← Chapters

မင်းကို ဒီလက်၀ါးတစ်ချက်နဲ့ သေအောင်ဖြတ်ရိုက်ပစ်လိုက်မယ်ဆိုတာ ယုံလား

Vol. 66 Ch. 979

မင်းကို ဒီလက်၀ါးတစ်ချက်နဲ့ သေအောင်ဖြတ်ရိုက်ပစ်လိုက်မယ်ဆိုတာ ယုံလား

Vol. 66 Ch. 979

" ငါ ... ငါ့ယောက်ဖရဲ့ အမိန့်ကို နာခံနေတာ... သူက ဟွမ်ရှီးကျေးရွာရဲ့ ရွာသူကြီးလေ... ဒီကိစ္စမှာ သူက တာ၀န်ရှိသူပဲ...."

" ဒီကို လူကိုယ်တိုင်လာဖို့ နင့်အစ်ကို ပြောလိုက်စမ်း...."လျန်ရူရွှယ် နောက်မှနေ၍ ပြောလာခဲ့၏။

လင်းရီလည်း ခေါင်းညိမ့်လိုက်သည်။

" ခဏစောင့်... ငါသူ့ကို ချက်ချင်းလှမ်းခေါ်လိုက်မယ်...."

ပြောရင်းဆိုရင်း လျိုတုံးမင် နောက်သို့ လှမ်းအနည်းငယ် ဆုတ်လိုက်သည်။ လင်းရီ ခြေထောက် ဆန့်နိုင်သည့် အကွာအဝေးနှင့် လွတ်ပြီဆိုတော့မှ ဖုန်းထုတ်၍ ယောက်ဖကြီးထံ ဆက်သွယ်လိုက်၏။

" ယောက်ဖ... ငါအခု ရွာရှေ့စွန်ဆုံးက ငါးကန်မှာ... သူတို့ ပါမစ်ကို ဆုတ်ဖြဲပစ်လိုက်ပြီ... မြန်မြန်လာခဲ့... ငါတစ်ယောက်တည်း ထိန်းမထားနိုင်တော့ဘူး...."

" ရှီးတဲ့မှ... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ... အဲ့ကောင် သေချင်နေလို့လားတဲ့..."

စပီကာ မဖွင့်ထားသော်လည်း တစ်ဖက်သူမှ ကျိန်ဆဲလာသံကို ကြားနေနိုင်ဆဲပင်။

" အဲ့ကောင်မှာက မိုးလောက်ကြီးတဲ့ သတ္တိရှိတယ်."

" သိပ်စိတ်ပူမနေနဲ့... အဲ့ကောင် လာရှုပ်ရဲရင် အဲ့ကောင်ကိုပါ မြေနဲ့ ရောဖို့ပစ်လိုက်..."လျိုတုံးမင်၏ ယောက်ဖမှ ကျိန်ဆဲနေလိုက်ပြီး " ငိုးမ ဥပဒေမဲ့ တစ်သိုက်တွေ... ဒီကောင်တွေ ရွာလမ်းဖောက်ရင် လမ်းပေးရကောင်းမှန်း စောက်အသိဉာဏ် မရှိတာလားကွ.... သောက်ရူးတွေ... သေချင်နေတဲ့ မျိုးမစစ်တွေ..."

" အဟွတ်... ယောက်ဖ... မင်း ပိတ်ဆဲမနေနဲ့ဦး... ငါလည်း အစက အဲ့လိုတွေးထားတာပဲ... ဒါပေမယ့် အဲ့ကောင် အစွမ်းအစက မသေးဘူး.. ငါ သူ့ကို မနိုင်ဘူး... မြန်မြန်လာပြီး ငါ့ကို ကူပေးဦး...."

" ငိုးပဲ... မင်း စောင့်နေလိုက်... ငါ မကြာခင် ရောက်မယ်..."

လျိုတုံးမင် ဖုန်းချလိုက်ပြီး သူ့တပည့်များထံ သွားရပ်၍ လင်းရီကို ကြည့်လိုက်သည်။

"မင်း စောင့်နေလိုက်... ဒါ အကြမ်းဖက်မှုကို ပြန်ခုခံတယ်ခေါ်တယ်... ငါ့ယောက်ဖလာမှ မင်းကို ဆက်ပြီးကိုင်တွယ်မယ်..."

တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ရန်ကွမ်းရှမှ လျန်ရူရွှယ်ထံ အကြည့်ပို့လွှတ်လိုက်၏။ သူ၏ အကြည့်က ' မင်း အုပ်ချုပ်တာ တော်တော် ကောင်းနေတာပဲ 'ဆိုသည့် အကြည့်မျိုးပင်။ လျန်ရူရွှယ်လည်း အဆူခံလိုက်ရသကဲ့သို့ ကိုးရို့ကားယား ပြန်ပြုံးပြလိုက်သည်။

သေစမ်း... ပြန်ရောက်ရင်တော့ ဒီကိစ္စကို စနစ်ကျကျ ကိုင်တွယ်မှ ရတော့မယ်....

" ထားပါ အကြီးအကဲ.."လင်းရီ ပြုံးလိုက်ပြီး " ဒီကိစ္စက ကျွန်တော်နဲ့ ဆိုင်တာလေ... ဘာလို့ သူမကို အဲ့လိုသွားကြည့်နေတာ."

" မင်းသူ့ဘက်က လာကာပြီး ပြောပေးမနေနဲ့..."ရန်ကွမ်းရှ ပြောလိုက်ပြီး " အခု မင်းတို့နှစ်ယောက်လုံးက ဘောင်းတစ်ထည် တူတူ၀တ်လုနီးပါးပဲ...."

လင်းရီ ရန်ကွမ်းရှကို ပခုံးသွားဖက်လိုက်ပြီး " အမှန်အတိုင်းပြောရရင် ကျွန်‌တော်က အဲ့လိုမျိုး ဖြစ်ချင်နေတာ..."

လျန်ရူရွှယ်ကတော့ မျက်လုံးသာ လှိမ့်လိုက်သည်။ ယခုလို အခြအနေမျိုး၌ပင် ကောင်စုတ်က သူမအား အခွင့်အရေး ယူရန် မေ့လျော့မနေချေ။

အုပ်စုမှာ နှစ်ခြမ်းကွဲသွားခဲ့ပြီး လျိုတုံးမင်ကလည်း လင်းရီဘက်သို့ ခြေတစ်လှမ်း တိုးမလာဝံ့ချေ။ လင်းရီနှင့် ကျန်သူများကတော့ ထုပ်ပိုးသိမ်းဆည်း၍ ချက်ပြုတ်ရန်အတွက် အိမ်ပြန်တော့မည့် အချိန်တွင် ရန်ကွမ်းရှမှ စကားဆိုလိုက်၏။

" ရှောင်မို .. ဒီနား အနီးဆုံးတပ်မဟာက ဘယ်တစ်ခုလဲ... "

" ကျန်းကျားမဟာမိတ် တပ်မဟာဖြစ်မယ်... "

" သူ့ကို ဒီလာပြီး ဒီကိစ္စ ကိုင်တွယ်ဖို့ ပြောလိုက်.."ရန်ကွမ်းရှ ပြောလိုက်ပြီး " ဒါကြီးကတော့ တော်တော်လေးကို ဥပဒေမဲ့ ပရမ်းပတာ ဖြစ်လွန်းသွားပြီ.... "

" နားလည်ပါပြီ ...."

လင်းရီနှင့် လျန်ရူရွှယ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

မူလကတော့ သူ ရိုက်နှက်ပြီးသည်နှင့် လျန်ရူရွှယ်အား ဖမ်းဆီးခေါ်ဆောင်သွားခွင့် ပြုရန် စဉ်းစားထားသော်ငြား မျှော်လင့်မထားစွာဖြင့် အကြီးအကဲရန်မှာ ဘေးမှနေ၍ ရပ်ကြည့်မနေနိုင်တော့ချေ။

သေချာစဉ်းစားကြည့်ပြန်လျှင်တော့ ယခုလို ပြုလုပ်သည်အား နားလည်ပေး၍ရ၏။ အကြီးအကဲရန်ကဲ့သို့ ဖြောင့်မတ်တည်ကြည် သီလသမာဓိ ရှိသူက ယခုလို လုပ်ရပ်အား မည်သို့သော စိတ်ဝိဉာဏ်မျိုးဖြင့် လက်ပိုက်ကြည့်နိုင်မည်နည်း။ သူ ဆက်လက် မကြည့်နိုင်သောကြောင့် သဘာ၀အလျောက် ကိုယ်တိုင်ကိုယ်ကျ ပါ၀င်လာသည်။

ဆယ်မိနစ် ကြာပြီးနောက် လင်းရီတို့ထဲကတစ်ချို့ ပစ္စည်းများ ထုပ်ပိုးသိမ်းဆည်းပြီးဖြစ်၏။

ထိုအခိုက်အတန့်တွင်ပဲ လင်းရီ၏ Jetta ကားနှင့် ချွတ်စွပ်တူသည့် ကားတစ်စင်းမှ နောက်တွင် ဖုန်မှုန့်လှိုင်း နှစ်ခုနှင့် မလှမ်းမကမ်းတွင် ဒရစ်ဆွဲပြီး ရပ်တန့်လာသည်။

" လူတိုင်း နောက်နည်းနည်းဆုတ်... ငါ့ယောက်ဖ ဒီရောက်လာပြီ..."

