← Chapters

လုံးဝ အလွဲသုံးစားလုပ်

Vol. 111 Ch. 4.1179

လုံးဝ အလွဲသုံးစားလုပ်

Vol. 111 Ch. 4.1179

ကျင့်ကြံသူ အယောက်တစ်ရာတို့သည် ဓားရှည်ကို ကိုင်လျက် စင်မြင့်ပေါ်က လူအစုအဝေးကို စိတ်လှုပ်ရှားမှုနှင့် စပ်စု​နေကြသည်။

သို့သော် တောင်တံခါးထဲက တပည့်များသည် အပြင်က လူများစွာ၏ ကိုးကွယ်လိုသော စိတ်အားထက်သန်မှုနှင့် မတူဘဲ ၎င်းတို့၏ မျက်လုံးများတွင် မောက်မာမှု အရိပ်အမြွက်များ အနည်းနှင့်အများ ရှိနေပါသည်။

"ဒီအကြံကို ဘယ်သူက စိတ်ကူးပေါက်ခဲ့တာလဲတော့ မသိဘူး... ဒါပေမဲ့ အတော်လေးကို လိမ္မာပါးနပ်ပါတယ်... တပည့်နှစ်ယောက်လုံးကို တစ်ခါတည်း စမ်းသပ်ဖို့ လုပ်ရင် အတွင်းစည်းတပည့်တွေကို စော်ကားမိမှာ ​ကြောက်ရတယ်..."

လူစုလူဝေးထဲတွင် ထက်မြက်သူများစွာရှိပြီး ၎င်းတို့၏ အခြေအနေကို လျင်မြန်စွာခွဲခြမ်းစိတ်ဖြာကာ စကားများထဲတွင် မကျေနပ်မှုများ များစွာရှိခဲ့သည်။

"ဟမ် မင်းတကယ် အဲ့လိုထင်တာလား သူတို့က တပည့်တွေကို စမ်းသပ်ချင်နေတာ... ငါတို့ ဘာပြောနိုင်မှာလဲ"

"ဒီအချိန်မှာ လူဘယ်နှစ်ယောက်လောက် ဖောက်ဝင်နိုင်မလဲ မသိဘူး.... ကံကောင်းရင်တောင် အပြင်စည်း တပည့်တွေပဲ ဖြစ်လာမှာလေ... အရင်းအမြစ်တွေ ရှားပါးတယ် အကုန်လုံးက ကိုယ့်ဘာသာ လုပ်ရမှာပဲ"

"ဒါဆို မင်းအထဲဝင်ချင်လား"

"ဒါပေါ့!"

"ငါလာပြီ!"

ရုတ်​တရက်​ အသံတစ်​သံက အော်​လိုက်​​ကာ လူတစ်​​ယောက်​ စကားများနေတဲ့ လူတွေရဲ့ အ​နောက်​က​နေ ပြေးထွက်​လာသည်။

၎င်းမှာ မျှော်စင်နယ်ပယ် အဆင့်၅၊ သတ်မှတ်ထားတဲ့ အဆင့်ထဲ လွန်စွာမြင့်မားသော ကျင့်ကြံသူ ဖြစ်သည်။ မိမိနယ်ပယ်ကို မှီခိုအားထား၍ နတ်မီးနယ်ပယ် အဆင့်၉လောက်က ကျင့်ကြံသူတွေ တိုက်ခိုက်ရန် ပြဿနာမရှိပေ။

လူတိုင်းသည် ခဏလောက် တုံ့ဆိုင်းသွားကြသည်။ ဒါက မဟာဂိုဏ်းပင်။ နတ်မီးနယ်ပယ် အဆင့်၉ ၊ ၁၀ ပြီးပြည့်စုံသောကာလဟာ သူတို့ဂိုဏ်းအတွက် ဒဏ္ဍာရီများ မဟုတ်ပေ။

လုရွှမ်၏ မျက်လုံးများသည် စင်မြင့်ထက်ရှိ လူများကြားတွင် လှည့်လည်ကြည့်ရှုကာ အစမှအဆုံး အကဲခတ်နေသည်။ သူတို့ဆီကနေ ရောင်ဝါ ကွဲပြားမှုကို ခံစားနိုင်သော်လည်း သူ့အမြင်အရတော့ နယ်ပယ်များက တစ်ထပ်တည်း ဖြစ်သည်။

