← Chapters

အခန်း (၁၀၇၁)

Vol. 77 Ch. 1071

အခန်း (၁၀၇၁)

Vol. 77 Ch. 1071

ကောင်းသွမ်ယွဲ့၏စကားသည် ခန်းဆောင်ထဲတွင်ရှိသော တခြားလူများကို ဆွဲဆောင်နိုင်ခဲ့သည်။

တချို့က ခေါင်းညိတ်လိုက်ပြီး တချို့က ခေါင်းခါသည်။

“ဆရာတူအစ်ကိုကောင်း၊ ကျင်းဝူနဲ့ တခြားလူတွေက တိမ်တိုက်နဂါးစံအိမ်မှာ အရှက်ရခဲ့တဲ့အတွက် ဒီလိုမျိုး ပြောလိုက်တာမဟုတ်လား”

ကောင်းသွမ်ယွဲ့နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ပြောလိုက်သည်။

သူက အင်‌မော်တယ်ဘုရင်၏ ဆယ့်နှစ်ယောက်မြောက်တပည့် ဝူကျန်း ဖြစ်သည်။ သူကလည်း အင်မော်တယ်သခင်တစ်ပါးဖြစ်ပြီး ကောင်းသွမ်ယွဲ့နှင့် အဆင်မပြေပေ။

“ဝူဆယ့်နှစ်၊ မင်းက ဘာပြောချင်တာလဲ”

ကောင်းသွမ်ယွဲ့က နှာမှုတ်လိုက်သည်။

“ငါက ကောင်းကင်တစ်သောင်းမြို့ရဲ့ ဂုဏ်သိက္ခာကိုပဲ ဂရုစိုက်တယ်”

ထိုစကားကြောင့် ဝူကျန်းက လှောင်ပြောင်လိုက်သော်လည်း စကားဆက်မပြောတော့ပေ။

တခြားလူများက ရယ်လိုက်ကြသည်။

ကောင်းသွမ်ယွဲ့က မည်သည့်ဂုဏ်သိက္ခာအတွက် ထိုသို့ပြောခဲ့ခြင်းဖြစ်ကြောင်း လူတိုင်း သိကြသည်။

စားပွဲခုံ၏ထိပ်ဆုံးတွင် အင်မော်တယ်သခင်ကျူးဟွမ်က လက်ကို ဝှေ့ယမ်းလိုက်သည်။ ခန်းဆောင်က တိတ်ဆိတ်သွားသည်။

“ကောင်းကင်တစ်သောင်းမြို့ရဲ့ စည်းကမ်းတွေကို တင်းကျပ်သင့်တယ်။ ဒါပေမဲ့ ငါတို့ရဲ့ အရိပ်အယောင်ကို ချန်မထားသင့်ဘူး”

အင်မော်တယ်သခင်ကျူးဟွမ်က ကောင်းသွမ်ယွဲ့ကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ဒီကိစ္စနဲ့ပတ်သတ်ပြီး ဆရာတူညီလေးကောင်းကို ဒုက္ခပေးရတော့မှာပဲ”

ထို့နောက် သူက တောက်ပနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။

“အရာအားလုံးက စည်းကမ်းအတိုင်း ဖြစ်သင့်တယ်”

ကောင်းသွမ်ယွဲ့က ပျော်သွားသည်။ သူက မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ အင်မော်တယ်သခင်ကျူးဟွမ်ကို နှုတ်ဆက်သည်။ ထို့နောက် ခန်းဆောင်ထဲမှ ထွက်သွားသည်။

သူက ခန်းဆောင်ထဲမှ ထွက်သွားသောအခါတွင် ဝူကျန်းက တီးတိုးပြောသည်။

“အရင်တစ်ခေါက်က ဆရာတူအစ်ကိုငါးရဲ့တပည့် ရွှေအင်မော်တယ်ချွမ်လင်းကို တိမ်တိုက်နဂါးစံအိမ်ရဲ့ ပိုင်ရှင်က ရင်းမြစ်စွမ်းအားတစ်စိတ်တစ်ပိုင်း ပေးလိုက်တယ်မဟုတ်လား။ အဲဒီစွမ်းအားက ဆရာတူအစ်ကိုကောင်းဆီကို ရောက်သွားတာလား”

‘ရင်းမြစ်စွမ်းအားလား’

ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက အံ့အားသင့်သွားသည်။

ထိုစွမ်းအားသည် သူတို့အားလုံး တပ်မက်နေသော ရတနာပစ္စည်း ဖြစ်သည်။ သူတို့၏ ဆရာကလည်း ထိုစွမ်းအင်ကို လိုအပ်သည်။