ဂျက်တာ ရောက်ရှိလာသည်ကို မြင်တော့ လျိုတုံးမင်နှင့် သူ့လူများအားလုံး နောက်သို့ လှမ်းအနည်းငယ် ဆုတ်ပေးလိုက်ကြသည်။

ကားတံခါးပွင့်ဟလာပြီး အနောက်တိုင်း ဆံပင်ကေ ကျစ်ဆံမြီးတို့နှင့် လူတစ်ဦး အပြင်သို့ ထွက်လာပြီး သူနှင့် ဆိုဒ်လည်းမတော်၊ ပွယောင်းယောင်း ဖြစ်နေသည့် ဖက်ရှင်ဟောင်း ၀တ်စုံပြည့်ကိုလည်း ၀တ်ဆင်ထားသေးသည်။ ထိုအမျိုးသား နာမည်က ချောင်ကျန်းဖြစ်သည်။ သူက ဟွမ်ရှီးကျေးရွာ ရွာသူကြီးဖြစ်ပြီး လျိုတုံးမင်နှင့်လည်း ယောက်ဖတော်စပ်သူပင်။

ယခုနှစ်တစ်လျှောက်လုံး လျိုတုံးမင် ဤမျှ မောက်မာနေရခြင်းး အကြောင်းတရားခံသည်လည်း သူပင်ဖြစ်၏။

" ဒီငိုးမသားတွေလား...."

ချောင်ကျန်း ကျိန်ဆဲပြီး လင်းရီနှင့် ကျန်သူများအား ကြည့်လိုက်၏။ သို့သော်လည်း သူ လျန်ရူရွှယ်ကို ကြည့်ပြီးတော့ ရုတ်တရပ်ဆိုသလို ခေတ္တ ရပ်တန့်သွားခဲ့သည်။

' သူ့စိတ်ထဲ ဒီမိန်းကလေးနဲ့ ရင်းနှီးနေသလားလို့... တစ်နေရာရာမှာ ရင်းရင်းနှီးနှီးကြီး မြင်ဖူးသလိုပဲ...'

သို့သော်လည်း အချိန်အတော်ကြာ စဉ်းစားပြီးသည့်တိုင်အောင် မမှတ်မိလာသောကြောင့် ဦးနှောက်စားမနေရန် ဆုံးဖြတ်လိုက်သည်။

" ဟုတ်တယ်... သူတို့ပဲ... "

လျိုတုံးမင် လင်းရီကို လက်ညိုးထိုးပြလိုက်ပြီး " ယောက်ဖ... ပါမစ်ကို ဆုတ်ဖြဲပြီး ငါ့ကိုပါ ထိုးကြိတ်လိုက်တာ အဲ့ကောင်.... "

ချောင်ကျန်း လင်းရီထံ လျှောက်လှမ်းလာပြီး " သောက်ကလေး...မင်းဘာတွေ စဉ်းစားနေတာ... မင်းသွေးက တော်တော်လေးကို ရဲနေတယ်ပေါ့... ငါတို့က တရား၀င် ညွှန်ကြားချက်အတိုင်း လမ်းဖောက်နေတာကို မင်း နားမလည်ဘူးလားဟျောင့်... ငါဖုန်းတစ်ချက် ဆက်လိုက်တာနဲ့ မင်း တစ်သက်လုံး ထောင်ထမင်းဟင်း စားနေရမယ်ဆိုတာ ယုံလား...."

" မင်းလိုကောင်ရဲ့ ပါးစပ်ကများ ငါ့ကို ထောင်ထဲပို့မယ်ဆိုပြီး ပြောထွက်နေတယ်...."လင်းရီ ပြောလိုက်ပြီး " ဒီနှစ်တွေထဲ မင်းရဲ့ ယောက်ဖကို အလိုလိုက်ပြီး ဒီလောက် ပြစ်မှုတွေ အများကြီး ကျုးလွန်ထားပြီးတာတောင် ငါ့ကို ထောင်ထဲပို့မယ် မင်း ပါးစပ်က ပြောနေတယ်ပေါ့...."

"ဟားဟား......"

