← Chapters

ငါက သေသွားတော့မှာလည်း မဟုတ်

Vol. 66 Ch. 983

ငါက သေသွားတော့မှာလည်း မဟုတ်

Vol. 66 Ch. 983

" ဘာစဉ်းစားထားတာ...."

ဟော်ယွမ်ယွမ် တစ်ဦးတည်းကသာ လင်းရီအား ထိုသို့သော လေသံမျိုးဖြင့် ‌စကားပြောဝံ့သည်မှာ ထင်ရှားလေသည်။

" ငိုးပဲ... အစည်းအဝေးခန်းထဲ မဟုတ်ဘူးဆိုရင်တောင် မင်း ယဉ်ယဉ်ကျေးကျေး ပြောလို့ မရဘူးလား..."

" ဆောတီး ဆောတီး ... လျှာ စလစ်ဖြစ်သွားလို့..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး " ဘော့စ်က ဘယ်လိုမျိုး ပြောင်မြောက်တဲ့ အစီအစဉ်တွေနဲ့ နောက်ခြေလှမ်းလှမ်းဖို့ စဉ်းစားထားတာပါလဲရှင်..."

" ဆိုင်မာရဲ့ ရှယ်ယာတွေ အပြင် ငါ့မှာ Intel ရဲ့ရှယ်ယာ ၁၂ ရာခိုင်နှုန်းလည်း ရှိထားတယ်လေ...."

" လခွမ်း ... ဘာပြောလိုက်တယ်...ဘော့စ်ဆီမှာ Intel ရဲ့ ရှယ်ယာတွေပါ ရှိထားတယ် ဟုတ်လား...."

ယခင်တုန်းက ချီရှန်းကျောက် Cymer ၏ ရှယ်ယာများအကြောင်းသာ သိရှိထားပြီး Intel ရှယ်ယာများ ရရှိထားကြောင်းတော့ မသိရှိသေးချေ။

“ အဲ့လောက်ကြီးလည်း အံ့အားမသင့်သွားစမ်းပါနဲ့ဟ…” လင်းရီ ပြောလိုက်ပြီး “ ဒီကိစ္စကို ငါကလွဲရင် မင်းတို့သုံးယောက်ပဲ သိသေးတယ်….”

လင်းရီ၏ အဓိက ရည်ရွယ်ချက်ကတော့ ထျန်းရန် ကြားသိစေရန်ပင်။

ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့မှာ အချိန်အတော်ကြာကတည်းကပင် သူ၏ လက်ရုံးနှစ်ဆူ ဖြစ်နေပြီး ထျန်းရန်ကိုလည်း သူ မည်မျှ ယုံကြည်ထားကြောင်း သူမ သိရှိစေဖို့ လိုအပ်၏။ သို့မှသာ လင်းရီအပေါ် သူမ၏ သစ္စာရှိမှုတို့ တိုးပွားလာမည်။လင်းရီ၏ ရွေ့ကွက်က အမှန်ပင် ပြောင်မြောက်လှ၏။

“ ဒါဆို ဘော့စ်က ဘယ်လိုမျိုး ကိုင်တွယ်မှာ..”

“ ထိထိရောက်ရောက် ကိုင်တွယ်အသုံးချရမှာပေါ့..” လင်းရီ ပြောလိုက်ပြီး “ ချီကြီး … မင်း အချိန်ရရင် ဒါရိုက်တာရှန်းဆီ သွားပြီး အရေးတကြီး လိုအပ်နေတဲ့ အစိတ်အပိုင်းတွေ ဒါမှမဟုတ် အစားထိုးလို့မရတဲ့ အစိတ်အပိုင်းတွေ ရှိမရှိ သွားမေးခဲ့… ပြီးရင် အဲ့ဒီ အစိတ်အပိုင်းတွေကို စာရင်းလုပ်ထားလိုက်…”

“ နားလည်ပါပြီ…”

“ ထျန်းရန်… မင်းက U.S ကို ခရီးခဏ ထွက်ရမယ်… ပြီးရင် intel ရဲ့ စီအီးအို အန်ဒီဂရို့ဖ်နဲ့ လျှို့ဝှက်တွေ့ဆုံပြီး ချီကြီးပေးတဲ့ စာရင်းထဲက အစိတ်အပိုင်းတွေကို သူတို့ နာမည်အောက်မှာ ဝယ်ယူရမယ်… အဲ့လိုနည်းလမ်းနဲ့ နိုင်ငံတကာ ကုမ္ပဏီတွေကို လမ်းလွဲလို့ရပြီ…”

