ကံကောင်းပြီ
Vol. 111 Ch. 4.1172
ထိုအချိန်တွင် ရှဲ့ဖေးဖေးသည် သူမဖခင်အား ကြည့်ရှုပြီး လုရွှမ်နောက်သို့ မဆိုင်းမတွ လိုက်သွားခဲ့သည်။
ရှဲ့ကျားစုန့်ခမျာ သူ့ရင်ထဲတွင် နားမလည်နိုင်သော အေးစက်မှုကို ခံစားလိုက်ရပြီး သမီးလေး၏ မျက်လုံးများတွင် တစ်စုံတစ်ခုက သူ့ကို ထိတ်လန့်စေသော်လည်း နောက်ဆက်တွဲအဖြစ် အဆုံးမဲ့ ဒေါသသာ ထွက်လာခဲ့သည်။ သူက ဒေါသတကြီးနဲ့ အော်လိုက်သည်။
"ကောင်းပြီ၊ အတောင်တွေ တကယ်ကြီးထွားလာပြီပဲ... အရမ်းကောင်းတယ် ငါသူ့ကိုသတ်မယ် အဲဒီကောင်ကို သတ်ပစ်မယ်!"
ရှဲ့ကျားစုန့် ဒေါသတကြီး ဟောက်ရင်း လုရွှမ်ဆီသို့ ပြေးသွားခဲ့သည်။ သူ့လက်ထဲက လက်နက်က အေးစက်တဲ့ အလင်းရောင်တွေနဲ့ တောက်ပနေပြီး သူ့ရောင်ဝါနဲ့ သူ့မျက်လုံးတွေက ပြင်းထန်တဲ့ အလင်းရောင်တွေနဲ့ ပြည့်နှက်နေသည်။ ဒီအချိန်မှာတော့ လုရွှမ်အပေါ် သူ့မုန်းတီးမှုတွေ တိုးပွားလာကာ လုရွှမ်ရဲ့ အရိုးတွေကို ပြာဖြစ်အောင် ဖြိုခွဲပစ်ဖို့ ဆန္ဒရှိခဲ့ပါသည်။
ရှဲ့ဖေးဖေးလည်း သွားများကို အံကြိတ်ကာ တိမ်ပြေးငှက်ကို အမြန်ပျံသန်းပြီး လုရွှမ်ဆီသို့ အပြေးအလွှား သွားရန် တိုက်တွန်းခဲ့သည်။
သူမအဖေရဲ့ စကားတွေကို နားထောင်ရင်း ရင်ထဲကနေ ဝမ်းနည်းကြေကွဲသည်။ သို့သော် အစ်ကိုလုရွှမ်ရဲ့ ကန့်သတ် ချုပ်ချယ်မှုကနေ တကယ် မလွတ်မြောက်နိုင်ခဲ့ရင် အနည်းဆုံးတော့ သူတို့အတူတူ သေကြရမည်။ ဘာပဲဖြစ်ဖြစ် ငရဲသို့ သွားသောလမ်း၌ အဖော်ရှိသေးသည်လေ။
ကန့်သတ်ချက်က ပိုနီးလာလေလေ လုရွှမ်ကို အလျင်အမြန် လိုက်ရှာနေရလေပါပဲ။ လုရွှမ်ရဲ့ ချီထျန်းပု ခြေလှမ်း၏ အရှိန်က ပိုမြန်လာကာ သူသည် ခွန်အားရှိသမျှကို အသုံးပြုနေပြီ ဖြစ်သော်လည်း သူ့နောက်ကွယ်ရှိ ကန့်သတ်ချုပ်ချယ်မှု၏ ဖိအားများသည် ပို၍ကြီးမားလာပြီး သူ့ခေါင်းထိပ်သို့ပင် ရောက်ရှိလာလေပြီ။
ပြင်ပလူများ အတွက်တော့ လုရွှမ်သည် သူ၏ခွန်အားကို အကုန်အစင် သုံးနေသော်လည်း ဒါပေမဲ့ တခြားလူတွေရဲ့ အမြင်မှာတော့ အရှိန်က ဟာသတစ်ခုလိုပဲ ဖြစ်နေပါ၏။
လုရွှမ်သည် သခင်လေးရှောင်းရောင် နီးကပ်လာပြီး သူ့အပေါ် ကန့်သတ်မှု၏ ခြိမ်းခြောက်မှုကို ရဲဝံ့စွာ စမ်းသပ်နေကြောင်းကိုလည်း ခံစားခဲ့ရသည်။ သေချာသည်မှာ သူ စမ်းသပ်မှုပြီးသောအခါ ထိုလူက အလျင်အမြန်ထကာ ပြင်းထန်သော ထိုးနှက်ချက် ပေးလိမ့်မည်။
"လုရွှမ် မင်းငါ့အတွက် သေလိုက်တော့!"
