← Chapters

အရောင်မှန်များ

Vol. 111 Ch. 4.1171

အရောင်မှန်များ

Vol. 111 Ch. 4.1171

အရင်အတိုင်းပဲ ဖြစ်နေသေးတဲ့ သူ့အဖေရဲ့အသံကို နားထောင်ပြီး အရင်ကလို ဂရုစိုက်တတ်တဲ့ မျက်နှာလေးကို ကြည့်လိုက်တော့ ရှဲ့ဖေးဖေးရဲ့ နှလုံးသားက ပျော့ပျောင်းသွားသည်။ နောက်ဆုံးတော့ သူမအဖေက သူမကို ချစ်​​သေးတယ် ဟုတ်တယ်မလား။ သို့နှင့် သူမ အားလုံးကို ရှင်းပြလိုက်သည်။

အထူးသဖြင့် လုရွှမ် လက်ထဲရှိ နတ်ဓားနှင့် ချီထျန်းပု ခြေလှမ်းများကို ရယူရန် သခင်လေးရှောင်းရောင်သည် ၎င်းတို့အားလုံးကို အမှန်တကယ် သတ်ပစ်ချင်ကြောင်း သူမသည် ယခင်က ဖြစ်ပျက်ခဲ့သမျှကို အလျင်အမြန် ပြန်ပြောပြခဲ့သည်။ သူသည် သူမအသက်ကို လုံးဝ ဂရုမစိုက်သော အလွန်စက်ဆုပ် ဖွယ်ကောင်းပြီး ယုတ်ညံ့သူ ဖြစ်သည်။

ရှဲ့ကျားစုန့်၏ မျက်နှာသည်လည်း ဒေါသများဖြင့် မည်းမှောင်လာလေ၏။

"သေနာကောင်လေး... မင်းကို ဒီလို သဘောမကောင်းတဲ့ လူ ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး သမီးကို မီးတွင်းထဲ ပြုတ်ကျလုနီးပါး ဖြစ်အောင် လုပ်လိုက်တာ ဒီအဖေရဲ့ အပြစ်ပါပဲ"

ရှဲ့ဖေးဖေး သူမနှလုံးသားထဲတွင် အနည်းငယ် နွေးထွေးသွားမှုကို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် သူမဖခင်သည် သူမအား ချစ်နေဆဲပင်။

"အဖေ... သမီး လက်မထပ်ချင်ဘူး... သမီးရဲ့ အရည်အချင်းက အရမ်းကောင်းပြီး မဟာဂိုဏ်းထဲကို ဝင်လို့ရတယ်လို့ လုရွှမ်က ပြောတယ်... ကံကောင်းရင် သန့်ရှင်းသောနယ်မြေက မိသားစုကိုတောင် ဝင်လို့ရတယ်တဲ့... သမီး ကျင့်ကြံချင်တယ် ... လက်ထပ်ပွဲ မလုပ်ချင်တော့ဘူး"

ရှဲ့ကျားစုန့်ရဲ့ မျက်လုံးများ တောက်ပလာကာ။

"လုရွှမ်က ဘာပြောလိုက်တယ်...သမီးက မဟာဂိုဏ်းထဲကို ဝင်လို့ရတယ် သန့်ရှင်းတဲ့ နယ်မြေထဲက မိသားစုထဲကိုတောင် ဝင်ဖို့ မျှော်လင့်ချက် ရှိသေးတယ်​ပေါ့ ဟုတ်လား"

ရှဲ့ကျားစုန့် သူ၏ အသက်ရှုသံများ လျင်မြန်လာတာကို ခံစားလိုက်ရသည်။ သူ့သမီးလေး ဝင်လာနိုင်ရင် သူ့သမီးကို ဘာလို့ လက်ထပ်ခွင့် ပေးလိုက်ရမှာလဲ။ ဒါက တွေးလို့မရတဲ့ မျှော်လင့်ချက်တစ်ခုပဲလေ။

ရှဲ့ဖေးဖေးက ယုံကြည်မှုအပြည့်နဲ့ အော်ဟစ်လိုက်သည်။

"အင်း...ဖေဖေ သမီးရဲ့ လက်ရှိ ကျင့်ကြံမှု အဆင့်ကို ကြည့်ပါဦး.... သမီး သူနဲ့ တစ်နှစ်လောက် လေ့ကျင့်ခဲ့ပြီးတော့ အဆင့်နည်းနည်း တိုးတက်လာပြီ... သမီးရဲ့ ဝိညာဉ်ရေးကိုလည်း ခံစားရတယ် အခြေခံအုတ်မြစ်ကလည်း ပိုတည်ငြိမ်လာပြီ”

