← Chapters

သခင်လေးချန်ရှီး

Vol. 111 Ch. 4.1176

သခင်လေးချန်ရှီး

Vol. 111 Ch. 4.1176

မနေ့ညက တောင်တံခါး တစ်ခုလုံးရဲ့ရှေ့မှာ မငြိမ်မသက် ဖြစ်နေတဲ့ အငွေ့အသက်တွေ ရှိနေခဲ့သည်။ လုရွှမ် တကယ်တော့ မအိပ်နေပေ။ သူ့ပတ်ဝန်းကျင်ရှိ လူများအားလုံး စိတ်မငြိမ်မသက် ဖြစ်လာပြီး တစ်ယောက်ကို တစ်ယောက် ရန်ငြိုးဖွဲ့ကာ ကြည့်နေကြသည်။ လုရွှမ် မတ်တပ်ထရပ်ပြီး သူ့နောက်ကျောကို လက်နှစ်ဖက်ပစ့လျက် လှည့်ပတ်ကြည့်ရင်း သူ့ခန္ဓာကိုယ်ထဲက ဖိအားအနည်းငယ် ထွက်လာသည့။

"အစ်ကိုလုရွှမ် ဒီလူတွေ ညီမတို့ကို တိုက်ခိုက်​ကြ​တော့မှာလား"

ရှဲ့ဖေးဖေးလည်း သူ့အနားမှာ လာရပ်ပြီး စိတ်လှုပ်ရှားမှုကို ခံစားရင်း တိုးတိုးလေး မေးလိုက်သည်။ သူမတို့ အခုရပ်နေတဲ့ အစွန်အဖျား​နေရာမှာ သူတို့လို ကျင့်ကြံမှု အဆင့်ရှိတဲ့ လူတွေကို မမြင်နိုင်တော့ဘဲ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက အကုန်လုံး မောင်းထုတ်ခံခဲ့ရတာ ဖြစ်သည်။

တောင်တံခါးရှေ့က လူနှစ်ယောက်ရဲ့ နယ်ပယ်က မှောင်မိုက်တဲ့ညမှာ လင်းထိန်နေတဲ့ မီးရောင်တွေလို အလွန်ထင်ရှားပါ၏။ တချို့လူတွေက လူနှစ်ယောက်ကို ဒေါသကြီးသော မျက်လုံးများဖြင့် ပြည့်နေသည်။

တောင်တံခါးရှေ့က ပွင့်လင်းသော နေရာသည် ကျယ်ဝန်းပြီး လူထောင်ပေါင်းများစွာကို ထားရှိနိုင်သည်။ နောက်ဆုံးမှာ ရွေးချယ်မှုတစ်ခု တကယ်ဖြစ်လာရင် လူနှစ်ယောက်ရဲ့ နယ်ပယ်က သိသာလွန်းပြီး တိုက်ခိုက်ဖို့ အလွယ်တကူ ရွေးချယ်ခံရလိမ့်မည်။

ဒြပ်စင်ငါးပါးမဟာဂိုဏ်းသို့ ဝင်ရောက်နိုင်လျှင် ဘဝလမ်းကြောင်း တစ်ခုလုံး ပြောင်းလဲသွားမည် ဖြစ်သည်။ ငွေကြေးမည်မျှ သို့မဟုတ် အင်အားမည်မျှပင် ရှိစေကာမူ ထိုခွဲတမ်းထက် တိုက်ပွဲစတင်ရန်မှာ လုံးဝ ပုံမှန်ပဲ ဖြစ်သည်။

"အစ်ကိုလုရွှမ် သူတို့က လူတစ်ယောက်ကို စောင့်နေပုံပဲ"

လုရွှမ် ခေါင်းညိတ်ပြပြီး ဒီလူတွေက တစ်စုံတစ်ယောက်ကို စောင့်နေတာ အမှန်ပဲ ဆိုတာ သိပါ၏။

"လာပြီ လာပြီ"

ရုတ်တရက် တစ်စုံတစ်ယောက်က လှမ်းအော်သည်။

ထိုအခိုက် အရောင် ခုနစ်ရောင်ဖြင့် ငှက်ကလေးတစ်ကောင် လှည်းတစ်စီးကို ဆွဲတင်ကာ ပျံသန်းလာနေတာ မြင်လိုက်ရပြီး လှည်းပေါ်ရှိ မီးပုံးများက တိတ်ဆိတ်သော အလင်းရောင်ဖြင့် လင်းလက်နေသည်။ အောက်မှနေ၍ လှည်းပေါ်တွင် ထိုင်နေသော မိန်းမနှစ်ယောက်နဲ့ ယောက်ျားတစ်ယောက်ကို ရှင်းရှင်းလင်းလင်း မြင်ရသည်။