“ နားလည်ပါပြီ…”

လင်းရီ၏ စကားလုံးများက သူတို့ သုံးဦး၏ သွေးကို ပွက်ပွက်ဆူစေလုနီးပါးပင်။

ဤသည်က အချိန်တိုအတွင်း သူမတို့၏ ယှဉ်ပြိုင်သူတို့အပေါ် ခုန်ပေါက် ကျော်လွှားနိုင်မည့် အထိရောက်ဆုံးသော နည်းလမ်းဖြစ်၏။ မဟုတ်ပါက ဟွာရှအတွက် အဆိုပါ အစိတ်အပိုင်းများ ထုတ်လုပ်နိုင်ရန် ငါးနှစ်မှ ဆယ်နှစ်အထိ အချိန်ပေးရမည် ဖြစ်ပြီး မည်သူကမျှလည်း ထိုမျှကြာအောင် မစောင့်ဆိုင်းနိုင်ချေ။

“ စကားမစပ် May ဖုန်း ဖြန့်ချီဖို့ စီစဉ်နေတာကော အခြေအနေဘယ်လို ရှိလဲ…”

“ တော်တော်လေး အောင်မြင်မယ်လို့တော့ မျှော်မှန်းထားတယ်…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ပေးရတဲ့ ဈေးက ၉၉၉ ယွမ်တည်းနဲ့ specs တွေက ယွမ် ၂၀၀၀ကျော်တန် ဖုန်းတွေထက်တောင် ကောင်းနေသေးတယ်လေ…. ကျွန်မတောင် ကိုယ့်အတွက် တစ်လုံး သိမ်းထားသေး…..”

“ ပိုက်ဆံပေးပြီးပြီလား…”

“ မပေးသေးဘူး…”

ချီရှန်းကျောက် “ …. “

ထျန်းရန် “ …… “

“ မင်း... ဒါ ကုမ္ပဏီ ရန်ပုံငွေတွေကို အလွဲသုံးစား လုပ်နေတာပဲ… ဒီလ မင်းရဲ့လစာ ဖြတ်ပြီ…”

“ ဟွန့်… ကော်ပိုရေးရှင်း တစ်ခုလုံးကို လစာချပေးနေတာ ကျွန်မပါနော်….”

“ ငိုးပဲ…”

အသေးစိတ် ဆွေးနွေးပြီးနောက် လင်းရီ ကျီချင်းရန် နေရာသို့ ပြန်ရောက်လာပြီး ဝက်မွေးရန် နည်းလမ်းများအား စတင် သုတေသနပြုတော့၏။

သူ မကြာခင် ကီလို ၅၀ လောက်ရောက်ရန် မျှော်မှန်းထားလေသည်။

ရှေ့ ဆယ်ရက် အတောအတွင်း၌ လင်းရီ ဝက်ပေါက်လေးအား မွေးမြူသည့် လုပ်ငန်းစဉ်အပေါ်တွင်သာ အာရုံစိုက်ထားသည့်အပြင် ရွာသို့ မကြာခဏ ပြန်၍လည်း စိုက်ခင်းများအား ရေလောင်းသေး၏။

ထျန်းရန်မှ အမေရိကားသို့ အလုပ်ခရီး ထွက်တော့မည် ဖြစ်သောကြောင့် လင်းရီ ယာတောထဲ၌ အလုပ်မှုဆောင် အဖွဲ့ဝင်များနှင့် နှုတ်ဆက်ပွဲ လုပ်လိုက်သေးသည်။

လူတိုင်းက လင်းရီ၏ လက်ရာကို မြိန်ရေယှက်ရေ သုံးဆောင်ခဲ့ကြလေသည်။

ကလင် ကလင် ကလင်….

