ရန်ကျင်း၌ အပြစ်ပြု၍ မရသော
Vol. 66 Ch. 990
" အစ်ကိုရီ..... ဒါရိုက်တာလီ...."
လင်းရီ ဇဝေဇဝါ ဖြစ်နေစဉ် ချိန်ရန် သူတို့ထံ လက်ပြ၍ လှမ်းလာနေကြောင်း လင်းရီ မြင်တွေ့လိုက်ရသည်။
သူမတစ်ဦးတည်း ရောက်လာခြင်းတော့ မဟုတ်။ သူမနှင့်အတူ ယောက်ျားလေး နှစ်ဦးနှင့် စီနီယာ အစ်မဖြစ်သူ ကူနန်ကျစ်းလည်း လိုက်ပါလာသည်။
လင်းရီ ပါလာသည့် အခြား ကောင်လေးနှစ်ယောက်ကို ကြည့်လိုက်တော့ သားနားစွာ ၀တ်ဆင်ထားကြောင်း သတိမူမိလိုက်သည်။ ထိုနှစ်ယောက်ကလည်း သူဌေးသားများ ဖြစ်မည်မှာ ကျိန်းသေသည်။ သို့သော်လည်း မည်မျှ ချမ်းသာနေကြောင်းကိုတော့ လင်းရီလည်း ခန့်မှန်းပြီး မပြောတတ်။
" အစ်ကိုရီကို မိတ်ဆက်ပေးရဦးမယ်....."ချိန်ရန် ၀တုတ်တုတ်နှင့် ကောင်လေးကို လက်ညိုးထိုးပြလိုက်ပြီး " သူ့နာမည်က စွန်းရှန်တဲ့.... သူ့အဖေက ယာဉ်လမ်းကြောင်းဌာနမှာ အလုပ်လုပ်တာလေ....ရာထူးကြီးပိုင်းကပဲ.... အစ်ကိုရီ အစောပိုင်းတုန်းက တစ်ယောက်နဲ့ ကားပြိုင်မောင်းနေတုန်းက ကိစ္စကို မှတ်မိတယ်မလား.... သူ့အဖေလည်း အဲ့ကိစ္စထဲ ပါ၀င်နေတယ်လေ...... "
" မင်း အဲ့အကြောင်း သိနေတယ်ပေါ့....."
" သူ့အဖေ ညီမအဖေဆီ ဖုန်းဆက်လာတော့ ညီမလည်း အဖေနဲ့အတူရှိနေတာလေ....."
" ဒါဆိုရင်တော့ ငါသူ့ကို တကယ်ကြီး ကျေးဇူးတင်ရတော့မယ်...."လင်းရီ လက်ကို အရင် ဆန့်တန်းလာခဲ့သည်။ စွန်းရှန်လည်း လက်ကို ဆန့်တန်းပေးလာသည်။ သို့သော်လည်း သူက အငယ်ဖြစ်သောကြောင့် အောက်ဘက် အနည်းငယ် နိမ့်ပြီး နှုတ်ဆက်လိုက်၏။
" သူကကျတော့ လီဟော်စုန့်.... အစ်ကိုရီကို ကားအပြည့် မီးရှူးပန်းတွေ ဖြည့်ပေးလိုက်တာ သူပဲပေါ့...."
လင်းရီ တစ်ဖန်လက်ဆန့်တန်းလိုက်ပြီး နှစ်ယောက်အတူ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
" သွားစို့... အထဲ၀င်ပြီး တစ်ချက် စူးစမ်းကြည့်ရအောင်.... ဒီညတော့ ငါပဲ ရှင်းမယ်....."
" အိုကေ သွားစို့...."
စွန်းရှန်နှင့် လီဟော်စုန့်တို့လည်း နောက်မှ လိုက်ပါလာပြီး သူတို့၏ အကြည့်များက လင်းရီကို တစ်ချိန်လုံး အကဲခတ်နေခဲ့ကာ " ညီကိုစုန့်.... မင်း ဒီလင်းရီကို ဘယ်လိုမြင်လဲ......"
