← Chapters

နေရောင်ခြည် မရောက်တဲ့ နေရာတွေ...

Vol. 66 Ch. 980

နေရောင်ခြည် မရောက်တဲ့ နေရာတွေ...

Vol. 66 Ch. 980

ချောင်ကျန်းနှင့် လျိုတုံးမင်တို့ ထွက်ခွာသွားခဲ့ပြီးနောက် လင်းရီလည်း သူ့ ပစ္စည်းပစ္စယတို့အား သယ်ဆောင်ကာ ခြံထဲ ပြန်ရောက်လာလေသည်။

လင်းရီ ၀က်ပေါက်လေးအား လှောင်အိမ်ထဲ ပြန်ထည့်၍ မီးဖိုချောင်ထဲ ၀င်သွားလိုက်၏။

လျန်ရူရွှယ်သည်လည်း သူမ အပေါ်ထပ်အင်္ကျီကို ချွတ်လိုက်ကာ လင်းရီနောက် လိုက်ပါလာ၍ ကူညီပေးရန် ဟန်ပြင်လိုက်သည်။

" လင်းရီ.... တကယ်လို့ နင်က ‌တိတ်ဆိတ်ပြီး အေးချမ်းတာကို လိုချင်ရင်လည်း ငါ နေရာကောင်းတစ်ချို့ ရှာပေးလို့ ရတယ်လေ... လှပတဲ့ တောင်တန်းကြီးတွေရယ် .. စမ်းချောင်လေးရယ်... တောတိရစ္ဆာန်တွေပါ လိုချင်ရင်ရသေး... ဘာလို့ ဒီနေရာကိုမှ လာခဲ့တာ...."လျန်ရူရွှယ် မေးမြနါးလာသည်။

ကျန်းနန် ဒေသ၌ လှပသည့် နေရာဒေသ အများအပြားရှိ၏။ တောင်တောင်ရေမြေရှုခင်းသဘာ၀တို့ကလည်း ယခုလိုနေရာမျိုးထက် အဆပေါင်းများသွာ သာလွန်လေသည်။ လျန်ရူရွှယ်၏ အမြင်တွင်တော့ ယခုလို နေရာမျိုးအား လာရန်အကြောင်းမရှိချေ။

" ဒီနေရာက ပိုပြီး စစ်မှန်တယ်လို့ မထင်ဘူးလား...."

" ဒီက ပတ်၀န်းကျင်ကို ပြောချင်နေတာလား.... "သူမ အာလူးအခွံနွှာရင်း ပြန်မေးလာသည်။

"ပတ်၀န်းကျင်က တစ်ကဏ္ဍ... အဓိကက လူတွေ..."လင်းရီ ပြောလိုက်ပြီး " လူဆိုးနဲ့ လူကောင်း ရောနှောနေတာ စစ်မှန်မှုပဲလေ...."

အာလူးအခွံနွှာနေရင်း လျန်ရူရွှယ် စကားတစ်ခွန်းမှ ပြန်မပြော။ တိတ်ဆိတ်သွားခဲ့သည်။

"ငါ့အထင်တော့ ငါတို့ ဟိုပြန်ရောက်ရင် ဒီကိစ္စက သေချာစီစစ်ကိုင်တွယ်မှ ဖြစ်မယ်လို့ ယူဆတယ်... ဒီဂယက်က ကျိူးဟိုင်တင်မကဘူး.. ပြည်နယ်တိုင်းကိုပါ ရိုက်ခတ်နေလောက်တယ်...."

" အင်း... ဒါပေမယ့် မင်း ဒီနေ့ မလာခဲ့ဘူးဆိုရင်လည်း ဒီအကြောင်းတွေ မသိနိုင်ဘူးလေ.... "

လျန်ရူရွှယ် ပြုံးလိုက်ပြီး " ငါ မှတ်မိသေးတယ်... နင် ဆေးရုံမှာ အလုပ်လုပ်တုန်းက တော်တော်လေးကို မွှေနှောက် ပြဿနာ ရှာခဲ့တာလေ... ခုလည်း အတူတူပဲ... တကယ်လို့ ရှေးခေတ် အချိန်အခါတုန်းကသာဆိုရင် နင် အင်ပါယာရဲ့ တမန်တော်တောင် ဖြစ်နိုင်တယ်...."

" ဟင်း.... ငါ အဲ့လောက်အများကြီး လုပ်ထားပေးတာတောင် တစ်စုံတစ်ယောက်သောသူက ဘယ်တော့မှ ကျေးဇူးမတင်ဘူး..."