ရှဲ့ကျားစုန့် လျင်မြန်စွာ ဂရုတစိုက် ကြည့်လိုက်ရာ သူ့သမီးသည် သိသိသာသာ ပြောင်းလဲသွားသည်ကို ချက်ချင်း တွေ့ရှိခဲ့သည်။ ကျင့်ကြံမှု၏ အခြေခံအုတ်မြစ်သည် ပို၍တည်ငြိမ်လာသည်။ စွမ်းအင်သည် အားကောင်းကာ ပို၍ပင် အသက်ဝင်ပြီး သွက်လက်မှုအပြည့်ရှိသည်။

တစ်ချိန်တည်းမှာပင် ၇လေး၏ နယ်ပယ်သည် အခြားမိန်းကလေးများလောက် မကောင်းမွန်သော်လည်း ယွမ်စွမ်းအင် သွက်လက်မှုအရ သူမသည် အခြားသူများထက် သာလွန်နေပြီ။ ဒါက ကောင်းမွန်တဲ့ အလားအလာကို ကိုယ်စားပြုတယ်ဆိုတာ ရှဲ့ကျားစုန့် ကောင်းကောင်းသိသည်။

မဟာဂိုဏ်းနှင့် သန့်ရှင်းသော နယ်မြေက မိသားစုအကြောင်း သူ့သမီး ပြောခဲ့သည့်စကားများကို ပြန်ပြောင်းသတိရကာ သူ့သမီးသည် လိမ်ညာပြောဆိုသည်ဖြစ်စေ၊ အမှန်အတိုင်းပြောခြင်းရှိမရှိကို သဘာဝကျကျ ပြောပြနိုင်သည်။

ဒါတကယ်ဖြစ်နိုင်ရင် သူဘာလို့ ကြောင်သူတော်လုပ်ပြီး သမီးရဲ့ပျော်ရွှင်မှုကို စတေးရမှာလဲ။ မိဘတစ်ဦးအနေဖြင့် သူ့နှလုံးသားကလည်း အသွေး အသားနှင့် ပြုလုပ်ထားတာ မဟုတ်ပါလား။

"အား.... ဖေဖေ သူတို့ အဝေးကို ထွက်သွားပြန်ပြီ အမြန်လိုက်ကြရအောင်"

ရှဲ့ဖေးဖေး အော်ပြောကာ တိမ်ပြေးငှက်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး လုရွှမ်နောက်သို့ လိုက်သွားလေသည်။ ရှဲ့ကျားစုန့်မှာ သဘာဝအတိုင်း နောက်သို့ လိုက်ရန် မဝံ့မရဲဖြစ်နေသော်လည်း လျင်မြန်စွာ ဖမ်းမိလိုက်သည်။

ကောင်းကင်က ဘေးဆိုးကြီး လုံးလုံး ပျောက်ကွယ်သွားပါပြီ။ လုရွှမ်ဟာ အခုအချိန်မှာ အရူးလို ပြေးနေပေမယ့် ကောင်းကင်က ကန့်သတ်ချုပ်ချယ်မှုကတော့ လျော့မသွားဘဲ လုရွှမ်ကို အနီးကပ် လိုက်နေပါ၏။ အောက်တွင်တော့ သခင်လေးရှောင်းရောင်သည် ကန့်သတ်ချုပ်ချယ်မှုဆီမှ မည်သည့်ခြိမ်းခြောက်မှုကိုမျှ မခံစားရပေ။

ဆိုလိုသည်မှာ ကန့်သတ်ချုပ်ချယ်မှုသည် လုရွှမိ အတွက်သာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်ကြောင်း သူနားလည်သွားခဲ့သည်။ ဤအခြေအနေတွင် သခင်လေးရှောင်းရောင်သည် သဘာဝအားဖြင့် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမျိုး မရှိတော့ဘဲ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်ကာ လိုက်သွားခဲ့သည်။

သူသည် မျှော်စင်နယ်ပယ်သို့ မ၀င်ရောက်သေးသော်လည်း သူ၏ အရည်အချင်းကို လူတိုင်းသိခဲ့သည်မှာ ကြာပါပြီ။ သူ နတ်မီးနယ်ပယ် အဆင့်၁၀သို့ ပြေးဝင် သွား​တော့မည်ကြောင်း လူတိုင်းသိသည်။ လူတိုင်း မသိသောအရာမှာ သခင်လေးရှောင်းရောင်၏ လက်ရှိအခြေအနေသည် နတ်မီးနယ်ပယ် အဆင့်၁၀ အမှန်တကယ် ဖြစ်နေတာပါပဲ။

