← Chapters

အခန်း (၁၀၆၇)

Vol. 77 Ch. 1067

အခန်း (၁၀၆၇)

Vol. 77 Ch. 1067

‘ဒါက ချောက်နက်ထဲမှာ ရက်တစ်ရာကြာအောင် နေနိုင်တဲ့ဆေးလုံးကို သန့်စင်ခဲ့တဲ့ အာခီမီကျွမ်းကျင်သူလား’

တိမ်တိုက်နဂါးစံအိမ်က ဆေးလုံးရောင်းချမှုဖြင့် အလွန်ကြွယ်ဝလာကြောင်း လူတိုင်းသိကြသည်။ တိမ်တိုက်နဂါးစံအိမ်တွင် ထိပ်တန်းအဆင့် အာခီမီကျွမ်းကျင်သူတစ်ဦး ရှိနေသည်။

ယခုအချိန်တွင် ထိုအာခီမီကျွမ်းကျင်သူက အမျိုးသမီးကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း လူတိုင်း မြင်လိုက်ရသည်။

မူဝမ်က ရှေ့ထွက်လာသောအခါတွင် ကျင်းယွင်ထျန်းက ပြုံးလိုက်သည်။

သူက လက်မြှောက်ပြီး ညကောင်းကင်မျှော်စင်သို့ ထွက်သွားတော့မည့်အဖွဲ့ကို တားဆီးသည်။ ထို့နောက် မူဝမ်ကို ကြည့်လိုက်သည်။

“နတ်မိမယ်မူ၊ မင်းက စတုတ္ထအလွှာကို လိုက်ခဲ့မယ်ဆိုရင် ငါက ညကောင်းကင်မျှော်စင်ရဲ့ လူတွေကို လွှတ်ပေးလိုက်မယ်”

ထိုအမျိုးသမီးကျင့်ကြံသူက သဘောတူလိမ့်မည်ဖြစ်ကြောင်း သူက သေချာနေသည်။

သူ့နောက်ကွယ်တွင် အင်မော်တယ်ဘုရင် ရှိနေသည်။

ကောင်းကင်တစ်‌သောင်းမြို့တွင် စတုတ္ထအလွှာသို့ မသွားချင်သောလူများ မရှိပေ။

တစ်ဖက်အဖွဲ့အစည်း၏ ကျွမ်းကျင်သူသည် ကောင်းကင်တစ်သောင်းချောက်နက်တွင် ပျောက်ကွယ်သွားသည်။ ယခုအချိန်သည် အင်အားစုကြီးတစ်ခုနှင့် ပူးပေါင်းရန် အကောင်းဆုံးအခွင့်အရေး ဖြစ်သည်။

ကျင်းယွင်ထျန်းက ဟန်မူယဲ့အကြောင်းကို တွေးမိပြီး နှုတ်ခမ်းတွန့်သွားသည်။

အပျက်အစီးနယ်မြေတွင် သူက တစ်ဖက်လူကို ကမ်းလှမ်းခဲ့သော်လည်း အသတ်ခံလိုက်ရသည်။ ထို့ကြောင့် သူ၏ မူလဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးသွားသည်။

သို့သော် ထိုလူက ကောင်းကင်တစ်သောင်းမြို့သို့ ပြန်ရောက်မလာခဲ့ပေ။ မဟုတ်လျှင် သူက ထိုလူကို ခံစားရအောင် လုပ်ပစ်မည်။

ကျင်းယွင်ထျန်း၏စကားကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်တွင်ရှိနေသော ကျင့်ကြံသူများက အားကျနေကြသည်။

ကျင်းယွင်ထျန်းနှင့်အတူ စတုတ္ထအလွှာသို့ လိုက်သွားနိုင်ခြင်းသည် ကောင်းကင်သို့ ရောက်သွားခြင်းနှင့် ဆင်တူသည်။

စတုတ္ထအလွှာ၏ ကျင့်ကြံခြင်းအရင်းအမြစ်များသည် တတိယအလွှာထက် ပိုများသည်။

ထိုနေရာတွင် ကောင်းကင်တစ်သောင်းမြို့၏ လက်ရွေးစင်များ စုစည်းနေကြသည်။

ဟူယွင်လုံက နောင်တများဖြင့် သက်ပြင်းချလိုက်ပြီး ခေါင်းငုံ့ထားသည်။

ရွှေအင်မော်တယ်ချွမ်လင်းက ပြန်ရောက်မလာ‌သေးပေ။ သူတို့၏ အင်အားစုက စတုတ္ထအလွှာသို့ ဝင်ရောက်ရန် ခွင့်ပြုချက်မရသေးပေ။

