← Chapters

ဆရာတူအစ်မကြီး

Vol. 111 Ch. 4.1185

ဆရာတူအစ်မကြီး

Vol. 111 Ch. 4.1185

တပည့်နှစ်ယောက်က တောင်တံခါးဝကို စောင့်နေကြသည်။ သူစိမ်းတစ်ယောက်လို လုရွှမ် ပျံသန်းလာတာကို မြင်လိုက်ရတော့ လူတစ်ယောက်က ရှေ့ကိုလှမ်းလာပြီး။

"ဘယ်သူလဲ!"

အော်ဟစ်ရင်း သူက ဓားကြီးကို ဝှေ့ယမ်းလိုက်၏။ သူ့ရဲ့ ကျင့်ကြံသူ အဆင့်က အားနည်းပြီး မျှော်စင်နယ်ပယ် ပထမအဆင့်သာ ရှိသည်။

"ကျွန်တော် ဆရာတူအစ်ကို နှစ်ယောက်ကို နှုတ်ဆက်ပါတယ်...ကျွန်တော့်နာမည်က လုရွှမ်ပါ... မီးထွက်တောင်ထွတ်ကို ဝင်ဖို့ ကျွန်တော့်ကို တာဝန် ပေးလိုက်ပါပြီ"

ဟိုအရင်က သူတို့နှစ်ယောက်အား ဒီတံခါးကို စောင့်ခိုင်းထားတာ ဖြစ်နိုင်ပြီး သူ့နာမည်ကို ထိုးနှက်ချင်လို့ ဟန်ဆောင်နေတာ ထင်ရှားပါ၏။ လိုအပ်တဲ့ အချိန်တွေမှာ အကူအညီပေးမယ့်သူ မရှိဘူး။ ဒါပေမဲ့ အနာပေါ် ဆာသိပ်ပြီး မြှောက်ပင့်ပေးတဲ့ သူကလည်း အများအပြား ရှိနေတတ်သည်။

"ဟမ့် ဒါဆို မင်းက လုရွှမ်ပေါ့.... မင်းက အဆင့်မြင့်တာမျိုး မဟုတ်ပေမယ့် အရမ်းအစွမ်းထက်တယ်... ပြီးတော့ မင်းမှာ နတ်ဓားတစ်လက်လည်း ရှိတယ်ဆို"

နတ်ဓားကို စိတ်ကူးယဉ်ထားတာတွေက ချက်ချင်းကို ပေါ်လာတော့သည်။

"ဒါပေါ့"

"အဟမ်း! ချန်ဖျင်က မင်းရဲ့ ဆရာတူအစ်ကိုပဲ... မင်းက တကယ်လုပ်ပြပြီး ဆရာတူအစ်ကိုကို အနိုင်ယူခဲ့တာ....ဟမ့် မင်းရဲ့အင်အားက ဒီလောက်ဆိုရင် ကျိုးနွံလွန်းတယ် မဟုတ်လား"

"ကောင်လေး.... ဒြပ်စင်ငါးပါး မဂိုဏ်းတစ်ခုလုံးကို တားမြစ်ထားတာက အကြီးတွေကို မရိုမသေ မလုပ်ရဲဘူးတဲ့... မင်းသိလား မင်းက ဂိုဏ်းထဲတောင် မဝင်ရသေးဘူး ဆရာတူ အစ်ကိုကို မထီမဲ့မြင် လုပ်ဖို့ သတ္တိရှိနေပြီ... မင်း စလာကတည်းက သာယာတော့မှာ မဟုတ်ဘူး!"