ညစာစားနေစဉ်အတွင်း လင်းရီ ထောက်ချိန်ထံမှ ဖုန်းလက်ခံရရှိလိုက်၏။

သန်ဘက်ခါတွင် လေ့ကျင့်ရေး စတင်မည်ဖြစ်ပြီး ရန်ကျင်းသို့ ခရီးထွက်ရန် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း သတိပေးလာခြင်းပင်။

သို့သော်လည်း လင်းရီ အနှီကိစ္စကို ကျီချင်းရန်အား မပြောပြခဲ့။ သူ ဒီတိုင်း ရန်ကျင်းသို့ အလုပ်ခရီး ထွက်မည်ဟုသာ လိမ်ညာထားလိုက်သည်။

Semiconductor ထိပ်သီးအစည်းအဝေးပွဲကလည်း မကြာမီ စတင်တော့မည် ဖြစ်သောကြောင့် လင်းရီ ထိုနေရာသို့ ဖိတ်ခေါ်ခံရသည်က သာမန်သာဖြစ်သည်ဟု ကျီချင်းရန် ခံစားနေရလေသည်။

“ ဒီတော့ နင် ဒီတစ်ခေါက် ခရီးက ဘယ်လောက်ထိ ကြာမှာ….”

ညစာစားပြီးနောက် ကျီချင်းရန် မေးမြန်းလာသည်။

“ ပြောဖို့ ခက်တယ်… ဒါပေမယ့် တစ်ပတ်ဆိုရင် လုံလောက်ပြီ ထင်တာပဲ…”

“ ငါနင့်ဖို့ အဝတ်တွေ လုံလုံလောက်လောက် ထည့်ပေးလိုက်မယ်…” ကျီချင်းရန် ဆံပင်ကို ဖြီးသင်၍ ပြောလိုက်ပြီး “ တကယ်လို့ နင် တစ်ပတ်အတွင်း ပြန်မလာနိုင်သေးဘူးဆိုရင်လည်း SKP မောလ်မှာ သွားဝယ်လိုက်… အဲ့က အဝတ်အစားတွေ မဆိုးဘူး…”

“ ဟုတ်ပါပြီ…”

ပြောပြီးနောက် နှစ်ယောက်သား ဒုတိယထပ်သို့ အတူတက်လာခဲ့ကြသည်။ ကျီချင်းရန် ရေချိုးခန်းထဲရှိ ဝက်ပေါက်လေးအား ညွှန်ပြရင်း “ နင် သူ့ကိုကော ဘယ်လိုလုပ်မှာ… နင်နဲ့အတူ ခေါ်သွားမှာလား….”

“ ခေါ်သွားမှာ… တကယ်လို့ အိမ်မှာ မင်းနဲ့ ထားခဲ့ရင် မင်း အိပ်လို့ရမှာတောင် မဟုတ်ဘူး…”

“ အမ်… ရိုးရိုးသားသား ဝန်ခံကြေးဆို ငါ နေ့ခင်းပိုင်း သူ့ကို ထိန်းထားပေးလို့ ရတာပဲလေ….”

“ တော် တော်… မင်း အလုပ်ကို ဝက်ခေါ်သွားရင် မနက်ဖြန် သတင်းစာ ခေါင်းကြီးပိုင်းထဲ ပါလာနေဦးမယ်….”

ကျီချင်းရန် တခစ်ခစ် ရယ်မောလိုက်ပြီး “ အွန်း…. နင် ပြောတာ ဟုတ်လောက်တယ်…”

“ ဒါကြောင့်မို့ ငါပဲ ခေါ်သွားလိုက်မယ်….”

“ အဲ့ဒါဆို နင့်ကို အလုပ်ရှုပ်စေမိတော့မှာပဲ…”

“ အသေးမွှားလေးပါကွာ….”

လင်းရီ ပြုံးလျက် ပြောဆိုလိုက်ပြီး စိတ်ထဲတွင်တော့ “ စနစ် … မင်း အဘွားကို ဘောပဲလို့သိလား..”

