ချန်ဖျင်
Vol. 111 Ch. 4.1182
"ချန်ဖျင်!"
"လုရွှမ်!"
ထို့နောက် သူတို့နှစ်ယောက် လူကြီးတွေဘက်ကို လှည့်ကြည့်လိုက်သည်။ ပြန်းရှင်တောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလာသည်။
"ဒြပ်စင်ငါးပါး မဟာဂိုဏ်းထဲကို လူတိုင်း မ၀င်ရဘူး... အခုအချိန်က အားလုံးအတွက် အခွင့်အရေးပဲ"
ချန်ဖျင်သည် နှုတ်ခမ်းပေါ်မှ အထင်အမြင်သေးဟန်ဖြင့် ပြုံးပြကာ ဆိုသည်။
"ကောင်လေး... မင်းငါ့နာမည်ကို သိစရာ မလိုဘူး ဒါပေမဲ့ ငါ့ရဲ့လူသတ်သမား ခေါင်းစဉ်ကိုတော့ သိထားသင့်တယ်"
လုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "အိုး... ဒီလို လူမြင်ကွင်းမှာလည်း မင်း တစ်ယောက်ယောက်ကို သတ်ဖို့ သတ္တိရှိတယ်လား"
"မဝံ့ရဲပါဘူး.... ဒါပေမဲ့ မင်းကို တစ်ပိုင်းလောက် သေသွားအောင် ရိုက်ပစ်ဖို့က ပြဿနာမရှိဘူးလေ.... မင်း မစော်ကားနိုင်တဲ့ သူတစ်ယောက်ကို စော်ကားဖို့ ဘယ်သူက သင်ပေးထားလို့လဲ?... ငါမင်းကို သုံးကြိမ် လှုပ်ရှားခွင့်ပေးမယ်"
လုရွှမ်သည် ဘာမှ မလှုပ်မယှက်ဘဲ သူ့မျက်နှာက တည်ငြိမ်နေသည်။ စိတ်ပူနေတဲ့ အရိပ်အယောင်မျိုး နည်းနည်းမှ မမြင်ရဘူး။
အကဲဖြတ်ရန် ကြွလာသော အကြီးအကဲနဲ့ လူတိုင်းက သူတို့ဘက်ကို စိုက်ကြည့်နေကြသည်။ သူတို့နှစ်ယောက်ကြားက ကွာဟချက်ဟာ ကြီးမားလွန်းတာကြောင့် ဘယ်သူမဆို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါ၏။
တစ်ယောက်ယောက်သာ လုရွှမ်၏ အနေအထားတွင် ရှိနေပါက သူတို့၏ ခြေထောက်များသည် ကြောက်လန့်တကြား တုန်ခါနေလိမ့်မည်။ နတ်မီးနယ်ပယ် ဒုတိယ အဆင့်ရှိ လုရွှမ်သည် ဤမျှ ငြိမ်သက်နေမည်ကို မမျှော်လင့်ထားပေ။
ဟန်ဆောင်နေရင်တောင် သတ္တိကောင်းတယ်လို့ ဆိုရဦးမည်။
"မင်းက နတ်မီးနယ်ပယ် အဆင့်၁၀မှာ ရှိနေတာ မဟုတ်လား"
လုရွှမ် ရုတ်တရက် ပြောလိုက်တာနဲ့ လူတွေအားလုံး ချန်ဖျင်ကို ကြည့်လိုက်ကြသည်။ ချန်ဖျင်က တခစ်ခစ်ရယ်ပြီး။
"ကောင်လေး...ခန့်မှန်းလို့ ရတယ်ပေါ့ မင်း ဒါကို ဘယ်လို ဆုံးဖြတ်လိုက်တာလဲ"
"ဘာလို့လဲဆိုတော့ မင်းလိုလူတစ်ယောက်က နတ်မီးနယ်ပယ် ဆယ်လုမြောက်အဆင့်အထိ ပြုစုပျိုးထောင်ဖို့ မဖြစ်နိုင်လို့ပဲ"
"ဟားဟား....."
လူအုပ်ထဲက တစ်ယောက်ယောက်က ထရယ်မိသွားသည်။ ချန်ဖျင်၏ မျက်နှာသည်လည်း ရုတ်ချည်း မည်းမှောင်သွား၏။
"ကောင်လေး... မင်းမှာ ချွန်ထက်တဲ့ သွားတွေနဲ့ ပါးစပ်ရှိသားပဲ.... ဟမ် မင်းငါ့ဆီက ခဏလောက် အရိုက်ခံလိုက်ရရင် ရယ်နိုင်ဦးမယ်လို့ ငါမျှော်လင့်တယ်"
လုရွှမ်သည် ချန်ဖျင်ကို လက်ညိုးထိုးပြပြီး သူ၏ ရှုတ်ချမှုကို ရှင်းရှင်းလင်းလင်း ပေါ်လွင်သွားစေသည်။
"သေချင်နေတဲ့ကောင်!"
