိမှာ… ဒါပေမယ့် ကျုပ် အဲ့ ကျွန်းအကြောင်းတော့ ပိုသိချင်သေးတယ်…”

“ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် မစ္စတာလင်းက ကျုံးဝေ့တပ်ဖွဲ့ဝင် ဖြစ်မလာသေးသရွေ့ ဒီအကြောင်းတွေ ပြောပြလို့မရသေးဘူး..” ထောက်ချိန် ပြောလိုက်ပြီး “ ဒါပေမယ့် အကြီးအကဲရန်ရဲ့ မျက်နှာကို ထောက်ထားပြီးတော့ အစမ်း လက်တွေ့လေ့ကျင့်ရေးမှာ ပါဝင်ပြီး လျှို့ဝှက်ထားပါ့မယ်လို့ သဘောတူလက်မှတ်ထိုးပေးရင် ငါတို့မင်းကို တိလိရာ့ ကျွန်းအကြောင်း ပြောပြပေးလို့ရတယ်…”

“ ပြဿနာမရှိဘူး…”

ဤသည်က ထိပ်တန်းလျှို့ဝှက်ချက်ကြီး ဖြစ်သောကြောင့် ထိုမျှ ဂရုစိုက်နေရသည်အား နားလည်ပေး၍ရလေသည်။ ထောက်ချိန် ကားထံ ပြန်သွား၍ စာရွက်စာတမ်း ထည့်ထားသည့် အိတ်အား ယူဆောင်လာခဲ့သည်။ ထို့နောက် သဘောတူညီမှု စာရွက်နှစ်ခုအား လင်းရီထံ ကမ်းပေးလိုက်၏။

လင်းရီ စာပါ အကြောင်းအရာများကို ဂရုတစိုက်ဖတ်ကြည့်လိုက်တော့ ကန့်သတ်ထားသည့် အရာများစွာ ရှိနေကြောင်း သတိထားမိလိုက်သည်။ သို့သော်လည်း အရာအားလုံးက သတင်းမပေါက်ကြားရေးဘက်သို့သာ တိမ်းညွှတ်ထားလေသည်။ အခြား ထူးထူးဆန်းဆန်း စည်းမျဉ်းစည်းကမ်းများ ရှိမနေတော့ လင်းရီ သူ့နာမည်ကို လက်မှတ်ရေးထိုးလိုက်၏။

“ အခုပြောလို့ရပြီ….”

လင်းရီ ဝက်ပေါက်လေးအား နို့တိုက်ရင်း ပြောလိုက်ပြီး ဝမ်ပင်းယွီအား မျက်လုံးလှန်သွားစေခဲ့၏။

နင်ကပဲ တပ်သားစုဆောင်းရေးဝန်ထမ်းလား… ဒါမှမဟုတ် ငါတို့ကလား…

“ တိလိရာ့ကျွန်းကို အရမ်း ဆန်းကြယ်နေတဲ့ ကျွန်းလို့မတွေးလိုက်နဲ့… မင်း ဒီတိုင်း မြို့တစ်ခုလို့ပဲ ပုံဖော်လို့ရတယ်… ဒါပေမယ့် သာမန်မြို့လိုမျိုးတော့ မဟုတ်ဘူးပေါ့… ကောင်တီမြို့နဲ့ နည်းနည်း ပိုတူတယ်… အတန်းအစား ပေါင်းစုံက လူတွေ၊ ဘဝရဲ့ နယ်ပယ်ကဏ္ဍ အသီးသီးကလူတွေအားလုံး နေထိုင်အခြေချနေပြီး သူတို့အားလုံးမှာ တူညီတဲ့ ရည်မှန်းချက်က တစ်ခုတည်းရှိတယ်…. ရှေးခေတ် လူမှုအဖွဲ့အစည်းက မြုပ်နှံထားတဲ့ အကြွင်းအကျန်(relic) တွေကို ရှာဖွေဖို့ပဲ…”

“ ဒါဆို ကျုံးဝေ့တပ်ဖွဲ့က လူတွေကိုပဲ အဲ့ တိလိရာ့ကျွန်းပေါ် အခြေချခွင့်ပြုတယ်ပေါ့…”

“ သီအိုရီအရဆိုရင်ပေါ့….”

“ သီအိုရီအရလား..”

“ ဒီအခြေအနေက နိုင်ငံခြားက ကြေးစားတွေလိုမျိုးနဲ့ သွားပြီး ဆင်တူတယ်… လူတော်တော်များများက ဟွာရှနိုင်ငံသားကတ် ကိုင်ဆောင်ထားကြတယ်ဆိုပေမယ့် သူတို့က ချမှတ်ထားတဲ့ စည်းကမ်းတွေတော့ မလိုက်နာကြဘူး.. ဒါကြောင့်မို့ အခြေအနေတွေက မင်းထင်ထားတာထက်လည်း ပိုပြီး ရှုပ်ထွေးနေပြန်တယ်….”

