← Chapters

McLaren နဲ့ ဖိုက်မယ့် Audi An

Vol. 66 Ch. 986

McLaren နဲ့ ဖိုက်မယ့် Audi An

Vol. 66 Ch. 986

လင်းရီ ကားငှားလာကြောင်း သိတော့ ချောင်ညန်နှင့် ချွေ့ရင်တို့ မည်သည့်စကားမျှ မဆိုကြချေ။

နှစ်ယောက်လုံးက ကျိုးဟိုင်မှဖြစ်သောကြောင့် ရန်ကျင်းမြို့ထဲ လည်ပတ်ရာ၌ ကားငှားရသည်ဆိုသည်က နားလည်ပေး၍ ရလေသည်။

သို့သော်လည်း သူငှားလာသည့် ကားက Audi An ဖြစ်နေခဲ့ကာ ဈေးနှုန်း တန်ဖိုးအရ အလယ်အလတ်တန်းစားလောက် သွားကျပြီး ချမ်းသာသူတို့၏ စီးတော်ယာဉ် အမျိုးအစား ဟုတ်မနေချေ။

ချိန်ရွှမ်းနှင့် နှိုင်းယှဉ်ပါက ရုပ်ရည်မှာ ပြောဆိုစရာ မရှိသော်လည်း ငွေကြေးပိုင်းဆိုင်ရာတွင်တော့ ချို့တဲ့နေဟန်ပင်။

" ငါတို့ ရှေ့ကနေမောင်းမယ်... နင်တို့ နောက်ကလိုက်ခဲ့ကြ...."ချွေ့ရင် ပြောလိုက်၏။

" ရတယ်လေ.."

တိုင်ပင်ပြီးနောက် လေးယောက်မှာ ကိုယ်စီ ကားအသီးသီးထဲ ၀င်ရောက်လိုက်ကြသည်။

တစ်ချိန်တည်းတွင် ချိန်ရွှမ်းနှင့် သူ့ဘော်ဒါများကလည်း ဟောခန်းထဲမှ ထွက်လာခဲ့ကြလေသည်။

" ညီကိုရွှမ်း .... မင်းပြောတော့ လီချူးဟန်ဆိုတဲ့ မိန်းကလေးကို ပိုးပန်းချင်နေတာ မဟုတ်ဘူးလား.... ဘာလို့ တခြား ယောက်ျားလေး တစ်ယောက်နဲ့ အတူထွက်သွားခဲ့တာတုန်းဟ....."

ပြောလိုက်သူကတော့ ရှဲ့ကျစ်းယွမ်ဖြစ်ပြီး သူသည်လည်း ဆေးဝါးစက်ရုံပိုင်သည့် မိသားစုမှ ပေါက်ဖွားလာသူဖြစ်ကာ ချိန်ရွှမ်းနှင့် အချစ်ဆုံး သူငယ်ချင်းများ ဖြစ်ကြသည်။

သို့သော်လည်း ချိန်ရွှမ်းသည်က နိုင်ငံရေး နောက်ခံမှ ဆင်းသက်လာပြီး ရှဲ့ကျစ်းယွမ်ကတော့ သာမန် သူကြွယ်မျိုးရိုးသာဖြစ်၏။

မိသားစု နှစ်ခုလုံးမှာ မီလီယမ်နာများအဖြစ် စာရင်း၀င်ထားကြသော်လည်း အသိုင်းအဝိုင်းချင်းတော့ ခြား‌နားလေသည်။ အဆိုပါ နယ်ပယ်တွင်တော့ ရှဲ့ကျစ်းယွမ်မှာ အဝေးကွာကြီး ဝေးကွာနေပြီး ချိန်ရွှမ်းနှင့် မနှုင်းယှဉ်သာချေ။

" ငိုးမ.... လာမဆွစမ်းနဲ့...."ချိန်ရွှမ်း နှာကြီးမှုတ်၍ ပြောလိုက်ပြီး " ငါတော့ သူမကို ပိုးပန်းနိုင်လိုက်ပြီ ထင်နေတာ အဲ့ကလေက၀ ရောက်လာပြီး သူမကို ဆွဲခေါ်သွားမယ်လို့တော့ မထင်ထားဘူး...."

" သူမက ဆိုင်သူ မရှိသေးဘူး မဟုတ်ဘူးလား...ဘာလို့ ရုတ်တရက်ကြီး ကောင်လေးတစ်ယောက်က ထွက်လာခဲ့တာ.... လိမ်ရိုက်နေကြတာများလား..."

