← Chapters

ပိုးဖလံ

Vol. 111 Ch. 4.1181

ပိုးဖလံ

Vol. 111 Ch. 4.1181

မိန်းကလေး အများအပြားသည် ၎င်းတို့၏ မျက်နှာပေါ်တွင် မနာလိုစိတ်ဖြင့် တိတ်တဆိတ် ကျိန်ဆဲကြသည်။ ကျိုးရှင်ရှန့်သည် အစောက ရှဲ့ဖေးဖေးလို မညင်သာတော့ပေ။

"အား......"

အော်ဟစ်သံနှင့်အတူ ကျိုးရှင်ရှန့်နှင့် တိုက်ပွဲဝင်နေသော မိန်းကလေးသည် ကျိုးရှင်ရှန့်ဆီကနေ လွင့်ပစ်ခံလိုက်ရလေသည်။

"အရည်အချင်း မရှိလို့!"

အားလုံးက ကျိုးရှင်ရှန့်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ရှဲ့ဖေးဖေးကို ကြင်နာစွာ မျက်နှာမူထားသည့် ယခင်မျက်နှာနှင့် လုံးဝမတူဘဲ သူ့မျက်နှာပေါ်တွင် ဘာမှမထူးခြားသော အမူအရာမျိုး ရှိနေသည်။

"အစ်ကိုကြီးလုရွှမ် သူညီမကို ကရုဏာ ပြမယ်ဆိုတာ ဘယ်လိုလုပ် သိ​နေတာလဲ"

ရှဲ့ဖေးဖေး အသံတိုးတိုး​လေးဖြင့် ကပ်မေးလိုက်သည်။

"ဒါက လူတွေရဲ့ ပင်ကိုယ်စိတ်ပေါ်မှာပဲ မူတည်တယ် မင်းက အရမ်းချစ်စရာ ကောင်းတယ်လေ မင်းကို ဘယ်သူမှ မသနားမှာ မဟုတ်ဘူး"

ရှဲ့ဖေးဖေး နည်းနည်း ရှက်သွားတော့သည်။ ကျိုးရှင်ရှန့်သည် မိန်းကလေး၏ လက်ဖဝါး တစ်ဖက်တည်းဖြင့် ခေါက်လိုက်ပြီး အခြားလူများ၏ အတွေးများကို လုံးဝ ဖြတ်တောက်ပစ်လိုက်သည်။ ဒီတပည့်တွေလည်း တခြားသူတွေလို ရိုးရိုးသားသားပဲ စိန်ခေါ်နိုင်သည်။

ဒါပေမဲ့ ရလဒ်ကတော့ ဆိုးရွားသွားခဲ့သည်။

မနက် မိုးလင်းတဲ့အထိ လူတွေက ဒီတပည့်တွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ အဝေးက တစ်ယောက်ပြီး တစ်ယောက် တက်လာခဲ့​ကြသည်။ လူပေါင်း သုံးဆယ့်ခုနစ်ယောက်ကိုသာ အောင်မြင်စွာ စိန်ခေါ်နိုင်ခဲ့ပြီး ဤနေရာတွင်ရှိ လူထောင်ပေါင်းများစွာနှင့် နှိုင်းယှဉ်ပါက အလွန်တရာ သနားစရာကောင်းလှသည်။

“ဒီတစ်ခါတော့ အပြင်လူတွေရဲ့ အစွမ်းက ပိုပိုဆိုးလာတယ်”

"ဟုတ်တယ်... လူတွေကြားထဲမှာ ရင်းနှီးတဲ့ မျက်နှာတချို့ တွေ့ဖူးပေမယ့် လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်နဲ့ နှိုင်းယှဉ်ရင် တိုးတက်မှု မရှိသလောက် နှေးကွေးလွန်းတယ်"

ပြန်းရှင်တောက်နဲ့ အခြားသော သက်ကြီးရွယ်အိုများ၏ စကားကို လူတိုင်း ကြားလိုက်ရပြီး သူတို့၏ ဒဏ်ရာများတွင် ပိုကြီးသော ဒဏ်ရာကို တစ်ဖန် အဖွင့်ခံလိုက်ရသလိုပင် ခံစားသွားရသည်။

လူနည်းစုသာ စိန်ခေါ်ဖို့ ရှေ့ကို လှမ်းတက်သွားတာကို မြင်တော့ ပြန်းရှင်တောက် ဟစ်အော်လိုက်သည်။ သူ့အသံက မိုးခြိမ်းသံလိုပဲ လူတိုင်းရဲ့နားထဲမှာ ပဲ့တင်ထပ်နေ၏။

"စိန်မခေါ်ချင်ရင်တော့ ဒီတစ်ခါ တောင်တံခါးဖွင့်တာ ဒီ​လောက်ပဲ..."