“ဆရာတူအစ်ကိုငါးက တံခါးပိတ်ကျင့်ကြံနေတယ်။ ဆရာတူအစ်ကိုကောင်းက အရေးကိစ္စတွေအားလုံးကို ကိုင်တွယ်ထားတယ်”

ဦးခေါင်းတွင် ဆံပင်ဖြူနေသော လူအိုကြီးက ဝူကျန်းနှင့် အင်မော်တယ်သခင်ကျူးဟွမ်ကို ကြည့်လိုက်သည်။

“ဆရာတူအစ်ကိုသုံး၊ ဆရာက ရင်းမြစ်စွမ်းအားကို လိုအပ်တယ်”

အင်မော်တယ်သခင်ကျူးဟွမ်က မျက်နှာထားပြောင်းလဲမသွားပဲ ခန်းဆောင်၏ အပြင်ဘက်သို့ ကြည့်သည်။

“ငါက ဒီအကြောင်းကို သိတယ်”

‘သူက သိတယ်လား’

ဝူကျန်းနှင့် တခြားလူများက ကျူးဟွမ်ကို ကြည့်လိုက်ကြသည်။

တိမ်တိုက်နဂါးစံအိမ်၏ ပိုင်ရှင်က အပျက်အစီးနယ်မြေ၏ ရင်းမြစ်စွမ်းအား တစ်စိတ်တစ်ပိုင်းကို အင်မော်တယ်ဘုရင်ဆီသို့ ပေးခဲ့သည်။

အင်မော်တယ်ဘုရင်က တိမ်တိုက်နဂါးစံအိမ်၏ပိုင်ရှင်ကို ကိုယ်တိုင် မကာကွယ်လျှင်ပင် ထိခိုက်သွားစေရန် ခွင့်ပြုမည်မဟုတ်ပေ။

ရင်းမြစ်စွမ်းအားကို ပေးအပ်ခဲ့သောလူက အန္တရာယ်ဖြစ်သွားမည်ဆိုလျှင် ကောင်းကင်တစ်သောင်းမြို့တွင်ရှိသော တခြားလူများက နောက်ထပ် ရင်းမြစ်စွမ်းအားများကို ပေးအပ်ရဲတော့မည်မဟုတ်ပေ။

“ဆရာတူအစ်ကိုသုံး၊ ဆရာက နှစ်ပေါင်းသုံးသိန်းကြာအောင် ကျင့်ကြံနေခဲ့တယ်။ ဒါက ....”

အနက်ရောင်မုတ်ဆိတ်နှင့် လူအိုကြီးက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ညင်သာစွာပြောသည်။

‘အင်မော်တယ်ဘုရင်က နှစ်ပေါင်းသုံးသိန်းကြာအောင် ပြန်မလာခဲ့ဘူး။ ကောင်းကင်တစ်သောင်းမြို့ကို ထိန်းချုပ်ထားတဲ့ ဆရာတူအစ်ကိုသုံးရဲ့ နှလုံးသားက ပြောင်းလဲသွားပြီလား’

ခန်းဆောင်၏လေထုက ရုတ်တရက် ပြောင်းလဲသွားသည်။

“ဟမ့်၊ ငါ့မှာ တခြားအတွေးတွေ ရှိတယ်လို့ ထင်နေတာလား”

ကျူးဟွမ်က နှာမှုတ်သည်။

သူက အားကောင်းသော သွေးချီနှင့် အင်မော်တယ်စွမ်းအင်ကို ထုတ်လွှတ်နေသည်။

“ငါက တိမ်တိုက်နဂါးစံအိမ်ရဲ့ပိုင်ရှင်ကို အလေးထားတဲ့အတွက် အရေးအကြီးဆုံးအချိန်မှာ ဝင်ပါဖို့ ပြင်ဆင်ထားတယ်”

“မဟုတ်ရင် ရင်းမြစ်စွမ်းအားရဲ့ တန်ဖိုးနဲ့ အင်မော်တယ်ဘုရင်ရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုလုပ်ပြီး ဖော်ပြနိုင်မှာလဲ”

ထိုသို့ဖြင့် သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“မင်းတို့အားလုံး ထွက်သွားလို့ရပြီ”

ခန်း‌ဆောင်ထဲတွင် လူတိုင်းက မတ်တပ်ရပ်လိုက်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်သည်။ ထို့နောက် ထွက်သွားကြသည်။

လူတိုင်း ထွက်သွားသောအချိန်တွင် အင်မော်တယ်သခင်ကျူးဟွမ်က ခါးဆန့်လိုက်ပြီး မျက်နှာထားလေးနက်လာသည်။

