လုယူခြင်း
Vol. 111 Ch. 4.1183
"ဘာဖြစ်လဲ?"
ချန်ဖျင်ရဲ့ လက်ဖဝါးတွေ တုန်ခါသွားပြီး သူ့လက်ဖဝါးထဲကနေ မီးတောက်သွားကာ လုရွှမ် ကိုင်ထားသော ဓားရှည်အပေါ် ပြေးဝင်သွား၏။ မီးတောက်သည် ရေခဲကဲ့သို့ အစိမ်းရောင်နှင့် အဖြူရောင် ရောစပ်ကာ ပေါ်လာသည်။ မီးတောင် ပေါ်လာတာနဲ့ တပြိုင်နက် ပတ်ဝန်းကျင် အပူချိန်က ချက်ချင်းကျဆင်းသွားသည်။
"ဆန်းကြယ်ရေခဲမီးတောက်?"
လုရွှမ် ထိတ်လန့်စွာ အော်လိုက်သည်။ ချန်ဖျင်ကတော့ ဆိုးသွမ်းစွာ ရယ်မောရင်း ထောက်ခံပါ၏။
"ဟုတ်တယ်... ဆန်းကြယ်ရေခဲမီးတောက်ပဲ မင်းမျက်လုံး ကောင်းတယ်... မင်း ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်နော်!"
ထူးဆန်းသော မီးစာရင်းတွင် အဆင့်၁၃ ရှိသော ဆန်းကြယ်ရေခဲမီးတောက်သည် အလွန် အေးစက်သော သဘောရှိသည်။ သာမန်မီးတောက်များနှင့် မတူဘဲ ထုပ်ပိုးထားသော အရာများ၏ အပူကို စုပ်ယူပေးနိုင်သည်။
ဆန်းကြယ်ရေခဲမီးတောက်ဖြင့် သတ်ဖြတ်ခံရသူများသည် ရေခဲတုံးများ အဖြစ်သို့ ပြောင်းလဲကာ နှစ်ထောင်ပေါင်းများစွာ မသေမရှင် ဖြစ်သွားတတ်ပေ၏။
အနက်ရောင်ရေခဲမီးနဲ့ အထုပ်ခံထားရတဲ့ လူတွေက သေချာပေါက် မသေဘူးလို့ တချို့က ပြောကြသည်။ လျှို့ဝှက်ဆန်းကြယ်သော ရေခဲများနှင့် မီးပုံဆောင်ခဲများထဲတွင် လူအချို့ကို ထိန်းသိမ်းထားတတ်ကာ အနာဂတ်တွင် ၎င်းတို့၏ ပြိုကွဲမှုကို စောင့်ဆိုင်းနေရသော အကြီးတန်း ကျွမ်းကျင်သူများလည်း ရှိပါသည်။
ဤ ဆန်းကြယ်ရေခဲမီးတောက်သာ လုရွှမ်ကို ဖုံးအုပ်ထားမည်ဆိုပါက သူ့ဘဝသည် သေချာပေါက် ဒုက္ခဖြစ်လာမည်မှာ သေချာပါ၏။
"မင်းရဲ့နတ်ဆိုးမီးက တကယ်ကောင်းတယ်... ဒါပေမဲ့ ထူးဆန်းတဲ့ မီးရှေ့မှာတော့ ပြောစရာ မရှိပါဘူး"
လုရွှမ် ခန္ဓာကိုယ်က မလှုပ်ရှားဘဲ မျှော်လင့်ထားသည့်အတိုင်း နတ်ဆိုးမီးများ တောက်လောင်သွားခဲ့သည်။ မီးကျီးကန်း နတ်ဆိုးမီးသည် ထူးဆန်းသော မီး၏ရှေ့တွင် အနည်းငယ် အားကောင်းသည်။
လုရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်အလင်းအနည်းငယ် မှိတ်တုတ်မှိတ်တုတ် ထွက်ပေါ်လာပြီးနောက် သူ့တစ်ကိုယ်လုံးကို အဖြူရောင် ရေခဲပုံဆောင်ခဲများဖြင့် ထုပ်ပိုးထားလိုက်သည်။ ချန်ဖျင် အားပါးတရ ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ပြီး။
"ဟမ်... ကောင်လေး မင်းက ကိုယ့်အစွမ်းအစကို လွန်လွန်ကဲကဲ တွက်ဆနေတာပဲ"
"အဟမ်း!"