အသံမြည်သောအခါ ကျယ်လောင်သော အသံ ထွက်ပေါ်လာပြီး အပြင်က ကျင့်ကြံသူတွေ တစ်ယောက်ပြီး တစ်ယောက် ပျံထွက်သွားကြသည်။ အကြီးအကဲ တစ်ယောက်စီဟာ လူငယ်တွေရဲ့ အစွမ်းအစကို တွက်ဆပြီးပါပြီ။ ၎င်းတို့၏ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှု ဖြစ်နိုင်ခြေကို တွက်ချက်ခြင်းသည် အလွန်အရေးကြီးသောကြောင့် ၎င်းတို့ကို လျစ်လျူမရှုနိုင်ပေ။

ဒီအချိန်မှာ အကြီးအကဲ ပြန်းရှင်တောက်ရဲ့ အသံကို နားထောင်ရင်း သူတို့ အကဲဖြတ်တာကို ရုတ်တရက် ရပ်လိုက်မယ်ဆိုရင် မီးနဲ့ ကစားသွားမိမှာကို ကြောက်ရသည်။ အခုမလုပ်ရင် နောင်မှာ အခွင့်အရေးရှိမှာ မဟုတ်​တော့ဘူး။

တိုက်ပွဲက ပိုစိတ်လှုပ်ရှားစရာ ကောင်းတယ်လေ။

လုရွှမ်လည်း စင်မြင့်ထက်က လူများ၏ စွမ်းဆောင်မှုကို ကြည့်ရှုရင်း၊ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုကို ပိုင်းခြားစိတ်ဖြာကာ ဒြပ်စင်ငါးပါး မဟာဂိုဏ်းက အတွင်းတပည့်များ၏ ခွန်အားကို တန်ဖိုးထားကြောင်း သဘောပေါက်လာသည်။

နတ်မီးနယ်ပယ်၌ပင် အနာဂတ် အောင်မြင်မှုများက ဘယ်လောက် မြင့်မားမလဲ အကဲဖြတ်ပစ်နိုင်သည်။ ဒြပ်စင်ငါးပါး မဟာဂိုဏ်းဝင် လူငယ်အပေါင်းတို့သည် ပါရမီရှိသူများ ဖြစ်ကြ သည်။ သဘာဝအားဖြင့် ဤအဆင့်တွင် ရောက်နေပြီမလို့ အပြင်က လူသူတွေဆီက လွှမ်းမိုးခြင်းကို မခံချင်ကြပေ။

"အား......"

စိန်ခေါ်သူတွေ တစ်ယောက်ပြီး တစ်ယောက် ရိုက်နှက်ခံရလို့ အော်ဟစ်သံတွေက ဆက်တိုက်ကို ထွက်ပေါ်လာသည်။

"အစ်ကို ဒီလူတွေက အရင်ကထက် အများကြီး တန်ခိုးကြီးလာသလိုပဲ..."

"ဟုတ်တယ်... သူတို့အရင်က သူတို့ရဲ့ အင်အားကို လျို့ဝှက်ထားတာ ဖြစ်လိမ့်မယ်"

ဤသည်ကား ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ လှည့်ကွက်တွေ ဖြစ်လိမ့်မည်။

"အစ်ကို ဘယ်လိုလုပ်မလဲ?"