သခင်လေးရှောင်းရောင်ရဲ့ တိုက်ခိုက်မှုက လုရွှမ်ဆီကို ရေခဲတုံးတွေလို လွင့်ပျံသွားသည်။ သူသည် ဘယ်မှညာသို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်နှင့် သူ့​အရှိန်သည် အနည်းငယ် နှေးကွေးသွားသည်။ တစ်ချိန်တည်းမှာပဲ သူ့ဦးခေါင်းအထက်က ကန့်သတ်ချက်ကလည်း ကျဆင်းလာလိမ့်မည်။

"ဟမ့် လုရွှမ်.... မင်းရဲ့အပြစ်တွေက အရမ်းပြင်းထန်လွန်းလို့ ကောင်းကင်ကတောင် မင်းကို သိမ်းပိုက်ချင်နေပြီကွ!"

သခင်လေးရှောင်းရောင် မဖမ်းနိုင်အောင် လုရွှမ် သူ၏ ခွန်အားရှိသမျှကို အသုံးပြုခဲ့သည်။ ဆိုလိုသည်မှာ သူ့​ဦးခေါင်းထက်တွင် ကန့်သတ်ချက်သည် သူ့အရှိန်ကို ကန့်သတ်နိုင်သည်။

"ဖေဖေ လုရွှမ် ဒုက္ခရောက်နေပြီ... အဲဒီလူဆိုးကိုကြည့်ဦး.... သူ လုရွှမ်ကို တားဆီးဖို့ ကြိုးစားနေတုန်းပဲ... သူ့ကို အမြန်သွားကယ်ပါဦး"

ရှဲ့ဖေးဖေး အော်ပြောလိုက်သည်။ သူမ၏ မျက်နှာမှာ စိုးရိမ်မှုအပြည့်ဖြင့်။ ထုံးစံအတိုင်း ရှဲ့ကျားစုန့်သည် အားလုံးကို မြင်ပြီးပြီဖြစ်၍ သူ့စိတ်ထဲတွင် ချီတုံချတုံ ဖြစ်နေသည်။ သူက လောင်းကစား လုပ်နေရပြီး လောင်းကြေးမှားရင် ဆုံးရှုံးမှုက ကြီးမားမယ်ဆိုတာ သေချာပေါက် သိပါ၏။

လုရွှမ်ကို လောင်းမယ်ဆိုရင် အပေါ်က ကန့်သတ်ချက်က ကျလာမှာဖြစ်ပြီး လုရွှမ်လည်း အသတ်ခံရမှာ ဖြစ်သည်။ သိသာထင်ရှားသည့် ထိုအရာသည် မှော်ဆန်လွန်းသဖြင့် အဲဒါကဘာလဲ သူ မသိနိုင်​သေးပေ။

ထိုအခြေအနေမျိုးတွင် သူပါဝင်ပါက သခင်လေးရှောင်းရောင်လည်း လုံးဝ စိတ်ဆိုးသွားလိမ့်မည်။

"ဖေဖေ?" ရှဲ့ဖေးဖေး တိုက်တွန်းသည်။

ရှဲ့ကျားစုန့်က ပြုံးပြီး ပြော၏။

"သမီး... ဖေဖေ ဝင်လှုပ်ရှားလိုက်တာက သခင်လေးရှောင်းရောင်ကို လမ်းခွဲလိုက်တာနဲ့ အတူတူပဲ... အဲ့လိုဆို ငါတို့ ရှဲ့မိသားစု တစ်ခုလုံးကို အကြီးအကျယ် အကြပ်ရိုက်စေလိမ့်မယ် မဟုတ်ဘူးလား"

"ဒီကောင်လေးကို တွေ့ခွင့်ရတာ မင်းအဖေ မင်းကိုမကန့်ကွက်ဘူး... သခင်လေးရှောင်းရောင်က မကောင်းတဲ့ လူမလို့ သမီးသူ့ကိုလက်မထပ်လည်း ရတယ်... ဒါပေမဲ့ သူက ရှဲ့မိသားစုရဲ့ ဧည့်သည်ဖြစ်နေတုန်းပဲ”

"အခုတော့ ဒီကောင်လေးရဲ့ ကံကြမ္မာပေါ်မှာပဲမူတည်တယ်.... သူ မသိတဲ့အရာကို ချိုးဖျက်ပြီး သူ့ဘဝနဲ့ရင်းပြီး လွတ်မြောက်နိုင်ရင် ကောင်းလိမ့်မယ်"