“နှစ်ပေါင်းသုံးသိန်း ကြာသွားခဲ့ပြီ။ ခင်ဗျားက အခုထိ ပြန်မလာသေးဘူး”

“နှစ်ပေါင်းတစ်သိန်းကြာသည်အထိ ပြန်မလာဘူးဆိုရင် ကောင်းကင်တစ်သောင်းမြို့ကို ပေးမယ်လို့ ပြောခဲ့တယ်”

“အခု နှစ်ပေါင်းသုံးသိန်း ကြာသွားခဲ့ပြီ။ ငါက အင်မော်တယ်ဘုရင်ဖြစ်လာဖို့ အချိန်ကျပြီ”

အင်မော်တယ်သခင်ကျူးဟွမ်က လက်ဝါးဖွင့်လိုက်သောအခါ လည်ပတ်နေသော အစိမ်းရောင်ရင်းမြစ်စွမ်းအားကို မြင်လိုက်ရသည်။

ထိုစွမ်းအားသည် ရွှေအင်မော်တယ်ချွမ်လင်းကို ဟန်မူယဲ့ပေးခဲ့သော ရင်းမြစ်စွမ်းအား ဖြစ်သည်။

....

ကောင်းကင်တစ်သောင်းမြို့၊ စတုတ္ထအလွှာ၏ အရှေ့တောင်ဘက်တွင် ကျန်းယန်ဟု အမည်ရသော ခမ်းနားသည့်မျှော်တစ်ခု ရှိနေသည်။

ကျန်းယန်မျှော်စင်တွင် အင်မော်တယ်သခင်ငါးယောက် ရှိသည်။ မျှော်စင်သခင်နှင့် အင်မော်တယ်သခင်အဆင့် အကြီးအကဲလေးယောက်တို့ ဖြစ်ကြသည်။

သို့သော် လွန်ခဲ့သော ဆယ်နှစ်ခန့်တွင် အင်မော်တယ်သခင်ယွမ်ရှဲက ရုတ်တရက် အပြင်ဘက်တွင် သေသွားသောကြောင့် ကျန်းယန်မျှော်စင်က ထိတ်လန့်သွားခဲ့သည်။

ထိုဖြစ်ရပ်သည် စတုတ္ထအလွှာတစ်ခုလုံး၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့သည်။

ကောင်းကင်တစ်သောင်းမြို့တွင် အင်မော်တယ်သခင်များ မသေဆုံးသည်မှာ နှစ်သောင်းချီနေပြီဖြစ်သည်။

“ဒေါင် ....”

“ဒေါင် ....”

ကျန်းယန်မျှော်စင်၏ ထိပ်ဆုံးအထပ်မှ ခမ်းနားသောခေါင်းလောင်းသံကို ကြားလိုက်ရသည်။

ခေါင်းလောင်းသံနှင့်အတူ အင်မော်တယ်အလင်းများ ပေါ်ထွက်လာသည်။

ကျန်းယန်မျှော်စင်၏ ထိပ်ဆုံးတွင် အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးသုံးယောက် ရှိနေသည်။

ရှေ့ဆုံးတွင်ရှိသောလူက အင်မော်တယ်စွမ်းအင်နှင့် နတ်ဘုရားစွမ်းအင်ကို ထုတ်လွှတ်နေပြီး ရှေးကျသော မျက်နှာသည် ခမ်းနားမှုကို သယ်ဆောင်ထားသည်။

တခြားလူနှစ်ယောက်ကလည်း အင်မော်တယ်အလင်းကို ထုတ်လွှတ်နေပြီး ပြင်းထန်သော အသက်စွမ်းအားကို ပိုင်ဆိုင်သည်။

“ချောင်ချိုးကျန်းက သတင်းပို့လိုက်တယ်။ ကျန်းယန်မျှော်စင်နဲ့ တိုက်ခိုက်ချင်တဲ့ ကျင့်ကြံသူသုံးယောက်က မိုင်တစ်သိန်းအကွာကို ရောက်နေပြီတဲ့”

ဘယ်ဘက်တွင်ရှိသော အကြီးအကဲက နှာမှုတ်လိုက်သည်။

“ချောင်ချိုးကျန်းက အလကားပဲ။ သူက တတိယအလွှာရဲ့ ပုရွက်ဆိတ်လေးတွေကိုတောင် မဖိနှိပ်နိုင်ဘူး”

ညာဘက်တွင်ရှိသော သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူက လှောင်ပြောင်သည်။