" တော်တော်တော့ ချောတယ်.... ငါ့လို ယောက်ျားကြီးတောင် မနာလို ဖြစ်ရလောက်တဲ့အထိပဲ....."လီဟော်စုန့် ပြောလိုက်ပြီး " သူ့ရဲ့ ရုပ်ရည်သွင်ပြင်နဲ့သာဆိုရင် လက်တစ်ချက် ဝှေ့ရမ်းလိုက်တာနဲ့ အဲ့မိန်းကလေးတွေ အကုန် ကွန်ဒုံးပြေး၀ယ်ပြီး အလုအယက် အခန်းဘွတ်ကင်လုပ်ကြလောက်တယ်....."
" ငါပြောချင်တာ သူ့ရုပ်ရည်ကို မဟုတ်ဘူးဟ....."စွန်းရှန် ပြောလိုက်ပြီး " သူက တော်တော်လေး ပေါင်းသင်းလို့လွယ်တယ်လို့ မင်း မခံစားမိဘူးလား..... ဘာဟိတ်ဟန်မှလည်း မရှိဘူး....ငါ့လိုမျိုးပဲ... သူလည်း တတိယတန်းစား ဒုတိယမျိုးဆက် ဆက်ခံသူလားမသိဘူး.... သုံးလေးဘီလီယမ်လောက်ပဲ ပိုင်ဆိုင်ထားတဲ့သူပေါ့....."
" ဒါပေမယ့် အစ်မရန်ကတော့ သူ့ကို မိုးလောက်ကြီး အမွှမ်းတင်ထားတာနော....သူ့အဆင့်အတန်းနဲ့ဆို အဲ့လိုမျိုး အလေးပေးခံရဖို့ ထိုက်တန်မနေဘူး.... "
" မင်းကလည်း တယ်ပိန်းသကိုး...."လီဟော်စုန့် ဟိတ်ဟန် အပြည့်ဖြင့် ပြောလိုက်ပြီး " အစ်ကိုလင်းက ဒီလောက်ထိ ခန့်ညားချောမောနေမှတော့ အစ်မရန်က သူ့ကို အလွတ်ပေးလိမ့်မယ် ထင်လား....."
"ဒါပေမယ့် သူ့မှာ ကောင်မလေး တစ်ယောက် ရှိပြီးသား မဟုတ်ဘူးလား.... ပြီးတော့ တော်တော်လေးလည်း လှတယ်......"
" ငတုံး.... ယောက်ျားတစ်ယောက်က တစ်ယောက်ပဲ ချစ်ရမယ်လို့ ဘယ်သူပြောလဲ... အစွမ်းအစရှိရင် ကြိုက်သလောက် ပိုချစ်လို့ရတယ်...."
"ဟားဟား..... မင်း ပြောချင်တာကို ငါနားလည်သွားပြီ.... ခု ပြန်စဉ်းစားကြည့်လိုက်တော့မှ မင်းပြောတာလည်း အဓိပ္ပာယ် ရှိတာပဲ....."
ခြောက်ယောက် အုပ်စုမှာ OT ဘားထဲ ၀င်ရောက်လာကြသည်။ သူတို့ အထဲသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် များစွာသော အမျိုးသား အမျိုးသမီးတို့၏ အကြည့်ကို ဆွဲဆောင်သွားခဲ့လေသည်။ ခန့်ညားသည့် အမျိုးသားနှင့် လှပသည့် အမျိုးသမီးတို့ ပေါင်းစပ်နေမှုမှာ ဘယ်နေရာသွားသွား အာရုံစိုက်ခံရမည်မှာ ကျိန်းသေသည်။
" ဒီနေ့က ဘာနေ့လဲတဲ့.... လူတွေ အများကြီးမှ အများကြီးနော်...."ချိန်ရန် ခြေဖျားထောက် အထဲသို့ မမှီမကန်း လှမ်းစပ်စုရင်း ပြောလိုက်သည်။
" ငါလည်း မသေချာဘူး.... ဒါပေမယ့် ငါကြားတာတော့ ပွဲကြီးပွဲကောင်းရှိတယ်တဲ့.... ကမ္ဘာ့ထိပ်တန်း Dj အယောက်တစ်ရာထဲက နံပါတ်တစ် ဘယ်လ်ဂျီယံညီကိုတွေလည်း ဒီရောက်နေတယ်ဆိုပဲ... ဒီညတော့ တော်တော်လေး မြူးလို့ကောင်းပြီ....."