ငှက်လှည်းက ပျံဆင်းလာသောအခါ သူတို့ သုံးယောက်လည်း အတူတူ ဆင်းသက်လာကြသည်။ အမျိုးသမီးများသည် လေထဲ၌ ပျံဝဲနေသော သခင်​လေးကို မျက်နှာချင်းဆိုင်နိုင်အောင် တစ်ယောက်ပြီး တစ်ယောက် ပျံတက်လာ၏။

“မင်္ဂလာပါ သခင်လေးချန်ရှီး..."

ချောမောသော သခင်လေးက ပေါ့ပေါ့ပါးပါး တခစ်ခစ်ရယ်ကာ သူ့လက်များကို ဆုပ်ထားလိုက်သည်။

"နတ်သမီးတို့ မြန်မြန်ထကြပါ..."

သူ့ဘေးနားက မိန်းကလေးနှစ်ယောက်က ထိုအမျိုးသမီးတွေကို အထင်အမြင်သေးစွာ စိုက်ကြည့်ပြီးနောက် ကျောက်စိမ်းအိတ် ဖြစ်တဲ့ သခင်လေးချန်ရှီးရဲ့ ခန္ဓာကိုယ်မှာ တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားလိုက်ကြသည်။

သခင်လေးချန်ရှီးက တိုးတိုးလေး ရယ်ပြီး သူ့ဘေးနားက အမျိုးသမီးနှစ်ယောက်ကို တစ်စုံတစ်ခု ပြောလိုက်သည်။ မိန်းကလေး နှစ်ယောက်က ချိုမြိန်တဲ့အသံ​လေးများ ထွက်လာပြီး သူတို့မျက်နှာမှာ ပျော်ရွှင်သွားတဲ့ အရိပ်အမြွက်တွေ ပေါ်လာပြန်၏။

"ဒါက ဒြပ်စင်ငါးပါးမဟာဂိုဏ်းရဲ့ ဒဏ္ဍာရီထဲက သခင်လေးချန်ရှီးပဲ... သူ့မှာ ထူးကဲတဲ့ အရည်အချင်းတွေနဲ့ အစွမ်းထက်တဲ့ ကျင့်ကြံမှု ရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်... အခု သူက မျှော်စင်နယ်ပယ်ရဲ့ ပဉ္စမအဆင့်ကို ရောက်နေပြီ... သူ နတ်မီးနယ်ပယ်မှာ ရှိနေတုန်းက ကြားခဲ့ရတာ သူက နယ်ပယ်ကြီးတစ်ခုကို ဖြတ်ကျော်ပြီး မျှော်စင်နယ်ပယ်က သခင်ကိုတောင် သတ်နိုင်တယ်တဲ့..."

"ဟုတ်တယ်... သူက ကောင်းကင်ဘုံအထိ မာနကြီးသူတစ်ယောက်ပဲ ပြီးတော့ ပိုအံသြစရာ ကောင်းတာက သခင်လေးချန်ရှီးက သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံကြောင့် မိန်းကလေးတွေ အားလုံးနဲ့ လိင်ဆက်ဆံခဲ့တာလို့ ပြောလို့ရတယ်.... မိန်းကလေးတွေကလည်း နတ်သမီးလေးလို အသက်ရှင်ရတာလေ..."

"ဟင့် အဲ​ဒီနတ်သမီးတွေကို ကြည့်လိုက်ဦး... သူတို့က ငါတို့ကိုကျ သိပ်ဂရုမစိုက်ဘူး ဒါပေမဲ့ အခု ပြုံးပြီး တစ်ဖက်လူနဲ့ကျ စကား​တွေ ပြောနေကြတယ်... ဟေး ဟိုလူတွေကတော့ အရမ်းစိတ်ဆိုးနေကြပြီ!"

