ခွဲထွက်စေပြီ
Vol. 111 Ch. 4.1184
"အိုး... ငါဘာလုပ်နေတာလဲ မင်း မခံစားရဘူးလား"
လုရွှမ်၏ အေးဆေးတည်ငြိမ်သော အသံသည် ယခုအချိန်တွင် သူ့စိတ်ထဲ၌ ပို၍ပင် ရယ်မောနေကြောင်း သိသာစေ၏။ အားလုံးက စိတ်ရှုပ်နေကြကာ ဘာဖြစ်နေတာလဲ ရုတ်တရက် နားမလည်လိုက်ချေ။
ချန်ဖျင် အစွမ်းကုန် တိုက်ခိုက်ရန် ကြိုးစားနေချိန်တွင် အရှုံးကို ကြုံတွေ့ခဲ့ရပြီး ရေခဲတုံးထဲတွင် အလုံပိတ်ခံထားရသည့် ကောင်လေး မဟုတ်လား။ ယခုအချိန်တွင် ချန်ဖျင်က ဘာလို့ ဒုက္ခရောက်နေပုံ ပေါ်နေတာလဲ။
"လွှတ် လွှတ် မြန်မြန် လွှတ်စမ်း!"
ချန်ဖျင်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး ကြောက်စရာ အကောင်းဆုံးအရာကို မြင်လိုက်ရသလိုပင် ကျယ်လောင်စွာ အော်ဟစ်နေတော့သည်။
ဒါပေမဲ့ တစ်စုံတစ်ယောက်က သူ့ကို အနောက်ကနေ ကန်ထုတ်သလိုမျိုး သူ့ခန္ဓာကိုယ်က ရုတ်တရက် ရှေ့ကို ခုန်တက်သွားပြီး သူ့ရဲ့ပါးပြင်က ရေခဲတုံးကို ရုတ်တရက် ဖိကပ်ပြီးသား ဖြစ်သွားလေတာကြောင့် နှုတ်ခမ်းတွေက ရေခဲတုံးကို ရယ်စရာပုံစံနဲ့ အနမ်းပေးသလို ဖြစ်သွားလေ၏။
အေးစက်သော လေပြင်းများ လွင့်ပျံလာကာ သူ့နှုတ်ခမ်းများက ရေခဲအတိုင်း အေးခဲသွားစေသည်။ ဤအခိုက်အတန့်တွင် အခြေအနေက ပြောင်းပြန် ဖြစ်သွားပုံရသည်ဟု လူတိုင်း မြင်လာရပြီး လုရွှမ်က အသာစီးရှိရသူ ဖြစ်လာသည်။
ချန်ဖျင်၏ နှုတ်ခမ်းများသည် ရေခဲများကြောင့် အေးခဲသွားလေရာ သူ လုံးဝ စကားမပြောနိုင်ပေ။ သို့သော် ယခု လှုပ်ရှားနိုင်သည့် တစ်ခုတည်းသော ရုန်းကန်လှုပ်ရှားနေသည့် သူ့ခြေထောက်များသည် ခက်ခက်ခဲခဲ လှုပ်ခါနေဆဲ ဖြစ်သော်လည်း ယခင်က ရှဲ့ဖေးဖေးကဲ့သို့ပင် လုံးဝ အချည်းနှီး ဖြစ်လာခဲ့သည်။
"ဟေး ချန်ဖျင်... မင်းတကယ်ကြီး ရေခဲကို နမ်းလိုက်တာလား... တော်တော် ရွံရှာစရာကောင်းတာပဲ!... မင်းရေခဲတွေကို အရမ်းကြိုက်လို့ လာ... ငါထွက်လာမယ် မဟုတ်ရင် ငါပါမင်းကို ရွံရှာမိလိမ့်မယ်"
ဝုန်း!