လင်းရီ ဝက်ပေါက်လေးအား လက်မောင်းထဲ ပွေ့ထားရင်း စက္ကန့်အနည်းငယ်ကြာအောင် အတွေးနက်နေပြီး “ ဒါဆို ခင်များတို့တွေက ဟွာရှရဲ့ မိသားစုကြီးတွေထဲ ဖြစ်မယ် ဟုတ်တယ်မလား… ယုတ္တိကျကျ ပြောကြေးဆို ခင်များတို့ရဲ့ မိသားစုဝင်တွေ အားလုံးက ဒီအကြောင်း သိကြတယ်…”

ထောက်ချိန် ခေါင်းညိမ့်လိုက်ပြီး “ လူပမာဏ အနည်းငယ်လောက်ကပဲ ငါတို့အကြောင်းသိတာ .. ဘာလို့ဆို ငါတို့ရဲ့ ရှေ့မျိုးဆက်တွေက ကျုံးဝေ့တပ်ဖွဲ့ကနေ အနားယူသွားပြီး ငါတို့က သူတို့ရဲ့ ရာထူးနေရာကို ဆက်ခံထားကြလို့လေ…”

“ ပြောပုံအရဆို လူတော်တော်များများက ဒီအကြောင်းသိကြတယ်… ဒါပေမယ့် လျှို့ဝှက်ထားကြတာ….”

“ အဲ့လိုပြောလည်း ရပါတယ်…” ထောက်ချိန် ပြောလိုက်ပြီး “ နောက်ပြီးတော့ အပျက်အစီးတွေကို တူးဖော်နေတာကလည်း နောက်ဆုံး အဆင့်ကို ရောက်နေပြီ… သမိုင်းမတင်မီ လူ့အဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက်ကို အစစ်အမှန် ဖော်ထုတ်နိုင်ပြီဆိုတာနဲ့ နိုင်ငံအသီးသီးက ဒီသတင်းကို ကြေညာကြတော့မှာ… အတ္တလန်တီယန်နဲ့ မေအန်း လူ့အဖွဲ့အစည်းတွေကို လူတိုင်း ရင်းနှီးပြီးသား ဖြစ်နေသလိုမျိုးပေါ့…”

“ ဒါပေမယ့် အဲ့ လူ့အဖွဲ့အစည်းနှစ်ခုကို ဟိုး အချိန်အကြာကြီးတုန်းကတည်းကရင် ဖော်ထုတ်ပြီးသွားပြီလေ.. ကျုပ်သိချင်တာ သူတို့နဲ့ တိလိရာ့ လူ့အဖွဲ့အစည်းက ဘာကွာသွားလဲဆိုတာပဲ…. တိလိရာ့ လူ့အဖွဲ့အစည်းက ပိုပြီးတော့ လျှို့ဝှက်ဆန်းကြယ်နေတာမျိုးလား…”

“ အမှန်ပဲ…” ထောက်ချိန် အတည်ပြုပေးလိုက်၏။

“ များပြားလှတဲ့ ညွှန်ပြမှုတွေပေါ် အခြေခံပြီးတော့ တိလိရာ့က သမိုင်းမတင်မီ လူ့အဖွဲ့အစည်းတွေထဲ ပိုပြီးအဆင့်မြင့်တဲ့ လူ့အဖွဲ့အစည်းဆိုတာ အတည်ပြုလိုက်နိုင်တယ်… ငါတို့ လူ့အဖွဲ့အစည်းက ငါးခုမြောက် လူ့အဖွဲ့အစည်း ဖြစ်ပြီးတော့ တိလိရာ့ လူ့အဖွဲ့အစည်းကို ရှာဖွေတည်ရှိမှုက လူ့အဖွဲ့အစည်းအားလုံးရဲ့ မူလအစ ဖြစ်ဖို့များတယ်… ငါတို့ရဲ့ ကမ္ဘာကြီးကတောင် အဲ့ဒီရဲ့ ကိုင်းခွဲလေးတစ်ခု ဖြစ်နိုင်လောက်တယ်….ဒါကြောင့်မို့ အတွေးအခေါ်ပညာရှင်တွေနဲ့ လူမှုရေး သိပ္ပံပညာရှင်တွေက ကမ္ဘာကြီးရဲ့ စစ်မှန်တဲ့လျှို့ဝှက်ချက်ကို အဲ့ဒီထဲ မြုပ်နှံထားလို့ ယုံကြည်နေကြတာ… မဟုတ်ရင် အားလုံးက အဲ့နေရာမှာ သွားအုံနေကြပါ့မလား….”