"ဟိုသခင်လေးနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ... ဒြပ်စင်ငါးပါး မဟာဂိုဏ်းက မီးထွက်တောင်ထွတ်ရဲ့ သခင်ငယ်လေး အနေနဲ့ သူ့မှာ မိန်းကလေး သုံးယောက်ကို တိုက်ရိုက် ခေါ်ယူဖို့ ခွဲတမ်းရှိတယ်... တခြားသူတွေက ရွေးချယ်ခံရရင် ငါတို့နဲ့ အတူနေဖို့ ဘယ်လိုလုပ် လိုအပ်တော့မှာလဲ... ငါတို့ကဒီမှာ ရွေးချယ်မှုကို စောင့်နေတာ မင်း ဘယ်လောက်ပဲ အရည်အချင်း ရှိပါစေ ဒြပ်စင်ငါးပါး မဟာဂိုဏ်းထဲကို တိုက်ရိုက် ခေါ်သွင်းခံရတဲ့ မိန်းကလေးတွေလောက် ကံကောင်းမှာလား?"

လူတော်တော်များများက သူတို့ရဲ့ နှလုံးသားထဲက စိတ်ကူးယဉ်မှုတွေအကြောင်း စကားတစ်ခွန်းပြီး တစ်ခွန်း ပြောလာကြသည်။

"အစ်ကိုကြီးလုရွှမ် ဟိုမိန်းကလေးကို ကြည့်ပါဦး"

ထိုအချိန်တွင် သူတို့အား အမြင့်ကနေ ကြည့်နေခဲ့သော မိန်းကလေးမှာ မောက်မာမှု လုံးဝ မရှိတော့ဘဲ ရင်ဘတ်ကို မြင့်မြင့်ထားကာ မက်မွန်ပွင့်ကဲ့သို့ သူမမျက်လုံးများက ချန်ရှီးကို အနီးကပ် စိုက်ကြည့်နေသည်။

လုရွှမ် ပြုံးပြီး "လူတိုင်းမှာ ရည်မှန်းချက်တွေ ကိုယ်စီရှိကြတယ်... တခြားသူတွေက ကိုယ့်ထက် ပိုသန်မာကြတယ် နောက်ပြီး မင်းရဲ့ အရည်အချင်းတွေနဲ့ မဟာဂိုဏ်းထဲကို ဝင်နိုင်ရင် ကိုယ့်ကိုကိုယ် အဲဒီလို နှိမ့်ချစရာ မလိုဘူး"

သခင်လေးချန်ရှီးက သူ၏ သိမ်ဖျင်းသော မျက်လုံးများဖြင့် သူ့ရှေ့က မိန်းကလေးကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ သို့သော် သူလုပ်လိုက်သည့် အရာမှာ မိန်းကလေးများကို စိတ်ပျက်စေခဲ့သည်။

ကံကောင်းထောက်မစွာပင် လူအုပ်ကြီး အထက်တွင် မျောလွင့်နေသည့် အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်လည်း ရှိနေသဖြင့် မိန်းကလေးများက ထိုအမျိုးသမီးကို ပို၍ မျှော်ကိုးကာ ကြည့်နေကြသည်။ ယခုမူကြမ်း၏ ရွေးချယ်မှုသည် ထိုလွင့်မျောနေသည့် အမျိုးသမီးလက်ထဲတွင် ရှိနေသည်မှာ ထင်ရှားပေ၏။

"နုန့်ယွိပါ!" ထိုအမျိုးသမီးက ဆိုသည်။

“အစ်မနုန့်ယွိကို ဂါဝရပြုပါတယ်"

မိန်းကလေးများကလည်း တစ်ပြိုက်နက်တည်း ဒူးညွတ်ဂါဝရပြုကာ အသံတွေက ညီညာကြသည်။ နုန့်ယွိက မအံ့သြသလို တိုးတိုးလေး ပြုံးလိုက်သည်။

“ကျွန်မရဲ့ သခင်လေးက တပည့်လောင်းတွေကို ရွေးထားပြီးသားပါ... ဒီတစ်ကြိမ်မှာတော့ မိန်းကလေး၃ယောက် အပြင် ယောက်ျားလေး ၃ယောက်ကိုလည်း ခေါ်ယူသွားမှာ ဖြစ်ပါတယ်"

သူမ စကားမဆုံးခင်မှာ အောက်ခြေက ယောက်ျားလေးတွေ လုံးဝကို စိတ်လှုပ်ရှားလာကြသည်။

ဤအခိုက်အတန့်တွင် ထိုလူများသည် သခင်​​လေးချန်ရှီးအပေါ် ၎င်းတို့၏ ယခင်က နာကြည်းမှုနှင့် မနာလိုမှုများက အစိတ်စိတ် အမြွှာမြွှာ ကွဲကြေကာ ကျေးဇူးတင်ခြင်း အမျိုးမျိုးကို ကျယ်ကျယ်လောင်လောင် ကြွေးကြော်ကြရာ အသံများက ကျယ်လောင်လာကာ ဖရိုဖရဲ ဖြစ်လာကြသည်။