ချန်ဖျင်သည် ဒေါသတကြီးဖြင့် သူ့လက်ဖဝါးကို ဆုပ်လိုက်ရာ သူ့လက်ဖဝါးတွင် သွေးဘောလုံးတစ်ဆုပ်ကို ဖမ်းမိသွားသည်။
"စိတ်ဝိညာဉ်စား လက်ဝါး! သွား!"
အနီရောင် တိမ်တိုက်ကြီးသည် သွေးခဲတွေလို နီရဲသွား၏။ အလွန်ဆိုးသွမ်းသော်လည်း မွှေးပျံ့သော ရနံ့သည် ထူးဆန်းမှု အနည်းငယ် ပါဝင်နေသည့်အတိုင်းပင်။ လုရွှမ်လည်း သူ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး မီးတောက်မီးလျှံများကို ထွက်လာစေသည်။
ဒဏ္ဍာရီအရ မီးကျီးကန်းမှ စုပ်ယူသော မီးသည် ယန်စွမ်းအင် ရောင်ဝါကို ပိုင်ဆိုင်ထားသော နေ၏ မီးဖြစ်သည်။ အလွန်ဆိုးရွားပုံ ပေါ်သော ဤအရာမျိုးကို ကိုင်တွယ်ဖြေရှင်းရန်မှာ မှန်ကန်သော ဆေးဖြစ်သည်။
မီးတောက်များနှင့် တိမ်နီများ တိုက်မိသွား၏။ ရေနှင့်မီး ရောနှောနေသကဲ့သို့ တရှဲရှဲ ထွက်ပေါ်လာသည်။ မွှေးရနံ့ လှိုင်းလုံးတွေ ပျံ့နှံ့ပြီး ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားသည်။ လူတော်တော်များများက မွှေးရနံ့ကို ရှုရှိုက်မိကြတဲ့အခါ အဝတ်အစားတွေကို အရူးအမူး စုတ်ဖြဲပြီး ရုပ်ဆိုးတဲ့ မျက်နှာတွေကို ပြုလုပ်လာကြသည်။
ပြန်းရှင်တောက်က သူ့အင်္ကျီလက်တွေကို ဝှေ့ယမ်းပစ်လိုက်ရာ လေပွေတစ်ခုက ဟောက်ပြီး အမွှေးရနံ့ကို မှုတ်ထုတ်လိုက်လေသည်။ ချန်ဖျင်သည် အကြီးအကဲပြန်း၏ မကျေနပ်မှုကို နှိုးဆွရန် မဝံ့ရဲသောကြောင့် ကျန်ရှိနေသည့် မွှေးရနံ့ကို အမြန်ဖယ်ထုတ်လိုက်သည်။
"ကောင်လေး... မင်း ပထမအကွက်ကို ပိတ်ထားနိုင်ရင်တောင် ဒုတိယအကွက်က လာတော့မယ်!!"
ချန်ဖျင်ရဲ့ အသံက ဒေါသကြီးစွာ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က လုရွှမ်ဆီ မျက်စိတစ်မှိတ်အတွင်း ရောက်သွားသော လုရွှမ်လည်ပင်းကို ဆုပ်ကိုင်လိုက်ရင်း သူ့လှုပ်ရှားမှုတွေကို ကြည့်လိုက်ရင် လုရွှမ်ကို လုံးဝ ဂရုမစိုက်ဘူး ဆိုတာ အသိသာကြီး။
လုရွှမ် သူ့ခြေထောက်များကို လှုပ်လိုက်ပြီး ချီထျန်းပု ခြေလှမ်းကို လှမ်းကာ ရှောင်ထွက်သွားသည်။ သူ့လှုပ်ရှားမှုများသည် အံဝင်ခွင်ကျဖြင့် လျှို့ဝှက်ဆန်းကြယ်ကာ ချန်ဖျင်၏ ဆုပ်ကိုင်မှုကို အလွယ်တကူ ရှောင်တိမ်း၍ လက်ဗလာဖြင့်သာ ချန်ထားခဲ့သည်။
လုရွှမ်: "ဒုတိယအကွက်!"