ရှဲ့ကျားစုန့်ရဲ့ အသံက အဝေးကနေ ကျယ်လောင်လာပြီး ဓားစွမ်းအင်တွေ လွင့်စင်လာသည်။
"အစ်ကိုကြီးလုရွှမ်... ဒီခရီးကို လိုက်ခဲ့ပေးလို့ ကျေးဇူးတင်ပါတယ် နောက်ဘဝတစ်ခုသာ ရှိခဲ့ရင် ညီမ အစ်ကိုနဲ့ ထပ်တွေ့ချင်ပါသေးတယ်"
ရှဲ့ဖေးဖေးရဲ့ အသံလည်း ထွက်လာသည်။
လုရွှမ် လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ ရှဲ့ဖေးဖေးက သူ့အဖေထက် ပိုမြန်သော အရှိန်ဖြင့် သူ့ဆီသို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။ သူမသည် ရောက်လာခါနီးတွင် ရုတ်တရက် တိမ်ပြေးငှက်ပေါ်က ခုန်ချကာ လုရွှမ်ဦးခေါင်းထက်က ကန့်သတ်ချက်တစ်ခုကို ထိမှန်သွားသည်။
"မလုပ်နဲ့!!"
လုရွှမ်လည်း ရှဲ့ဖေးဖေး သူ့ကို ကယ်တင်ချင်နေတာ သိပါသည်။ မျှော်လင့်ချက် ကင်းမဲ့သောအသံကြောင့် သူမ အလွန်အမင်း စိတ်ပျက်နေကြောင်း ထင်ရှားပေသည်။ ထို့ကြောင့် သူမသေရန်ဆန္ဒရှိခဲ့သည်။
"ကောင်းပြီ... အားလုံးသေလိုက်ကြ!"
ရှဲ့ကျားစုန့်ကလည်း ဟောက်ပြီး လေထုထဲသို့ ဓားရှည်ကို ဝှေ့ယမ်းကာ လုရွှမ်ဆီသို့ ဓားစွမ်းအင်များ ထပ်မံ ပစ်လွှတ်လိုက်သည်။
"မင်းသေချင်ရင် မင်းကိုပါ လိုက်ခွင့်ပြုမယ်!"
သခင်လေးရှောင်းရောင်လည်း ရှဲ့ဖေးဖေး၏ လုပ်ရပ်များကို မြင်ပြီး နှလုံးသားထဲတွင် အေးခဲသွားသည်။
သူသည် ရှဲ့ဖေးဖေး သေသေရှင်ရှင် ဂရုမစိုက်ခဲ့ပေ။ နာမည်တစ်ခုတည်းဖြင့်သာ ဤအမျိုးသမီးသည် သူ၏အနာဂတ် ဇနီးဖြစ်သည်ကို လူတိုင်း အသိအမှတ် ပြုခဲ့ကြသည်။ ယခုမူ သူမသည် အခြားလူကို ကယ်တင်ရန် အသေခံနေပြီ။
သူ့အငွေ့အသက်က ပိုတောင်အေးလာပြီး ရှဲ့ကျားစုန့်လိုပဲ လုရွှမ်ဆီကို ဓားစွမ်းအင်တွေ ကျဲချလိုက်သည်။
လုရွှမ် အလျင်စလို တက်ချင်ပေမယ့် ကန့်သတ်ချက် အောက်မှာတော့ အလျင်စလို မတက်နိုင်ခဲ့ပါဘူး။ ပတ်ပတ်လည်မှ ထွက်လာသော ဓားစွမ်းအင်များက သူ့အား လုံးဝရွေ့လျားရန် နေရာမရှိစေဘဲ ရှဲ့ဖေးဖေး ကန့်သတ်ချုပ်ချယ်မှုထဲသို့ ဝင်သွားသည်အား စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
ကောင်းကင်ယံရှိ တိမ်ပြေးငှက်ကလည်း ဤမြင်ကွင်းကို မကြည့်ရက်သလို ငိုကြွေးမြည်တမ်းနေတော့သည်။ ဝုန်းကနဲ မြည်သံနှင့်အတူ ရှဲ့ဖေးဖေး နောက်ဆုံးတွင် ကန့်သတ်ချုပ်ချယ်မှုကို ခံခဲ့ရသည်။ ဦးနှောက်တွေ ဖောက်ထွက်ပြီး နေရာအနှံ့ သွေးတွေ ရွှဲရွှဲစိုသွားမယ်လို့ စိတ်ကူးထားသော်လည်း မဟုတ်သေးချေ။