နောက်လူကလည်း ပူးပေါင်းပြီး အော်ပေးသည်။ လုရွှမ် သူ့စိတ်ထဲတွင် ရွှင်မြူးသွားပြီး ပြန်မေးလိုက်သည်။

"အိုး ဒီအတိုင်းဆို ငါဘာလုပ်ရမလဲ"

"နတ်ဓားကို လွှဲ​ပေးပြီး နောက်နောင် ဒုက္ခ​ကြီး​တွေ မဖြစ်လာအောင် ကယ်တင်လိုက်ပေါ့"

လုရွှမ် ကျယ်လောင်စွာ ရယ်မောပြီး။

"မင်းက ငါ့ဓားကို ယူချင်နေတာလား... ရတယ် မင်းမှာ အရည်အချင်းရှိရင် လာယူလေ"

သူ့နောက်ကျောက နတ်ဓားကို ဆွဲထုတ်လိုက်သည်။ ဓားဖျားကို ဆုပ်ကိုင်ထားကာ လက်ကိုင်ကိုတော့ သူတို့နှစ်ယောက်ဆီသို့ လှည့်ပေးထားလိုက်သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် စိတ်လှုပ်ရှားစွာ ကြည့်နေကြပြီး ဓားသွားကို လှမ်းဆွဲလိုက်ကြသည်။

သူတို့နှစ်ဦးသည် တစ်ချိန်တည်းတွင် ဓားသွားကို ဆွဲကိုင်မိတာကြောင့် အချင်းချင်း အော်ပြောကြလေ၏။

"ငါအရင် ဖမ်းလိုက်တာ!"

လုရွှမ်: "ဘာလို့ ငြင်းခုန်နေကြတာလဲ ဘယ်သူက အရင်ဖမ်းတာလဲ အရေးမကြီးဘူး... ငါ့လက်ထဲက ဓားကို မင်းတို့ လုယူနိုင်မလား ဆိုတဲ့အပေါ်မှာ မူတည်တယ်"

သူတို့နှစ်ယောက် အော်ဟစ်ပြီး အတူတူ အလုပ်ကြိုးစားကြလေသည်။ နှစ်ယောက်သား၏ ပါးပြင်များက တဖြည်းဖြည်း နီလာပြီး ကြွက်သားများ တောင့်တင်းလာကာ အစွမ်းကုန် ကြိုးစားသော်လည်း ဓားက လုံးဝ မလှုပ်ပေ။

"ဟမ့် မင်းတို့နှစ်ယောက်က တံခါးကို စောင့်နေရတာတောင် ငါ့နတ်ဓားကို ခိုးရဲတယ်ပေါ့လေ..."

လုရွှမ်ရဲ့ လက်ဖဝါးထဲက အင်အားတစ်ခု ထွက်လာပြီး သူတို့နှစ်ယောက်ကို ထိသွား၏။ နှစ်ယောက်သား တပြိုင်နက်တည်း လွင့်သွားကြကာ ရှက်ရွံ့စွာဖြင့် မြေပြင်ပေါ် လဲကျသွားကုန်သည်။ ထို့နောက် ချင်ထျန်းဓားကို ဖယ်လိုက်သည်။

"ဆရာတူအစ်မ... မင်း ကြည့်​နေတာ ကြာပြီ အခု ပေါ်လာနိုင်မလား"

တီးတိုး အသံနဲ့အတူ နတ်သမီးတစ်ယောက် ထွက်လာသည်။ တောင်တံခါးကို စောင့်နေတဲ့ တပည့်နှစ်ယောက်ရဲ့ အမူအရာတွေက သိသိသာသာ ပြောင်းလဲသွားပြီး မြေပြင်ပေါ် လဲကျကာ ခန္ဓာကိုယ်တွေ တုန်တုန်ယင်ယင်နဲ့ ခေါင်းပင် မထောင်ရဲကြတော့ချေ။

"ဆရာတူအစ်မ​ကြီးကို ဂါဝရပြုပါတယ်"

လူတိုင်းက သူမကို ဒီလိုခေါ်လို့ မရပေ။ အထူးသဖြင့် မဟာဂိုဏ်းတွင် ပြင်ပဂိုဏ်းတပည့်၊ အတွင်းစည်းဂိုဏ်း၊ တိုက်ရိုက် တပည့်များကို ထိုသို့ခေါ်၍ မရချေ။ အဓိကတပည့်များသာ အခေါ်ခံရသော အခေါ်အဝေါ် ဖြစ်ပေသည်။

