← Chapters

ကျေးဇူးတင်စွာ ငြင်းခြင်း

Vol. 111 Ch. 4.1177

ကျေးဇူးတင်စွာ ငြင်းခြင်း

Vol. 111 Ch. 4.1177

ထိုအမျိုးသမီး၏ အသံသည် တိုးတိုးတိတ်တိတ်ဖြင့် နောင်တနှင့် မနာလိုမှုအပြည့်ရှိသည်။ လူတစ်ဦး၏ အသံတွင် စိတ်ခံစားမှုများစွာ ပါဝင်နိုင်သည်မှာ အမှန်တကယ်ပင် ဖြစ်ပေ၏။ လုရွှမ်နဲ့ ရှဲ့ဖေးဖေးလည်း သူမက သူတို့ကို ဒုက္ခပေးခဲ့တဲ့ အမျိုးသမီးပဲဆိုတာ သိဖို့ အသံကို နားထောင်ဖို့ မလိုအပ်ပါဘူး။

နုန့်ယွိက ထိုမိန်းကလေးကို စိုက်ကြည့်ကာ တိကျသော အသံဖြင့် မေးလိုက်သည်။

"နင်ဘာပြောလိုက်တယ်?"

ထိုမိန်းကလေးလည်း နုန့်ယွိ၏ ပြင်းထန်သော ရောင်ဝါကြောင့် ထိတ်လန့်သွားခဲ့ရသည်။ ယခင်က သူမက ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့ပေ။ သို့သော် ယခုအခိုက်တွင် နုန့်ယွိ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များ ထွက်ပေါ်လာသောအခါ ၎င်းသည် မျှော်စင်နယ်ပယ် ပထမအဆင့်၏ ခွန်အား ဖြစ်​လေသည်။

သူမနယ်ပယ်က မမြင့်မားသော်လည်း သူမ၏ ရောင်ဝါသည် သာမန်ပထမအဆင့် မျှော်စင်နယ်ပယ်ထက် အနည်းဆုံး 30% ပိုပြင်းထန်​ပေသည်။

ထိုမိန်းကလေးသည် မျှော်စင်နယ်ပယ် ပထမအဆင့်တွင် ရှိသော်လည်း အချင်းချင်း နှိုင်းယှဥ်ကြည့်သော အခါတွင် သူမက ငှက်တစ်ကောင် ဖြစ်ကာ တစ်ဖက်က ဖီးနစ်တစ်ကောင်ကဲ့သို့ ဖြစ်​လေသည်။

"ငါ့ရဲ့ရွေးချယ်မှုကို မင်းကန့်ကွက်စရာရှိလား"

နုန့်ယွိ ထပ်ပြောလိုက်သည်။ သူ့အသံက မမြင့်သော်လည်း ထူးထူးခြားခြား ရောင်ဝါမျိုး ပါရှိသည်။

လုရွှမ် နတ်မျက်လုံးများ ပွင့်လာသော် နုန့်ယွိ၏ နောက်ဆုံးစကားလုံးသည် အမှန်တကယ်ပင် စွမ်းအင် အနှစ်သာရ ဖြစ်သွားကာ တောင်ကုန်းတစ်ခု အဖြစ်သို့ ပြောင်းလဲ၍ တစ်ဖက်က မိန်းကလေးအပေါ် ဖိချလိုက်တာကို သူ မြင်လိုက်ရသည်။

ဤအရာသည် အထူးကောင်းမွန်သော ကျွမ်းကျင်မှု ဖြစ်သင့်သည်။ ဒြပ်စင်ငါးပါးမဟာဂိုဏ်း သင်ကြားမှုကောင်း တစ်ခုလည်း ဖြစ်နိုင်လောက်၏။ နုန့်ယွိ၏ အကျပ်ကိုင်မှုကို အခြားသူများက မမြင်နိုင်သော်လည်း မိန်းကလေးက ခေါင်းကို လက်နှစ်ဖက်ဖြင့် ကာကွယ်ကာ ရုန်းကန်နေရသည်။

"အစ်မနုန့်ယွိ... ယွဲ့လင် အစ်မရဲ့စကားတွေကို ကန့်ကွက်စရာ မရှိပါဘူး... ယွဲ့လင် မဝံ့ရဲပါဘူး"

"ဟမ့်!"

လေထဲမှာ ပျံ့လွင့်နေတဲ့ ဝိညာဉ်စွမ်းအင် အစီအရင် တစ်ခုအဖြစ် ပြောင်းလဲသွားပါသည်။

"အယောက်နှစ်ဆယ်... ငါ့နောက်လိုက်ခဲ့!"

"ခဏနေဦး!!"