ပြန်းရှင်တောက် ချောင်းဟမ့်သံ ပေးလိုက်သည်။
"ချန်ဖျင် ဒါက အရမ်းလွန်မနေဘူးလား"
ချန်ဖျင် မဖြေဝံ့တာကြောင့် သခင်လေးချန်ရှီးကပဲ ပြုံးပြီး ဝင်ပြောလိုက်သည်။
"ဂိုဏ်းတူဦးလေး.... ဒါက ချန်ဖျင်နဲ့ ဘာမှမဆိုင်ဘူးလို့ ထင်ပါတယ်... ဒီကလေးက သူ့အစွမ်းအစကို မိုက်မိုက်မဲမဲနဲ့ တွက်ဆနေတယ်ဆိုတာ ဦးလေးလည်း မြင်တာပဲလေ...."
"သူ ဘာလို့ ချန်ဖျင်ရဲ့ဓားကို ဖမ်းတာလဲ? ဓားထိပ်ကို လွှတ်ထားသရွေ့ ဆန်းကြယ်ရေခဲမီးတောက်ကို ရှောင်နိုင်မှာ မဟုတ်ဘူးလား... ကောင်လေးက ကိုယ့်ကိုယ်ကို ဖြောင့်မတ်လွန်းတယ်လို့ ထင်နေတာက သနားစရာပဲ"
"အစ်ကိုကြီးလုရွှမ်!"
ရှဲ့ဖေးဖေးတစ်ယောက် လုရွှမ်ဒီလို ရေခဲပုံးထဲမှာ ချိတ်ပိတ်ခံလိုက်ရတာကို သူမ မယုံနိုင်လောက်အောင် ဖြစ်သွားတာကြောင့် ငိုယိုပြီး ချင်ထျန်းဓားနဲ့ ခုတ်ပစ်လိုက်သည်။
ဒင်း-ဒင်း-ဒင်း-ဒင်း!
ရေခဲတုံးလေး တစ်တုံးမှတောင် ပြုတ်ကျလာတာ မရှိပေ။ သူမရဲ့ဓားစွမ်းအင် သုံးချောင်းထဲက ဓားနှစ်ချောင်းနီးပါးဟာ တရွေ့ရွေ့သာ ခုတ်ထစ်နေပြီး ခွန်အားကို လုံးဝ အသုံးမချနိုင်ခဲ့ပါဘူး။
"အစ်ကိုကြီးလုရွှမ်!!"
ရှဲ့ဖေးဖေး ငိုဖို့ပင် မတတ်နိုင်တော့ပါဘူး။ သူမမျက်ရည်တွေကို သုတ်ရင်း ပြင်းပြင်းထန်ထန် ခုတ်ထစ်ခဲ့ပေမယ့် အချည်းနှီး ဖြစ်သွားတာပဲ အဖက်တင်သည်။
"ဟမ့် ကလေးမလေး အဲဒါက အသုံးမဝင်ဘူးနော်.... ငါ့ရဲ့ ရေခဲပြင်က လွယ်လွယ်နဲ့ ကွဲသွားတယ်ဆိုရင် ငါက ဘယ်လိုလုပ် ထုတ်သုံးပါ့မလဲ"
"ချန်ဖျင်... ဒီလောက်ဆို တော်လောက်ပြီ! ကောင်မလေးကို အနိုင်ကျင့်တာက ဘာသဘောလဲ?"
ယခင်က ရှဲ့ဖေးဖေးကို လွှတ်ထားလိုသော ကျိုးရှင်ရှန့် ထွက်လာပြီး ချန်ဖျင်ကို စိုက်ကြည့်နေသည်။
ချန်ဖျင်က ရယ်လိုက်ပြီး "ကျိုးရှင်ရှန့်.... မင်းအရင်က တခြားသူတွေကို ကိုင်ပေါက်နေတာ မဟုတ်ဘူးလား? ဘာလို့ မလုပ်တော့တာလဲ"
"လုံလောက်ပြီ.... ဘယ်လိုပြုမူရမလဲ မသိကြဘူး! မရှက်ကြဘူးလား?"
ပြန်းရှင်တောက် အော်ပြောလိုက်သည်။ သူ့မျက်နှာနှင့် အသားများက တုန်ယင်ကာ ဂိုဏ်းတူတပည့်ကြောင့် လုံးဝ အရှက်ရသွားလေသည်။
"ရေခဲတုံးကို ဖယ်လိုက်.... ငါကိုယ်တိုင် သူ့ကိုအရည်ပျော်သွားအောင် ဒီတစ်ခါ တောင်တံခါးဖွင့်ပြီးပြီ.... တောင်ပေါ် ပြန်သွားမယ်!"
ကျင့်ကြံသူ အငယ်လေးတွေကတော့ မကျေနပ်မှုတွေ ပြည့်နှက်စွာ တီးတိုးပြောနေကြရာ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လူတိုင်းလိုလို ကြောင်အသွား၏။
"အကြီးအကဲ... ကျွန်တော်လည်း ခဏလောက် စောင့်လိုက်တာက ပိုကောင်းမယ်လို့ ထင်တယ်!"