"ကျွန်တော် ဆရာတူအစ်မကြီးကို နှုတ်ဆက်ပါတယ်"

လုရွှမ်လည်း နှုတ်ဆက်လိုက်သည်။ သူမသည် မျှော်စင်နယ်ပယ် အဆင့်၅ရှိ သခင်လေးချန်ရှီး ကဲ့သို့ပင် သူမ၏ ကျင့်ကြံမှုအဆင့်က အလွန်မြင့်မားပုံ မပေါ်ပေ။ ဒါပေမဲ့ အသက်ရှုသံက တည်ငြိမ်ပြီး ထိန်းထိန်းသိမ်းသိမ်း ရှိသည်။ လုရွှမ်ရဲ့အမြင်မှာတော့ ချန်ရှီးအောက်မှာ လုံးဝ မနိမ့်ပေ။

"မင်းက လုရွှမ်မလား.... ငါနဲ့လိုက်ခဲ့ မင်းနှစ်ယောက်က တံခါးကို တစ်နှစ်လောက် ထပ်စောင့်လိုက်ကြ!"

နှစ်ယောက်သား ငိုနေကြသော်လည်း အမိန့်ကို မနာခံဘဲ မ​နေဝံ့ဘဲ ခါးသက်စွာပဲ သဘောတူလိုက်ကြသည်။

"ချန်ရှီးကို တိုက်ခိုက်ရဲတဲ့ နတ်မီးနယ်ပယ်က လူလေးတစ်ယောက် ရှိတယ်ဆိုတာ ငါကြားလိုက်လို့ အရမ်းစိတ်ဝင်တစားနဲ့ လာကြည့်လိုက်တာ... ဒါပေမဲ့ ဒီလိုပုံစံနဲ့ တွေ့ရတော့ ငါနည်းနည်း စိတ်ပျက်သွားမိတယ်... မင်းရဲ့နယ်ပယ်က တကယ် နိမ့်လွန်းတယ်"

"မင်းရဲ့ အရည်အချင်းက အရမ်းကောင်းပြီး မင်းရဲ့ ခွန်အားက အရမ်းသန်မာ​နေတယ်လို့ ထင်နေတာလား.... မင်း ချန်ရှီးနဲ့ အရူးမလို့ ရန်သွားဖြစ်တာလား မင်းက နုံအလွန်းလား ဒါမှမဟုတ် အရည်အချင်း မရှိလွန်းဘူးလားတောင် ငါမသိ​တော့ဘူး"

ထိုအခါ လုရွှမ် ပြုံးပြီး ပြန်ပြောလိုက်သည်။

"ဆရာတူအစ်မကြီး... ကျွန်တော်က နုံအတာ မဟုတ်ပါဘူး.... မြို့က မနက်ဘူးလေ... တကယ်တော့ ကျွန်တော်က ဆရာတူအစ်မကြီးလို ချန်ရှီးကို နည်းနည်း ကြည့်မရရုံပါ..."

"ဟမ့်... ချန်ရှီးကို ငါကြည့်မရဘူးလို့ ဘယ်သူပြောလဲ?... သူက ငါတို့ မီးထွက်တောင်ထွတ်ရဲ့ နံပါတ်တစ် ပါရမီရှင်...ဒြပ်စင်ငါးပါး မဟာဂိုဏ်း တစ်ခုလုံးကတောင်မှ ဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်လာနိုင်တယ်လို့ ပြောနေကြတာ.... သူ့ဘေးမှာ အလှတရားတွေ ဘယ်လောက်တောင်များနေဦးမှာလဲလို့ တွေးမိတယ် ငါလည်း လူပဲ.... ယုတ်မာမှုကနေ ကင်းလွတ်မှာ မဟုတ်ဘူး"