ချောင်ကျန်း သူ့ ချောင်ကျနေသည့် အင်္ကျီကို အောက်ဆွဲ ပြန်တင်းကြပ်လိုက်ပြီး " ဘာလဲ... မင်းလေသံ နားထောင်ရသလောက်တော့ ငါ့ကို ကိုင်တွယ်ချင်နေတဲ့ပုံပါလား... "

"အမှန်ပဲ...."

ချောင်ကျန်း ဒေါသမထွက်ရုံမျှမက ပို၍ပင် အားပါးတရ ရယ်မောလာသည်။

သူ့ကြည့်ရသည်မှာ တစ်နှစ်တာ၏ အရယ်ရဆုံး ပြက်လုံးကို ကြားလိုက်ရသကဲ့သို့ အူနှိပ်ပြီး ရယ်မောနေတော့၏။

" သောက်ကလေး .. မင်းသေချာနားထောင်.... ငါ ဒီမှာ ရွာသူကြီး ဖြစ်လာတာ နှစ်ပေါင်း မနည်းတော့ဘူး... ငါ့ကို တိုင်ပြီး ထောင်ထဲပို့ချင်ခဲ့တဲ့ ကောင်တွေလည်း ရှိခဲ့ဖူးတယ်... မင်းက မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာ..."ချောင်ကျန်း ပြောလိုက်ပြီး " မင်းမသေချင်ဘူးဆိုရင် ပိုက်ဆံ အမြန် ထုတ်ပေးလိုက်... မဟုတ်လို့ကတော့ မင်းရဲ့ အိမ်နဲ့ခြံကို ဖျက်ဆီးရုံတင်မကသေးဘူး... မင်းကိုပါ မြေမြုပ်ပစ်လိုက်မယ်...."

" ငါ့ကိုပါ မြေမြုပ်မယ်လား..."လင်းရီ လက်တစ်ဖက်ဆန့်ထုတ်လာခဲ့ပြီး ပြုံးလျက် " ဒါဆို ငါ ပါးတစ်ချက်ချတာနဲ့ မင်းကို ရိုက်သတ်နိုင်တယ်ဆိုတာကော မင်း သိလား...."

" မင်းဘာပြောတယ်.."

ဖြောင်း....

လင်းရီ ချောင်ကျန်းကို စဉ်းစားရန် အချိန်ပေးမနေဘဲ မျက်နှာကို ထောင့်ဒီဂရီကျကျမှ မိမိရရ ရိုက်နှက်ပစ်လိုက်၏။ ချောင်ကျန်း တုံ့ပြန်ရန် အလျင်မမှီလိုက်တော့ပဲ လွင့်ပျံသွားခဲ့ကာ နောက်ရှိ ဘူဒိုဇာနှင့် ၀င်တိုက်မိသွားတော့သည်။

လင်းရီ၏ ရိုက်နှက်ခံလိုက်ရပြီးနောက် ချောင်ကျန်း ခေါင်းတစ်ခုလုံး မူးနောက်သွားခဲ့ပြီး အနည်းငယ် လွတ်ချင်သလိုတောင် ဖြစ်သွားခဲ့လေသည်။ သူ အသိစိတ်ပြန်ကပ်လာစေရန် အချိန်တစ်ချို့လောက် ယူလိုက်ရ၏။

လျိုတုံးမင်ကတော့ သူ့ယောက်ဖ ရိုက်နှက်ခံလိုက်ရသည်ကို ပါးစပ်ထဲ လက်ထည့်ရင်း ငြိမ်ငြိမ်လေး ရပ်ကြည့်နေသည်။ လင်းရီသည်ကား သူသွားရှုပ်၍ရသူ မဟုတ်ပေ။ အကယ်၍ အာချောင်ပြီး စကားတစ်ချို့ ပြောမိပါက ဆန်ပြုတ်သောက်ရကောင်း သောက်နေရနိုင်သည်။

" မင်း.... မင်း ငါ့ကို ဘယ်လိုတောင် ရိုက်နှက်ဝံ့နေတာတုန်းကွ...."

ချောင်ကျန်း အသိစိတ် ပြန်ကပ်လာတော့ သူ့ပါးသူစမ်းရင်း ရူးမတတ် အော်ဟစ်၍ အမိန့်ပေးလိုက်၏။

" ရိုက်စမ်း... သူ့ကို ရိုက်.. သေအောင်ရိုက်ကြစမ်း...."