" တော်ပြီ... အဲ့အကြောင်း ဆက်မပြောနဲ့တော့...."ချိန်ရွှမ်း စိတ်မရှည်စွာ ပြောလိုက်ပြီး " သွားပြီး ပြင်ဆင်တော့ ... ငါဒီည မင်းကို တစ်နေရာ ခေါ်သွားပေးမယ်.... ပွဲကြီးပွဲကောင်း တစ်ခုရှိတယ်...."

" အိုး.... ဘယ်လိုပွဲမျိုးလဲ....."

" ဒီနေ့ ငါတို့ အသိုင်းအဝိုင်းထဲက တစ်ယောက်က စစ်ထဲ ၀င်တော့မှာဆိုတော့ ရန်ကျင်းရဲ့ စတုတ္ထမြောက် သခင်လေး(ကျောက်မို)ကနေပြီး ပါတီပွဲ လုပ်ပေးဖို့ စီစဉ်နေတာ.... ဒီနေ့ ရန်ကျင်းက အသိုင်းအဝိုင်းကြီးတဲ့သူတွေကော ... ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေအကုန် အဲ့ဒီမှာ ရှိနေကြမှာ.... တော်တော်လေး စိတ်လှုပ်ရှားဖို့ကောင်းမှာ‌ ကျိန်းသေတယ်.... မင်းကိုလည်း ပျော်ရအောင် အဲ့ခေါ်သွားပေးမယ်.... "

" ဖက်ခ်... အတည်ကြီးလား... စတုတ္ထမြောက် သခင်လေးကိုယ်တိုင် သူ့အတွက် ပါတီကျင်းပ ပေးနေတယ်ပေါ့...."

" အဲ့လူကလည်း ငါတို့ အသိုင်းအဝိုင်းထဲက ဒိတ်ဒိတ်ကျဲပဲ... စတုတ္ထသခင်လေးလောက် ပိုက်ဆံ မရှိဘူးဆိုရင်တောင်မှ သူ့မှာ အာဏာ အကြီးကြီးရှိတယ်....ဒီတိုင်း သိုသိုသိပ်သိပ်နေလို့သာ မင်းတို့ သူ့နာမည် မကြားဖူးကြတာ.... "

ချိန်ရွှမ်း ပြောလိုက်ပြီး " ပြီးတော့ ငါကြားတာ သူ၀င်မယ့် စစ်တပ်ကလည်း နယ်နယ်ရရ စစ်တပ် မဟုတ်ဘူးတဲ့ကွ.... မဟုတ်ရင် ဒီလိုမျိုး ဧရာမ ပွဲကြီးလုပ်ပြီး နှုတ်ဆက်ပွဲ လုပ်နေမှာ မဟုတ်ဘူး... ဘယ်လိုပဲဖြစ်ဖြစ် ပွဲက ဒီည OT bar မှာ... မသွားဖြစ်ရင် နှမြောစရာကြီး....."

" ဒါဆိုလည်း ဘာတွေစောင့်နေတာ... ခု မြန်မြန်သွားပြီး အသင့်ပြင်ထားကြစို့... ငါ့ တစ်သက်နဲ့တစ်ကိုယ် ခုထိ ရန်ကျင်းရဲ့ သခင်လေး လေးယောက်ကို အပြင်မှာ မမြင်ဖူးသေးဘူး.... ဒီနေ့တော့ အမြင်ကျယ်မယ့် နေ့ပဲ...."

" သောက်သုံးမကျတဲ့ကောင်.... ငါနဲ့သာ လိုက်ခဲ့လိုက်...."

ရှဲ့ကျစ်းယွမ် ချိန်ရွှမ်းနောက်လိုက်၍ Mc Lauren PI ထဲ ၀င်လိုက်သည်။ ထို့နောက် ချိန်ရွှမ်း လီဗာပေါ် ခြေထောက် နင်း၍ အမြန်နှုန်းမြင့်လိုက်လေသည်။

" အစ်ကိုချိန်.. မင်းအဲ့လောက်ထိ လုပ်စရာ မလိုပါဘူးဟ.... ပွဲက ညခုနစ်နာရီမှ စမှာ မဟုတ်ဘူးလား....."ရှဲ့ကျစ်ယွမ် ပြောလိုက်သည်။

"ငါ ဟိုကောင်ကို ပညာပေးချင်လို့ ... သုံးသိန်းတန် ကားအစုတ်ပလုတ်နဲ့ ငါပိုးပန်းမယ့် မိန်းကလေးကို ဖြတ်ခုတ်သွားတယ်.... ဒါ ဘယ်လိုမှ သည်းခံနေစရာ အကြောင်းမရှိဘူး...."