" ငါ ဘယ်မှာ ကျေးဇူးမတင်လို့... နင့်လို ကျေးဇူးကန်းတတ်တဲ့သူများ ထင်နေလား.... "

" ဒါပေမယ့် မင်းရဲ့ ကျေးဇူးတင်တာ ငါကူညီပေးထားတာနဲ့ အချိုးမကျဘူးလေ... "

" တင်းတိမ်စမ်းပါ... ဘာလို့ အဲ့လောက်တောင် လောဘတွေ အရမ်းကြီးနေရတာ.... "လျန်ရူရွှယ် ရွှတ်နောက်နောက် ပြောပြီးနာက် ပုံးထဲမှ ငါးကိုနှိုက်၍ ငါးအရှင်ကို ကိုင်ရန် ဟန်ပြင်လိုက်သည်။

" အိုး .. မြို့တော်၀န်လျန်က ငါးကိုင်တာ တယ် ကျွမ်းကျင်နေပါလား...."

" အဖွားဆီက သင်ယူထားတာလေ... တကယ်လို့ မကျွမ်းဘူးဆိုရင် ဆူခံရမှာ..."

" မင်းလို မိသားစုနောက်ခံက ဆင်းသက်လာတဲ့သူတောင်မှ ဒီလိုမျိုးတွေ သင်ယူရတယ်ပေါ့...."

လျန်ရူရွှယ် ခေါင်းညိမ့်လိုက်ပြီး " အဖွား အမြဲပြောတာ ကိုယ့်မှာ အရည်အချင်းတစ်ချို့ ရှိနေသရွေ့ ကိုယ့်ထက်အများကြီးတော်တဲ့သူကို ဖြည်းဖြည်းချင်းရှာတွေ့လိမ့်မယ်တဲ့.. ဒါကြောင့်မို့ တော်တော်များများကိုတော့ သိတယ်... တစ်ခုတည်းကို ထူးထူးချွန်ချွန်ကြီး ရှိနေတာတော့ မဟုတ်ဘူးပေါ့.... "

" အင်း... အဘွားပြောတာ မှန်တယ်... ငါဆို အရမ်းတော်တယ်လေ... ဒီတော့ အကုန်သိတယ်...."

" ငါက ငါ .. နင်က နင် .... တစ်ယောက်နဲ့တစ်ယောက် ဘာမှလည်း ဆိုင်တာမဟုတ်ဘူး... ကိုယ့်ကိုယ်ကို အဲ့လောက်ကြီးလည်း အမွှမ်းတင်မနေနဲ့...."

" အလှလေးလျန်ကတော့ ဘာလို့ ငါ့ကို လက်ချာတွေ ပေးချင်နေတာ... ငါတို့ချင်း မြင်တွေ့မြင်ထိုက်တာတွေ မြင်ပြီးတာတောင် ၀န်မခံချင်သေးဘူးပေါ့...."

" လက်ထဲ ကိုင်ထားတာ ဓားနော်... အပြင်မှာ ဒီလောက်လူတွေအများကြီး ရှိတာတောင် ဘာပေါက်တတ်ကရတွေ လျှောက်ပြောနေတာလဲ.... "လျန်ရူရွှယ် ခါးဆိတ်ရင်း ပြောလိုက်ပြီး " နင့်ကို သေအောင် ဇွပ်ဇွပ်ပစ်လိုက်မယ် ဘာမှတ်နေ...."

" ဟေ့ ဟေ့... မင်းငါ့ကို အဲ့လို ဆွဲဆိတ်လိုက်လို့ အမှန်တရားက ပြောင်းလဲသွားမှာ မဟုတ်ဘူးနော်...."လင်းရီ နာကျင်ယောင်ဆောင်ရင်း ပြောလိုက်၏။

" သွားစမ်း..."လျန်ရူရွှယ် ဆောင့်ကန်လိုက်ပြီး " မြန်မြန် သွားချက်ပြုတ်တော့... ငါမနက်ကတည်းကရင် ဘာမှမစားရသေးဘူး..."

" ဒါပေါ့ ဒါပေါ့... ဒီက အစ်ကိုကြီးက ဖြည့်ဆည်းပေးရမှာပေါ့...."