"ကျွန်တော် ဒီနတ်သမီးဆီက အကြံဉာဏ်တောင်းလိုက်မယ်"

သွယ်လျလျနဲ့ ငြိမ်သက်တဲ့ အသက်ရှုသံဟာ သူ့နံဘေးက ညီမနဲ့ ခပ်ဆင်ဆင်တူလေသည်။

တချို့သော လူများက တိတ်တဆိတ် သက်ပြင်းချကြသည်။ ဤမိန်းကလေးမှာ သိမ်မွေ့သော ကိုယ်ရည်ကိုယ်သွေး ရှိပုံရပြီး သူမခွန်အားသည် ထိုမျှလောက် မပြင်းထန်​လောက်ပေ။

ဝိညာဥ်ကျင့်စဥ် လောကမှာ အဲဒီလို လူတော်တော်များများ သေဆုံးကြပေမယ့် အသက်ရှင် ကျန်ရစ်သူတွေကတော့ မကြာခဏဆိုသလို ခွန်အား မြင့်သွားနိုင်တဲ့သူတွေပါပဲ။

ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ နတ်သမီးလေး ပါးစပ်မှ အသံတစ်ခု ထွက်လာသည်။ သူမက အပြုံးကို လျင်မြန်စွာ မျိုသိပ်ထားသော်လည်း လူတိုင်းက သူမ၏ရယ်မောသံကို ကြားနေရသည်။

ရွေးချယ်ထားသော ပိုင်ထန်း ဆိုတဲ့ လူငယ်လေးရဲ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ဉာဏ်ကောင်းလို့ သူ့ကို ကဲ့ရဲ့တာလား။ ဒီမိန်းကလေးက သူထင်ထားတာထက် အဆမတန် နူးညံ့ပါဦးမလား။

လူငယ်: “တိုက်​ကြရအောင်”

ရှဲ့ဖေးဖေးရဲ့ အသံက တိုးတိုးလေး ထွက်ပေါ်လာသည်။

"အစ်ကိုလုရွှမ် အဲဒီနတ်သမီးက အရမ်းအစွမ်းထက်တာပဲ"

လုရွှမ် ခေါင်းညိတ်၍ "သူမရဲ့ အငွေ့အသက်က တိတ်ဆိတ်နေတယ် ​​ဒါပေမဲ့ နားမလည်နိုင်လောက်အောင် နက်နဲတဲ့ ပင်လယ်ကြီးလို အဆုံးမရှိ ဖြန့်ကျက်ထားသလိုပဲ... အဲဒီလူတွေထဲမှာ ဒီနတ်သမီးရဲ့ အစွမ်းက ထိပ်တန်းငါးယောက်ထဲမှာ ပါနိုင်တယ်"

ရှဲ့ဖေးဖေး ငြိမ်သက်စွာ အသက်ရှုသွင်းလိုက်သည်။ သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက်များစွာနှင့် ထိုနတ်သမီးလို ဖြစ်လိုကြောင့် တောင့်တနေသည့်နှယ် ကြည့်လိုက်သည်။

ပိုင်ထန်းရဲ့ မျက်နှာက နီရဲသွားသလို ဒီမိန်းကလေးက သူ့ကို ခေါင်းစဉ်တောင် မဖော်ပြဘဲ ကြည့်နေ၏။

"ကောင်းပြီ!"

