← Chapters

တိုက်ဆိုင်မှု

Vol. 66 Ch. 984

တိုက်ဆိုင်မှု

Vol. 66 Ch. 984

“ အွက် ...အစ်ကိုရီ… ညီမကို ရွံပြီး အန်ချင်လာအောင် မလုပ်စမ်းနဲ့… ညီမက ဝက်အူမကြီး စားရတာ နှစ်သက်တယ်ဆိုပေမယ့် အစိမ်းစားရလောက်တဲ့ အထိတော့ မဟုတ်သေးဘူးနော်….”

လင်းရီ ပြုံးလိုက်ပြီး “ ကောင်းပြီ သွားစို့… တည်းဖို့ နေရာ အရင်ဆုံး ရှာကြရအောင်.. ငါ ဒီ လက်ဆွဲအိတ်ကို နေရာချထားဖို့ လိုသေးတယ်…”

“ အွန်း အွန်း…. မြန်မြန်လုပ်ရမယ်… ညီမလည်း နေ့လည် ခဏဆိုပြီး ခိုးထွက်လာခဲ့တာ…. ပြီးရင် ဆွေးနွေးပွဲ ပြန်သွားရဦးမှာ … “

“ မင်းတောင် တက်ရတဲ့ ဆွေးနွေးပွဲဆိုတော့ ဘယ်လိုပွဲမျိုးမို့လို့….”

“ ရန်ကျင်း ဆေးပညာ အသိုက်အဝန်းနဲ့ ပတ်သက်တဲ့ ဖိုရမ်လေ… ဦးဆောင်ဆွေးနွေးမှာ ညီမ အဖေပေါ့…”ချိန်ရန် ပြောလိုက်ပြီး “ စကားမစပ် ညီမ ကျိုးဟိုင်ကို နောက်ဆုံး တစ်ခေါက် လာခဲ့တုန်းက ဟွာရှန်း ဆေးရုံမှာ အစ်ကိုရီနဲ့ အတူရှိနေတဲ့ ဒေါက်တာလေ….. နာမည် ဘယ်သူ…”

“ လီချူးဟန်ကို ပြောတာလား….”

“ ဟုတ်တယ် ဟုတ်တယ်… သူမပဲ… သူမလည်း ဒီခု ညီလာခံမှာပါတယ် … ဒါပေမယ့် နေရာက အရမ်း အဝေးကြီးမှာဆိုတော့ ညီမလည်း နှုတ်ဆက်မနေတော့ဘူး…”

“ လီချူးဟန်ကိုတောင် ဒီလွှတ်လိုက်တယ်ဆိုတော့ တော်တော်လေး အရေးကြီးတယ်နဲ့ တူတယ်… ဟုတ်တယ်မလား….”

“ ဒါနဲ့ဆိုရင် ဆယ့်ရှစ်ကြိမ်မြောက်ရှိနေပြီ … ပြီးတော့ ဂုဏ်သတင်းကြီးတဲ့ ပွဲလို့ သတ်မှတ်လို့ရတယ်… ဘာလို့ဆို တက်ရောက်လာတဲ့သူတိုင်းက ထိပ်တန်း ဆေးရုံတွေရဲ့ အဓိက အဖွဲ့ဝင်တွေချည်းပဲမို့…. သူတို့သာ ပြောပလောက်တဲ့ အမှားမျိုး မလုပ်သရွေ့တော့ အနာဂတ်ကျရင် သေချာပေါက် ရာထူးတိုးနိုင်တဲ့ အလားအလာ ရှိတယ်…”

“ မင်းအဲ့လိုပြောပြတော့ ငါ ပိုနားလည်သွားပြီ…”

“ အစ်ကိုရီ လိုက်ခဲ့ချင်လား…”

“ ငါလိုက်လို့ရတယ်လား….”

“ ဒါပေါ့… ညီမဆိုလည်း သွားနားထောင်နေတာပဲလေ…” ချိန်ရန် ပြောပြီးနောက် သူမလက်ကို ဟန်ပါပါ ဝှေ့ယမ်းလိုက်ရင်း “အစ်မမီ သိမှာကို စိတ်မပူနဲ့.. ညီမ ပြန်ပြောမှာ မဟုတ်ဘူး…”

“ မင်းအဲ့လိုပြောတာ ငါ သိပ်ဝမ်းသာတယ် သိလား…”