" ကျွတ် ကျွတ် .... စိတ်၀င်စားစရာပဲ... အစ်ကိုချိန် ကားပြိုင်မောင်းတာတောင်မှ မမြင်တာ ကြာရောပေါ့....."

ချွေ့ရင်၏ ဦးဆောင်မှုအောက်တွင် ကားနှစ်စင်းမှာ ရန်တက္ကသိုလ်ထဲမှ ဖြည်းညင်းစွာ ထွက်လာခဲ့ကြသည်။

တစ်ချိန်တည်းတွင် ချိန်ရွှမ်း၏ ကားကလည်း နောက်မှ လိုက်ပါလာလေသည်။ သားရိုင်းကောင်ကြီးကဲ့သို့ အင်ဂျင်ဟိန်းသံမှာ နား၀င်ပီယံရှိလှပြီး မြောက်များလှသော ဖြတ်သွားဖြတ်လာတို့၏ အကြည့်ကို ချက်ချင်း ဆွဲဆောင်သွားခဲ့တော့သည်။

" အနောက်က သောက်ရူးက ဘာတွေကြောင်နေတာ.... gas ပေါ် ပိတ်ပိတ်နင်းပြီး အဲ့ကောင် ဘာဖြစ်ချင်နေတာလဲတဲ့..... "လင်းရီ ပြောလိုက်၏။

လီချူးဟန် နောက်ကြည့်မှန်မှ တစ်ဆင့် လှမ်းကြည့်လိုက်ပြီး " ကြည့်ရတာ ချိန်ရွှမ်းရဲ့ ကားထင်တယ်....."

"ချိန်ရွှမ်း.... မင်းကို လာကြောင်နေတဲ့ကောင်လား....."

" မဟုတ်ဘူး မဟုတ်ဘူး...."လီချူးဟန် ယတိပြတ် ငြင်းဆန်လိုက်ပြီး " ငါ သူနဲ့ သိတောင်မသိဘူး... အထင်မလွဲနဲ့....."

" ငါလည်း အထင်မလွဲပါဘူး.... အဲ့လောက်ကြီးလည်း စိုးရိမ်မနေပါနဲ့...."လင်းရီ ပြုံးလိုက်ပြီး " ဒါပေမယ့် အဲ့ကောင် ကြည့်ရတာ အမှန်တရားကို လက်ခံနိုင်စွမ်း မရှိတဲ့ ပုံပဲ...."

" သူ့ကို လျစ်လျူရှုထားလိုက်... ဖြည်းဖြည်းပဲမောင်း... ဘာမှ လောနေစရာ မလိုဘူး...."

“ ငါလည်း ဒီရန်ကျင်းက ဒုတိယမျိုးဆက် ဆက်ခံသူတွေရဲ့ ဦးနှောက်က တစ်ခုခု မူမမှန်ဘူးလို့တော့ ထင်တာပဲ…” လင်းရီ မောင်းရင်း စောဒကတက်လိုက်ပြီး “ ငါတွေ့သမျှတော့ အဲ့ကောင်တွေ အကုန်လုံးက နေ့တိုင်း ဘယ်လို မိမိုက်အောင် နေမလဲပဲ စဉ်းစားပဲ နေကြတယ်… လက်တွေ့ အမှန်တရားကို ဘယ်လို လက်ခံရမလဲဆိုတာတော့ နားမလည်ကြဘူး…”

“ သူ့ကားက အရမ်း အကောင်းစားကြီးဆိုရင်တောင် တကယ် ပြိုင်မောင်းရင် နင့်ကို အနိုင်မယူနိုင်ပါဘူး…” လီချူးဟန် ပြုံးပြီး ပြောလိုက်သည်။

“ အဲ့လိုကားမျိုးက များများ ပြင်လို့ ရတဲ့ အမျိုးအစားထဲ မပါဘူး.. လူချမ်းသာတွေပဲ မောင်းကြတာ… တကယ်လို့ ကားအကြောင်း သိတဲ့လူဆိုရင် ဒီလိုကားမျိုး ရွေးမှာမဟုတ်ဘူးလို့ ပြောရဲတယ်…”