"စိတ်မပူပါနဲ့ ဘာလုပ်ရမလဲ ငါသိတယ်"

လုရွှမ်သည် ဤလူများ၏ ခွန်အား၊ အစွမ်းအစနှင့် ၎င်းတို့၏ ခံယူချက်များကို အကဲဖြတ်နေခဲ့သည်။ တုံးထန်းဂိုဏ်း၏ ပါရမီရှင်များနှင့် နှိုင်းယှဉ်ပြီး သခင်လေးရှောင်းရောင်ကို နမူနာယူ၍ စိန်ခေါ်ပါက ဤစာမေးပွဲကို မအောင်နိုင်ပေ။

ကံမကောင်းစွာနဲ့ ပါရမီရှင် တချို့နဲ့ပါ တွေ့ဆုံပါက ၎င်းတို့သည် သင့်အား တစ်ချက်ချင်း သတ်ပစ်လိမ့်မည်။ လုရွှမ်၏ မျက်လုံးများသည် ပထမဆုံး စိန်ခေါ်ခံခဲ့ရသော မိန်းကလေးကို ကြည့်လိုက်သည်။ သူမဘေးမှာ အမြဲတမ်း စိန်ခေါ်သူ ကင်းမဲ့နေခဲ့သည်။ သူမ၏ ခွန်အားကို မြင်ပြီးနောက်တွင် ဘယ်သူမှ သူမကို ထပ်မံ စိန်ခေါ်ဝံ့ခြင်း မရှိတော့ပေ။

နောက်ဥပမာ တစ်ခုကတော့ ရှဲ့ဖေးဖေး စာမေးပွဲအောင်ဖို့ ထပ်တူထပ်မျှ သန်မာပေးခဲ့တဲ့ ကျိုးရှင်ရှန့်ပင်။ ဒုက္ခရောက်နေသော ရေပြင်၌ အခွင့်ကောင်းယူလိုသော လူအနည်းစုလည်း လွတိမည်ဟု မျှော်လင့်ကာ စိန်ခေါ်လာသော်လည်း သနားစရာ ကောင်းတဲ့အထိ အရိုက်ခံရသည်။

သနားညှာတာမှု လုံးဝမပြဘဲ ပို၍ပင် ပြင်းထန်လှသည်။ တချို့ လူတို့သည် ကြင်နာမှု ပြကြသော်လည်း ကြင်နာမှုကို အခွင့်ကောင်းယူပါက လူမိုက်များအဖြစ် ဆက်ဆံခံရပြီး ရိုက်နှက်ခံရရန် ထိုက်တန်ပါသည်။

ငှက်လှည်းတစ်စီးသည် ရုတ်တရက် ပျံတက်လာခဲ့ကာ သခင်လေးချန်ရှီး ဆင်းလာခဲ့သည်။

"လူကြီးမင်းတို့ အားလုံးကို နှုတ်ခွန်းဆက်ပါတယ်"

သခင်လေးချန်ရှီးက သူ့လက်များကို ယဉ်ကျေးစွာ ဆုပ်လျက် ဦးညွှတ်လိုက်သည်။

"ကောင်လေး မင်းဒီမှာ ဘာလာလုပ်နေတာလဲ... မင်းအစေခံ အယောက်နှစ်ဆယ်ကို ခေါ်ယူထားတယ်လို့ ငါကြားတယ် မင်းဒီမှာ ထပ်လိုချင်​နေသေးလား"

ချန်ရှီးလည်း သူ၏ ကြီးမားသော လှုပ်ရှားမှုက ထင်ရှားလွန်းသွားသည်ကို သိ၍ ထိတ်လန့်သွားပြီး လျင်မြန်စွာ ဝန်ခံခဲ့သည်။

"တကယ်တော့... နတ်မီးနယ်ပယ်ရဲ့ ဒုတိယအဆင့် နတ်သမီးတစ်ယောက်က ဆရာတူအစ်ကို ကျိုးရှင်ရှန့်ရဲ့ စာမေးပွဲ အောင်သွားတယ်လို့ ကြားလိုက်ရလို့ ဒီကိုရောက်လာတာပါ... တိုက်ဆိုင်စွာပဲ ဒီလူနှစ်ယောက်က မနေ့ညက ကျွန်တော်နဲ့ အဆက်အသွယ် ရှိထားပါသေးတယ်.... သူတို့က အရမ်းတော်တယ်"

"အထူးသဖြင့် လုရွှမ်ဆိုတဲ့ အဲဒီလူက ကျွန်​တော့်အရှိန်ထက် လုံးဝ မနိမ့်ပါဘူး..."