ချန်ရှီးပါးစပ်ထံမှ ချောင်းဆိုးသံ ထွက်လာသည်။ ထိုအသံကို ကြားတော့ ချန်ဖျင်၏ အမူအရာလည်း ပြောင်းလဲသွားသည်။ ဒါက သခင်လေး ချန်ရှီး ဒေါသထွက်နေပြီ ဆိုတဲ့ သဘောပင်။
"ကောင်လေး... မင်းကိုယ်တိုင်က သေခြင်းတရားကို ရှာနေတာဆိုတော့ တခြားသူကို အပြစ်မတင်နဲ့တော့"
ချန်ဖျင် အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ် ပျောက်သွား၏။
လုရွှမိ၏ မျက်လုံးများသည် အလင်းရောင်ဖြင့် တောက်ပလာပြီး နေမျက်လုံးအစစ် ပွင့်လာကာ ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်နေသည်။ စိတ်ဝိညာဉ်စွမ်းအားသည် ပျံ့နှံ့သွားပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဟုန်သည် ရုတ်တရက် ထွက်ပေါ်လာသည်။
သူက နတ်မီးနယ်ပယ် ဒုတိယအဆင့်ရှိ ကျင့်ကြံသူ တစ်ယောက်နဲ့ မတူတော့ပေ။ ထိုစဥ် လုရွှမ်ဦးခေါင်းတစ်ဝိုက်မှ ဓားစွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ကို သတ်ပစ်တော့မလို ဖြစ်လာသည်။ ဓားစွမ်းအားသည် လုရွှမ်ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် သော့ခတ်ထားသလို မတားဆီးနိုင် ဖြစ်သွားစေ၏။
ဓားရှည်သည် နဖူးရှေ့တွင် လျင်မြန်စွာ ဖိမိသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း စွမ်းအင်သည် ပတ်ဝန်းကျင်တစ်ခုလုံးကို သက်ရောက်မှု ရှိပါသည်။ လုရွှမ်၏ ချီထျန်းပုကလည်း အလွန်အမင်း ကောင်းသော အရှိန်အဟုန်ကို ရောက်ရှိလုနီးနီး ပြောင်းလဲသွားပြီးနောက် ဓားရှည်ကျလာသည့် အခိုက်တွင် သူ့ခန္ဓာကိုယ်က ခြေတစ်လှမ်းဆုတ်ကာ ဘေးသို့ ထွက်ခွာသွားခဲ့သည်။
ဓားရှည်သည် သူ့နဖူးနေရာကို အတင်းခုတ်လှဲလာသည်။ လမ်းကြောင်း ရွေးချယ်မှုက အလွန်ကောင်းပေ၏။ ခဏလောက်တော့ ချန်ဖျင်ဟာ သူ့ရဲ့ လှုပ်ရှားမှုကို မရုပ်သိမ်းနိုင်ဘဲ ဓားကျသွားတာနဲ့ သူ့ခန္ဓာကိုယ်က လုရွှမ်ရဲ့ နံဘေးကနေ ပြုတ်ကျလာတာကြောင့် ကူကယ်ရာမဲ့ ကြည့်နေခဲ့ရသည်။
ဝုန်း!
ဖြောင်း ဖြောင်း!
ပါးရိုက်သံ နှစ်ချက်က တစ်ဆက်တည်း ထွက်ပေါ်လာသည်။ လုရွှမ် သူ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး ဆို၏။
"တတိယ အကွက်!"
ချန်ဖျင် ပါးပြင်များကို ပွတ်သပ်ရင်း သူ့မျက်နှာက နီမြန်းလာသည်။ မနာကျင်ပေမယ့် လူမြင်ကွင်းမှာ နှစ်ကြိမ် ပါးရိုက်ခံရခြင်းရဲ့ အရှက်တရားက သူ့ကို မျက်နှာမဲ့လုနီးပါး ဖြစ်စေခဲ့ပါသည်။
သူက ဘယ်သူလဲ?
သူ့အမည်မှာ ချန်ဖျင်၊ ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ အတွင်းစည်းတပည့် ဖြစ်ပြီး ထိပ်တန်းပုဂ္ဂိုလ်ငါးဦးထဲမှ တစ်ဦးဖြစ်သည်။ သူ့ရဲ့လူသတ်ဓားတစ်လက်နဲ့ အတွင်းတံခါးကို ဘယ်သူမှ မကြည့်ရဲကြဘူး။ သို့သော် ယခုအချိန်တွင် နတ်မီးနယ်ပယ် ဒုတိယအဆင့်ရှိ လူတစ်ယောက်ဆီမှ လူမြင်ကွင်း၌ နှစ်ကြိမ်ဆက်တိုက် ပါးရိုက်ခံခဲ့ရသည်။
"ငါ မင်းကို သတ်ပစ်မယ်!"