ချန်ဖျင် အနားမှာ ကွက်လပ်တစ်ခု ပွင့်လာပြီး ရေခဲပေါ်ရှိ တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်သည်နှယ် လုရွှမ် ထွက်လာခဲ့သည်။ ရေခဲကို နမ်းနေတုန်း ချန်ဖျင်ကို ပြန်ကြည့်လိုက်တော့ လုရွှမ် တုန်တုန်ယင်ယင်နဲ့ လုပ်ပြလိုက်သည်။
"ဒါက ရွံရှာစရာကောင်းလွန်းတယ်... မင်း ဘယ်လောက်ပဲ ညစ်ပတ်နေပါစေ ဒီလောက် ရွံရှာစရာကောင်းတဲ့ အရာတွေကို လူမြင်ကွင်းမှာ မလုပ်ရဘူးလေ မဟုတ်ဘူးလား.... ရေခဲသလင်းနဲ့ စိတ်ဖြေနေတာလား အတွင်းထဲမှာက အရမ်းအေးတယ်နော် အဲဒါက မင်းကို အေးချမ်းစေလိမ့်မယ်"
လုရွှမ် ပြောပြီးသည်နှင့် လက်ညိုးထိုးလိုက်သည်။ လူတိုင်း၏ အံ့အားသင့်နေသော မျက်လုံးများရှေ့တွင် ရေခဲသလင်းပြင် တံခါးသည် တဖန်လှုပ်ခါကာ ချန်ဖျင်၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်ထားပြီးနောက် သူ့ကို ရေခဲသလင်းထဲသို့ ပေါင်းထည့်လိုက်ပေသည်။
ဆန်းကြယ်ရေခဲမီးတောက်က လျင်မြန်စွာ တောက်လောင်နေကာ ရေခဲနဲ့ ချန်ဖျင်က တစ်သားတည်း ဖြစ်သွားခဲ့သည်။
"အစ်ကိုလုရွှမ်"
ရှဲ့ဖေးဖေး စိုးရိမ်မှုများဖြင့် စိတ်လှုပ်ရှားစွာ ပြေးလာသည်။ သူမကို ဖမ်းထားပြီးနောက် သူမခေါင်းလေးကိုလည်း ပွတ်သပ်ပေးလိုက်သည်။
"စိတ်မပူပါနဲ့ ငါက အားလုံး စီစဉ်ထားပြီးသား"
သူက လှည့်ကြည့်ပြီး ကျိုးရှင်ရှန့်ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သခင်လေးချန်ရှီးကို ကြည့်ကာ ပေါ့ပေါ့ပါးပါးလေး ပြုံးပြလိုက်လေ၏။
"သခင်လေးချန်ရှီး... ကျုပ် ဒီစာမေးပွဲကို အောင်ပြီထင်တယ် ဟုတ်တယ်မလား?"
ချန်ရှီးမျက်နှာသည် မည်းမှောင်လာပြီး ဟစ်အော်ကာ အဓိပ္ပာယ်မဲ့စွာ ကျိန်ဆဲရင်း လှည့်ထွက်ပြေးသွားခဲ့သည်။ ပြန်းရှင်တောက်လည်း မျက်လုံးဖွင့်ကာ လုရွှမ်ကို ပူလောင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ခဏအကြာတွင် သူက အဝေးကို လှမ်းကြည့်ကာ ဆိုလာခဲ့၏။
"လုရွှမ် စာမေးပွဲအောင်ပြီ... ရေခဲကို နေရာရွှေ့လိုက် စာမေးပွဲအောင်တဲ့ သူတွေအားလုံးက ငါ့နောက်ကနေ တောင်တံခါးဆီ လိုက်လာခဲ့ကြပါ... အဘိုးကြီးလျိုချွမ်း မင်းက ကျန်တာတွေကို တာဝန်ယူထားလိုက်ပါ...."
နောက်ဆုံးတွင် တောင်တံခါးသို့ ဝင်နိုင်ခဲ့သဖြင့် အသစ်စက်စက် တပည့်များသည် နံဘေးလမ်းအတိုင်း လျင်မြန်စွာ လိုက်ကာ တောင်တံခါးသို့ ပြေးဝင်ကြသည်။ တခြားသူတို့သည် လွန်စွာ မနာလိုသော မျက်လုံးဖြင့် ကြည့်နေကြပါ၏။
လုရွှမ်နဲ့ ရှဲ့ဖေးဖေးက အတူတူ လမ်းလျှောက်လာခဲ့ကြပြီး တခြားလူများက ၎င်းတို့နှစ်ဦးကို အလိုအလျောက် ရှောင်သွားခဲ့သည်။ သခင်လေးချန်ရှီးက ဘယ်လိုမျိုး အထောက်အထားရှိလဲ ဘယ်သူက မသိလို့လဲ။
"အစ်ကိုကြီး....သခင်လေးချန်ရှီးကို ဘယ်လိုလုပ်မလဲ"
ရှဲ့ဖေးဖေး စိုးရိမ်တကြီး မေးလိုက်သည်။ ယခု သူမတို့သည် သခင်လေးချန်ရှီးနှင့် ဆန့်ကျင်ဘက် ဖြစ်နေပြီ။ ချန်ရှီးသည် ဒြပ်စင်ငါးပါး မဟာဂိုဏ်းတွင် ထူးခြားသော နောက်ခံရှိသောကြောင့် ၎င်းတို့၏ဘဝများက အနာဂတ်တွင် ခက်ခဲလာနိုင်သည်။
"စိတ်မပူပါနဲ့ စိတ်မပူပါနဲ့... သူက သခင်လေးချန်ရှီးပဲလေ... သူ ငါတို့နဲ့ လာမရှုပ်ရင် အဆင်ပြေတယ်... ငါတို့ကလည်း သွားမရှုပ်ရင် ရပြီလေ..."