ယခု စကားဝိုင်းတွင်တော့ လီချူးဟန်မှာ တော်တော်လေးကို အားတက်သရော ရှိနေသည်။ အထက်ဖား အောက်ဖိ၊ မျက်နှာများသည့် အဆိုပါ လူငယ်သခင်လေးတို့အား သူမ မည်သို့မျှကို ကြည့်၍ မရချေ။ ထို့ကြောင့် လင်းရီနှင့် ရှေ့သွားနောက်လိုက် ညီနေတော့၏။

ကလင် ကလင် ကလင် …

သူတို့ ထွက်ခွာရန် ကားတန်းစီနေစဉ် လီချူးဟန်၏ ဖုန်းသံ မြည်လာခဲ့သည်။ ချောင်ညန်မှ ဖုန်းဆက်လာခဲ့ခြင်းဖြစ်၏။

“ ချူးဟန်… နောက်က စူပါကားက ချိန်ရွှမ်းရဲ့ ကားထင်တယ်… သူ့ကြည့်ရတာ နင်တို့ကားနဲ့ ပြိုင်မောင်းချင်နေတဲ့ ပုံစံပဲ…”

“ ထင်တာပဲ…. “

“ သူ့ကို လျစ်လျူရှုထားလိုက်…. မြန်မြန်မမောင်းနဲ့နော်…”

“ အင်းပါ….”

“ ငါတို့လည်း ခဏနေကျရင် ရှေ့ကနေ ဖြည်းဖြည်းချင်းပဲ မောင်းမှာ..နင့်ကောင်လေးကိုလည်း နောက်ကနေ အေးဆေးလိုက်ခဲ့ဖို့ ပြောလိုက်….”

“ အိုကေ…”

ဘွန်း ဘွန်း ဘွန်း …

သူတို့ အမြန်လမ်းပေါ် ခြေချသည်နှင့် ချိန်ရွှမ်း၏ McLaren မှာ လီဗာ တအားနင်းပြီး လင်းရီတို့ဘေးနား ကပ်လာကာ နှစ်ယောက်မှာ ဘယ်ညာ ယှဉ်မောင်းနေကြ၏။

“ ညီကို … မင်းက အော်ဒီ အစုတ်ပလုတ်နဲ့ ဒါရိုက်တာလီကို ပိုးပန်းရဲတယ်ပေါ့… မင်း တော်တော်လေး ရဲတင်းနေပါလားကွ…”

“ မင်းကော ဘာထူးတုန်း…. အနုပ်စုတ်ဂုပ်စုတ် McLarenကြီးမောင်းပြီး ရှိုးပြနေတာပဲ မဟုတ်ဘူးလား…”

ပြောပြီးနောက် လင်းရီ အရှိန်မြင့်လိုက်ပြီး ချိန်ရွှမ်း၏ McLaren ကို ကျော်တက်လိုက်၏။ ချိန်ရွှမ်းနှင့် ရှဲ့ကျစ်းယွမ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။

“ ဒီကောင်က ဘောတွေတော့ ရှိသားပဲ…. သောက်စုတ် အော်ဒီကြီးမောင်းပြီး ငါနဲ့ ပြိုင်ချင်နေတယ်…”

“ အဲ့ကောင် လေသံ နားထောင်ရတာတော့ ကျိုးဟိုင် လေသံပဲ…”ရှဲ့ကျစ်းယွမ် ပြောလိုက်ပြီး “ ရှေးတုန်းကရင် နှစ်ဖက်က အစေးမကပ်ကြမှတော့ အဲ့ကောင် မောက်မာနေတာ ဆန်းတော့ မဆန်းပါဘူး…”

“ မောက်မာချင်ရင်လည်း မောက်မာနိုင်တဲ့ ခွန်အားလိုတယ်ကွ… အော်ဒီအစုတ်ကြီးလောက်ကတော့ လီဗာတစ်ချက်နင်းတာနဲ့ အေးဆေး ကျော်ပစ်လိုက်လို့ရတယ်…..”

“ လုပ်လိုက်ကြစို့.. အဲ့ကောင်ကို ဖိနှိပ်ပြီး ဘယ်သူက ရန်ကျင်းကို ပိုင်လဲဆိုတာ ပြလိုက်ရအောင်…”

ချိန်ရွှမ်း ပြုံးလိုက်ပြီး လီဗာပေါ် ခြေထောက်နင်း၍ လင်းရီနောက်မှ ပြေးလိုက်လာသည်။

တစ်ချိန်တည်းတွင် လီချူးဟန် ထိုင်ခုံခါးပတ်ကို တင်းတင်း ပတ်ထားလိုက်သည်။ ယခုလို အခြေအနေမျိုးနှင့် ကြုံလာရချိန်တွင်တော့ သူမ စိုးရိမ် ထိတ်လန့်နေရမည့်အစား တော်တော်လေးကို စိတ်လှုပ်ရှားနေလေသည်။ အဘယ်ကြောင့်ဆိုသော် လင်းရီနှင့် အတူ ထိုင်ပြီး ကားမစီးရသည်မှာ ကြာညောင်းနေသောကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်၏။