" ဒါကြီးကတော့ အရမ်းလွန်ကဲလွန်းသွားပြီ...."ချိန်ရန် ပတ်၀န်းကျင်ကို စူးစမ်းရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး " ဒီညတော့ အချိန်ကောင်းလေးတွေ ရှိလာတော့မယ်နဲ့တူတယ် ဟိဟိ......"
သူတို့ လမ်းလျှောက်လာကြပြီး လင်းရီ ဝိတ်တာကို ခေါ်လိုက်၏။
" သီးသန့်ဝိုင်းတစ်ဝိုင်း....."
" ဆရာ ... သီးသန့်ဝိုင်းတွေက ဒီနေ့ ယွမ် နှစ်သိန်းက စပါတယ်....."
" ယွမ်နှစ်သိန်း.... ဈေးက ပုံမှန်မဟုတ်ဘူးပဲ....."
"ဟုတ်ကဲ့.... ပုံမှန်ဆိုရင်တော့ အဲ့လောက်ထိ မမြင့်ဘူးဗျ.... ဒါပေမယ့် ဒီနေ့က အထူးနေ့လေ.... ဆယ်လီတွေကော အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေရော လာနေတာဆိုတော့ အလိုအလျောက် ဈေးတက်သွားပါ......"
လင်းရီ ခေါင်းညိမ့်လိုက်ပြီး " တစ်ဝိုင်းလုပ်လိုက်....."
" ကျေးဇူးပြုပြီး ဒီဘက်ကြွခဲ့ကြပါ....."
ဝိတ်တာမှ လင်းရီနှင့် ကျန်သူများကို စတိတ်စင်အနီးရှိ သီးသန့်ဝိုင်းတစ်ခုထံ ခေါ်ဆောင်လာပေးသည်။ အားလုံး ကိုယ်စီ ၀င်ထိုင်လိုက်ကြပြီးနောက် စားပွဲထိုးမှ ဦးညွှတ်၍ " ဆရာတို့.... ဘာများ သုံးဆောင်ချင်ပါသလဲခင်ဗျ....."
" သစ်သီးဗန်းနည်းနည်းလောက်နဲ့... ရှန်းလုံအစုံချကွာ....."
ပြောပြီးနောက် လင်းရီ ချိန်ရန်ကို ကြည့်လိုက်ပြီး " ကျန်တာတော့ မင်းတို့ပဲ ဆက်မှာလိုက်ကြ....."
လင်းရီမှ ရှန်းလုံအစုံ မှာလိုက်သည့် အသံကြားတော့ လူတော်တော်များမှ လှည့်ကြည့်လာကြသည်။ ဤနေရာရှိ ဈေးအပေါဆုံး Ace of spade တစ်လုံးပင် ယွမ် ခြောက်သောင်းကျော် ပေးရသောကြောင့် ရှန်းလုံ အစုံဆိုပါက အနည်းဆုံး ယွမ် လေးသိန်းခန့် ကျသင့်ပေမည်။
ကြည့်ရသလောက်တော့ သူတို့ တကယ့်တိုင်ကွန်းတစ်ဦးကို မြင်တွေ့လိုက်ရခြင်း ဖြစ်လောက်၏။ သို့သော်လည်း ယနေ့ညတွင်တော့ ရှန်းလုံအစုံ မှာသည့်ဝိုင်းက လေးဝိုင်းဆက် ရှိနေပြီး ရန်ကျင်းရှိ ချမ်းသာသည့် ဒုတိယမျိုးဆက် ဆက်ခံသူ အားလုံး ဤနေရာသို့ စုဝေးရောက်ရှိနေကြပုံပင်။
၎င်းနောက် ချိန်ရန် သူမတို့အတွက် ကော့တေးတစ်ချို့ အော်ဒါမှာလိုက်ပြီး အေးဆေးမှ လာချပေးရန် ဝိတ်တာအား ပြောလိုက်သည်။
သူတို့ ယနေ့ ရောက်လာသည်က စိတ်လှုပ်ရှားဖွယ် လေထုအား လာရောက်ခံစား၍ အနားယူရန်ဖြစ်ပြီး စားသည့်သောက်သည့် အရာတို့က အရေးမပါချေ။
" ရှန်းလုံအစုံက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ.... အဲ့တာ မှာပြီးတော့ အလှလေးတွေက ငါတို့ကို လှည့်ကြည့်လာသလိုပါလား....."