လုရွှမ်၏ စကားများသည် မြင့်သည်မဟုတ်၊ နိမ့်သည်မဟုတ်။ လူတိုင်း ကြားလိုက်ရသောအခါတွင် သူတို့အားလုံး အတွက်မှာ ကျယ်လောင်လွန်းသဖြင့် လုရွှမ်နှင့် ဝေးကွာသင့်သည်ဟုသည စိတ်နှလုံးထဲတွင် ညည်းညူနေခဲ့ကြသည်။
တောင်တံခါးနောက်က လှေကားထစ်တွေက အလွန်ရှည်လျားလှသည်။ ရှေ့တွင် လမ်းငါးခု ပေါ်လာပြီး အဝေးသို့ ချဲ့ထွင်ကာ တောင်ထွတ်အသီးသီးဆီသို့ ဦးတည်သွားသည်။ အဓိက လမ်းကြီးငါးခုရဲ့ ဘေးမှာ သေးငယ်တဲ့ လမ်းကြောင်းတစ်ခုလည်း ရှိသေးသည်။
"လမ်းငါးခုက သဘာဝအတိုင်း တောင်ကြီးငါးခုဆီကို ဦးတည်တယ်... ဒါပေမဲ့ မင်းတို့ အတွင်းတပည့်အဖြစ် ရာထူးတိုးပြီးမှပဲ တောင်ကြီးငါးခုထဲက တစ်ခုဆီကို ရွေးချယ်ပြီး သွားနိုင်မယ်... အဲဒီမတိုင်မီခင်တော့ ကြိုးစား လေ့ကျင့်ထားကြ!!"
"လုရွှမ်နဲ့ ရှဲ့ဖေးဖေးက ငါနဲ့လိုက်ခဲ့... မင်းတို့ရဲ့ အရည်အချင်းတွေက အရမ်းကောင်းတယ် မင်းတို့ရဲ့ သင့်တော်တဲ့ လေ့ကျင့်မှု လမ်းညွှန်ချက်ကို ငါ စစ်ဆေးကြည့်မယ်"
ထိုသို့ပြောပြီးနောက် ပြန်းရှင်တောက်သည် ၎င်းတို့နှစ်ဦးကို ခေါ်ဆောင်ကာ အလယ်လမ်း တစ်ခုဆီသို့ တိုက်ရိုက်ပျံသန်းကာ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ လူသုံးဆယ်ကျော်သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရှဲ့ဖေးဖေးအား မနာလိုစိတ် အပြည့်ဖြင့် ကြည့်နေခဲ့ကြ၏။
"သွားကြရအောင်"
သူတို့ စိတ်ထဲမှာ မပျော်မရွှင် ဖြစ်နေပေမယ့် သူတို့ နှလုံးသားထဲမှာပဲ ထိုမပျော်မရွှင်တွေကိုသာ ဖိနှိပ်ပြီး အောက်က လမ်းငယ်လေးဆီကို ဦးတည်သွားခဲ့ကြရလေသည်။
ပင်မတောင်ထိပ်သို့ ရောက်သောအခါ ခမ်းနားထည်ဝါသော ခန်းမကြီးတစ်ခု တည်နေတာကို တွေ့လိုက်ရသည်။ ပြန်းရှင်တောက်က တပည့်တစ်ဦးကို နှုတ်ဆက်ပြီး သူ့ဘာသာသူ ထွက်ခွာသွားခဲ့သည်။ တပည့်သည် လုရွှမ်ကို စိုက်ကြည့်ကာ လှောင်ပြောင်သယောင် အရိပ်အမြွက်ဖြင့် ပြောသည်။
"မင်း ဘေးတိုက်နေစရာ မလိုဘူး... မင်းရဲ့ အရည်အချင်းက မီးနဲ့ဆိုင်တယ်... မီးထွက်တောင်ထွတ်ကို သွား"
လုရွှမ် ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ပြီး။
"ကောင်းပါတယ်"
ထိုတပည့်က အံ့အားသင့်သွားပြီး လုရွှမ် လုံးဝ မကြောက်တာကို တွေ့တော့ သူက ထပ်ပြောလိုက်သည်။
"အခုနေတော့ ဂုဏ်ယူထားပေါ့... မင်း နောင်အနာဂတ်မှာ ဒုက္ခရောက်လိမ့်မယ်"
"ရှဲ့ဖေးဖေး... မင်းရဲ့ဒြပ်စင်ငါးပါး စွမ်းရည်ကို စမ်းသပ်ကြည့်ပါ..."
