← Chapters

အခန်း (၁၀၇၀)

Vol. 77 Ch. 1070

အခန်း (၁၀၇၀)

Vol. 77 Ch. 1070

‌ချောင်ချိုးကျန်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်ကို နှုတ်ဆက်သည်။ ထို့နောက် လှည့်ထွက်သွားရန် ပြင်လိုက်သည်။

သူက ယနေ့တွင် မျက်နှာပျက်ခဲ့ရသည်။ ဤနေရာတွင် ဆက်နေရန် မလိုတော့ပေ။

“မင်း စောင့်နေလိုက်။ ကျန်းယန်မျှော်စင်က မင်းတို့အားလုံးကို သေချာပေါက် သတ်ပစ်မယ်”

ချောင်ချိုးကျန်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး ဖျတ်ခနဲလှုပ်ရှား၍ အဝေးသို့ ရောက်သွားသည်။

ရှန့်လင်းရွှမ်းက ဓားမြှောက်သည်။ လေထုထဲတွင်ရှိနေသော တာအိုတန်ခိုးရှင်က လက်မြှောက်ပြီး ရွှေအလင်းလွှာဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည်။

“မင်းက ငါ့ကိုတားဆီးဖို့ ကြိုးစားနေတာလား”

ရှန့်လင်းရွှမ်း၏အသံက မိုးခြိမ်းသံနှင့် ဆင်တူပြီး ဓားမြောက်လိုက်သည်။

သူက အင်မော်တယ်သခင်တစ်ပါးကိုပင် အော်ပြောရဲသည်။

ဓားတစ်လက်သည် ဟွမ်ကျစ်ဟူ၏ ခေါင်းပေါ်တွင် စုစည်းလာသည်။ သို့သော် မလှုပ်ရှားသေးပေ။

“အဲဒါက ကောင်းကင်တစ်သောင်းမြို့ရဲ့ စည်းမျဉ်းပဲ”

အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က ရှန့်လင်းရွှမ်းကို ကြည့်လိုက်ပြီး အေးစက်စွာ ပြောသည်။

‘စည်းမျဉ်းလား’

‘မင်းက ကျန်းယန်မျှော်စင်ရဲ့ အင်မော်တယ်သခင်ကိုတော့ စည်းမျဉ်းတွေအကြောင်း မပြောခဲ့ဘူးပဲ’

‘တိမ်တိုက်နဂါးစံအိမ်ကို လူတွေဝိုင်းထားတုန်းက စည်းမျဉ်းမရှိဘူးပဲ’

စည်းမျဉ်းသည် တခြားလူများကို ဖိနှိပ်ရန်အတွက်သာ ဖြစ်သည်။

“စည်းမျဉ်းလား”

ရှန့်လင်းရွှမ်းက အံကြိတ်ထားပြီး ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်သည်။

သူက ရုပ်သေးရုပ်၏ စွမ်းအားကို အပြည့်အဝထိန်းချုပ်နိုင်သည်အထိ မသန်မာသေးပေ။

“စည်းမျဉ်းလား”

ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေသော မူဝမ်က စကားပြောလိုက်သည်။

သူမက ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ ကြည့်သည်။

“ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုက ကမ္ဘာတွေကို ထိန်းချုပ်ခဲ့တယ်။ သူ့ရှေ့မှာ စည်းမျဉ်းအကြောင်း ဘယ်သူမှ မပြောရဲကြဘူး”

“အခု ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုက ပြန်ရောက်မလာသေးဘူး။ မင်းတို့က စည်းမျဉ်းအကြောင်းကို လာပြောတယ်ပေါ့”

သူမက လက်မြှောက်ပြီး အပြာရောင်အလင်းကို ထုတ်လွှတ်သည်။

မီးပြင်းဖိုတစ်ခု ဖြစ်သည်။

အနှစ်သာရပြောင်းလဲခြင်း မီးပြင်းဖို ....