"ဘယ်သူစကားပြောနေတာလဲ?"
ရှဲ့ဖေးဖေး: "အစ်ကိုလုရွှမ် ပြောနေတာ!!"
သူမသည် ဝမ်းသာအားရ ရေခဲသလင်းဆီသို့ ပြေးသွားပြီး မေးလိုက်သည်။
"အစ်ကိုလုရွှမ်မလား?"
လုရွှမ်အသံက ရေခဲထဲမှ ထွက်လာသည်။
"ငါပဲလေ! ဖေးဖေး.... မင်းကိုစိတ်ပူစေမိပြီ ဒီထူးဆန်းတဲ့ မီးရဲ့ စွမ်းအားက အခုတော်တော်ကြီးနေပုံရတယ်... ငါခဏလောက် စူးစမ်းနေတာ"
"မဖြစ်နိုင်ဘူး... မင်းက ငါ့ဆီက လျှို့ဝှက်ဆန်းကြယ်တဲ့ ရေခဲမီးထဲမှာ ပိတ်မိနေတာလေ... မင်း ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ"
ချန်ဖျင် အော်ဟစ်လိုက်ပြီး သူ့မျက်လုံးများမှာ မယုံနိုင်စွာ ပြူးကျယ်နေလေသည်။
လုရွှမ်: "ဖေးဖေး.... နောက်ပြန်ဆုတ်နေ ငါမကြာခင် ထွက်လာခဲ့မယ်"
ချန်ဖျင်: "မဖြစ်နိုင်ဘူး... မင်းသေရင်တောင် မင်းထွက်မလာနိုင်ဘူးကွ!!"
အဲဒီအခါမှာ ရေခဲတုံးတွေက တရှစ်ရှစ် အော်မြည်လာတာကို တွေ့လိုက်ရသည်။ ရေခဲသလင်းက ပူလာတဲ့အခါ အငွေ့တွေ ထွက်လာသလိုပဲ ဖြူဖွေးတဲ့လေက တဖြည်းဖြည်း တက်လာသည်။
"မဖြစ်နိုင်ဘူး မင်းရဲ့နတ်ဆိုးမီးက အဲ့လောက် မပြင်းထန်ဘူး"
သူသည် ရုတ်တရက် သွားများကို အံကြိတ်ကာ ရေခဲသေတ္တာဆီသို့ ပြေးသွားကာ ရေခဲတုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။ သူ့လက်မှ မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး ရေခဲငွေများ တစ်ဖန်ပြန်ကျလာပြန်သည်။
ပြီးတော့ အပေါ်က အငွေ့တွေက ရေခဲသလင်းကျောက်က မြန်မြန် အေးခဲသွား၏။
"ချန်ဖျင် ထွက်သွားစမ်း မင်း လူတစ်ယောက်ကို တကယ် သတ်ချင်နေတာလား?"
ချန်ရှီး: "ဘယ်သူပြောတာလဲ.... ချန်ဖျင်က သူ့ရဲ့ ဆန်းကြယ်ရေခဲမီးတောက်ရဲ့ စွမ်းအားကို မြင်ချင်နေတာလေ... လုရွှမ် မသေသေးဘူးဆိုတာ လူတိုင်း မြင်ကြတာပဲ နှစ်ယောက်ကြားက ရုန်းကန်မှုက မပြီးသေးဘူး အားလုံးက ဝင်မစွက်ဖက်တာ အကောင်းဆုံးပဲ"
ဘာကြောင့်မှန်း မသိပေမယ့် ရှဲ့ဖေးဖေး ငိုနေတာကို သူ မလိုချင်ပေ။ သူမသည် ရေခဲတုံးများကို လုံးလုံးလျားလျား အချည်းနှီး ခုတ်ထစ်နေစဥ် သူ့နှလုံးတွေက တုန်လှုပ်သွားကာ နားမလည်နိုင်သော မနာလိုစိတ်များ ပြေးဝင်လာကာ ရှဲ့ဖေးဖေးကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားချင်သည်။
ရှဲ့ဖေးဖေး စိတ်ပူနေသော လုရွှမ်ကိုလည်း ချက်ချင်း သေစေချင်နေသည်။ သခင်လေးချန်ရှီး ပြောနေသည့် စကားမှာ ကျိုးရှင်ရှန့်အား တိတ်တဆိတ် သက်ပြင်းချစေပြီး တိတ်တိတ်လေး ပြန်ထွက်သွားသည်။
လုရွှမ်: "ဖေးဖေး... နောက်ပြန်ဆုတ်လိုက်ပါ သခင်လေးချန်ရှီး ပြောတာက ငါတို့ကြားက တိုက်ပွဲက မပြီးသေးပါဘူးတဲ့... ငါတို့ မသေသေးသရွေ့ အရာအားလုံး အဆင်ပြေတာမျိုး ဖြစ်မယ်... ချန်ဖျင် မင်းဒါကို သဘောပေါက်လား"
ချန်ဖျင် သူ့သွားတွေကို အံကြိတ်ပြီး အော်လိုက်သည်။
"ကောင်လေး...မင်းဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ငါကြည့်ချင်တယ်"
"ဟား... ဒီဟာကို ဘယ်လောက်ကြာကြာ ထိန်းထားစေချင်လဲ မင်းမျက်နှာပေါ်က ပါးရိုက်ထားတဲ့ အမာရွတ်တွေ ပျောက်ကွယ်သွားတော့မှ ဖြစ်နိုင်တယ်.... ဟားဟား မင်းမျက်နှာက နည်းနည်းနီနေတာပဲ ပါးနှစ်ဖက်မှာ အနီကွက်တွေ ထပ်ထည့်ပေးရတော့မယ့်ပုံပဲ... နည်းနည်းတော့ ထပ်နီရဲလာတာက ကြည့်ရတာ ပိုကောင်းမယ် ထင်တယ်”
"ငရဲကိုသွားစမ်း!!"