ရှဲ့ဖေးဖေး မပျော်မရွှင် ဖြစ်သွားသည်။ အစ်ကိုဖြစ်သူ လုရွှမ်ကို မီးထွက်တောင်ထွတ်ဆီ ပို့လိုက်တယ် ဆိုတာဟာ သူတို့နှစ်ယောက်ကို ခွဲထုတ်လိုက်တယ် ဆိုတာ ထင်ရှားနေပါပြီ။
"သွားပါ... စိတ်မပူပါနဲ့ ငါသွားတဲ့ နေရာတိုင်းမှာ ဆုံးရှုံးစရာ ရှိမှာ မဟုတ်ဘူး.... ဒေါသမထွက်ဘဲ မင်းလေ့ကျင့်ဖို့ပဲ ဒီမှာ ရှိနေတာကို မှတ်ထား..."
ရှဲ့ဖေးဖေး ခေါင်းညိတ်၍ တိုင်ငါးတိုင်ကို လှည့်ကြည့်လိုက်၏။ လမ်းညွှန်ချက်ဟာ အရှေ့၊ အနောက်၊ တောင်၊ မြောက်နဲ့ အလယ်ရှိကာ သူမ အလယ်တည့်တည့်ကို လျှောက်သွားခဲ့လေသည်။ တိုင်ငါးခုတွင် အပြာရောင်သလင်းကျောက် တစ်လုံးစီကို ထည့်ထားသည်။
တိုင်ငါးတိုင်သည် အလင်းရောင်ဖြင့် ထွန်းလင်းနေပြီး အနက်ရောင်တိုင်က အတောက်ပဆုံး ထွန်းလင်းနေသည်။
"မြောက်ဘက် နက်ရှိုင်းရေတောင်ထွတ်... ဆရာတူညီမလေးကို ဂုဏ်ပြုပါတယ်"
ထိုတပည့် ပြုံးကာ ဂုဏ်ပြုပြီးတော့ ဓားပျံကို လွှတ်တင်လိုက်လေသည်။
“မင်းတို့ ကိုယ့်တောင်ထွတ်ကို သွားကြ!”
ပြောပြီးတာနဲ့ ချက်ချင်း ပျံသန်းသွားသည်။ နှစ်ယောက်သား မတွေ့ချင်လို့လား အလုပ်တွေပဲ ရှုပ်နေလို့လားတော့ မသိ။
"သွားရအောင်.... နောက်မှတွေ့ကြမယ်"
သူတို့နှစ်ဦးသည် လမ်းမကြီးငါးခုဆီသို့ ပြန်လှည့်ကာ ရှဲ့ဖေးဖေးက နက်ရှိုင်းရေတောင်ထွတ်သို့ ပျံသန်းသွားကည လုရွှမ်လည်း မီးထွက်တောင်ထွတ်ဆီသို့ ပျံသန်းသွားခဲ့သည်။
မီးထွက်တောင်ထွတ်က အနောက်ဘက်တွင် ရှိလေသည်။ လမ်းတစ်လျှောက် ပျံသန်းပြီး မကြာမီတွင် အပူများ ထွက်လာသည်ကို ခံစားလိုက်ရသည်။ အပြင်ဘက်က တောင်ထိပ်ငါးလုံး၏ အသွင်အပြင်ကို မမြင်ရတော့ပေ။ ဒီကိုရောက်လာတဲ့အခါမှ ဒီတောင်ထွတ်ဟာ တကယ်တော့ မီးတောင်တစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
တောင်ကြောများမှ ဖြာထွက်လာသော အနီရောင် အလင်းတန်းများက စွမ်းအင်စီးကြောင်းများ အဖြစ် ဖြန်းခနဲ ဖြာထွက်လာသည်။ အပူရှိန်က မြင့်တက်လာပြီး ဤတောင်ထွတ်အောက်တွင် အနည်းဆုံးတော့ အစွမ်းထက်သော အပူမီးတစ်ခု ရှိနိုင်ခဲ့ကြောင်း လုရွှမ် ခန့်မှန်းခဲ့သည်။
ကောင်းကင်ယံက မီးသည် တောက်ပ၍ မြေကြီးပေါ်က မီးက ပြင်းထန်၏။ ထိုတောင်ကြီးဖြင့် ဤနေရာသည် အမှန်တကယ်ပင် မီးဒြပ်စင် ကျင့်ကြံသူများအတွက် အလွန်ကောင်းမွန်သော ရတနာနယ်မြေတစ်ခု ဖြစ်လာခဲ့သည်။