ပြန်းရှင်တောက်သည် ဒါက ချန်ရှီးရဲ့ အဆိပ်ဆေးဖြစ်ကြောင်း သိထားပေမယ့် သူလုံးဝ ဂရုမစိုက်ပါဘူး။ ချန်ရှီးသည် မီးထွက်တောင်ထွတ်က ငယ်ရွယ်သော ဂိုဏ်းဆရာ ဖြစ်သောကြောင့် သူ့တွင် သဘာဝအားဖြင့် ဤအကျိုးကျေးဇူးရှိသည်။

ချန်ရှီး၏ မျက်လုံးများက လုရွှမ်ကို စူးစိုက်ကြည့်နေ၏။

"အကြီးအကဲပြန်း... အဲဒီကောင်လေးက သူပဲ!"

ပြန်းရှင်တောက် သူ့အား အင်း ဟုသာ ဖြေလိုက်သည်။ ချန်ရှီး ပြုံးလိုက်သည်။ ဒီလူကြီးက သူ့မျက်နှာသာကို သစ္စာမဖောက်ချင်နေတာ သိသာပါ၏။ ချန်ရှီး စကားရပ်ပြီး နောက်ဆုတ်သွားကာ ငြိမ်သက်စွာ စောင့်နေသည်။

"အကြီးအကဲ.... ချန်ရှီးက အရမ်းအထင်ကြီးပုံရတယ် လုရွှမ်ဆိုတဲ့ ကောင်လေးက ပါရမီရှင်တစ်ယောက်လည်း ဖြစ်နေနိုင်တယ်"

စကား ဝင်ပြောလာသူက ယွိသစ်သားတောင်ထွတ်က အကြီးအကဲ လျိုချွမ်းပါပဲ။ မနေ့ညက ဖြစ်ပျက်ခဲ့တာကို ဒြပ်စင်ငါးပါး မဟာဂိုဏ်းက လူတချို့သိပြီးပြီ။ တပည့်တစ်ယောက်က ခွင့်မပြုလို့ ချန်ရှီးက တခြား တပည့်နှစ်ဆယ်ကျော်ကို လက်ခံခဲ့ရသည်တဲ့။

ချန်ရှီးမှာ အခွင့်အရေး တချို့ရှိသော်လည်း ယခုအချိန်တွင် လူတိုင်းက ရန်ပွဲအသေးစားများကို မျက်ကွယ်ပြုထားကြသည်။

"နောက်​ပြီးတော့ သူက မီးထွက်တောင်ထွတ်ရဲ့ အနာဂတ် ဂိုဏ်းချုပ်ဆိုတော့ သူ့ကို မျက်နှာသာ​ပေးထားဖို့ လိုပါသေးတယ်... အဲဒီ့ ကောင်လေးရဲ့ အရည်အချင်းက အခု ဒြပ်စင်ငါးပါး မဟာဂိုဏ်း တစ်ခုလုံးမှာ အကောင်းဆုံးလို့ ပြောလို့ရတယ်"

လျိုချွမ်းက သက်ပြင်းချလိုက်ပြီး စကားရပ်လိုက်သည်။ လုရွှမ်ကတော့ ချန်ရှီးကို တကယ် ရင်ဆိုင်ရရင် သူကံမကောင်းသလို တခြားဘယ်သူမှ သူ့ကို မကူညီနိုင်ပါဘူး။

အထူးသဖြင့် ချန်ရှီး ရောက်ရှိလာတာကို မြင်လိုက်ရတော့ လုရွှမ် သူ့ရင်ထဲမှာ ရှက်ရွံ့မှုအရိပ်အမြွက်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ဒီလူက ဒီမှာ ဒုက္ခလာပေးတာပင်။

လုရွှမ် ချင်ထျန်းဓားကို ရှဲ့ဖေးဖေးအား တိုက်ရိုက် ပေးအပ်ပြီးနောက် လူအုပ်ထဲမှ ထွက်သွားလေသည်။

"ချန်ဖျင်.... ဒါမနေ့ညက ငါတွေ့ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပဲ.. မင်းသူနဲ့ဘယ်လိုပြိုင်မလဲ"

သခင်လေးချန်ရှီးက ပြောလိုက်သည်။

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ကျင့်ကြံသူ တစ်ရာကျော်သည် အံ့ဩခြင်း အရိပ်အမြွက်မျိုး ပြလာကြသည်။ ပါးပြင်ပေါ်တွင် မာန်မာနတွေ စူးနစ်နေသော လူတစ်ယောက်ရဲ့ အသက်ရှုသံများ ထွက်လာပြီး လုရွှမ်ထံသို့ ရောက်ရှိလာ၏။

All Chapters