ပိုင်ထန်း အော်ဟစ်ပြီး ဓားအကြီးကြီးကို သူ့နောက်ကနေ ဆွဲထုတ်လိုက်ပြီး နတ်သမီးရဲ့ ခေါင်းကို တစ်ချက် ရိုက်ချလိုက်​လေသည်။ သို့သော် နတ်သမီးသည် ကျောက်စိမ်းကဲ့သို့ အစိမ်းရောင်ရှိသော လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ သူမက တိတ်ဆိတ်စွာနဲ့ပဲ ပိုင်ထန်းရဲ့ဓားကို ချုပ်ကိုင်လိုက်သည်။

ပိုင်ထန်း ထိတ်လန့်တကြားဖြင့် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ သူက ဓားကို ဆွဲထုတ်ရန် ခက်ခက်ခဲခဲ ကြိုးစားသော်လည်း ကျောက်တုံးကြီးထဲတွင် မြှုပ်ထားသလို မလှုပ်မယှက် ဖြစ်နေသည်။

"မင်းမှာ အချည်းနှီး နယ်ပယ်တစ်ခုရှိတယ် ဒါပေမဲ့ တောက်ပနေတယ် ငါ့ရဲ့ ခန့်မှန်းချက်ကသာ မှန်တယ်ဆိုရင် မင်း နတ်မီးနယ်ပယ် အဆင့်၆နဲ့ မျှော်စင်နယ်ပယ်ကို ဖြတ်သွားခဲ့တာ မဟုတ်လား"

နတ်သမီးသည် သူမ၏ အနီရောင် နှုတ်ခမ်းများကို ပေါ့ပေါ့တန်တန် ဖွင့်လိုက်ပြီး ပြောပြီးနောက် လက်ညှိုးကို ကွေးကာ ထိုးလိုက်ရာ ဓားကြီးက ဖြောင်းကနံ ကျိုးသွားလေသည်။

"နေပါဦး!"

ပိုင်ထန်း မယုံနိုင်လောက်အောင် အံ့သြသွားသည်။ သူက ပါးစပ်ကိုဖွင့်ပြီး အကျယ်ကြီး ဟစ်အော်နေ၏။

"မဟုတ်ဘူး... ငါ တခြားသူတွေကို စိန်ခေါ်ချင်တယ် ငါစမ်းကြည့်ချင်သေးတယ်..."

နတ်သမီးသည် သူမ၏ လက်ချောင်းများကို ထပ်မံ ပွတ်ဆွဲလိုက်ရာ မမြင်နိုင်သော စွမ်းအင်တစ်ခုက ပေါက်ကွဲထွက်လာပြီး ပိုင်ထန်း၏ ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ လူငယ်၏ ခန္ဓာကိုယ်သည် ထိတ်လန့် တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

နတ်သမီးသည် သနားကြင်နာတတ်ပုံရလို့ လူငယ်မှာ ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့ပေ။

"ဒြပ်စင်ငါးပါး မဟာဂိုဏ်းထဲ ဝင်ချင်ရင် စာမေးပွဲက ပါရမီ၊ ခွန်အား၊ ဇွဲနဲ့ အမြင်အာရုံ ပါတယ်.... မင်းရဲ့ အမြင်အာရုံက ညံ့လွန်းတယ်"

အဘိုးအိုက ရုတ်တရက် ပြောလိုက်သည်နှင့် သူ့လက်ကို ဖျတ်ခနဲ ခတ်လိုက်ရာ ပိုင်ထန်းလည်း ခပ်ဝေးဝေးသို့ လွင့်သွားတော့သည်။ အပြင်ဘက်က လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့ပြီး သူတို့ရဲ့ အမြင်အာရုံကိုတောင် စမ်းသပ်ခံရမယ်လို့ မထင်ထားကြချေ။

ဒါပေမဲ့ ဒါက လူတိုင်းကို လျှို့ဝှက်စွာ ခေါင်းညိတ်စေခဲ့သည်။ တကယ်တော့ မျက်လုံးက ဘယ်လောက် အရေးကြီးလိုက်လဲ။ အမြင်အာရုံက ရွေးချယ်မှု တစ်ခုသာဖြစ်ရင် ဘဝရဲ့လမ်းကြောင်းက လုံးဝကို ကွဲပြားပါလိမ့်မည်။ နတ်သမီးက အစကနေ အဆုံးထိ မလှုပ်မရှား ရပ်နေခဲ့သည်။