ချိန်ရန် ရယ်မောလိုက်ပြီး “ ဒီအကြောင်းတွေ နားလည်ပြီးသားပါ…. အိမ်မှာဆို အဓိကဟင်းလျာက တစ်ခု… အပြင်မှာဆို စားမြိန်စာလေးက နှစ်ခု… နောက် အရန် ဟင်းလျာလေးက လေးခု… ကျန်တာကတော့ အချိုပွဲလေးတွေပေါ့… ဒါတွေက ဖြစ်လေ့ ဖြစ်ထရှိတာ သိပ်ပြီးလည်း မဆန်းပါဘူး…”

“ မင်း အခုလို ပြောပေးတာကြောင့် ညကျရင် ငါမင်းကို အနှိပ်ခန်း ကောင်းကောင်း လိုက်ပို့ပေးမယ်…”

‘ ကျွန်မတို့က တစ်ကြိတ်တည်း တစ်ဉာဏ်တည်းတွေလို့ ပြောရင်ကော …’

ချိန်ရန် ပြုံးလိုက်ပြီး “ မြန်မြန် သွားကြစို့.. တကယ်လို့ နောက်ကျရင် ဖေဖေ ဆူလိမ့်မယ်…”

“ အင်း …. သွားကြမယ်… “

ချိန်ရန်ရဲ့ ကားက သေးငယ်သည့် သာမန် Audi An ဖြစ်၏။ ဇိမ်ခံ ဘရန်းအမှတ်တံဆိပ်ဆိုသော်ငြား ဈေးနှုန်းက ယွမ်သုံးသိန်းလောက်သာ ရှိသည်။ သို့သော်လည်း တော်တော်များများ ဟာသ လုပ်နိုင်သည့် ဈေးနှုန်းတော့ ဟုတ်မနေချေ။

လင်းရီ ကားကို ပန်ဂု ဟိုတယ်သို့ မောင်းနှင်သွားလိုက်ပြီး အကောင်းစား အခန်းတစ်ခု ဘွတ်ကင်ယူကာ သူ၏ ခရီးဆောင်အိတ်အား နေရာချထားလိုက်၏။

“ အစ်ကိုရီ…. နင့်ရဲ့ ဝက်ကကော… သူ့ကိုပါ ခေါ်လာခဲ့မလို့လား…”

“ အင်း… သူက ခုထိ နို့ပြတ်သေးတာ မဟုတ်ဘူးလေ… သုံးနာရီ တစ်ခါ နို့တိုက်ရဦးမှာ… ဒီမှာ အကြာကြီး ပစ်ထားခဲ့လို့ မရဘူး… ဆိုတော့ ခေါ်သွားဖို့ပဲ ရှိတယ်…”

ချိန်ရန် နဖူးပွတ် သက်ပြင်းချလိုက်ရင်း “ အစ်ကိုရီက ကြီးကျယ်ခမ်းနားမှုတွေ ဆွတ်ခူးနိုင်တာလည်း မပြောနဲ့… ညီမတို့နှစ်ယောက်ကြား ခြားနားချက်တွေက တော်တော်လေးကို ကြီးတယ်…”

“ ငါ့နားနေပြီး ကောင်းကောင်းသင်ယူ… အဲ့တာဆို မင်းလည်း ငါ့လို ကြီးပြင်းလာလိမ့်မယ်…”

“ သွားမယ်… ဖိုရမ်က စနေပြီလားတောင် မသိဘူး…”

လင်းရီ လှောင်အိမ်ကို ကားနောက်သို့ ထည့်ခဲ့လိုက်ပြီး ချိန်ရန်နှင့်အတူ ရန်တက္ကသိုလ်သို့ ဦးတည် မောင်းနှင်လာခဲ့လိုက်သည်။

ဟွာရှ၏ ထိပ်တန်း တက္ကသိုလ်ကြီး ပီသစွာဖြင့် ပရဝဏ်မှာလည်း ဧရာမ ကျယ်ပြောနေပြီး အဆောက်အဦးတို့ကလည်း ထည်ဝါလွန်းလှသည်။ သူ အထက်တန်း မပြီးမြောက်ခင်ကတော့ ရန်တက္ကသိုလ် တက်နိုင်ရန်က သူ၏ အိပ်မက်ပင်။ လက်တွေ့တွင် မတက်ရောက်နိုင်ခဲ့သော်လည်း ယခု အထဲဝင်နိုင်ပြီ ဖြစ်သောကြောင့် အိပ်မက်ကို တစ်မျိုး အကောင်အထည် ဖော်နိုင်သည်ဟုလည်း ဆိုနိုင်ပေသည်။

လင်းရီ ကားထဲမှ ထွက်လာခဲ့ပြီး ဝက်ပေါက်လေးကိုတော့ ကားထဲတွင်သာ ချန်ထားရစ်ခဲ့လိုက်သည်။