ချက်ပြုတ်နေရင်းဖြင့် လျန်ရူရွှယ်၏ အချက်အပြုတ် စွမ်းရည်တို့က အမှန်ပင် မဆိုးလှကြောင်း လင်းရီ ၀န်ခံလိုက်ရသည်။ သူမ ပြုလုပ်သည့် ဟင်းလျာတို့က ဆီရွှင်နေသော်လည်း မြောက်ပိုင်းဟင်းလျာစစ်စစ်က ထိုသို့ချည်းပင်။

သို့သော်လည်း လျန်ရူရွှယ် ချက်ပြုတ်သည်က နှစ်ခွက်မျှသာ ပါ၀င်ပြီး ကျန်သည်ကိုတော့ လင်းရီ တစ်ကိုယ်တော် လက်စွမ်းပြထားသည်များဖြစ်၏။

ဟင်းတွေအားလုံး အဆင်သင့်ဖြစ်တော့ ထောက်ချိန်နှင့် ပိုင်ပင်းယွီတို့ ကြက်သေသေသွားခဲ့ပြီး " လင်းလေး... ဒီဟင်းပွဲတွေ အကုန်လုံးက မင်းလက်ရာတွေချည်းပေါ့...."ထောက်ချိန် အံ့အားသင့်သွားခဲ့သည်။

" အာလူးကတ်သလိပ်နဲ့ ၀က်သားနှပ်ကကျ သူမ လက်ရာလေ... ကျန်တာကတော့ ကျုပ်လက်ရာပဲ...."

" မင်းရဲ့ ဟင်းချက်လက်ရာက တကယ့်ကို ကောင်းမွန်လွန်းတယ်... " ထောက်ချိန်ပြောလိုက်ပြီး " မင်း နောင်ကျ ငါတို့အုပ်စုထဲ ရောက်လာခဲ့ရင်တော့ တကယ့်ကို ကောင်းချီးပေးတာပဲ...."

" ကောင်းပြီ... အဲ့ခါကျ ခင်များ စားချင်တာ ချက်ပေးမယ်..."လင်းရီ သာမန်အေးဆေး လေသံဖြင့် ပြောလိုက်ပြီး " ခုတော့ စားနိုင်သလောက်သာစား...."

" အစ်ကိုလင်း အစ်ကိုလင်း..."

လင်းရီ အရက်ပုလင်းထုတ်၍ စားသောက်တော့မည့် အချိန်တွင် ခြံ၀န်းထဲသို့ သူ့နာမည် တကြော်ကြော် အော်မြည်၍ တစ်စုံတစ်ယောက်မှ ရောက်ရှိလာခဲ့ကြောင်း လင်းရီ သတိပြုမိလိုက်သည်။

သူ လှမ်းကြည့်လိုက်တော့ သူယောင် ဖြစ်နေကြောင်း မြင်တွေ့လိုက်ရလေသည်။

" အိုး .. ဆရာမပါလား... ဒီနေ့ အတန်းမရှိဘူးလား... အထဲ၀င်ပြီး တစ်ခါတည်း စားလိုက်လေ..."

" အစ်ကိုလင်း... စားတာတွေ နောက်ထား..."သူယောင် အသက်လုပြောလိုက်ရင်း " ကျွန်မ ခုလေးတင် အိမ်ပြန်တော့ လျိုတုံးမင်ရဲ့ အိမ်နားမှာ လူတွေ အများကြီး စုဝေးနေတာကို မြင်ခဲ့တယ်... အနည်းဆုံး အယောက်ငါးဆယ်လောက်တော့ ရှိမယ်...တစ်ချို့ဆို လက်မှာ သံလက်သီးတွေနဲ့... ကြောက်စရာကြီး.... "

" နောက်တော့..... "

" ပြီးတော့ ကျွန်မ အိမ်ပြန်သွားတယ်လေ... အဖေ ပြောတာ ရှင် သူတို့နဲ့ ခုလေးတင် ပဋိပက္ခ ဖြစ်ပြီး ပြန်လာတာတဲ့... သူတို့ လူတွေ အဲ့လောက်အများကြီးစုနေတာ သေချာပေါက် ရှင့်ကို ပြန်လက်စားချေဖို့ပဲ ဖြစ်ရမယ်...."သူယောင် ပြောလိုက်ပြီး " စားမနေနဲ့တော့... မြန်မြန်ရှောင်နေလေ...."

" ပြေပါတယ်... လူက အဲ့လောက် အများကြီးလည်း ဟုတ်မနေပါဘူး...

" ဒါပေမယ့် သူက ချောင်ကျန်းရဲ့ ယောက်ဖလေ... "

" Hades ရဲ့ ယောက်ဖတော် ဆင်းလာရင်တောင် ငါမမှုဘူး... "လင်းရီ ပြုံးလိူက်ပြီး " ဒီလာပြီးမှတော့ တစ်ခါတည်း ၀င်ထိုင်လိုက်ပါလား...."