နှစ်ဖက်လုံးမှ တစ်ချိန်တည်းနီးပါး အရှိန်တင်လိုက်ကြပြီး ချိန်ရွှမ်း၏ McLaren မှာ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကာ လင်းရီ၏ အော်ဒီကလည်း အရှိန်လုံး၀ လျော့မည့်ဟန် မပြချေ။

အကယ်၍ သူတို့နှစ်ဦးကသာ ပရော်ဖက်ရှင်နယ် ကားပြိုင်ပွဲကွင်းတွင် ဆိုပါက နှစ်ဖက်ကြား အကွာအဝေးမှာ တဖြည်းဖြည်းချင်း ကျဉ်းမြောင်းလာသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်မည်။

မည်သို့ပင်ဆိုစေ ချိန်ရွှမ်း၏ ကားက ပြန်လည်ပြုပြင်ထားခြင်း မရှိသောကြောင့် ကားနှစ်စင်း၏ စွမ်းဆောင်ရည်မှာ လယ်ဗယ်တူလောက် သွားကျ၏။

ဆိုးရိုးစကားအတိုင်း ကျွမ်းကျင်သည့် အိမ်ထောင်ရှင်မပင် ဆန်မရှိပဲ ထမင်း မချက်ပြုတ်နိုင်လေရာ လင်းရီ၏ စကေးတို့သည်လည်း မည်မျှပင် ပြိုင်စံရှား ကျွမ်းကျင်နေစေကာမူ လက်ထဲရှိ ကွာဟနေသည့် ကားအမျိုးအစားနှင့်တော့ များများစားစား လုပ်ကွက်ပြနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူတို့ ယခု ရောက်ရှိနေသည်က ရန်ကျင်း၏ လမ်းမကြီးထက်ဖြစ်ပြီး နောက်ဆုံးရလဒ်ကို သာမန်ရိုးကျ ဆုံးဖြတ်လို့ မဖြစ်နိုင်ချေ။

ယခုလို လမ်းကြောအခြေအနေပေါ်၌ တစ်နာရီ မိုင် ၁၀၀ အထက် နင်းဖို့ရာ အင်မတန် ခက်ခဲလှ၏။ ထို့ကြောင့် ကား၏ စွမ်းဆောင်ရန်မှာလည်း အကန့်အသတ်နှင့်ဖြစ်ကာ ယခု ယှဉ်ပြိုင်ပွဲက ဒရိုင်ဘာ၏ အရည်အချင်းပေါ်တွင်လည်း များစွာ မူတည်နေသည်။

ချွေ့ရင်နှင့် ချောင်ညန်တို့ကတော့ လင်းရီ၏ အော်ဒီမှ ချိန်ရွှမ်း၏ McLaren နှင့် အရှိန်အသာစီးယူ၍ မောင်းနေသည်ကို နောက်မှကြည့်ရင်း ဆွံ့အနေကြတော့၏။

“ ဘာတွေတုန်း… ချူးဟန်ရဲ့ ကောင်လေးက တကယ်ကြီး ကားပြိုင်မောင်းနေတယ်လား…. ပြီးတော့ ဒီနေရာက ရန်ကျင်းရဲ့ ရန်တက္ကသိုလ်အနီးနားမှာကြီးလေ… သူတို့ အဖမ်းခံရမှာ မကြောက်ကြဘူးလားတဲ့…” ချွေ့ရင် ပြောလိုက်သည်။

“ အဲ့တာက အဆန်းကြီး မဟုတ်သေးဘူး… ဒါပေမယ့် သူ့ရဲ့ ကောင်လေးကလည်း နည်းနည်းလေး မဆင်မခြင် မနိုင်လွန်းဘူးလား…. ယွမ် သုံးသိန်းတန်ကားက ဘယ်လိုလုပ်ပြီး ယွမ်သန်း ဆယ်ချီတန်တဲ့ စူပါကားကို ယှဉ်နိုင်မှာ…. ဒါကြီးကတော့ နည်းနည်းလေး များသွားပြီ…” ချောင်ညန် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

All Chapters