သူမသည် ဤမဟာဂိုဏ်းကြီး၏ တပည့်ကြီးများ၏ ခွန်အားကို လူတိုင်းမြင်စေသည် ပထမဆုံး လူဖြစ်ပြီး လူတိုင်းကို ပို၍ပို၍ တုန်လှုပ်သွားစေကာ မဟာဂိုဏ်းကြီးထဲသို့ ဝင်နိုင်လျှင် ၎င်းတို့သည် သူမတို့လို ရပ်တည်နေမည့်များများ ဖြစ်လာလိမ့်မည်ဟု ပြောပြနေသလိုပင်။

အပြင်ဘက်က ကျင့်​ကြံသူတွေဟာ အချိန်အတော်ကြာအောင် ငြိမ်သက်နေပြီးမှ ဖြည်းဖြည်းချင်း ကိုယ်ပိုင်ရွေးချယ်မှုများ ပြုလုပ်ခဲ့ကြသည်။ မကြာခင်မှာပဲ တစ်ဝက်လောက်က စိန်​ခေါ်မယ့်လူတွေကို ရွေးပြီး ထပ်ပြီး နည်းနည်းလေး တိုက်ကြည့်ပြီးမှ ဘယ်သူက ပိုသန်မာသလဲ ဆိုတာကို ကောက်ချက်ချပြီးသား ဖြစ်သွား၏။

နံ့သာချောင်းရဲ့ တစ်ဝက်လောက် တိုက်ခိုက်ပြီးတဲ့အခါ တချို့လူတွေက လုံးဝကို အရိုက်ခံလိုက်ရလေသည်။ ဘယ်သူမှ ပြန်မတိုက်နိုင်ကြပေ။ တန်ခိုးကြီးသူ အများစုသည် သတိကြီးစွာ ထားသော်လည်း ပိုင်ထန်း သင်ယူခဲ့သော သင်ခန်းစာများက သူတို့ကို နားလည်စေသည်။ ကျရှုံးပြီးသည်နှင့် နောင်တရနေလည်း ရွေးချယ်စရာ မရှိ။

သို့သော်လည်း ရှေ့သို့ ချီတက်ဝံ့သောလူအများစုသည် မိမိတို့၏ အစွမ်းသတ္တိကို ရှုတ်ချကြသော်လည်း နိဂုံးချုပ်သွားသည်မှာ အလွန်သနားစရာ ကောင်းလှသဖြင့် စင်မြင်ပေါ်ရှိ လူအားလုံးကို အပြင်က လူတွေလည်း သံသယများဖြင့် ကြည့်နေရလေတော့သည်။

လုရွှမ် ပြန်းရှင်တောက်နဲ့ ဒြပ်စင်ငါးပါး မဟာဂိုဏ်းက တခြားသော အကြီးအကဲများကို ကြည့်သော် သူတို့အားလုံးကလည်း အံ့သြသွားဟန်ဖြင့်။ သူတို့တက်သည်နှင့် တပြိုင်နက် လူတိုင်း ညှဉ်းပန်းနှိပ်စက် ခံနေကြရရာ အချိန်အတော်ကြာသည်အထိ ဘယ်သူမှ မတက်ဝံ့ကြပေ။

လုရွှမ် ကျင့်ကြံသူ တစ်ယောက်ကို ညင်သာစွာ ညွှန်ပြပြီး ပြောလိုက်သည်။

"ဖေးဖေး.. အဲဒီလူကို စိန်ခေါ်လိုက် မင်းရှုံးတော့မယ့်အချိန်မှာ နတ်မီးကို ထွန်းတောက်လိုက်... မင်းမှာ အခွင့်အရေး 60% ရှိ​လောက်တယ်"

"မင်းရဲ့ဓား ဘယ်သူ့ဓားလဲလို့ လူတစ်ယောက်က မေးရင် မင်းရဲ့ဓားလို့ပဲပြော နားလည်လား"

ရှဲ့ဖေးဖေး မျက်လုံးများ ပြူးကျယ်သွားပြီး လုရွှမ် ဘာကိုဆိုလိုသည်ကို သူမ ရုတ်တရက် နားမလည်လိုက်ချေ။

"အရာရာက မင်းအပေါ်မှာပဲ မူတည်တာကို သတိရပါ...."

All Chapters