"ဒါက သဘာဝပါပဲ... ဒါပေမဲ့ ဆရာတူအစ်မကြီးကတော့ မဟုတ်​လောက်ဘူးမလား... မဟုတ်ရင် ကျွန်​တော့်ဆီလာပြီး ချန်ရှီးကို ရင်ဆိုင်ဝံ့တဲ့သူအကြောင်း သိချင်နေမှာ မဟုတ်ဘူးလေ... တစ်ချိန်တည်းမှာပဲ မီးထွက်တောင်ထွတ်ရဲ့ ကောင်းကင်ကို ချန်ရှီးက လက်တစ်ဖက်တည်းနဲ့ ဖုံးအုပ်နေတာကိုလည်း ကျွန်တော် မြင်ခဲ့ရတယ်.... တကယ်က အစ်မကြီးလည်း လူယုံတစ်ယောက်ရှာဖို့ မဖြစ်နိုင်ဘူးလေ... ကျွန်တော်င သိပ်အရည်အချင်း မရှိဘူးဆိုပေမယ့် ဆရာတူအစ်မကြီးက အချိန်ပိုပေးပြီး အကြံဉာဏ်ပေးလို့ ရပါတယ်!"

ဆရာတူအစ်မကြီးက တိုးတိုးလေး ရယ်ရင်း ခေါင်းညိတ်သည်။

"မင်းက မြွေတွေကို တုတ်နဲ့ လိုက်ရိုက်ရတဲ့ နေရာမှာ တော်သားပဲ.... ဒါပေမဲ့ မင်းရဲ့ ခွန်အားက အရမ်းညံ့နေသေးတာ သနားစရာပဲ... အရင်ဆုံး သွားပြီး ကျင့်ကြံလိုက်ပါဦး"

သူမက ပြောပြီး ထွက်သွားခဲ့လေသည်။

ဆရာတူအစ်မကြီး ထွက်ခွာသွားတာကို တစ်ယောက်ပြီး တစ်ယောက်ကြည့်ကာ တိုးတိုးလေး ပြုံးကာ မတ်တပ်ရပ်လိုက်သော လူနှစ်ယောက်ကို လုရွှမ် လှည့်ကြည့်လိုက်သည်။

"ဆရာတူအကို နှစ်ယောက်... အခု အထောက်အထား တံဆိပ်ပြားတွေ လျှောက်ထားဖို့ ကျွန်​တော့်ကို လိုက်ပို့ပေးနိုင်မလား"

နှစ်ယောက်သား ဒေါသမထွက်ရဲကြပေ။ ဒီကောင်လေး ရောက်လာတာနဲ့ ဆရာတူအစ်မကြီးက ပြေးလာလေရာ နားမလည်နိုင်လောက်သော ဆက်ဆံရေးရှိမလား မပြောတတ်ချေ။ ဆရာတူအစ်မကြီးနဲ့ သခင်လေးချန်ရှီးက နတ်ဘုရားတွေဆိုလျှင် သူတို့က မနာလိုနေရသော နတ်ဆိုးလေးများသာ ဖြစ်သည်။

ထို့အပြင် နတ်မီးနယ်ပယ် ဒုတိယအဆင့်သာ ခွန်အားရှိသော ငယ်ရွယ်သော ညီငယ်တစ်ဦးသည် ၎င်းတို့ကို အမှန်တကယ် ဖျက်ဆီးနိုင်သည်။ သူတို့နှစ်ဦးသည် အင်အားနည်းပြီး နောက်ခံမရှိသောကြောင့် တံခါးစောင့်ရန် စေလွှတ်ခြင်းခံရရာ သဘာဝကျကျ လုရွှမ်ကို ထပ်၍ မစော်ကားဝံ့​တော့​ပေ။

နာခံမှုရှိစွာဖြင့် လုရွှမ်အား ဂိုဏ်း၏ အမည်စာရင်းသွင်းရာ နေရာသို့ ခေါ်ဆောင်သွားပြီးနောက် ၎င်း၏အထောက်အထားကို စစ်ဆေးကာ အသက်ကယ် ကတ်များနဲ့အတူ လုရွှမ်နေရန် အခန်းရွေးချယ်ပေးကာ ကျားလိုက်နေသလို ထွက်ပြေးသွားခဲ့သည်။