အသံသည် ကောင်းကင်မှ ကျလာသော နဂါးငွေ့တန်း သို့မဟုတ် ကျောက်စိမ်းပြားမှ ရွှေပုတီးစေ့များကဲ့သို့ ပေါ့ပါးပြီး နူးညံ့သည်။
လုရွှမ် ဓားစွမ်းအင်များကို တစ်ချက်ပြီးတစ်ချက် ရှောင်တိမ်းသွားသည်။ နောက်ဆုံးတော့ တစ်ချက်မျှပင် မရှောင်နိုင်တော့ဘဲ နတ်ဝိညာဉ်စွမ်းအင်များ ပေါ်လာပြီး ဓားစွမ်းအင်ကို ပိတ်ဆို့လိုက်သည်။ ကောင်းကင်ကြီးကို ငေးကြည့်ရင်း စိတ်လှုပ်ရှားနေသလို ခံစားလာရ၏။ ရှဲ့ဖေးဖေး မသေသေးချေ။
"အဲဒါကို ငါသိလာသလိုပဲ"
ရွှေကျီးကန်းရဲ့ အသံက အံ့ဩခြင်းတွေ ပြည့်နှက်နေသည်။ လုရွှမ်ဟာလည်း သူ့ခန္ဓာကိုယ်မှာ ဒီလိုအရာတွေ ရှိနေတာကို သူ သတိမထားမိလိုက်ဘူး။
သူ့ခန္ဓာကိုယ်က အလင်းတန်းတွေ တောက်ပနေပြီး ကန့်သတ်ချုပ်ချယ်ထဲကို ပျံသန်းနေတာကို တွေ့လိုက်ရသည်။ ပြီးတော့ ကလစ်တစ်ချက် နှိပ်လိုက်သလ်ို ကန့်သတ်ချက်က ကွဲအက်သွား၏။
လွင့်ကျလာတဲ့ ရှဲ့ဖေးဖေးကို လုရွှမ် အမြန်ဖမ်းထားလိုက်သည်။ ကန့်သတ်ချက် စွမ်းအင်များက အစိတ်စိတ် အမွှာမွှာအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် မိုးရေအဖြစ်သို့ ပြောင်းလဲသွားသည်။
နွေးထွေးသော ခံစားမှုသည် တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။ ယွမ်စွမ်းအင် တက်ကြွမှုအပြည့်ဖြင့် ခန္ဓာကိုယ်ပေါ်တွင် အလင်းတန်းများ တောက်နေကာ စွမ်းအင်အပြည့်ဖြင့် တဟုန်ထိုး တိုးလာသည်။
ရှဲ့ဖေးဖေး လုရွှမ်ကို ထိတ်လန့်စွာ ကြည့်နေသော်လည်း လုရွှမ်က သူမအား မသေသေးကြောင်း သေချာ သိစေရန်အတွက် အနည်းငယ် ခေါင်းညိတ်ပြနေသည်ကို တွေ့လိုက်ရသည်။
ဤအရာသည် သန့်ရှင်းသော အပျက်အစီးနယ်မြေ အတွင်း အချိန်နှင့် အာကာသကို နောက်ပြန်ဆုတ်သွားသည်ကို မြင်လိုက်ရသောအခါက ၎င်းစွမ်းအင်သည် သူ့ကိုယ်တွင်းသို့ အလိုအလျောက် ဝင်ရောက်သွားတာ ဖြစ်ကြောင်း လုရွှမ် သဘောပေါက်ထားသည်။
နားမလည်နိုင်သော ကန့်သတ်ချုပ်ချယ်မှုကို ဖြစ်စေခဲ့သော သူကြောင့်မဟုတ်ဘဲ ထိုအလင်းကြောင့် ဆိုတာ ထင်ရှားပါသည်။ မည်မျှ မှော်ဆန်သည်ကို သူ မသိသော်လည်း ဤအလင်းရောင်သည် အလွန်ရှည်လျားသော သမိုင်းကြောင်း ရှိသင့်သည်ဟု ခန့်မှန်းမိပါသည်။
၎င်းဟာ ဟိုးအရင်ကတည်းက တစ်ကမ္ဘာလုံး မပြန့်ပွားသေးတာ ဖြစ်နိုင်၏။
လက်ရှိ သူ၏နယ်ပယ် ကန့်သတ်ချက်များနှင့် ရောနှောကာ စွမ်းအင်နှစ်ခုက ပေါင်းစပ်ကာ သန့်စင်သော စွမ်းအင်စီးကြောင်းများ အဖြစ် ပြောင်းလဲသွားသည်။ အများကြီး မဟုတ်ပေမယ့် လုရွှမ်အတွက် ဒီစွမ်းအင်ရဲ့ သန့်စင်မှုက ယွမ်ယန်စွမ်းအင်ထက် မနိမ့်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ခံစားရပါသည်။