သူ ဤ မစ်ရှင် လက်ခံပြီးစဉ်မှစ စနစ်၏ ဘိုးဘေးတို့အားကျိန်ဆဲသည်က နေ့စဉ် လုပ်နေကျ အလုပ်ကဲ့သို့ ဖြစ်လာခဲ့သည်။

သူ သုံးလေးနာရီခြားတစ်ခါ စနစ်၏ အဘွားကို ကျိန်ဆဲလေ့ရှိပြီး ကံကောင်းသည်က စနစ်မှ ဗွေမယူခြင်းပင်။ မဟုတ်လို့ကတော့ သူ့ကိုယ်မွှေးပင် ကျန်လိမ့်မည် မဟုတ်ချေ။

နောက်တစ်နေ့နံနက်တွင်တော့ လင်းရီ လေဆိပ်သို့ မောင်းနှင်သွားလိုက်သည်။

ကံကောင်းစွာဖြင့် သူ့တွင် ကိုယ်ပိုင် လေယာဉ်ရှိထားပြီး အကယ်၍ သာမန် လေယာဉ်ဖြင့်ဆိုပါက ဝက်ပေါက်လေး တစ်ကောင် ခေါ်လာသည်အား မြင်သည်နှင့် အုံကြွက်သွားနိုင်သည်။

ကလင် ကလင် ကလင် …

လင်းရီ လေယာဉ်ပေါ်သို့ တက်ပြီးခါရှိသေး လျန်ရူရွှယ်မှ ဖုန်းဆက်လာခဲ့၏။

“ သွားဖို့ အဆင်သင့်ပဲလား….”

“ ဟမ်… ငါသွားတော့မယ်မှန်း မင်း ဘယ်လိုလုပ်ပြီး သိတာ….”

“ အဘိုးရန် ပြောပြတာပေါ့… ငါလည်း ပျင်းလို့ ဘာမှလုပ်စရာမရှိတာနဲ့ သူ့ဆီ ဖုန်းဆက်ပြီး မေးလိုက်တာ…”

“ အင်း… ငါ အခု လေယာဉ်ပေါ်မှာ … နှစ်နာရီအတွင်း ရန်ကျင်းကို ရောက်မယ်….”

“ ငါ ရန်ရန်ကို လာကြိုခိုင်းထားလိုက်မယ်… နင် အဲ့နေရာနဲ့ မရင်းနှီးဘူးမလား… ဒီတော့ နင် လျှောက်လည်ချင်ရင်‌တောင် ဘယ်နေရာ သွားလို့သွားရမှန်း နင်သိမှာ မဟုတ်ဘူး….”

“ တကယ်လို့ မင်း ဆန္ဒရှိရင် ငါနဲ့ လိုက်ခဲ့ချင် လိုက်ခဲ့လို့ ရတယ်နော်… ခု အချိန်မီသေးတယ်…”

“ ရန်ရန်နဲ့တင် မရဘူးလား… နင် သူနဲ့ မသိတာလည်း မဟုတ်…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ပြီးတော့ နင်တို့နှစ်ယောက်က အနှိပ်ခန်းလည်း အတူသွားဖူးတယ်… နင်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက ငါ့ထက်တောင် ပိုပြီး နက်ရှိုင်းနေသေးတယ်….”

“ မင်းတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး တူညီနိုင်မှာတုန်းဟ….” လင်းရီ ပြောလိုက်၏။

“ ငါတို့ နှစ်ယောက် အတူရှိရင်လည်း အလွန်ဆုံးရှိမှ ဒီတိုင်း ရှုခင်းတွေ လိုက်ကြည့်ရုံပဲ ရှိမှာလေ…. ဘာမှ စိတ်ဝင်စားဖို့ ကောင်းမှာလည်း မဟုတ်ဘူး….”

“ ဒါပေါ့… ဒါပေါ့… ရှုခင်းကြည့်ရုံနဲ့တော့ ဘယ်လိုလုပ်ပြီး စိတ်ဝင်စားဖို့ကောင်းမှာ… ပျော်ဖို့ ကောင်းတာလေးတွေ စမ်းသပ်ကြည့်မှ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမှာပေါ့….”

“ နင် အဲ့လို ပေါက်တတ်ကရတွေ ကြပ်ကြပ်ပြောနေ… နင့်ကို သေနတ်နဲ့ လာပစ်မိတော့မှာနော်သိလား…”

ဒေါသတကြီးနှင့် ကျိန်ဆဲပြီးနောက် လျန်ရူရွှယ် ဖုန်းကို တီဆိုပြီး ချပစ်လိုက်၏။ သူမ လင်းရီကို ဒေါသထွက်လွန်း၍ နှလုံးရောဂါ ရတော့မတတ် ခံစားနေရလေသည်။

နှစ်နာရီကြာ ပျံသန်းပြီးနောက် လေယာဉ်မှာ ရန်ကျင်း လေဆိပ်သို့ ဆိုက်ရောက်လာသည်။ သူ ဂိတ်ပေါက်ဝမှ ထွက်ထွက်လာချင်း လက်ဝှေ့ယမ်းပြနေသည့် ချိန်ရန်ကို မြင်တွေ့လိုက်ရ၏။

“ အစ်ကိုရီ… ငါဒီမှာဝေ့..”