တိုးတိုးလေး ညည်းသံက လူတွေရဲ့ နားထဲကို စိမ့်ဝင်သွားသလိုပဲ ဖရိုဖရဲ အသံက ရုတ်ချည်း ရပ်သွားသည်။

"ကဲ ရွေးရမှာပေါ့"

လူတိုင်း အသက်ရှုသွားပြီး သေသေချာချာ စိုက်ကြည့်​နေကြသည်။ မိန်းကလေးတို့သည် မပြနိုင်လောက်အောင် ကြောက်လန့်၍ တရွေ့ရွေ့ တုန်လှုပ်ကုန်၏။ နုန့်ယွိ နှုတ်ခမ်းထောင့်တွင် ရွံ့ရှာဖွယ် အရိပ်အမြွက်မျိုး ထွက်ပေါ်လာပြီး လူအုပ်ကြားတွင် သူမ မေးစေ့ကို မြင့်တင်လိုက်သည်။

"မင်း!"

"အား...."

မိန်းကလေးတစ်ယောက်က အနီရောင်တောက်တောက် မျက်နှာကို ကိုင်ပြီး အော်လိုက်သည်။

“ကျေးဇူးပါပဲ မမ”

သူမက စိတ်လှုပ်ရှားစွာ အော်ဟစ်ကာ သခင်လေးချန်ရှီးဆီ အမြန်ပြေးသွားခဲ့သည်။

"နင်က ဘယ်သွားမလို့လဲ"

မိန်းကလေးက အံ့အားသင့်သွားပြီး။

“မမ ညီမကို မရွေးဘူးလား”

"ဟမ့် မင်းက ငါ့ရဲ့ ရွေးချယ်ခံရသူပဲ ဆိုတာ ဟုတ်တယ်... မင်း ငါ့နောက်မှာ ရပ်နေ... သခင်လေးက မင်းကို မကြာခင်မှာ သဘာဝအတိုင်း ပြန်ရွေးလိမ့်မယ်"

မိန်းကလေးရဲ့ မျက်နှာမှာ ဝမ်းနည်းသွားတဲ့ အရိပ်အမြွက် ပေါ်လာပေမယ့် သူမ ဘာမှ မပြောဝံ့ဘဲ နုန့်ယွိရဲ့ နောက်မှာ အမြန် ရပ်လိုက်သည်။

"မင်း!"

ယခင်အတွေ့အကြုံအရ ရွေးချယ်ထားသော ဒုတိယမြောက် မိန်းကလေးကလည်း ယခင်မိန်းကလေး၏ နံဘေးတွင် နာခံမှုဖြင့် ရပ်နေခဲ့သည်။ ယောက်ျားလေးတစ်ယောက်က မယုံနိုင်ဘဲ မနေနိုင်စွာ ပြုံးလျက် မိန်းကလေး နှစ်ဦးဘေးသို့ ပြေးသွားခဲ့သည်။

ထင်ကြေးပေးမှုတွေနဲ့ ပတ်သက်ပြီး တွေးတောနေသူတွေ အများကြီးရှိပေမယ့် သူတို့ ရပ်နေခဲ့တဲ့ နေရာမှာပဲ ဆက်ရပ်တည်နေကြသူတွေလည်း ရှိပါ၏။

လုရွှမ်နှင့် ရှဲ့ဖေးဖေးတို့သည် မြေပြင်ပေါ်တွင် အေးဆေးတည်ငြိမ်စွာ အသားကင် စားနေကြပြီးနောက် အနီးနားရှိ အသံတစ်ခု ကြားလိုက်ရသည်။

"မင်းတို့နှစ်ယောက်... ဒါနောက်ဆုံးနှစ်ယောက်ပဲ"

အနီးနားရှိ လူတိုင်း၏ မျက်လုံးများသည် လုရွှမ်နဲ့ ရှဲ့ဖေးဖေးတို့က နောက်ဆုံးနေရာများ ပျောက်ကွယ်သွားသည်ကို ကြားလိုက်ရသည်နှင့် သူတို့၏ မျက်လုံးများသည် လူသတ်မှုလိုစိတ်နှင့် ဒေါသများ ပြည့်နှက်လာခဲ့သည်။

"ငါ လက်မခံဘူး!"

မိန်းကလေး တစ်ယောက်ရဲ့ အသံက ရုတ်တရက် ပြင်းထန်စွာ ထွက်ပေါ်လာသည်။

All Chapters