" ရ....."

"ယောင်ယောင် .... "

သူယောင် စကားဆုံးအောင် မပြောရသေးခင် နောက်သို့ လူတစ်ယောက် ရောက်လာခဲ့ကြောင်း လင်းရီ မြင်တွေ့လိုက်ရ၏။

ထိုသူကတော့ သူမအား လိုက်လံပိုးပန်း ဖိနပ်လျက်နေသူ ကော်ဖေးပင်။

" နင် ဘာလာလုပ်တာ..."သူယောင် မျက်မှောင်ကြုတ်ပြီး ဘ၀င်မတွေ့စွာ မေးမြန်းလိုက်၏။

" ဘာလာလုပ်ရမှာ.... မင်းကို ပြန်လာခေါ်တာပေါ့..."ကော်ဖေး ပြောလိုက်ပြီး " အခု ဟွမ်ရှီး ကျေးရွာက လူတိုင်း ဘာဖြစ်ထားလဲ အကုန်သိပြီးသွားပြီ... တကယ်လို့ မင်းအခုချိန် မပြန်ဘူးဆိုရင် နောက်ကျသွားလိမ့်မယ်...."

" ငါ အခုလာတာ အစ်ကိုလင်းကို ခေါ်သွားဖို့ပဲ..."

ကော်ဖေး အိမ်ထဲသို့ လှမ်းကြည့်လိုက်ပြီး " သူတို့ အနေအထားကို ကြည့်စမ်း... ထွက်သွားဖို့ ရည်ရွယ်ချက် ရှိမယ်ထင်ထား... ငါမင်း သိအောင် ပြောပြမယ်... အဲ့ကောင်က လျိုတုံးမင်ကို ရိုက်နှက်ရုံတင် မကသေးဘူး... ချောင်ကျန်းကိုပါ ပါးရိုက်ခဲ့တာကွ... သူတို့ အဲ့လို အရှက်ခွဲခံထားရတာကို အေးဆေး လွှတ်ပေးလိုက်မယ်လို့ ထင်လား...."

ချောင်ကျန်းပါ အရိုက်ခံလိုက်ရသည်ကို ကြားသိတော့ သူယောင်၏ မျက်နှာမှာ ရှော့ခ်ရသွားသည့် သွင်ပြင်ဖြစ်သွားခဲ့တော့၏။

အကယ်၍ လျိုတုံးမင် တစ်ဦးတည်းသာဆိုပါက ကိစ္စမှာ သိပ်မပြင်းထန်နိုင်သော်လည်း ယခုတော့ ချောင်ကျန်းကပါ ပါ၀င်လာချေပြီ။ တော်တော်လေး ‌ပြဿနာ များတော့မည်ဖြစ်၏။

" အစ်ကိုလင်း... ရှင်က အရမ်းကို စိတ်မြန်လက်မြန်ရှိလွန်းပါတယ်...."သူယောင် သက်ပြင်းချရင်း ပြောလိုက်သည်။

" အဆင်ပြေပါတယ်... "လင်းရီ သူယောင်၏ ပခုံးကို ပုတ်ပေးလိုက်ပြီး " ငါ ထမင်းစားပြီး ဒီကိစ္စ ကိုင်တွယ်လိုက်မယ်.... သူနဲ့ အရင် ပြန်လိုက်သွားလိုက်...."

" ဒါပေမယ့်... "

" ဘာ‌ဒါပေမှ မမဲ့နဲ့..."လင်းရီ ပြောလိုက်ပြီး " ရတယ်... ငါ အဆင်ပြေတယ်...."

လင်းရီကိုယ်တိုင် ပြောလာပြီဖြစ်သောကြောင့် သူယောင်လည်း ဘာမျှ ဆက်မပြောနိုင်တော့ချေ။ သူမ တွန့်ဆုတ်စွာဖြင့် " ဒါဆိုလည်း ကျွန်မ ပြန်တော့မယ်... အစ်ကိုရီ ဂရုစိုက်ဦးနော်..."

" သွား သွား.... ငါ အဆင်ပြေတယ်...."