ချိန်ရန်ကိုမြင်တော့ လင်းရီ သူမထံ တန်းမတ်စွာ လမ်းလျှောက်သွားလိုက်သည်။

“ အစ်ကိုရီ….. နင်ဘာလို့ လှောင်အိမ်ကြီး သယ်လာခဲ့တာ…အထဲမှာ ဘာတွေထည့်ထားလဲ….”ချိန်ရန် သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလာခဲ့၏။

“ သိချင် ကိုယ့်ဘာကိုယ်ကြည့်လေ…”

ချိန်ရန် လှောင်အိမ်အား အုပ်ထားသည့် အဝတ်စကို လှပ်ကြည့်လိုက်တော့ ချက်ချင်းဆိုသလို လှပသည့် သူမ၏ မျက်ဝန်းလေးများ ပြူးကျယ်သွားခဲ့ပြီး မယုံကြည်နိုင်သည့် အမူအရာတို့ မျက်နှာထက် ထွက်ပေါ်လာသည်။

“ ဒီကို ဝက်ခေါ်လာခဲ့တယ်…”

“ ငါ့ရဲ့ အိမ်မွေးကောင် အသစ်လေ… မင်းကော တစ်ကောင်လောက် ယူဦးမလား….”

ချိန်ရန် ဝက်ပေါက်လေးအား အထင်တသေး ကြည့်လိုက်ပြီး “ ထိကို မထိချင်ဘူး…. ညီမ အဘွားက ရွာမှာ ဝက်မွေးတော့ သူတို့နဲ့ ငယ်ကတည်းကရင် မြင်ဖူးပြီးသား…”

“ ဒါပေမယ့် မင်း ကြည့်ရတာ ရွံမုန်းနေတဲ့ ပုံပါလား….”

“ ပြောမနေစမ်းနဲ့… ညီမ ကလေးတုန်းက ဝက်လိုက်ဆွဲလို့ ဒဏ်ရာတွေ ရသွားခဲ့တာလေ… အဲ့ကတည်းက စိတ်ဒဏ်ရာရသွားခဲ့တာ ခုထိပဲ…”

လင်းရီ မနေနိုင်ပဲ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “ အဲ့လိုမျိုး ကိစ္စလည်း ရှိသေးတာလားဟ….”

“ ဘယ်ကမှာ…. ညီမ ငယ်ငယ်တုန်းက ကမ်းကုန်အောင် ကမျဉ်းတာလေ…. အဘွားအိမ်မှာက ဝက်စာတွေ လှောင်ထားတဲ့ ရေလှောင်ကန် အကြီးကြီးရှိတယ်…. ဆော့ရင်း ကစားရင်းနဲ့ အဲ့ကန်ထဲ ပြုတ်ကျသွားလို့ မနည်း ပြန်ဆည်ထားရတာ… ခု စဉ်းစားကြည့်လိုက်တော့ ငယ်ငယ်က တော်တော်လေး ပိန်းတိန်းခဲ့ပါလားလို့ … အဲ့ကန်ထဲ ပြုတ်ကျအောင်တောင် ဆော့ခဲ့တာကိုး…”ချိန်ရန်ပြောလိုက်ပြီး “ ဒါပေမယ့် ဒီကောင်ကြီးကို ခုတ်တဲ့ အချိန်ကျရင်တော့ ဝက်အူမကြီး ချန်ထားပေး… အိမ်မွေးက ခြံမွေးတွေနဲ့ မတူဘူး… ပိုအရသာရှိတယ်…”

“ ဒီအထိ လာကြိုပေးတာကို ကျေးဇူးပြန်ဆပ်တဲ့ အနေနဲ့ ဝက်အူ အစိမ်း ဟင်းပွဲကို ငါ ကိုယ်တိုင် လုပ်ပေးမယ်လေ…. မဆေးမကြော… မူရင်း အရသာမပျက်ပေါ့….”

All Chapters