စွန်းရှန်မှာ ငယ်ရွယ်ပြီး ၎င်းမိဘများ၏ အထောက်အထားက အထိခိုက်မခံသည်နှင့်အညီ ယခုလို နေရာမျိုးသို့ ကြုံတောင့်ကြုံခဲ့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။ ဟောမုန်းများ ပေါက်ကွဲထွက်လာအောင် လှုံ့ဆော်ပေးသည့် မြင်ကွင်းနှင့် နေသားကျအောင် အချိန်ခဏတော့ ယူလိုက်ရ၏။
" ငါလည်း သတိထားမိတယ်.... ဒါပေမယ့် မိန်းကလေးတွေတင်မကဘူး.... ယောက်ျားလေးတွေကပါ ငါတို့ဝိုင်းဘက် လှည့်ကြည့်လာသလားလို့....."
လင်းရီ ပတ်၀န်းကျင်ကို လှည့်ကြည့်လိုက်ပြီးနောက် ပေါင်ကို ဖြန်းကနဲ ရိုက်လိုက်ကာ " ငိုးပဲ... ငါခုမှ သတိရမိတယ်....."
" အစ်ကိုရီ ... ဘာလဲဖြစ်လို့.... "
" ဒါက ရန်ကျင်းထဲမှာလေ.... ငါတော့ ဝံပုလွေ ခံတွင်း၀ထဲ ဆင်းလာမိပြီနဲ့တူတယ်......"
" အရင်တစ်ခေါက် ရာ၀မ်းကျွန်းမှာတုန်းက ငါ ဟိုသောက်ရူး ဂူချန်းချွမ်ကို ရိုက်နှက်လိုက်တော့ အဲ့ဒီတုန်းက ရန်ကျင်းရဲ့ လူငယ် သခင်လေး တော်တော်များများလည်း ငါ့ကို သတိထားမိသွားကြတယ်.... ငါ့ကို အခု မှတ်မိသွားကြပြီလားတောင်မသိဘူး....တကယ်လို့ မှတ်မိတယ်ဆိုရင်တော့ သောက်ဂွပဲ....."
" အာ..... အစ်ကိုရီ.... မင်း ဂူချန်းချွမ်ကို ရိုက်နှက်ဖူးတယ်ပေါ့....."လီဟော်စုန့် မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကျယ်သွားပြီး တအံ့တအော မေးမြန်းလာပြီး " အစ်ကိုရီ ရိုက်လိုက်တဲ့သူက ရန်ကျင်းရဲ့ သခင်လေး လေးဖော်ထဲက ဂူချန်းချွမ်များလား....."
" အင်း.... အဲ့ကောင်ပဲ...."လင်းရီ ပြောပြီး ခက်ရင်းခွဖြင့် ပန်းသီးစိတ်အား ထိုးစိုက်ကာ " အဲ့မအေဘေးက နေ့တိုင်းနေ့ ဘယ်လို ဟိတ်ဟန်ထုတ်ရမလဲပဲ စဉ်းစားနေတဲ့ကောင်.... သူ့ကို ရိုက်နှက်ပေးလိုက်မှ အချိုးပြင်လာတာ.... ဒီကောင်တွေ ငါ့မမှတ်မိဘူးလို့တော့ မျှော်လင့်ရတာပဲ....မဟုတ်ရင် အေးဆေး ပျော်လို့ရတော့မှာ မဟုတ်ဘူး......"