ထိုရတနာသည် မူဝမ်၏လက်ထဲတွင် ယခင်နှင့်မတူသော နတ်ဘုရားအလင်းကို ထုတ်လွှတ်နေသည်။

ခမ်းနားသော အလင်းထဲတွင် မြင့်မားသော သစ်ပင်ကြီးတစ်ပင် ရှိနေပုံရသည်။

“ကျစ်ဟူ၊ ဒီရတနာကိုယူပြီး စတုတ္ထအလွှာမှာရှိတဲ့ ကျန်းယန်မျှော်စင်ကို ဖျက်ဆီးပစ်ခဲ့ပါ”

“ငါမှတ်မိသလောက်ဆိုရင် စတုတ္ထအလွှာမှာ စည်းမျဉ်းမရှိဘူး။ အင်အားစုတိုင်းက အဆုံးထိ တိုက်ခိုက်နိုင်တယ်”

မူဝမ်က မီးပြင်းဖိုကို ဟွမ်ကျစ်ဟူဆီသို့ တွန်းပို့လိုက်သည်။

ဟွမ်ကျစ်ဟူက နားမလည်နိုင်သော မျက်နှာထားဖြင့် မီးပြင်းဖိုကို ကိုင်ထားသည်။

သူမက မီးပြင်းဖိုထဲတွင် ရှိနေသော ကမ္ဘာတစ်ခုလုံးအား ဖျက်ဆီးနိုင်သည့် စွမ်းအားကို အာရုံခံမိသည်။

‘ဒါက ဘယ်လိုစွမ်းအားမျိုးလဲ’

“ဘာဖြစ်လို့ အခုထိ မသွားသေးတာလဲ”

မူဝမ်က တီးတိုးပြောသည်။

“ကောင်းပါပြီ”

ဟွမ်ကျစ်ဟူက ခေါင်းညိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

“ပိုင်ရှစ်၊ မင်းတို့အားလုံး ဒီနေရာကို စောင့်ကြပ်ထားလိုက်”

“ဟုတ်ကဲ့”

ဓားကျင့်ကြံသူနှစ်သောင်းက ကျယ်လောင်စွာ အော်ဟစ်သည်။

သူတို့၏ ခေါင်းဆောင်က စတုတ္ထအလွှာသို့ သွားပြီး ကျန်းယန်မျှော်စင်ကို ဖျက်ဆီးတော့မည်။

ထိုမျှော်စင်သည် စတုတ္ထအလွှာ၏ ထိပ်တန်းအင်အားစုတစ်ခု ဖြစ်ပြီး အင်မော်တယ်သခင်လေးပါး ရှိသည်။

သူတို့၏ ခေါင်းဆောင်က စတုတ္ထအလွှာသို့ သွားပြီး ထိုအင်အားစုနှင့် ရင်ဆိုင်ရဲသည်။

‘တကယ်ကို ရဲတင်းတာပဲ’

သူတို့က တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်နေပြီး ဟွမ်ကျစ်ဟူနှင့်အတူ လိုက်သွားချင်ကြသည်။

ဟွမ်ကျစ်ဟူက မီးပြင်းဖိုကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ပျံသန်းသွားသည်။

အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက လှုပ်ရှားချင်သော်လည်း ရှန့်လင်းရွှမ်း၏ ဓားနှစ်လက်က သူ့ကို ချိန်ထားသည်။

ကျစ်ဟူက ပျောက်ကွယ်သွားသောအချိန်တွင် မူဝမ်က ပြောလိုက်သည်။

“ရှန့်လင်းရွှမ်း၊ ကျစ်ဟူကို ကူညီပေးလိုက်ပါ”

ရှန့်လင်းရွှမ်က တုံ့ဆိုင်းနေပြီး ခေါင်းညိတ်သည်။ ထို့နောက် ဆယ်ပေအမြင့်သို့ ပြန်ပြောင်းလိုက်ပြီး ဓားနှစ်လက်နှင့်အတူ ထွက်သွားသည်။

အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က လေးနက်နေပုံပေါ်ပြီး မူဝမ်ကို ကြည့်သည်။ အဆုံးတွင် သူက စကားမပြောပဲ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

တတိယအလွှာတွင် စည်းမျဉ်းအကြောင်း ပြောနိုင်သော်လည်း စတုတ္ထအလွှာတွင် စည်းမျဉ်းမရှိပေ။

“ဘုန်း”

ကောင်းကင်ထက်တွင် တိုက်ခိုက်နေသော လင်းရှန်နှင့် တခြားလူများကလည်း စတုတ္ထအလွှာသို့ တက်သွားကြသည်။

တတိယအလွှာတွင်ရှိသော ကျွမ်းကျင်သူများက တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။

သူတို့က အရာအားလုံးကို မြင်ခဲ့ရသည်။

အင်မော်တယ်ရတနာနှင့် အင်မော်တယ်သခင်တစ်ယောက်သည် တိမ်တိုက်နဂါးစံအိမ်တွင် ရှုံးနိမ့်သွားသည်။

ယခုအချိန်တွင် တိမ်တိုက်နဂါးစံအိမ်၏ ကျွမ်းကျင်သူများက ကျန်းယန်စံအိမ်ကို စိန်ခေါ်ရန် စတုတ္ထအလွှာသို့ သွားနေကြသည်။

“ကောင်းကင်တစ်သောင်းမြို့က ပြောင်းလဲသွားတော့မယ်ထင်တယ် ....”

အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က မျက်နှာထားပြောင်းလဲသွားပြီး တီးတိုးပြောသည်။

“သူတို့အားလုံးက ဓားကျင့်ကြံသူတွေပဲ။ မီးတောက်နီဓားဂိုဏ်းနဲ့ ပတ်သတ်နေတာလား”

လူတစ်ယောက်က ဖြူဖျော့နေသော မျက်နှာထားဖြင့် တီးတိုးပြောသည်။

တိမ်တိုက်နဂါးစံအိမ်၏ အပြင်ဘက်တွင် ကွမ်ယွမ်လမ်း၏ မရေမတွက်နိုင်သော ကျင့်ကြံသူများက စတုတ္ထအလွှာသို့ တိတ်ဆိတ်စွာ ကြည့်လိုက်ကြသည်။

တိမ်တိုက်နဂါးစံအိမ်က တိုက်ခိုက်မှုတွင် ရှင်သန်ခဲ့ပြီး ကျန်းယန်မျှော်စင်ကို စိန်ခေါ်ရန်အတွက် စတုတ္ထအလွှာသို့ တက်သွားသည်။

ဟူယွင်လုံနှင့် တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခါးသီးစွာ ပြုံးသည်။

မူဝမ်နှင့် တခြားလူများက ခွန်အားကောင်းကြောင်း သိနေခဲ့လျှင် သူတို့က အလွန်စိုးရိမ်နေရန် မလိုအပ်ပေ။

ကောင်းကင်ထက်တွင်ရှိသော သင်္ဘောပျံတွင် ကျောက်ချန်နှင့် ယန်တင်းထျန်က မတ်တပ်ရပ်နေကြသည်။

“ဂိုဏ်းချုပ်ယန်၊ မစိုးရိမ်ပါနဲ့။ ကျွန်တော့်အစ်ကိုကြီးက ဂိုဏ်းချုပ်ယန်ကို ပြန်ပြီး အကူအညီပေးမှာပါ”

ကျောက်ချန်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။

မည်သို့ပင်ဖြစ်စေ ယန်တင်းထျန်က ကိုယ်တိုင်ရောက်လာခဲ့သည်။ ထိုအကူအညီကို ပြန်ပေးဆပ်ရမည်။

“ယွင်လန်ဓားအင်မော်တယ်က တကယ်ထူးခြားတာပဲ”

ယန်တင်းထျန်က ညင်သာစွာ ခေါင်းခါသည်။

ဟန်မူယဲ့က အားကောင်းသော ကျင့်ကြံဆင့်နှင့် မကောင်းဆိုးဝါးဆန်သော တိုက်ခိုက်နိုင်စွမ်းကိုသာ ပိုင်ဆိုင်သည်ဟု သူထင်ခဲ့သည်။

သို့သော် ဟန်မူယဲ့က ကျွမ်းကျင်သူများကိုလည်း ပိုင်ဆိုင်ထားသည်။

“ကျန်းယန်မျှော်စင်ကို ဖျက်ဆီးပစ်မှာတဲ့လား။ မင်းတို့ မရီးက တကယ်ထူးခြားတာပဲ”

ယန်တင်းထျန်က တိမ်တိုက်နဂါးစံအိမ်ကို ကြည့်လိုက်ပြီး ပြောသည်။ ထို့နောက် သင်္ဘောပျံကို ထိန်းချုပ်၍ စတုတ္ထအလွှာသို့ ဝင်သွားသည်။

“တကယ်လို့ ကျန်းယန်မျှော်စင်ကို ဖျက်ဆီးနိုင်မယ်ဆိုရင် ပူးပေါင်းကြတာပေါ့”

ပူးပေါင်းပြီး ကျန်းယန်မျှော်စင်ကို ဖျက်ဆီးမည်။

အကယ်၍ ယန်တင်းထျန်နှင့် မီးတောက်နီဓားဂိုဏ်းက စတုတ္ထအလွှာတွင် နေရာယူချင်လျှင် အင်အားစုကြီးများနှင့် ယှဉ်ပြိုင်ရလိမ့်မည်။