ယခုလို ဆွေးနွေးပွဲအတွင်း ဝက်သယ်သွားသည်က အမှန်ပင် မသင့်လျော်သောကြောင့် အချိန်ကျသည့် အခါမှသာ အပြင်သို့ ထွက်လာ၍ နို့ဘူးတိုက်လိုက်မည်။

ရန်တက္ကသိုလ်၏ ပရဝဏ်အတွင်းတွင်တော့ ကျောင်းသားများမှ ကျောပိုးအိတ်များ စာအုပ်များ သယ်၍ အလျင်လိုနေဟန်ဖြင့် ပြေးလွှားနေကြသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း လင်းရီ သူ့ကိုယ်သူ ကျောင်းတက်ခဲ့ရသည့် နေ့ရက်များဆီ ပြန်ပြောင်း အမှတ်ရသွားခဲ့၏။ သူ ကျောင်းပြန်တက်နေရသည့် ခံစားချက်မျိုးပင်။

သို့သော်လည်း ဒုတိယ အတွေးဝင်လာပြီးနာက် သူ့ကိုယ်သူ ယခု ကား ၊ အိမ် ၊ ပိုက်ဆံနှင့် အမျိုးသမီး တစ်ယောက်ကိုပင် ပိုင်ဆိုင်ထားပြီး ဖြစ်ကြောင်း အမှတ်ရသွားခဲ့သည်။

သူ့အတွက် ကျောင်းပြန်တက်စရာ အကြောင်း မရှိတော့ချေ။

သူ့ဘဝ၏ ယခုလို အခြေအနေမျိုးကလည်း ကောင်းမွန်နေဆဲဖြစ်၏။

ချိန်ရန်၏ ဦးဆောင်မှုအောက်တွင် လင်းရီ ရန်တက္ကသိုလ်၏ ဟောခန်းမရှေ့သို့ ရောက်ရှိလာသည်။

“ လူကြီးမင်းတို့နှစ်ယောက်.… ဒီနေ့ မွန်းလွဲပိုင်း ဆွေးနွေးပွဲက တရားဝင် စတင်နေတာ နာရီဝက် ရှိနေပါပြီ… လူကြီးမင်းတို့က နောက်ကျပြီး ရောက်လာတယ်ဆိုတော့ ဝင်ခွင့်မရှိပါဘူးခင်ဗျ…” လုံခြုံရေး အစောင့်မှ ရိုကျိုးစွာဖြင့် တားမြစ်လိုက်၏။

ချိန်ရန် ဟောခန်း အတွင်းသို့ ကြည့်လိုက်ပြီး “ ဒီမှာ ရှင်... အခု စင်ပေါ်မှာ စကားပြောနေတာ ဘယ်သူလို့ ထင်လဲ…”

“ ဒါရိုက်တာချိန်လား…”

“ အဲ့တာ ကျွန်မအဖေ…”

လုံခြုံရေး အစောင့်မှ အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ချက်ချင်း တုံ့ပြန်လာခဲ့ကာ “ အာ စိတ်မရှိပါနဲ့.. ကျေးဇူးပြုပြီး ဝင်လို့ ရပါတယ်ဗျ….”

ဟောခန်း အတွင်းတွင်တော့ ဟောပြောသံမှ အပ ဆူညံသံ အတိ ကင်းမဲ့နေသည်။ အကယ်၍ တစ်စုံတစ်ယောက်မှ အပေါ့အလေး သွားချင်လျှင်ပင် ခါးကိုင်း၍ တိတ်တဆိတ် ထွက်ခွာကြရ၏။ စည်းမျဉ်းမချမှတ်ထားသော်လည်း လူတိုင်းက အဆင့်အတန်း ရှိသူများ ဖြစ်သောကြောင့် အခြေခံ ကျင့်ဝတ်လောက်တော့ နားလည်ကြလေသည်။

လင်းရီတို့ နှစ်ယောက်ကတော့ နောက်ဆုံးတန်း လွတ်သည့် နေရာတွင် ဝင်ထိုင်လိုက်ကြသည်။ ချိန်ရန် သူမ ပါးစပ်အုပ်၍ လင်းရီ နားအနား ကပ်ပြီး “ အစ်ကိုရီ… သုံးတန်းမြောက် ဘယ်ဘက်က ရေတွက်ရင် ဆယ်ယောက်မြောက်က ဒါရိုက်တာလီလေ..”

“ ငါ မြင်တယ်…” လင်းရီ ပြုံးလိုက်ပြီး “ သူမက ရှေ့ဆုံးခုံနဲ့ တော်တော်လေး နီးကပ်နေတာပဲ….”