လီဟော်စုန့်နှင့် စွန်းရှန်တို့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြ၏။ သူတို့၏ နှလုံးမှာလည်း မာရသွန်ပြေးထားသကဲ့သို့ တဒုတ်ဒုတ် ဖြစ်နေသည်။
ဂူချန်းချွမ်ဆိုသည်က ရန်ကျင်း သခင်လေး လေးဖော်၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။သူက နိုင်ငံရေး နောက်ခံမှ ဆင်းသက်လာသူဖြစ်ပြီး လွှမ်းမိုးမှု အတော်အတန်ရှိသူလည်းဖြစ်၏။
ထိုသို့သော အရှိန်အဝါကြီးသည့် သူကို သူတို့ရှေ့ရှိ လင်းရီဆိုသူက ရိုက်နှက်ဖူးနေသည်လော။
ဖက်ခ်။ ဤသည်ကတော့ ထိတ်လန့်ဖွယ်ရာပင်။ သူသည်လည်း ကျိုးဟိုင်၌ တော်တော်လေးကို အံ့အားသင့်ဖို့ကောင်းသူ ဖြစ်ရမည်ဟု စွန်းရှန်တို့နှစ်ဦး စိတ်ထဲမှ ကောက်ချက်ချလိုက်ကြ၏။
" အစ်ကိုရီ... ဘာမှ မစိုးရိမ်နဲ့.... ညီမရဲ့ အထောက်အထားကို ချပြလိုက်ရင် အဲ့သခင်လေး ဆိုသူတွေ အစ်မရန်ဆိုပြီးတောင် ရိုရိုကျိုးကျိုး နှုတ်ဆက်ရမှာ.....သူတို့ အစ်ကိုရီကို လုံး၀ ထိရဲမှာ မဟုတ်ဘူး..... "ချိန်ရန် ပြောလိုက်၏။
" ငါက ကြောက်လို့ ပြောနေတာမဟုတ်ဘူး....ဒီတိုင်း စိတ်ရှုပ်ဖို့ကောင်းလို့.... ယင်ကောင်တွေလိုပဲလေ.... ဘာမှသာ မဟုတ်တာ အနားမှာ တဝီဝီနဲ့ဆို တော်တော်လေး အာရုံနောက်ဖို့ကောင်းတယ်...."
" ဒါနဲ့ ခုမှ သတိရတယ်.... ညီမတို့ ဆွေးနွေးပွဲပြီးတော့ အန်ကယ်စွန်းဆီကကြားတာ အစ်ကိုရီ ချမ်းသာတဲ့ ဒုတိယမျိုးဆက် တစ်ယောက်နဲ့ ကားပြိုင်မောင်းလိုက်သေးတယ်ဆို.... အဲ့လူ နောက်ဆုံးကျတော့ ကားအက်စီးဒင့် ဖြစ်သွားသေးတယ်တဲ့....."
" အင်း.... သူ့ကြည့်ရတာ ဆေးဝါးကုမ္ပဏီ သူဌေးကြီးတစ်ဦးရဲ့ သားထင်တယ်.... နာမည်က ချိန်ရွှမ်းတဲ့..... ကြောင်တောင်တောင် အ၀တ်အစားနဲ့ ဘာ အစွမ်းအစမှလည်း ရှိတဲ့ကောင် မဟုတ်ဘူး.... တကယ့် ငကြောင်....."
" သူဘယ်သူလည်း ညီမသိတယ်.... ညီမ အဖေ ကွပ်ကဲနေတဲ့ထဲမှာ သူ့အဖေရဲ့ ကုမ္ပဏီလည်းပါတယ်.... အဖေ့ကို ပြောလိုက်ရမလား....."
" မလိုဘူး.... သူငါ့ကို လာပြီး မစော်ကား သရွေ့တော့ ငါလည်း သူနဲ့ သွားရှုပ်နေမှာ မဟုတ်ဘူး....."
" တကယ်လို့ သူ့သားပြန်ပြီး ပြဿနာ လာရှာမယ်ဆိုရင်ကော......"
" ငါ့သူ့ကို ပြန်ပြီး ဆော်ပလော်တီးပေးလိုက်မယ်...."လင်းရီ ပြောလိုက်ပြီး " ဒီမှာ Ace of Spade ခြောက်လုံးတောင် ရှိတယ်... သူ့ကို ရိုက်ခွဲပေးဖို့ ကောင်းကောင်းကြီး လုံလောက်ပြီးသား....."
စာစဉ် (၆၆)ပြီး၏။