ချန်ဖျင် ကျယ်လောင်စွာ ဟောက်ပြီး သူ့ဓားကို လုရွှမ်ဘက်သို့ ဆွဲယမ်းလိုက်သည်။ ဓားအရည်အသွေးက မဆိုးလှချေ။ ၎င်းသည် ဧကရာဇ်လက်နက်၏ အဆင့်၉ပင်။ အဆုံးမဲ့ လူသတ်ချင်သည့် ရည်ရွယ်ချက်ကြောင့် လေထုက တုန်ခါနေပြီး ချန်ဖျင်၏ အေးစက်သော အပြုံးနှင့် ပေါင်းစပ်လိုက်သဖြင့် လူများကို အေးခဲပြီး ထိတ်လန့်သွားစေသည်။
တစ်ဖက်လူက အလွန်လျင်မြန်ပြီး ယခု သူ့ကိုသတ်ရန် ကြံရွယ်နေပြီဖြစ်သည်။ အသွင်အပြင်သည် လေထဲတွင် တောက်ပြောင်နေပြီး လုရွှမ်သေမည်ဟု လူတိုင်းက ထင်နေကြချိန်တွင် လုရွှမ်သည် လမ်းလျှောက်နေသကဲ့သို့ ဖြည်းညှင်းစွာ လှုပ်ရှားနေဆဲ ဖြစ်သည်။
သို့သော် လူတိုင်း၏ မျက်လုံးများထဲတွင် လုရွှမ်သည် အလွန်နှေးကွေးစွာ ရွေ့လျားသွားသော်လည်း ပြန်းရှင်တောက် ကဲ့သို့သော ကျွမ်းကျင်သူများ၏ မျက်လုံးများတွင်တော့ လုရွှမ်သည် အလွန်လျင်မြန်စွာ လျှပ်တပြက် သွားနေသည်ကို တွေ့ရပြီး သူသည် အနည်းငယ် အကွာအဝေးတွင်သာ ရွေ့လျားနေသည်ဟုပင် ထင်ယောင်ထင်မှား တွေ့နေရသည်။
"သတ်!"
"သတ်!"
"သတ်မယ်!"
အချိန်တွေကုန်တာ မြန်ပေ၏။ အစပိုင်းမှာတော့ အားလုံးက လုရွှမ်ကို စိတ်ပူနေကြသည်။ ယခင် ပါးရိုက်ခြင်းမှ တစ်ဆင့် လူအများသည် လုရွှမ်ရဲ့ နည်းလမ်းများကြောင့် မဟုတ်ဘဲ ချန်ဖျင်၏ ကိုယ်ပိုင်ချို့ယွင်းချက် ဖြစ်ကြောင်း သဘာဝကျကျ သိမြင်နိုင်ခဲ့သည်။
ယခု လုရွှမ်သည် ချန်ဖျင်၏ သတ်ဖြတ်ခြင်းများကို အထပ်ထပ်အခါခါ ရှောင်ရှားသည်ကိုမြင်ရသောကြောင့် လုရွှမ်အပေါ် လူတိုင်း၏ အကဲဖြတ်မှုသည် လျင်မြန်စွာ တိုးတက်နေပါသည်။
လုရွှမ် "မင်းက အဲ့တာထက် ဘာမှမပိုဘူး!"
သူပြောပြီးပြီးချင်း မကြာခင်မှာပဲ ဓားရိပ်တွေက ကောင်းကင်ယံမှာ ရုတ်တရက် ရပ်သွားသည်။ ချန်ဖျင်သည် သူ၏ ကျွမ်းကျင်မှုဖြင့် ဖြတ်တောက် ခံလိုက်ရတာကို သည်းမခံနိုင်တော့ဘဲ သူ့စိတ်ထဲတွင် ဒေါသတွေကြောင့်ပါ ရှက်ရွံ့သွားခဲ့သည်။
သို့သော် ယခုအချိန်တွင် သူ့လက်ဖဝါးရှိ ဓားရှည်၏ ဓားဖျားကို တစ်ဖက်လူက လက်ဗလာဖြင့် ဆုပ်ကိုင်ထားလေပြီ။ လုရွှမ်က ဓားရှည်ကို ညာလက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသောကြောင့် ချန်ဖျင် ဓားရှည်ကို လုံးဝ မလှုပ်နိုင်ပေ။
"မင်း အစွမ်းကုန် ကြိုးစားပြီးပြီ... ငါအခုထိ ခွန်အားတွေ မထုတ်ရသေးဘူးနော်"