သို့သော်လည်း မြင်ကွင်းက အနည်းငယ် အူကြောင်ကြောင်နိုင်နေသည်။ သူက ရှေ့မှနေ၍ အားကြိုးမာန်တက် အမိန့်ပေးနေသော်လည်း နောက်မှလိုက်ပါ လှုပ်ရှားလာသူက တစ်ယောက်မျှ ရှိမနေချေ။

" ယောက်ဖ... ဒီကောင်က တိုက်ခိုက်တာ တော်တော်ကျွမ်းတယ်... ကျုပ်တို့ သူ့ပြိုင်ဘက် မဟုတ်ဘူး..."လျိုတုံးမင် စိတ်မကောင်းဖြစ်နေသည့် မျက်နှာထားဖြင့် ပြောလိုက်၏။

အကယ်၍ သူသာ တတ်နိုင်ပါက အစောကြီးကတည်းက ရိုက်နှက်နေနှင့်ပြီး ယခုအချိန်ထိ စောင့်နေမည်ပင် မဟု‌တ်‌ချေ။

ထိုစကားကြားတော့ ချောင်ကျန်း အနည်းငယ် ငြိမ်သက်သွားခဲ့သည်။ သူ့ယောက်ဖ မည်သို့သော လူစားမျိုးမှန်း သူ ကောင်းကောင်း နားလည်လေသည်။

" အရင်သွားကြစို့... ဒီကောင်တွေ နောက်မှ ကိုင်တွယ်မယ်.... "

ချောင်ကျန်းနှင့် ကျန်သူများ ထွက်ခွာသွားခဲ့သည်ကို မြင်တော့ ထောက်ချိန် ရှေ့တိုးလာခဲ့ပြီး တီးတိုးလေသံဖြင့် " အကြီးအကဲ... ကျုပ်တို့ သွားပြီး ကိုင်တွယ်လိုက်ရင်ရော...."

" မလိုဘူး..."လင်းရီ စကားဖြတ်ပြောလိုက်ပြီး " သူတို့ ပြန်ရောက်လာလိမ့်မယ်... လိုက်သွားနေစရာ မလိုဘူး... ခု ညစာစားဖို့ အချိန်ကျတော့မယ်ဆိုတော့ ဒီတိုင်း ပြန်ကြစို့...."

" မင်းသဘောပဲ...."

ငါးကန်မှ ထွက်လာခဲ့ပြီးနောက် လျိုတုံးမင်နှင့် ကျန်သူတို့ အိမ်ပြန်ရောက်လာခဲ့ကြသည်။

" ယောက်ဖ... မင်း တစ်ခုခု စဉ်းစားစမ်း... "လျိုတုံးမင် ပြောလိုက်ပြီး " ခု ရွာထဲကလူ တော်တော်များများ ခုနက ကိစ္စကို သတင်းရပြီး နေလောက်ပြီ... အရင်တစ်ခေါက် အဖြစ်အပျက်နဲ့ပါဆိုရင် ရွာထဲက လူတွေ ငါတို့ကို အလေးအနက်ထားနေမှာတောင် မဟုတ်တော့ဘူး... တကယ်လို့ ခုချက်ချင်း မဖြေရှင်းဘူးဆိုရင် ရွာသူရွာသားတွေအကုန်လုံး သူ့ဘက်က ရပ်တည်လာနိုင်တယ်နော်... အဲ့ခါကျ ငါတို့ရဲ့ လုပ်ပိုင်ခွင့်တွေလည်း ဆုံးရှုံးသွားလိမ့်မယ်...."

ချောင်ကျန်း ဆေးလိပ်မီးကို စိတ်အေးလက်အေး ညှိလိုက်ပြီး " လူတစ်ချို့ သွားခေါ်လာခဲ့... မင်း ရှာနိုင်သလောက်သာ ရှာခဲ့လိုက်... သူတို့ကို ပိုက်ဆံပေးငှားရမယ်ဆိုရင်တောင် အဆင်ပြေတယ်.... ငါလည်း လူတစ်ချို့ဆီ ဆက်သွယ်ထားမယ်... အဲ့မျိုးမစစ်ကို ငါမကိုင်တွယ်နိုင်ဘူးဆိုတာ လုံး၀ မယုံဘူး...."

" ကောင်းပြီလေ... ငါအခု ဆက်သွယ်လိုက်မယ်...."

လျိုတုံးမင် သူ့ဖုန်းကိုကိုင်ရင်း တစ်ကိုယ်စာ ကြားရုံလောက် အသံဖြင့် " ဒီကနေ့မှ မင်းလိုကောင်ကို မသတ်နိုင်ဘူး‌ဆိုရင် ငါ့မျိုးရိုးနာမည် လျိုမဟုတ်တော့ဘူး....”

All Chapters