ကျန်းယန်မျှော်စင်က အင်အားစုကြီးတစ်ခု ဖြစ်သည်။

အကယ်၍ သူတို့က ကျန်းယန်မျှော်စင်ကို ဖျက်ဆီးနိုင်လျှင် လုံလောက်သော ပိုက်နက်နှင့် အရင်းအမြစ်များကို ရလိမ့်မည်။

“ဘုန်း”

ဟွမ်ကျစ်ဟူက ဓားချက်ဖြင့် ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်ပြီး စတုတ္ထအလွှာသို့ ဝင်ရောက်သွားသည်။

သူမ၏နောက်တွင် ဓားနှစ်လက်ကိုင်ထားသော ရှန့်လင်းရွှမ်း ပါလာသည်။

လင်းရှန်နှင့် တခြားလူများက သိပ်မဝေးသောနေရာတွင် ရှိနေသည်။

စတုတ္ထအလွှာသို့ ရောက်လာသောအခါတွင် ဟွမ်ကျစ်ဟူက အဆောက်အအုံများကို ကြည့်လိုက်သည်။

ဤနေရာတွင်ရှိသော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားက ကြွယ်ဝပြီး အဆောက်အအုံများက ခမ်းနားသည်။

တောက်ပသော အင်မော်တယ်အလင်းသည် ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံထားပုံရသည်။

ဤနေရာတွင် တစ်ရက်ကျင့်ကြံခြင်းသည် ပထမအလွှာနှင့် ဒုတိယအလွှာတွင် ဆယ်ရက်ကျင့်ကြံခြင်းနှင့် ဆင်တူသည်။

စတုတ္ထအလွှာသည် ကောင်းကင်တစ်သောင်းမြို့၏ အဆီအနှစ် ဖြစ်သည်။

ဤနေရာကို စည်းမျဉ်းများဖြင့် ကန့်သတ်မထားသောကြောင့် သူမ ရောက်လာသောအချိန်တွင် ကျွမ်းကျင်သူများက အာရုံစိုက်လိုက်ကြသည်။

ပုံရိပ်များက သူမဆီသို့ တစ်ယောက်ပြီးတစ်ယောက် ပျံသန်းလာသည်။

ထိုလူများအားလုံးက အားကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

သူတို့အားလုံးက အလွန်အားကောင်းကြသည်။

“ကျွန်မက ကျန်းယန်မျှော်စင်ကိုရှာဖို့ ရောက်လာခဲ့တာပါ”

ဟွမ်ကျစ်ဟူက ကျယ်လောင်စွာ ပြောလိုက်ပြီး ဓားအလင်းကို ထုတ်လွှတ်၍ ပျံသန်းသွားသည်။

“ဝီ”

ဓားအလင်းတစ်ခုသည် သူမ၏ရှေ့သို့ ရောက်လာသည်။

သူမက ဓားအလင်းကို ဆုပ်ကိုင်လိုက်ပြီး ပြုံးသည်။

ယန်တင်းထျန်၏ဓားအလင်း ဖြစ်သည်။

ထိုဓားအလင်းထဲတွင် ကျန်းယန်မျှော်စင်၏ တည်နေရာကို ဖော်ပြထားသည်။

ထိုအပြုအမူမှတစ်ဆင့် ယန်တင်းထျန်က ဤနေရာတွင် ရှိနေပြီး သူမတို့နှင့် ပူးပေါင်းရန် ဆန္ဒရှိကြောင်း သိနိုင်သည်။

ဟွမ်ကျစ်ဟူ၏စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော နတ်အာရုံများက လှုပ်ရှားသွားကြသည်။

‘သူက ကျန်းယန်မျှော်စင်ကို ပြဿနာလာရှာတာလား’

ကျန်းယန်မျှော်စင်သည် စတုတ္ထအလွှာ၏ ထိပ်တန်းအင်အားစုတစ်ခု ဖြစ်သည်။

တချို့က နားမလည်နိုင်ဖြစ်နေသည်။ တချို့က စိတ်အားထက်သန်နေပြီး တချို့က စပ်စုချင်ကြသည်။

မရေမတွက်နိုင်သော နတ်အာရုံများက ဟွမ်ကျစ်ဟူ၏နောက်မှ လိုက်လာပြီး ကျန်းယန်မျှော်စင်သို့ ဦးတည်လိုက်သည်။