လူတိုင်းက မူဝမ်ကို ကြည့်လိုက်ကြသည်။

မူဝမ်က ခေါင်းညိတ်လိုက်လျှင် စတုတ္ထအလွှာသို့ ရောက်သွားလိမ့်မည်။

မူဝမ်က ခေါင်းခါလိုက်ပြီး လင်းရှန်နှင့် တခြားလူများကို ကြည့်သည်။

“ဆရာဦးလေးကောင်း၊ အစ်ကိုဟန်က ဒီမှာမရှိဘူး။ ကျွန်မကလည်း တိုက်ခိုက်ရေးမှာ မကျွမ်းကျင်ဘူး။ အဲဒါကြောင့် ဒီကိစ္စကို ဖြေရှင်းဖို့ ဆရာဦးလေးကောင်းကို ဒုက္ခပေးရတော့မယ်”

‘သူမက ဘာပြောချင်တာလဲ’

ပတ်ဝန်းကျင်တွင်ရှိသော လူတိုင်းက ကြောင်အသွားကြသည်။

တိတ်ဆိတ်စွာ မတ်တပ်ရပ်နေသော ကောင်းချန်ကုန်းက ညင်သာစွာ ခေါင်းညိတ်သည်။

သူက ဟန်မူယဲ့နှင့် တခြားလူများ၏ အကြီးအကဲတစ်ယောက် ဖြစ်သောကြောင့် ကောင်းကင်နဂါးစံအိမ်ကို စောင့်ရှောက်ပေးရမည်။

“အံ့ဖွယ်ကိုးပါးဓားစံအိမ်ရဲ့ စည်းမျဉ်းတွေအရ ဓားကိုင်တွေ ဘယ်မှာလဲ”

ကောင်းချန်ကုန်းက ခပ်အုပ်အုပ် အော်ဟစ်သည်။

လင်းရှန်နှင့် လုကောက ဓားရိုးပေါ်တွင် လက်တင်ထားပြီး ရှေ့တက်လာသည်။

ရှောက်ထျန်းရီနှင့် ကျန့်တနျိုက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။

ဓားအလင်းတချို့သည် လျှိုဟုန်၏ လက်ထဲတွင် ပေါ်ထွက်လာသည်။

မလှုပ်ရှားသောလူက ရှန့်လင်းရွှမ်းတစ်ယောက်သာ ရှိသည်။ သူက မူဝမ်၏နောက်တွင် တိတ်ဆိတ်စွာ ပေါ်လာခဲ့သည်။

ရုပ်သေးရုပ်နှင့် ပေါင်းစပ်ထားသော ရှန့်လင်းရွှမ်းက သူတို့ထဲတွင် အသန်မာဆုံး ဖြစ်သည်။

“မြို့ထဲမှာ လူသတ်တာ သိပ်မကောင်းဘူး။ အဲဒီတော့ ခြေလက်တွေကိုပဲ ဖျက်ဆီးလိုက်တာပေါ့”

လင်းရှန်က တီးတိုးပြောသည်။

“သဘောတူတယ်”

လုကောက ခေါင်းညိတ်သည်။

ထိုစကားအဆုံးတွင် ဓားတစ်လက်က ပြေးထွက်သွားသည်။

ရှောက်ထျန်းရီက အရင်ဆုံး လှုပ်ရှားလိုက်သည်။

“ရွှပ် ....”

ဓားသည် ကျင်းယွင်ထျန်း၏ရင်ဘတ်ဆီသို့ လျှပ်စီးကြောင်းသဖွယ် လျင်မြန်စွာ တိုးဝင်သွားသည်။

ထိုဓားချက်သည် ကျင်းယွင်ထျန်းကို ရှောင်တိမ်းရန် အခွင့်အရေးမပေးခဲ့ပေ။

အလွန်လျင်မြန်သည်။

လုပ်ကြံသူတစ်ယောက် ဖြစ်ခဲ့သော ရှောက်ထျန်းရီက အမြဲလျင်မြန်သည်။

ကျင်းယွင်ထျန်း၏မျက်နှာထားက အသည်းအသန် ပြောင်းလဲသွားသည်။ သူက လက်မြှောက်ပြီး အစိမ်းရောင်ပုံရိပ်ကို ထုတ်လွှတ်သည်။