သူ့နောက်ကျောတွင် အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေသော အနက်ရောင်ဓားတစ်ချောင်း ရှိသည်။

ရှေ့ဆုံးတွင်ရှိသော လူအိုကြီးက မျက်လုံးမှိတ်ထားပြီး စကားမပြောခဲ့ပေ။

သူက ကျန်းယန်မျှော်စင်၏ခေါင်းဆောင် အင်မော်တယ်သခင်တုရီယန် ဖြစ်သည်။

အပြင်လူများက သူ့ကို အင်မော်တယ်သခင်ကျန်းယန်ဟု ခေါ်ကြသည်။

တခြားနှစ်ယောက်က ပထမအကြီးအကဲ စုဟယ်နှင့် ဒုတိယအကြီးအကဲ ချန်ချီ ဖြစ်သည်။

စုဟယ်၏နာမည်က အင်မော်တယ်သခင်လပင်လယ် ဖြစ်သည်။

ကျန်းယန်မျှော်စင်တွင် သူတို့သုံးယောက်က အဓိကပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ကျဆုံးသွားသော အင်မော်တယ်သခင်ယွမ်ရှဲနှင့် တတိယအလွှာမှ အမြီးကုတ်ပြီးပြန်လာသော ချောင်ချိုးကျန်းတို့က စွမ်းအားသိပ်မရှိပေ။ သူတို့က ကျန်းယန်မျှော်စင်၏ လျှို့ဝှက်ချက်များကိုလည်း မသိကြပေ။

“ငါက အရှုပ်အထွေးတွေ မလုပ်ချင်ပါဘူး။ ဒါပေမဲ့ အင်မော်တယ်ဘုရင်ချန်ယွမ်က နှစ်ပေါင်းသုံးသိန်းကြာအောင် ပျောက်ကွယ်နေခဲ့တယ်လို့ ဝူဆယ့်နှစ်က သတင်းပို့လာတယ်။ သူက ငါ့ကို စမ်းသပ်ကြည့်စေချင်တယ်”

တုရီယန်က ပြောလိုက်သည်။

သူက ဟွမ်ကျစ်ဟူတို့နှင့် ရင်ဆိုင်ရန် စိတ်မဝင်စားပဲ တခြားအကြောင်းအရာကို ပြောနေသည်။

ထိုစကားများကြောင့် အကြီးအကဲနှစ်ယောက်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

“အင်မော်တယ်ဘုရင် ပျောက်ကွယ်သွားတာကို သေချာအောင် စစ်ဆေးကြည့်ချင်တာလား”

အင်မော်တယ်သခင်လပင်လယ်က ပြောသည်။

တုရီယန်က ထူးဆန်းသော မျက်နှာထားဖြင့် ခေါင်းညိတ်သည်။

“ငါက ကောင်းကင်တစ်သောင်းမြို့မှာ နှစ်ပေါင်းဆယ်သန်းလောက် နေထိုင်ခဲ့တယ်။ သူကျဆုံးသွားတဲ့နေရာက ....”

သူက ရပ်တန့်လိုက်ပြီး ရှေ့သို့ ကြည့်သည်။

ကောင်းကင်တွင် အလင်းတန်းတစ်ခု ပေါ်လာသည်။

“‌အကြီးအကဲတို့ ကျေးဇူးပြုပြီး လှုပ်ရှားလိုက်ပါ”

ချောင်ချိုးကျန်းက အော်ဟစ်သည်။

သူ့နောက်တွင် ရွှေအလင်းတစ်ခု ပါလာသည်။

အနှစ်သာရပြောင်းလဲခြင်း မီးပြင်းဖိုကို ကိုင်ဆောင်ပြီး ပျံသန်းနေသော ဟွမ်ကျစ်ဟူ ဖြစ်သည်။

“ဟမ့်၊ အင်မော်တယ်သခင်တစ်ယောက် ဖြစ်နေပြီး မျိုးဆက်သစ်တွေကြောင့် ဒီလိုမျိုး ဖြစ်လာတာလား။ တကယ်ကို ရှက်စရာပဲ”

ချန်ချီက ‌ဒေါသတကြီး အော်ပြောသည်။ သူက ခြေတစ်လှမ်းတိုးလိုက်ပြီး မိုင်ထောင်ချီအကွာတွင် ရှိနေသော ချောင်ချိုးကျန်း၏ရှေ့သို့ ရောက်သွားသည်။

“ဒုတိယအကြီးအကဲ၊ သတိထားပါ။ သူမရဲ့ မီးပြင်းဖိုက ....”