“ ညီမ အဖေ ပြောသံ ကြားတာတော့ ဒါရိုက်တာလီရဲ့ အဆင့်အတန်းက တော်တော်လေး မြင့်တယ်တဲ့…. ရန်တက္ကသိုလ်ရဲ့ ဆေးဝါးဌာနနဲ့ ပြည်ထောင်စု ဆေးကောလိပ်တို့တောင် သူမကို ရဖို့ လုနေကြပါတယ်ဆိုပဲ…. ဒါပေမယ့် ဒါရိုက်တာလီကတော့ ဘယ်ဘက်ကိုမှ စိတ်ဝင်စားတဲ့ပုံမပေါ်ဘူး…”

လင်းရီ ပြုံးပြီး သူ့ကိုယ်သူ တွေးတောလိုက်သည်။

‘ ငါတစ်ယောက်လုံး ကျိုးဟိုင်မှာ ရှိနေမှတော့ ဘယ်သွားချင်တော့မှာ…’

“ ခုတော့ ဒီမှာပဲ ထိုင်ကြတာပေါ့.. ဒါပြီးရင် သူမဆီ သွားကြမယ်…”

“ ကောင်းပြီလေ… ညီမကတော့ ဘယ်နေရာမှာပဲ ထိုင်ရ ထိုင်ရ အရေးမကြီးဘူး… “ ချိန်ရန် ပြောလိုက်ပြီး “ တကယ်လို့ အဖေ့ကြောင့်သာ မဟုတ်ရင် ဒီကိုတောင် လာမနေဘူး… “

“ အာရုံစိုက်ထားစမ်း… သင်ယူလေ့လာခြင်းကပဲ မင်းဆီ အကျိုးအမြတ်တွေ သယ်ဆောင်လာမှာ…”

“ ညီမက ငယ်သေးတယ်လေ… ခုတော့ အချိန်မကျသေးဘူး…”

လင်းရီ ချိန်ရန်ကို တစ်ချက်ကြည့်လိုက်ပြီး

“ အမှန်ပဲ… ခုထိ အချိန်မကျသေးဘူး…”

“ ဒီလိုကြီး ယှဉ်လိုက်တာကတော့ မမျှတဘူးနော်..” ချိန်ရန် သက်ပြင်းချလိုက်ပြီး “ သူမ ဘယ်လိုတွေ ကြီးပြင်းလာလဲ မသိပေမယ့် နှစ်ယောက်ကြား ခြားနားချက်ကတော့ အရမ်းကြီးမားလွန်းတယ်… “

“ မလိုဘူး… ဆိုဒ်က အရေးမပါဘူး… လူတွေ မင်းကို ရင်ဘက်နဲ့ ကျောကို ခွဲခြားနိုင်တယ်ဆိုရင်ကိုပဲ လုံလောက်ပြီ…”

“ အူး…. နှလုံးသားလေး အက်ရာထင်သွားပြီ…”

နှစ်ယောက်မှာ သာမန် ကျီစယ် ပြောဆိုပြီးနောက် ကိုယ်စီ ဖုန်းထုတ်၍ ဂိမ်းထဲ ဝင်လိုက်ကြ၏။

မကြာခဏ ဆိုသလို လင်းရီ လီချူးဟန်ဘက် လှည့်ကြည့်၍ သူမအား စောင့်ကြည့်နေသည်။ ထိုအခါ သူမ ဘေးရှိ လူများနှင့် တစ်ခါတစ်ရံ စကားပြောနေပြီး ဆွေးနွေးပွဲကို သေချာအာရုံစိုက်နေကြောင်း သတိထားမိလိုက်၏။

နှစ်နာရီကျော်ကြာတော့ လင်းရီနှင့် ချိန်ရန်တို့မှာ ငါးပွဲလောက်အထိ ကစားပြီးသွားပြီး ငါးကြိမ်လုံး အနိုင်ပွဲ ရလဒ်ချည်းများပင်။ ချိန်ရန်၏ အရည်အချင်းတို့က ရှောင်ထျန်ထက် သာလွန်နေပြီး နှစ်ဦးလုံး စိတ်ကျေနပ် အားရသည်အထိ ဆော့ကစားလိုက်ကြ၏။

ထိုအတောအတွင်း လင်းရီ ဝက်ပေါက်လေးအား နို့ဘူး တိုက်ရန် အပြင်သို့လည်း တစ်ခေါက် ထွက်လိုက်သေးသည်။ တံခါးပေါက်ဝရှိ လုံခြုံရေး အစောင့်ကတော့ လင်းရီကို ကြည့်ရင်း မှင်တက်မိနေသည်။