သို့သော် ထိုပုံရိပ်က ဓားချက်ကြောင့် ချက်ချင်း ထိုး‌ဖောက်ခံလိုက်ရသည်။

ဓားက ရပ်တန့်မသွားပဲ ကျင်းယွင်ထျန်း၏ရင်ဘတ်ကို ထိုးစိုက်သည်။

ကျင်းယွင်ထျန်း၏မျက်နှာက ဖြူဖျော့သွားသည်။

သူက ထိုဓားချက်မျိုးကို မမြင်ဖူးပေ။

“ဝီ”

ရွှေရောင်အဆောင်လက်ဖွဲ့တစ်ခုသည် သူ့ရှေ့တွင် ပေါ်လာသည်။

သို့သော် ရှောင်ထျန်းရီ၏ဓားက အ‌ဆောင်လက်ဖွဲ့ကို ထိုးဖောက်ခဲ့သည်။

“ဘန်း”

ဓားချက်က ရင်ဘတ်ပေါ်သို့ ကျဆင်းသွားသည်။ စွမ်းအင်အလင်းသည် ပတ်ဝန်းကျင်တွင် ဖြာထွက်လာသည်။

ရွှေရောင်ဝတ်စုံနှင့် ကျင်းယွင်ထျန်းက ပေသုံးဆယ်အထိ လွင့်ထွက်သွားပြီး မြေကြီးပေါ်တွင် ရှိနေသည်။ သူက သွေးအန်လိုက်ရသည်။

ဓားတစ်ချက်သည် သူ့ကို ပြင်းထန်စွာ ထိခိုက်သွားစေသည်။

ရွှေအင်မော်တယ်အဆင့် ကျွမ်းကျင်သူသည် ဓားတစ်ချက်ကိုပင် မခုခံနိုင်ပေ။

ရှောက်ထျန်းရီ၏ဓားရှည်က ပုံမှန်အတိုင်း ဆက်ရှိနေပြီး ဓားအလင်းကို ထုတ်လွှတ်၍ ထပ်မံတိုက်ခိုက်သည်။

“ရဲတင်းလိုက်တာ”

ရွှေအလင်းဒိုင်းကာသည် ရှောက်ထျန်းရီကို ကာကွယ်ပေးထားသည်။ အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့တက်လာသည်။

ဒိုင်းကာက ရှောက်ထျန်းရီ၏ဓားကို တားဆီးထားသည်။ ဓားက အနည်းငယ် တုန်ခါနေပြီး ထူးခြားသောအလင်းသည် ဓားသွားတစ်လျှောက်တွင် ဖြတ်ပြေးသွားခဲ့သည်။

“ဘန်း”

ဓားအလင်းက ဒိုင်းကာကို ကျော်ဖြတ်ပြီး မြေကြီးပေါ်မှ ပြန်ထလာသော ကျင်းယွင်ထျန်းကို တိုက်ခိုက်သည်။

ကျင်းယွင်ထျန်းက ရိုက်နှက်ခံလိုက်ရပြီး တစ်ကိုယ်လုံးတုန်ခါလျက် လဲကျသွားသည်။

သူ၏ ခြေလက်များက ကျိုးပဲ့သွားကြသည်။

သူတို့က ပြောသည့်အတိုင်း လုပ်ခဲ့သည်။

ရှောက်ထျန်းရီက တိုက်ခိုက်ပြီး နောက်ဆုတ်သွားသည်။

“မင်းက သေချင်နေတာပဲ”

အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ဒေါသထွက်နေသည်။ သူက သွေးစွမ်းအားကို ထုတ်လွှတ်ပြီး တောက်ပသော လောကတစ်ခုကို ဖန်တီးသည်။

အစစ်အမှန်ကျွမ်းကျင်သူ ဖြစ်သည်။

“ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်”

ပတ်ဝန်းကျင်တွင် ထိတ်လန့်စွာအော်ဟစ်သံများကို ကြားရသည်။

အင်မော်တယ်အလင်းသည် လူအိုကြီးကို လွှမ်းခြုံထားပြီး ကမ္ဘာလောကတစ်ခုကို ထုတ်ဖော်သည်။

ရှောက်ထျန်းရီ၏ဓားကို တားဆီးခဲ့သောလူက ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်တွင် ရှိနေသည်။