ချောင်ချိုးကျန်း၏စကား အဆုံးမသတ်ခင် ချန်ချီက လက်မြှောက်ပြီး ရွှေရောင်ပုတီးစေ့ကို ပစ်လွှတ်လိုက်သည်။

ပုတီးစေ့က အသက်စွမ်းအားဖြင့် ပြည့်နှက်နေပြီး မျက်နှာပြင်တွင် မွေးညင်းပေါက်များ ရှိသည်။ ပုတီးစေ့က လေထုထဲတွင် လည်ပတ်သွားသောအခါ ကျယ်လောင်သောအသံကို ထုတ်ပေးသည်။

ပုတီးစေ့က ပျံထွက်သွားသည်။ ကောင်းကင်နှင့်မြေကြီး၏ မိုင်ထောင်ချီပတ်ဝန်းကျင်က ချုပ်နှောင်ခံလိုက်ရပုံပေါ်သည်။ စွမ်းအင်လှုပ်ရှားမှုများ မရှိတော့ပေ။

“ရပ်စမ်း ....”

ချန်ချီက အော်ပြောသည်။ ပုတီးစေ့က ရွှေအလင်းကို ထုတ်လွှတ်ပြီး ဟွမ်ကျစ်ဟူကို လွှမ်းခြုံလိုက်သည်။

“အဲဒါက အင်မော်တယ်သခင်ချန်ချီရဲ့ နာမည်ကြီးရတနာ လေချုပ်နှောင်ပုတီးစေ့ပဲ။

အဝေးတစ်နေရာတွင်ရှိနေသော လူတစ်ယောက်က ထိတ်လန့်စွာပြောသည်။

စတုတ္ထထပ်တွင် အင်မော်တယ်သခင်များအားလုံးက တခြားလူများပိုင်ဆိုင်ထားသော ရတနာကို သိကြသည်။

အင်မော်တယ်သခင်ချန်ချီ၏ ရတနာက မှော်နည်းစနစ်များအားလုံးကို ထိန်းချုပ်ပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ဖိနှိပ်နိုင်သည်။ ထိပ်တန်းအဆင့် ရတနာတစ်ပါး ဖြစ်သည်။

အင်မော်တယ်သခင်တစ်ယောက် ဖြစ်နေလျှင်ပင် ယာယီချုပ်နှောင်ခံရလိမ့်မည်။

ထိုအချိန်သည် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည်။

“သူက ခုခံနိုင်မှာလား”

လူတစ်ယောက်က ဟွမ်ကျစ်ဟူ၏လက်ထဲတွင်ရှိသော မီးပြင်းဖိုကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“အရမ်းခက်လိမ့်မယ်။ ကျင့်ကြံဆင့်ကွာခြားချက်က ကြီးမားလွန်းတယ်”

လူတစ်ယောက်က ခေါင်းခါသည်။

“ဝီ”

လေချုပ်နှောင်ပုတီးစေ့၏ ရွှေအလင်းက ဟွမ်ကျစ်ဟူ၏ရှေ့သို့ ရောက်လာသောအချိန်တွင် မီးပြင်းဖိုက တုန်ခါသွားသည်။

မီးပြင်းဖိုက အစိမ်းရောင်အငွေ့အသက်ကို ထုတ်လွှတ်ပြီး ရွှေအလင်းကို အရည်ဖျော်ပစ်ခဲ့သည်။

ထို့နောက် အစိမ်းရောင်အငွေ့အသက်က ပျောက်ကွယ်မသွားပဲ ရှေ့ဆက်တိုးလာပြီး လေချုပ်နှောင်ပုတီးစေ့ကို ရစ်ပတ်သည်။

အင်မော်တယ်သခင်ချန်ချီ၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက လက်ဟန်ပြုလုပ်ပြီး ပုတီးစေ့ကို ထိန်းချုပ်တော့မည့်အချိန်တွင် တစ်ကိုယ်လုံး တုန်ခါသွားသည်။

လေချုပ်နှောင်ပုတီးစေ့ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။

ဟွမ်ကျစ်ဟူ၏ လက်ထဲတွင်ရှိသော မီးပြင်းဖိုက အစိမ်းရောင်အလင်းကို ထုတ်လွှတ်သည်။ ထို့နောက် လေချုပ်နှောင်ပုတီးစေ့ကို ဆွဲယူပြီး ဝါးမြိုလိုက်သည်။

“ရင်းမြစ်စွမ်းအား”

လူတစ်ယောက်က ထိတ်လန့်စွာ အော်ဟစ်သည်။

မီးပြင်းဖိုထဲတွင် ရင်းမြစ်စွမ်းအား ရှိနေသည်။

All Chapters