နုန့်ယွိက စိတ်ထားကောင်းသူ ဖြစ်သည်မှာ သိသာထင်ရှားသည်။ မဟုတ်ပါက သခင်လေးချန်ရှီးက သူမကို ချစ်မည်မဟုတ်ပေ။ သို့သော် တစ်ချိန်တည်းတွင် နုန့်ယွိသည် သူတို့လိုလူများအပေါ် သဘောထားကောင်း မရှိခဲ့ပေ။

"ဟမ် တစ်ယောက်ယောက်က ငါ့အပေါ် အထင်သေးနေပုံရတယ်!"

နုန့်ယွိ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး လူတိုင်းကို စိုက်ကြည့်လိုက်သည်။

"ခုနကပြောခဲ့တဲ့သူက ဘယ်သူလဲ"

လူတိုင်း၏ မျက်လုံးများသည် လုရွှမ်နဲ့ ရှဲ့ဖေးဖေးကို ထပ်မံ စိုက်ကြည့်ကြသည်။ လုရွှမ် ဘေးကို ငဲ့ကြည့်လိုက်တော့ ရှဲ့ဖေးဖေးက သခင်လေးချန်ရှီးရဲ့ လှည်းကို ညွှန်ပြရင်း ရှက်ပြီး ခေါင်းကို အကြိမ်ကြိမ် ခါလိုက်သည်။

"အဲဒါ ငါပဲ!"

လုရွှမ် ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။ အားလုံးက လုရွှမ်ကို တစ်ပြိုင်တည်း ကြည့်လာသည်။ အားလုံးက နုန့်ယွိကို မော့ကြည့်နေရကာ သိသာထင်ရှားပေမယ့် သူတို့ရဲ့ မျက်လုံးထဲမှာတော့ လုံးဝကို မော့ကြည့်ရတဲ့ ခံစားချက်မျိုး မရှိပါဘူး။

"မင်းကိုး... ငါ့ရွေးချယ်မှုကို ဘာလို့ကန့်ကွက်တာလဲ"

နုန့်ယွိက ဒေါသ အရိပ်အယောင်ကို ထိန်းကာ စူးရှသောလေသံဖြင့် အော်လိုက်သည်။ လူနှစ်ယောက်က သူမကို ဆန့်ကျင်ပြီး သတ္တိရှိရှိ ပြောရဲတာ စိတ်ဝင်စားစရာပင်။

လုရွှမ်က သူ့လက်သီးလက်ဝါးကို ဘာမသိဘာသာ ဆုပ်လိုက်ပြီး။

"ကြင်နာမှုအတွက် နတ်သမီးနုန့်ယွိကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ငါတို့ မောင်နှမတွေကို မေ့ထားလိုက်ပါ!"

နုန့်ယွိ လန့်သွားပြီး လူတိုင်းကလည်း ဘီလူးနှစ်ကောင်ကို ကြည့်နေသလိုမျိုး လူနှစ်ယောက်ကို မယုံကြည်နိုင်စွာ ကြည့်နေလိုက်၏။ အရွေးခံရဖို့ မျှော်လင့်နေသူတွေ မပြောနဲ့ မြေပြင်ပေါ်ထိုင်နေတဲ့ လူ​တွေတောင်မှ သူတို့နှစ်ယောက်ကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။

သခင်လေးချန်ရှီးက မီးထွက်တောင်ထွတ်ရဲ့ ငယ်ရွယ်သော အထွတ်အထိပ် သခင်ဖြစ်ပြီး အနာဂတ်တွင် သူ မသေဆုံးသေးသရွေ့ ပြီးပြည့်စုံသော အထွတ်အထိပ်သခင် ဖြစ်လာမည်။ ဒြပ်စင်ငါးပါးမဟာဂိုဏ်း၏ ဂိုဏ်းချုပ် နေရာ အတွက် ယှဉ်ပြိုင်ရမည့် အသာစီး အရဆုံးပုဂ္ဂိုလ်ပင် ဖြစ်သည်။

အကယ်၍ သင်သည် ထိုလူ့အမိန့်ကို လိုက်နာပါက အနာဂတ် ဂုဏ်သိက္ခာ၊ အဆင့်အတန်း သို့မဟုတ် အရင်းအမြစ်များသည် အခြားတပည့်များထက် အဆမတန် သာလွန်နေပေလိမ့်မည်။

ဒီလူက တကယ်ငြင်းတယ်!

သူ့ညီမသည် သခင်လေးချန်ရှီးရဲ့ ကိုယ်လုပ်တော် ဖြစ်လာနိုင်သည့်အတွက် ၎င်းသည် ပို၍ပင် ဂုဏ်ယူစရာ ကောင်းလှသည်။ နုန့်ယွိလည်း အနည်းငယ် ထိတ်လန့်သွားပြီး မျက်နှာပူလာကာ။

"နင်ဘာတွေပြောနေတာလဲ ငြင်းလိုက်တာနဲ့ ဘာကို စွန့်လွှတ်လိုက်ရလဲ သိရဲ့လား"

"ငါသိတယ် ဒါပေမဲ့ ငါတို့ကိုယ်တိုင်ပဲ ဒီလမ်းကိုသွားမှာပါ!"

လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့သည်။ ထို့နောက် တိတ်ဆိတ်မှုတွင် ကျယ်လောင်သော ရယ်မောသံ ထွက်ပေါ်လာပြီး အလင်းရောင်နှင့် အရိပ်တစ်ခု ထွန်းတောက်လာကာ သခင်လေးချန်ရှီးက နုန့်ယွိ ဘေးတွင် ပေါ်လာသည်။

သူက လက်ခုပ်တီးပြီး "စိတ်ဝင်စားဖို့ကောင်းတယ်... အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်"

"ဆယ်နှစ်တိုင်း အစောင့်အရှောက် နတ်သမီးတစ်စုကို ငါလက်ခံပါတယ် ဒါပေမဲ့ မင်းက အရင်ငြင်းတုန်းပဲ အရမ်းကောင်းတယ် အရမ်းကောင်းတယ်"

သခင်လေးချန်ရှီးက ပြုံးပြီး မေးသည်။

"ဒီကမောင်နှမတွေကို ဘယ်လိုခေါ်ရမလဲ"

သူ့လေသံက အနည်းငယ် ပြုံးပြီး ကြင်နာတတ်သလို ဒေါသ အရိပ်အယောင်မရှိပေ။

"လုရွှမ်... ရှဲ့ဖေးဖေး"

"မောင်နှမတွေ မဟုတ်ဘူးလား"

"ငါတို့က မောင်နှမတွေ မဟုတ်ဘူးဆိုရင် ဘာလို့ တစ်ယောက်နဲ့တစ်ယောက် ဒီလောက် ရင်းနှီး​နေမှာလဲ"

"ကောင်းပြီ!" သခင်လေးချန်ရှီးက ပြုံးပြီး လေသံပြောင်းသွားသည်။

"ဒါပေမဲ့ ဒီလောက်နိမ့်ကျတဲ့ နယ်ပယ်နဲ့ ငါတို့ဒြပ်စင်ငါးပါး မဟာဂိုဏ်းထဲကို ဝင်နိုင်တယ်ဆိုတာ သေချာရဲ့လား ငါတို့ရဲ့ဂိုဏ်းက အမှိုက်ကို လက်မခံဘူးဆိုတာ မင်းသိရမယ်."

လုရွှမ် သခင်လေးချန်ရှီးကို တည့်တည့် စိုက်ကြည့်လိုက်သည်။

"ပါရမီရှင်လို့ မခေါ်ရဲပေမယ့် ကံကောင်းထောက်မစွာနဲ့ ငတုံးတော့ မဟုတ်ဘူး!"

"ဟား ဟား ဟား!"

သခင်လေးချန်ရှီးက ရယ်မောပြီး လုရွှမ်ကို လက်ညှိုးထိုးလိုက်သည်။

"မင်းက စိတ်ဝင်စားစရာ ကောင်းတဲ့လူပဲ မင်း ငါ့ကို မကြောက်ဘူး.... တခြားသူတွေအားလုံး ငါ့ကို ကြောက်​​ကြတယ် ဘာလို့ ငါ့ကို မကြောက်တာလဲ"

လုရွှမ် ညင်ညင်သာသာ ပြုံးလိုက်ပြီး "မင်းကိုယ်မင်းရော ကြောက်စရာ ကောင်းတယ်လို့ ထင်လား?"

"ဟုတ်တယ် ငါလည်း ကိုယ့်ကိုကိုယ် အရမ်းချစ်စရာ ကောင်းတယ်လို့ ငါထင်တယ် အဲဒါက အဖြေကောင်းပဲ"

သူက ရှဲ့ဖေးဖေးကို လှည့်ကြည့်ပြီး ညင်ညင်သာသာ ခေါင်းခါလိုက်၏။

"ဟူး... သနားစရာ ကောင်းလိုက်တာ သနားစရာပဲ!"

သူ လှည့်ပြီး လှည်းဆီ ပြန်ပြေးရင်း အဝေးကနေ အသံတစ်ခု ထုတ်လွှတ်လိုက်သည်။

"ဒါဆို တခြားအတွဲကို ရွေးရအောင်"

နုန့်ယွိက တုံ့ပြန်လိုက်သည်။ သူမက လုရွှမ်နဲ့ ရှဲ့ဖေးဖေးကို မျက်လုံးပြူးပြီး ယွဲ့လင်ကို လက်ညှိုးထိုးလိုက်သည်။

"မင်းငါ့နောက် လိုက်မှာလား?"