“ဆရာဦးလေးလု”

ကျင်းယွင်ထျန်းက နာကျင်စွာ ခေါ်သည်။

“ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ လုမင်ရှီ”

ဟူယွင်လုံ၏မျက်နှာက ဖြူဖျော့သွားသည်။

ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်က ဤနေရာတွင် ရှိနေသောကြောင့် ပြဿနာကို ဖြေရှင်းရန် လွယ်ကူမည်မဟုတ်ပေ။

“ငါက မင်းတို့ကို သတ်လိုက်ရင်တောင် ဘယ်သူမှ စကားပြောရဲမှာမဟုတ်ဘူး”

လုမင်ရှီက အော်ပြောသည်။ သူ၏ အင်မော်တယ်အလင်းက ကြိုးများအဖြစ် ပြောင်းလဲသွားပြီး ရှောက်ထျန်းရီနှင့် လင်းရှန်ကို ချုပ်နှောင်ရန် ကြိုးစားသည်။

“ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်လား”

လင်းရှန်၏နောက်တွင် မတ်တပ်ရပ်နေသော ကျန့်တနျိုက အော်ဟစ်လိုက်ပြီး လက်ထဲတွင်ရှိသော တူကို ဝှေ့ယမ်းသည်။

တိမ်တိုက်နဂါးစံအိမ်တွင် ဓားမသုံးသောလူက သူတစ်ယောက်သာ ရှိသည်။

“ခလွမ် ....”

တူက ကြိုးများကို ရိုက်နှက်လိုက်ပြီး နောက်ဆုတ်သွားစေသည်။

ထိုတိုက်ခိုက်မှုက လုမင်ရှီကို အံ့အားသင့်သွားစေခဲ့သည်။

သူ၏ကြိုးများက ရတနာတစ်ပါး ဖြစ်သည်။

ကိုယ်ပိုင်အသိစိတ်ရှိနေသော အင်မော်တယ်ရတနာ ဖြစ်သည်။

သို့သော် တူတစ်ချက်က အင်မော်တယ်ရတနာကို တားဆီးခဲ့သည်။

သူက နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ ကြိုး၏ ညည်းညူသံကို ကြားရသည်။

ကျွမ်းကျင်ပန်းပဲဆရာတစ်ဦး၏ တူချက်သည် အရာအားလုံးကို ချေဖျက်နိုင်သည်။ ထိုတူချက်ကြောင့် သူ၏ အင်မော်တယ်ရတနာက ပျက်စီးလုနီးပါး ဖြစ်နေသည်။

လုမင်ရှီက ကြိုးကို လျင်မြန်စွာ ပြန်သိမ်းလိုက်ပြီး ထူးဆန်းသောမျက်နှာထားဖြင့် ကျန့်တနျိုကို ကြည့်သည်။

အင်မော်တယ်ရတနာကို တူတစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်သော ပန်းပဲဆရာသခင်သည် မည်သည့်နေရာတွင်ဖြစ်စေ ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ဦး ဖြစ်သည်။

ကောင်းကင်တစ်သောင်းမြို့တွင် ထိုလူမျိုး သုံးယောက်၊ လေးယောက်ခန့်သာ ရှိကြသည်။

ကျန့်တနျို၏တိုက်ကွက်သည် လူတိုင်းကို အံ့အားသင့်သွားစေသည်။

‘ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူရဲ့ ရတနာကို တူတစ်ချက်တည်းနဲ့ ရိုက်ထုတ်လိုက်တာလား’

“အဲဒါက တိမ်တိုက်နဂါးစံအိမ်ရဲ့ ပန်းပဲပညာရှင် ဆရာကျန့်တနျိုပဲ”

လူတစ်ယောက်က ကျန့်တနျိုကို မှတ်မိနေပြီး တီးတိုးပြောသည်။

“ငါသိတယ်။ သူ့က ပန်းပဲပညာရပ်မှာ အရမ်းကျွမ်းကျင်တယ်။ ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ဓားကို သူက ပြုပြင်ပေးခဲ့တယ်”

လူတစ်ယောက်က မျက်လုံးများ တောက်ပသွားပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

ကျန့်တနျိုက ပန်းပဲပညာတွင်သာ ကျွမ်းကျင်ခြင်းမဟုတ်ပဲ ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကိုလည်း ခုခံနိုင်သည်။