ဝက်မွေးတဲ့ လူတွေကကော ဆွေးနွေးပွဲ တက်လာတာပဲလားဟ…

ဒါမှမဟုတ် သူက တိရစ္ဆာန် ဆေးကု ဆရာဝန်များလား…

“ အစ်ကိုရီ… ဆွေးနွေးပွဲတောင် ပြီးတော့မယ်…. ဒီည ဘာလုပ်ဖို့ စီစဉ်ထားလဲ… အနှိပ်ခန်းသွားကြရင်ကော…”

“ ညနေ အခြေအနေ အရင်ကြည့်တာပေါ့…. ပြီးမှ မင်းဆီ ဖုန်းဆက်လိုက်မယ်…”

“ ကောင်းပြီလေ… ဆွေးနွေးပွဲပြီးရင် ဖေဖေက အန်ကယ်တစ်ချို့နဲ့ မိတ်ဆက်ပေးဦးမယ်တဲ့… အဲ့တာ သွားလိုက်ဦးမယ်….”

“ သွား သွား…”

ချိန်ရန် ထွက်သွားခဲ့ပြီးနောက် ဆွေးနွေးပွဲမှာ လျှင်မြန်စွာဖြင့် အဆုံးသတ်သွားခဲ့၏။ သို့သော်လည်း မည်သည့် ပါဝင်သူ တစ်ဦးတစ်ယောက်ကမျှ ထွက်ခွာရန် အလျင်မလိုကြချေ။ ထိုအစား နှစ်ယောက်၊ သုံးယောက် တစ်အုပ်စုစီ မတ်တပ်ရပ်၍ စကားတွေ ဖောင်ဖွဲ့ကြ၏။

လင်းရီ လီချူးဟန်ကို လှမ်းကြည့်လိုက်သည်။

သူမက အတူထိုင်သည့် သက်တူရွယ်တူ အမျိုးသမီး တစ်ချို့နှင့်အတူ ပျော်ရွှင်စွာ စကားပြောနေလေသည်။အပြင်သူစိမ်းများရှေ့တွင် လီချူးဟန် ယခုလို ပြုံးရွှင်နေသည်က အင်မတန်ရှား၏။

လီချူးဟန် ဘေးနား ရပ်နေသည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ ဂျင်းအင်္ကျီ ဂျက်ကတ်နှင့် ဖြစ်ပြီး ချောင်ညန်ဟု အမည်တွင်သည်။ အခြားတစ်ယောက်ကတော့ အိမ်ထောင်ရှင် အမျိုးသမီးတို့၏ အလှနှင့် ရင့်ကျက်ပြီးဖြစ်သည့် ချွေ့ရင်ဖြစ်၏။

သူမတို့နှစ်ဦးလုံးမှာ လီချူးဟန်၏ တက္ကသိုလ် သက်တမ်းတစ်လျှောက် အခင်မင်ဆုံး အတန်းဖော်များဖြစ်ပြီး အမြဲတတွဲတွဲ ရှိနေခဲ့ကာ အလုပ်ဝင်သည့် အချိန်မှသာ အားလုံးက ကိုယ်စီ လမ်းခွဲခဲ့ကြခြင်းဖြစ်သည်။

“ ချူးဟန်… နင်လည်းလေ… အလုပ်တွေပဲ ပိတ်လုပ်မနေနဲ့ဦး…. အိမ်ထောင်ပြုပြီး သားမွေးဖို့လည်း စဉ်းစားပါဦးလား…” ချွေ့ရင်မှ စကားပြောရင်းဖြင့် လီချူးဟန်အား အိမ်ထောင်ပြုရန် တိုက်တွန်းလိုက်ပြီး“ ငါတို့ကလေးတွေဆို တစ်နှစ်တောင် တင်းတင်းပြည့်နေပြီ… နင်ပဲ အကြောင်း မထူး ဘာမထူး.. အပျိုကြီး လုပ်နေတုန်း….”

“ ဟုတ်ပါ့…. နင့်ရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ဆို ပိုးပန်းတဲ့သူ မရှားပါဘူး.. နင်လည်း စံနှုန်းကို အရမ်း မြင့်မထားနဲ့ပေါ့.. နင့်အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတဲ့သူဆိုရင် ရပြီ…” ချောင်ညန် ပြောလိုက်သည်။

“ ငါတော့ အဲ့ဒီကိစ္စတွေ မစဉ်းစားချင်တော့ပါဘူးဟာ… ဒီတိုင်း တစ်ယောက်တည်းပဲ ကောင်းပါတယ်…”

All Chapters