"ကျွန်မ?"

ယွဲ့လင်မှာ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေပြီး သူမနှင့် အခြားလူတစ်ယောက် လျင်မြန်စွာ လိုက်သွားကာ အလွန်ပျော်ရွှင်သွားသည်။ ယောက်ျားမိန်းမ ဆယ်ယောက်သည် သခင်လေးချန်ရှီး နောက်သို့ လိုက်ကာ အခင်းအကျင်းထဲသို့ ဖြတ်၍ လူတိုင်း အချိန်အတော်ကြာအောင် ကြည်ညိုခဲ့သော ဒြပ်စက်ငါးပါး မဟာဂိုဏ်းသို့ ဝင်ရောက်သွားခဲ့သည်။

ရုတ်တရက် လုရွှမ်နဲ့ ရှဲ့ဖေးဖေးတို့ ပတ်၀န်းကျင်ရှိ လူများသည် တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားကာ သူတို့ကြားတွင် ကွက်လပ်ကြီး တစ်ခု ချန်ရစ်ခဲ့သည်။ သခင်လေးချန်ရှီးရဲ့ ဖိတ်ခေါ်မှုကို သူတို့က ငြင်းခဲ့သည်။ ချန်ရှီးက သူ့မျက်နှာရှေ့တွင် ပြုံးပြနေသော်လည်း နှလုံးသားထဲတွင် သူဘာတွေ တွေးနေလဲဆိုတာကို ဘယ်သူ သိပါ့မလဲ။

ဒီလိုလူတွေနဲ့ ဝေးဝေးနေလိုက်တာ ပိုကောင်းပါတယ်။

"အို... တော်တော် သန့်သွားပြီမလား"

လုရွှမ် ရုတ်တရက် တိုးတိုးလေး မေးတာကို တွေ့တော့ ရှဲ့ဖေးဖေးက ပြန်မေးလိုက်၏။

"အစ်ကိုလုရွှမ် ညီမကြောင့် ဒီမဟာဂိုဏ်းထဲကို ဝင်တာလား... ညီမအမြင်အရ အစ်ကိုလုရွှမ် သန့်ရှင်းတဲ့နယ်မြေက မိသားစုထဲကို ဝင်ရင်တောင် အဲဒီ အင်အားစုတွေက အစ်ကို့ကို လက်ခံဖို့ အရမ်းစိတ်လှုပ်ရှားနေလိမ့်မယ်"

လုရွှမ် ရှဲ့ဖေးဖေး ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"မင်းဘာပြောနေတာလဲ? မင်းအစ်ကိုလုရွှမ်က ဒြပ်စင်ငါးပါးမဟာဂိုဏ်းကို နှစ်ခြိုက်​နေခဲ့တာ ကြာပါပြီ...ငါ့ရဲ့ အရည်အချင်းနဲ့ ဆိုရင် နောက်ပိုင်း ဒြပ်စင်ငါးပါးမဟာဂိုဏ်းကို လှည့်မကြည့်ချင်တော့တာလည်း ဖြစ်လာနိုင်ပါတယ်"

ရှဲ့ဖေးဖေးက ပြုံးပြီး "ဒြပ်စင်ငါးပါး မဟာဂိုဏ်းက အစ်ကို့ကို မကြိုက်ဘူးဆိုရင် သူတို့က မျက်စိကန်းနေလို့ပဲ ဖြစ်မှာ "

နောက်တစ်နေ့ ညမှာတော့ အရင်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့်ရော၊ သခင်လေးချန်ရှီးရဲ့ တာဝန်ခံမှုကို ခံရမှာကြောက်တာကြောင့်ရော သူတို့ကို ဘယ်သူကမှ မစော်ကားဝံ့ကြပါဘူး။

နှစ်ယောက်သား မျက်လုံးများကို ငြိမ်ငြိမ်မှိတ်ထားကာ စွမ်းအင်ပြန်လည် ကျင့်ကြံရင်း အရုဏ်တက်ချိန်ကို စောင့်မျှော်နေကြသည်။ အခြားသူများအတွက်မူ အမှောင်ထဲတွင် လျှို့ဝှက်ရန်ပွဲများ ဆက်တိုက် ဖြစ်ပွား​နေခဲ့သည်။

နံနက်စောစောတွင် လုရွှမ် သူ့​မျက်လုံးများကို ဖွင့်လိုက်သော် တောင်တံခါး တစ်ခုလုံး၏ ရှေ့တွင် ထောင်နှင့်ချီ နေနိုင်သော ကွင်းပြင်ထဲ၌ လူ ၅၀၀ ကျော်သာ ကျန်တော့ပြီး ရင်းနှီးသူများစွာလည်း နည်းပါးသွားပြန်သည်။

All Chapters