အကယ်၍ တိမ်တိုက်နဂါးစံအိမ်က ဤကပ်ဘေးကို ကျော်လွှားနိုင်လျှင် ဆရာကျန့်က နာမည်ကြီးလာလိမ့်မည်။

လုမင်ရှီက နေရာတွင် ရပ်နေပြီး လှုပ်ရှားရန် တုံ့ဆိုင်းနေသည်။

“မဆိုးဘူး။ ဆရာကျန့်ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်တယ်”

ထိုအချိန်တွင် လုကော၏အသံ ပေါ်ထွက်လာသည်။

ထိုစကားအဆုံးတွင် လုမင်ရှီ၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူက သိမ်းဆည်းထားသော ကြိုးရှည်ကို ချက်ချင်း ပစ်ထုတ်လိုက်သည်။

သူက သတ်ဖြတ်ခြင်းဆန္ဒကို ခံစားမိသည်။

လူတစ်ယောက်က သူ့ကို သတ်ချင်နေသည်။

“ဘုန်း ....”

အနက်ရောင်ဓားတစ်လက်သည် ကြိုးရှည်ကို ခုတ်ချသည်။

ဓားက သံချေးတက်ပြီး မည်းမှောင်နေသည်။

သို့သော် ဓားချက် ကျဆင်းလာသောအခါတွင် ကြိုးရှည်က စူးရှစွာ အသံပေးလိုက်ပြီး တစ်ပိုင်းတစ်စစီ ဖြစ်သွားသည်။

အင်မော်တယ်ရတနာကြိုးရှည်သည် ပျက်စီးသွားခဲ့သည်။

ဓားက မျက်လုံးကို အဝတ်စဖြင့်စည်းထားသော လုကောဆီသို့ ပြန်ရောက်သွားသည်။

လုကောက ပြုံးလိုက်ပြီး လက်သီးဆုပ်သည်။

“ကြိုးက သိပ်မမာဘူးပဲ”

လုမင်ရှီက စကားပြောချင်သော်လည်း မျက်နှာဖြူဖျော့နေပြီး သွေးအန်ထုတ်လိုက်ရသည်။

သူ၏ ဝိညာဉ်ဖြင့် သန့်စင်ထားသော အင်မော်တယ်ရတနာက ပျက်စီးသွားသောကြောင့် ဝိညာဉ်က ထိခိုက်သွားသည်။ သူက တစ်ကိုယ်လုံး တုန်ခါနေပြီး စကားမပြောနိုင်တော့ပေ။

လုကောက စိတ်ကျေနပ်စွာ ရယ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုး၍ လက်သီးထိုးသည်။

“ဘန်း”

ထိုလက်သီးချက်က လုမင်ရှီကို ပေသုံးဆယ်အကွာအထိ လွင့်ထွက်သွားစေသည်။

အရိုးကျိုးသွားသောအသံကို ကြားနိုင်သည်။

လုမင်ရှီ၏နောက်တွင်ရှိသော ကမ္ဘာငယ်တွင်လည်း အက်ကွဲကြောင်းများ ပေါ်လာသည်။

လက်သီးချက်သည် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူ၏ ကမ္ဘာငယ်ကို အက်ကွဲသွားစေသည်။

ထိုလက်သီးချက်က လောကကို ဖျက်ဆီးနိုင်လိမ့်မည်။

ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို လက်သီးချက်ဖြင့် ဒဏ်ရာပေးနိုင်လိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။

လုမင်ရှီ၏ခန္ဓာကိုယ် ပြုတ်ကျလာသောအချိန်အထိ ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။

“သူက အရိုးပျော့တာပဲ”

လုကောက ခေါင်းခါလိုက်ပြီး နောက်ပြန်ဆုတ်လာသည်။

သူက ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူကို လက်သီးတစ်ချက်ဖြင့် ဒဏ်ရာရအောင် လုပ်နိုင်သည်။

ပတ်ဝန်းကျင်တွင် စောင့်ကြည့်နေသော ကျင့်ကြံသူများက မယုံကြည်နိုင်စွာ ပင့်သက်ရှိုက်သည်။

လူအများအပြားက တိတ်ဆိတ်စွာ ပျော်ရွှင်နေပြီး ညကောင်းကင်မျှော်စင်ကို ဖျက်ဆီးရန်စုစည်းထားသော ကျင့်ကြံသူများကို ကြည့်သည်။

သူတို့၏ မျက်နှာထားက ဆိုးဝါးနေကြသည်။

All Chapters