သူယောင် စိတ်မပါ လက်မပါဖြင့် ကော်ဖေးနှင့်အတူ ထွက်ခွာသွားခဲ့ပြီး လင်းရီလည်း ထမင်းစား စားပွဲထံ ပြန်လာ၍ ဆက်လက်‌ စားသောက်‌တော့၏။

ရန်ကွမ်းရှ သူ့ကို ပြုံးပြလာပြီး " ကလေး... မင်း ဒီရွာထဲ တော်တော်လေး ပေါ်ပြူလာ ဖြစ်နေပုံပဲ... တစ်ခုခု ဖြစ်တော့မယ်ဆိုတော့ ကောင်မ ချောချောလေးက စိုးရိမ်တကြီးနဲ့ လာပြီး သတိပေးရှာနေပါလား...."

" ဘာထူးဆန်းလို့... အဲ့အကောင် ဘယ်ပဲသွားသွား ကူညီမယ့် မိန်းမလှလေးတွေက ဘေးမှာ တစ်ပုံကြီး ..."လျန်ရူရွှယ် ပြောလိုက်၏။

" ငါလည်း ဘယ်တတ်နိုင်မှာ... ဒီအထိ ပြေးလာခဲ့တာတောင် ငြိမ်းချမ်းမှုကို မရှာဖွေနိုင်သေးဘူးလေ... ဘ၀ကြီးက ခက်ခဲလိုက်တာ.... "လင်းရီ ခေါင်းမော့ရင်း ပင်ပန်းနေဟန်ဖြင့် ပြောလိုက်၏။

"ဟွန့် သူတော်ကောင်းကြီးယောင် ဟန်ဆောင်နေတယ်..."လျန်ရူရွှယ် တီးတိုးရေရွတ်လိုက်၏။

" အဲ့အကြောင်းတွေ တော်တော့...အရင်ဆုံး စားကြရအောင်..."လင်းရီ အရက်ခွက်ကို လက်မှကိုင်လိုက်ပြီး " လာ ကမ်းပေ့...."

" ကလေး... မင်းက အရက်ဂျိုးကြီးလားကွ... နှစ်လုံးကုန်တာတောင် ဘယ်လိုမှ မနေသေးဘူး..."

နှစ်ယောက်လုံး ခွက်ချင်းတိုက်၍ ဆက်လက် မော့လိုက်ကြ၏။ လည်ချောင်းထဲ ဆင်းသွားခဲ့ပြီီးနောက် ရန်ကွမ်းရှ မိုဟုန်ရှန်းအား ကြည့်လိုက်သည်။

" ငါတို့လူတွေက ဘယ်တော့ရောက်မှာ...."

မိုဟုန်ရှန်း သူ့နာရီကို တစ်ချက်ကြည့်လိုက်ပြီး " ခဏဆို ရောက်သင့်နေပြီ..."

" အကြီးအကဲက အပိုအလုပ်တွေ လျှောက်လုပ်နေတာပဲ... ကျွန်တော်တစ်ယောက်တည်းနဲ့ ပြီးနေတာကို ဘာလို့ လူတွေအများကြီး သွားခေါ်နေတာ...."

" ငါ ဒီသောက်ပြဿနာကောင်တွေကို စိတ်အတော်ကုန်နေပြီ..သူတို့လိုကောင်တွေကို ချက်ချင်းလက်ငင်း တရားဥပဒေ လက်ခဲ အပ်လိုက်သင့်တာ....."

" ဒီကောင်တွေက ရွာသားတွေကို မနည်းမနော အနိုင်ကျင့်လာတာလေ... ကျွန်တော်က သူတို့ အနိုင်ကျင့်ခဲ့တဲ့ လူတွေအတွက် ပြန်ပြီး လက်စားချေပေးချင်ရုံလောက်ပါပဲ...."

" မင်းတွေးနေတာကို ငါနားလည်တယ်... ဒါပေမယ့် မင့်နည်းမင့်ဟန်နဲ့ ဖြေရှင်းတာက နည်းလမ်းမှန် မဟုတ်သေးဘူးကွ... ဥပဒေဆိုတာ ဒီလိုပြဿနာတွေကို ကိုင်တွယ်ဖို့ ပြဌာန်းထားတာ...."

လင်းရီ အရက်တစ်ကြိုက်မော့၍ အေးစက်နေသည့် ငါးအသားစ တစ်ဖက်ကို ပါးစပ်ထဲထည့်ပြီး ညှက်အောင် ဝါးလိုက်သည်။ ထို့နောက်

" ဒါပေမယ့် နေရောင်ခြည် မကျရောက်နိုင်တဲ့ နေရာတွေတောင် ရှိသေးတာပဲ... ဥပဒေ မစိုးမိုးနိုင်တဲ့ နေရာတွေဆိုတာ ရှိစမြဲပဲ မဟုတ်ဘူးလား... “

All Chapters