၎င်းသည် အနန္တတန်ခိုးရှင် ကောင်းကင်နှင့်မြေကြီး၏ မူလတန်ခိုးနှင့် တူပေသည်။ ရှဲ့ဖေးဖေးလည့း မျက်လုံးများကို မှိတ်ထားပြီး အလိုအလျောက် လေ့ကျင့်နေတော့သည်။ ဤစွမ်းအင်ဖြင့် သူမ၏ အနာဂတ် ကျင့်ကြံမှု အလားအလာက အားကောင်းလာတော့မည်။
စွမ်းအင်ကို ယွမ်ယန်စွမ်းအင်ဖြင့် ခန္ဓာကိုယ်ထဲကို စုပ်ယူလိုက်သော လုရွှမ်ဟာလည်း ဆင်းရဲဒုက္ခအပြီးမှာ သူ့ရဲ့ ကျင့်ကြံမှုက လုံးဝ တည်ငြိမ်သွားတယ်လို့ ရုတ်တရက် ခံစားလိုက်ရ၏။
ယခုအချိန်တွင် လုရွှမ်၏ ဦးခေါင်းအထက် ပိုင်ဟွေ့နတ်မီးလုံးသည် လိမ္မော်ရောင် ဖျော့ဖျော့အဖြစ် စတင်ကာ တဖြည်းဖြည်း တောက်ပလာပြီး လိမ္မော်ရောင် သလင်းကျောက်အဖြစ် ပြောင်းလဲသွားသည်။
နတ်မီးလုံးက အလင်းစီးကြောင်းများ လင်းလက်ပြီး နှလုံးသားကို တုန်လှုပ်စေသော ခံစားချက်များ ပြည့်နှက်နေသည်။ ခမ်းနားသော ရောင်ဝါသည် လူတို့၏နှလုံးသားကို တုန်လှုပ်သွားစေပါသည်။
သခင်လေးရှောင်းရောင်နဲ့ ရှဲ့ကျားစုန့်တို့သည် လုရွှမ်၏ ဦးခေါင်းထက်ရှိ မှော်မီးခွက်ကို စိုက်ကြည့်ရင်း သူတို့မျက်နှာပေါ်တွင် ထိတ်လန့်တကြား အရိပ်အယောင်များ ပေါ်လာပြီး တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်နေကြတော့သည်။
သူတို့ ဦးခေါင်းထက်မှာ နတ်မီးလုံး ရှိတယ်ဆိုတာ သူတို့ တစ်ခါမှ မကြားဖူးဘူး။ နောက်ဆုံးတော့ ပထမဆုံး နတ်မီးလုံးက နဖူးမှာ မဟုတ်ပါလား။
ယေဘူယျအားဖြင့် နတ်မီးနယ်ပယ်က လူတို့သည် ၎င်းတို့၏ ကျင့်စဉ်အဆင့်သို့ ရောက်သောအခါတွင် အခြေခံအားဖြင့် နတ်မီး ၅လုံးကို ထွန်းညှိပေးသည်။ ထိုနတ်မီးလုံးငါးလုံးကို အခြေခံမှော်မီးခွက်ဟုလည်း ခေါ်ကြပြီး မျှော်စင်နယ်ပယ်သို့ တက်လိုပါက ထိုမီးလုံးငါးလုံးကို ထွန်းညှိထားရပါမည်။
အခြေခံ နတ်မီး ငါးခုသည် မျက်ခုံးကြားရှိ နတ်မျှော်စင်မီးလုံး၊ ဘယ်ဘက်ပခုံးရှိ အတိတ်ဖုန်မှုန့်နတ်မီးလုံး၊ ညာဘက်ပခုံးရှိ အနာဂတ်ဘဝနတ်မီးလုံး၊ နောက်ကျောက တဟွေ့ အမှတ်ရှိ နတ်ဖြစ်ခြင်းမီးလုံးနှင့် လည်ပင်းအောက်ရှိ ကျင့်ကြံခြင်းအမြုတေ လှည့်ပတ်ရာ နေရာက လှည့်ပတ်ခြင်းနတ်မီးလုံးတို့ ဖြစ်သည်။
အမျိုးမျိုးသော နတ်မီးများကို ပြုစုပျိုးထောင်ခဲ့သော ပါရမီရှင်များစွာလည်း ရှိပေမယ့် ၎င်းတို့နှစ်ဦးသည် ဦးခေါင်းထက်က ပိုင်ဟွေ့နတ်မီးလုံးကိုတော့ တစ်ခါမှ မမြင်ဖူးကြပေ။