မြေပြင်က မီးကြောင့် မီးထွက်တောင်ထွတ်က အခြားတောင်များနှင့် မတူပါ။ အမာခံတပည့်တွေက အောက်ခြေမှာ၊ တိုက်ရိုက် တပည့်တွေက ထိပ်ဆုံးမှာ၊ ပြီးတော့ အတွင်းတပည့်တွေ။ လုရွှမ်က နောက်ဆုံး ရောက်လာသူမလို့ သူ့အခန်းကို တောင်ထိပ်မှာ စီစဉ်ထားခဲ့သည်။

လုရွှမ်သည် ဤအစီအစဥ်ကို အလွန်ကျေနပ်နေခဲ့၏။ တောင်ထိပ်ပေါ်ရှိ ရှုခင်းဟယ အကောင်းဆုံးဖြစ်ပြီး အတွင်းစည်း တပည့်တစ်ဦးအနေဖြင့် သူသည် တပည့်များထဲတွင် အဆိုးဆုံး ဖြစ်သည်။

တခြားသော အတွင်းစည်း တပည့်များသည် အနည်းဆုံး နတ်မီးနယ်ပယ် အဆင့်၅ သို့မဟုတ် အဆင့်၆ ထိပ်တန်းအဆင့် ပါရမီရှင်များ ဖြစ်ကြပြီး ဖြစ်သော်လည်း အများစုမှာ ပြင်ပတပည့်များ ဖြစ်နေဆဲပင်။

တောင်ထိပ်တွင် အလွန်ဗလာကျင်းသည်။ ရွေးချယ်ထားသည့် လူမရှိသောကြောင့် လုရွှမ်သည် ကျယ်ဝန်းပြီး အတန်ငယ်ဝေးလံသော ခြံဝင်းတစ်ခုကို ရွေးချယ်ကာ အခင်းအကျင်းကိူ ဖွဲ့စည်းတည်ထောင်လိုက်သည်။

အခြေချပြီးနောက် လုရွှမ် သူမြင်ဖူးခဲ့သော ကျောက်ပြားတစ်ခုဆီသို့ လှမ်းလာခဲ့၏။ ကျောက်ပြားပေါ်၌ မီးထွက်တောင်ထွတ်၏ စည်းမျဉ်းအမျိုးမျိုးနှင့် တောင်၏ပုံစံကို မှတ်တမ်းတင်ထားသည်။

အတွင်းတပည့်များသာ ထိုနေရာသို့ တက်လှမ်းနိုင်သော်လည်း ၎င်းတို့သည် လုံလောက်စွာ မသန်မာသောကြောင့် အောက်ထပ်ကို ဆက်ဆင်းဖို့ အကြာကြီး မထိန်းနိုင်ကြပေ။

ရှေးဟောင်းကျမ်း၊ အဂ္ဂိရတ်ဆေး အခန်း၊ လက်နက်သန့်စင်ရာ အခန်း စသည်ရှိသဖြင့် အဆောက်အဦးများ အားလုံးသည် အောက်ထပ်တွင် ရှိပြီး ထိုအခန်းများသို့ ရောက်ရှိလိုပါက မိမိတတ်စွမ်းသမျှ ကြိုးစားထားရမ် လိုအပ်သည်။

နောက်ဆုံးတော့ မြေပြင်က မီးနဲ့ ပိုနီးကပ်လေလေ ရက်စက်ကြမ်းကြုတ်တဲ့ ခွန်အားမရှိရင် အဲဒီမှာ မနေနိုင်သလို လေ့ကျင့်ဖို့ ဒါမှမဟုတ် ဘာမှလုပ်နိုင်မှာ မဟုတ်လေပါပဲ။

All Chapters