ရှဲ့ဖေးဖေး၏ မျက်နှာတွင် မျက်ရည်များ စီးကျလာပြီး သူမအသံသည် ရုတ်တရက် အလွန်ထူးဆန်းလာသည်။

"ဖေဖေက.... ဖေဖေရဲ့ကိုယ်ပိုင် အကျိုးစီးပွားကို ချိန်ဆနေသေးတာလား... အစ်ကိုလုရွှမ်နဲ့ သမီးတို့ကြား အဆင်မပြေမှု တစ်ခု ရှိနေတယ်လို့ ထင်နေတာလား.... အစ်ကိုလုရွှမ် ရှင်သန်နိုင်ရင် ဖေ​ဖေလိုချင်တာက မြင့်တဲ့သစ်ကိုင်းကို တက်ချင်တာ.... အဲဒါကို တွေးကြည့်တော့ အစ်ကိုလုရွှမ်က ကြင်နာတတ်တယ်....ဖေဖေ စီစဉ်ထားတဲ့ မီးတွင်းထဲကို ပြုတ်ကျဖို့ သမီး လက်မခံနိုင်ဘူး"

"အစ်ကိုလုရွှမ် ဆုံးသွားပြီဆိုရင် ဖေဖေ့ရဲ့ကြိုးစားအားထုတ်မှု အားလုံးကို သခင်လေးရှောင်းရောင်က လောင်းကြေးထပ်ပေးမယ် ဟုတ်တယ်မလား ဧည့်သည်တွေနဲ့ မိသားစုဝင်တွေက ​ဖေ​ဖေ့ရဲ့ အကြောင်းပြချက်တွေပဲ.... ဖေဖေ နှစ်ဖက်စလုံးကို ကျေနပ်စေချင်လို့ မလား။"

"ဒီဖြစ်စဉ်မှာ ဖေဖေ ဒီသမီးလေးအကြောင်း တွေးဖူးလား"

အသံသည် အလွန်ထူးဆန်းပြီး တစ်စုံတစ်ခုကို စွန့်လွတ်လိုက်သလို ထွက်ပေါ်လာရာ ရှဲ့ကျားစုန့် သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှု လှိုင်းလုံးများကို ခံစားလိုက်ရသည်။ ထိတ်လန့်ပြီး ဒေါသထွက်နေတဲ့ ရှဲ့ကျားစုန့်ရဲ့ မျက်နှာကို ပါးရိုက်လိုက်လေသည်။ သူမ ခန္ဓာကိုယ်က ပျံထွက်သွားရာ တိမ်ပြေးငှက်က အမြန်ပျံပြီး သူမကို ဖမ်းထားလိုက်သည်။

"မင်း.... ငါက မင်းအဖေပဲကွ!!"

ရှဲ့ကျားစုန့် သူ့သမီးကို ကြည့်ပြီး သူမ သိပ်မရင်းနှီးသလို ခံစားလာရကာ သူ့နှလုံးသားတွေ ရင်တုန်ကာ အလိုလို ရိုက်နှက်မိသွားသည်။ ရှဲ့ဖေးဖေးက သူမရဲ့ ပါးစပ်ထောင့်က သွေးတွေကို သုတ်လိုက်ပြီး ဆို၏။

"အနာဂတ်မှာ သူမကို ပြန်လာတွေ့ပါ့မယ်လို့ အမေ့ကို ပြောပေးပါ... ရှောင်ပိုင် သွားရအောင်!"

တိမ်ပြေးငှက်သည် ရှဲ့ကျားစုန့်ကို မုန်းတီးစွာ စိုက်ကြည့်ကာ အမြင့်သို့ပျံသန်းရန် သူ၏တောင်ပံများကို ဖြန့်လိုက်သည်။ ရှဲ့ကျားစုန့်မှာ ဒေါသတကြီး ကျိန်ဆဲပြီး သူ့သမီးကို ထားခဲ့ဖို့ ရှေ့ကို ပြေးသွားသော်လည်း တိမ်ပြေးငှက်သည် ၎င်း၏ အတောင်ပံများကို လှန်လိုက်ကာ အလွန်လျင်မြန်သော အရှိန်ဖြင့် ရှဲ့ကျားစုန့်ကို ထားရစ်ခဲ့သည်။

"မင်းက သစ္စာမဲ့သမီးပဲ!! မင်းငါ့ကို အရမ်းစိတ်ဆိုးအောင် လုပ်နေတာ.... မင်းထွက်သွား​ပြီးရင် ဘယ်တော့မှ ပြန်မလာနဲ့!"

All Chapters