ထိုအချိန်တွင် စတုတ္ထအလွှာ၏ အဓိကအင်အားစုများက ထိုဖြစ်ရပ်၏ အကြောင်းအရင်းကို သိသွားကြသည်။

စင်မြင့်တစ်ခုတွင် အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ပြုံးလိုက်ပြီး တီးတိုးပြောသည်။

“အင်မော်တယ်သခင်ယွမ်ရှဲကို သတ်လိုက်တဲ့ ဓားကျင့်ကြံသူရဲ့ အင်အားစုလား”

သူက အင်မော်တယ်သခင်တစ်ပါး၏ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

“ဟုတ်ပါတယ်။ ကျန်းယန်မျှော်စင်ရဲ့ အကြီးအကဲက ဓားကျင့်ကြံသူကြောင့် သေသွားခဲ့တာပါ”

“ဒီဓားကျင့်ကြံသူတွေက ယန်တင်းထျန်ရဲ့ မီးတောက်နီဓားဂိုဏ်းနဲ့ သက်ဆိုင်နေမယ်လို့ တချို့က ခန့်မှန်းကြပါတယ်”

အစိမ်းရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ယောက်က တီးတိုးပြောသည်။

“ဟားဟား၊ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းယန်မျှော်စင်ဒုက္ခရောက်ရင် ငါကျေနပ်တယ်”

အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက အေးစက်နေသောမျက်လုံးများဖြင့် ရယ်လိုက်သည်။

“ကျွမ်းကျင်သူတွေကို စုစည်းလိုက်။ ရွှေအင်မော်တယ်တွေအားလုံး အသင့်ပြင်ထားရမယ်”

“ကျန်းယန်မျှော်စင်က တိုက်ခိုက်ခံရတယ်ဆိုရင် ငါတို့ ဝင်ပါမယ်”

....

ကောင်းကင်တစ်သောင်းမြို့၏ စတုတ္ထထပ်တွင် အင်မော်တယ်ဘုရင်ချန်ယွမ်၏ တပည့်များလည်း နေထိုင်ကြသည်။

ထိုအချိန်တွင် မတူညီသောပုံစံနှင့် ကျင့်ကြံသူဆယ်ယောက်ကျော်က ခန်းဆောင်ထဲတွင် အမူအယာကင်းမဲ့စွာ ထိုင်နေကြသည်။

စားပွဲ၏ ထိပ်ဆုံးတွင် အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက် ရှိနေသည်။ သူက တောက်ပသော အင်မော်တယ်အင်းကွက်များကို ထုတ်လွှတ်ထားသည်။

“ဆရာတူညီလေးတို့၊ ယွင်လုံရွှမ်က စတုတ္ထအလွှာကို ဆန့်ကျင်ပြီး ကျန်းယန်မျှော်စင်နဲ့ ယှဉ်ပြိုင်ချင်နေတယ်။ မင်းတို့ ဘယ်လိုထင်ကြလဲ”

လူအိုကြီး၏နာမည်က အင်မော်တယ်သခင် ကျူးဟွမ် ဖြစ်သည်။ သူက အင်မော်တယ်ဘုရင်၏ တတိယမြောက်တပည့် ဖြစ်သောကြောင့် အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်တွင် ရှိနေသည်။

အင်မော်တယ်ဘုရင်ချန်ယွမ်က တံခါးပိတ်ကျင့်ကြံနေလျှင် သူက ကောင်းကင်တစ်သောင်းမြို့ကို စီမံပေးရသည်။

“ဆရာတူအစ်ကိုကြီး၊ တိမ်တိုက်နဂါးစံအိမ်ရဲ့လူက ‌ကောင်းကင်တစ်သောင်းမြို့ရဲ့စည်းမျဉ်းကို ချိုးဖောက်ပြီး စတုတ္ထအလွှာကို တက်လာခဲ့တယ်။ သူ့တို့ကို သတ်ပစ်သင့်တယ်”

စားပွဲ၏ဘေးတွင် ထိုင်နေသော လူအိုကြီးတစ်ယောက်က နှာမှုတ်လိုက်သည်။

သူက အင်မော်တယ်ဘုရင်ချန်ယွမ်၏ ရှစ်ယောက်မြောက်တပည့် အင်မော်တယ်သခင်ကောင်းသွမ်ယွဲ့ ဖြစ်ပြီး ကျင့်ကြံဆင့်ကောင်းမွန်သော တပည့်များကို ပိုင်ဆိုင်သည်။

All Chapters