ချန်ဖျင် အော်ဟစ်လိုက်၏။ သူ့လက်များက ပိုပို၍ ပင်ပန်းလာကာ လေအေးများက အနက်ရောင်ရေခဲနှင့် မီးများ တောက်လောင်လာသော်လည်း အပူချိန်က ပိုအေးလာပြီးရင်း ပိုအေးလာသည်။
ရှဲ့ဖေးဖေး စိတ်မပူဘဲ မနေနိုင်တော့ပေ။ သူမ ပြန်းရှင်တောက်ကို လှည့်ကြည့်လိုက်တော့ မျက်စိမှိတ်ပြီး မထွက်လာတာကို မြင်လိုက်ရသည်။ သူမ ဘာလုပ်ရမှန်း မသိအောင် မျက်ရည်များ ရစ်ဝဲလာသည်။
ကျိုးရှင်ရှန့်: "ညီမလေး... မငိုနဲ့ မင်းအစ်ကိုက ဆန်းကြယ်ရေခဲမီးတောက်ထဲမှာ ရှင်သန်နိုင်ခဲ့တယ် နောက်ဆုံးတော့ ဒါက သူ့အတွက် ပြဿနာ မရှိလောက်ဘူး"
နတ်မီးနယ်ပယ် ဒုတိယအဆင့်ရှိ လုရွှမ်သည် အလွန်တည်ငြိမ်ပြီး အသက်နှင့်သေခြင်းအတွက် မကြောက်မရွံ့ ဖြစ်နေပုံကို မြင်လိုက်ရသဖြင့် ကျိုးရှင်ရှန့် သူ့စိတ်ထဲတွင် အနည်းငယ်ပို၍ သဘောကျသွားပါသည်။
အရင်ကတော့ လုရွှမ် သူ့ဆီကို တမင်တကာ ရှဲ့ဖေးဖေးအား ကြံရွယ်ပြီး လွှတ်လိုက်တာကို သိသော်လည်း ဒေါသတွေလည်း ပြေပျောက်သွားပါပြီ။
တစ်ဖက်က ရေခဲထဲမှာတော့ မီးတောက်တစ်ခုကို မြင်လိုက်ရတဲ့ လုရွှမ်ဆီမှ အပြုံးတစ်ပွင့် ပွင့်လာသည်။
ဒီအချိန်ဟာ သူစောင့်နေခဲ့တဲ့ အချိန်ပဲလေ။
ယွမ်ယန်ကျင့်စဥ်သည် ခွန်အားအပြည့်ဖြင့် ရုတ်တရက် လွှတ်တင်ခဲ့သည်။ ချန်ဖျင်၏ မြင်ကွင်းတွင် အလွန်အစွမ်းထက်သော ရေခဲသလင်းထဲမှ ရုတ်တရက် စုပ်ယူလာသော တွန်းအားတစ်ခု ထွက်ပေါ်လာပြီး သူ၏လက်များသည် ရေခဲသလင်းပြင်တွင် ကပ်လျက် ရှိနေသည်။
"မင်း! မင်းဘာလုပ်လိုက်တာလဲ!!"
ချန်ဖျင် အော်လိုက်ပြီး ဆန်းကြယ်ရေခဲမီးတောက်နဲ့ သူကြားက ဆက်နွယ်မှုဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားနေတာကို တွေ့လာရလေ၏။