“ Grave Robber’s Chronicles ( ဂူသင်္ချိုင်းဖောက်သူ၏ မှတ်တမ်းများ ) ထဲကလို ထူးထူးဆန်းဆန်း သက်ရှိတွေကော ပေါ်လာနိုင်လား…”

ဝမ်ပင်းယွီ “ …. “

ထောက်ချန် “ ….. “

မှန်တယ်… ဒီကောင့်ရဲ့ အတွေးရေယာဉ်ကြောက တကယ့်ကို သာမန်လူတွေနဲ့ ကွဲထွက်နေတယ်…

“ မစ္စတာလင်း… မင်း အဲ့တာကတော့ အတွေးတွေ အရမ်း တစ်ဖက်ကမ်း ရောက်လွန်းသွားပြီ.. အဲ့လို ထူးဆန်းတဲ့ အဖြစ်အပျက်တွေ မရှိဘူး…” ထောက်ချိန် ပြောလိုက်ပြီး “ ဒါပေမယ့် မြုပ်နှံခံထားရတဲ့ နေရာက ရှေးသစ်တောထဲမှာဆိုတော့ အန္တရာယ်တစ်ချို့တော့ ရှိတာပေါ့.. အဲ့သစ်တောထဲမှာ သားရိုင်းကောင်ကြီးတွေနဲ့ ပြည့်နှက်နေတယ်… အောက်ဆီဂျင် ပါဝင်မှု ပမာဏကလည်း များပြားတော့ အခြားနေရာက သက်ရှိတွေထက် ပိုပြီးတော့လည်း ကြီးမားတယ်… မင်းတို့ ငါတို့ TV ပေါ်မှာ မြင်ဖူးတာထက် နည်းနည်းလေး ပိုကြီးတယ်… အဲ့တာတွေကလွဲရင် တခြား ဘာခြိမ်းခြောက်မှုမှတော့ မရှိဘူး….”

လင်းရီ၏ အမူအရာ အေးခဲသွားပြီးထောက်ချိန် ပြောလာခဲ့သည်များက သူ့အား ခရိုခဝ ကျွန်းကို ပြန်သတိရသွားစေခဲ့တော့၏။

အကယ်၍ တစ်စုံတစ်ဦးမှ နီးနီးကပ်ကပ် စူးစမ်းလေ့လာမည်ဆိုလျှင် အဆိုပါ ကျွန်းပေါ်ရှိ သက်ရှိ တိရစ္ဆာန်တို့မှာ သူတို့ သာမန် မြင်နေကျ တိရစ္ဆာန်တို့ထက် အမှန်ပင်ကြီးမားနေကြောင်း သတိမူမိလိမ့်မည်။

အရမ်း သိသာနေခြင်း မရှိသော်လည်း ကွာဟမှုမှာ သိသာနေပြီး လျစ်လျူရှုလို့လည်း မရချေ။ လင်းရီ အတွေးနက်သွားခဲ့၏။ သူ့လက်ကလည်း ကလေးကို ချော့သိပ်ပေးနေဟန်ဖြင့် လက်မောင်းထဲရှိ ဝက်ပေါက်လေးကို မသိစိတ်မှ ပုတ်ပေးနေမိလေသည်။

ထိုမြင်ကွင်းမှာ လူတစ်ယောက်နှင့် ဝက်ဖြစ်နေတော့ အထူးဆန်းကြီး ထူးဆန်းနေတော့သည်။ လင်းရီ၏ သွင်ပြင်က ယခုအခိုက်အတန့်၌ ကြင်နာတတ်သည့် ဖခင်တစ်ယောက်နှင့် ဆင်တူနေသည်။

ဘေး၌ စကားများများ ဝင်မပြောသည့် ဝမ်ပင်းယွီကတော့ သူမ၏ ကမ္ဘာကြီးပေါ် အမြင်တို့မှာ လဲပြိုတော့မည့်နှယ် ခံစားနေရသည်။

သူ ဘာကြောင့် ဒီလိုဖြစ်နေရတာ….

အမျိုးသမီးတစ်ယောက်က သူ့ကို နာကျင်အောင် ပြုလုပ်သွားလို့များလား…

ဒါမှမဟုတ် တစ်ခါက ရှိခဲ့ဖူးတဲ့ သူ့ကလေးလေး ခွဲခွာသွားခဲ့လို့ ဝက်ပေါက်လေးကို ကိုယ်ပွားအဖြစ် သဘောထားနေတာများလား….

ထူးဆန်းသည့် အတွေးမျိုးစုံနှင့် ဒရာမာ ဇာတ်လမ်းတို့က ဝမ်ပင်းယွီ ဦးနှောက်ထဲ ထွက်ပေါ်လာသည်။

“ခင်များပြောတာ တိလိရာ့ကျွန်းပေါ်က အောက်ဆီဂျင်ပါဝင်နှုန်းက တခြားနေရာတွေထက် မြင့်မားတယ်လို့ ပြောတယ်နော်… ဘယ်လိုအရာမျိုးက အဲ့လိုဖြစ်စေတာ…”

All Chapters