← Chapters

အခန်း (၁၀၇၂)

Vol. 77 Ch. 1072

အခန်း (၁၀၇၂)

Vol. 77 Ch. 1072

အင်မော်တယ်ဘုရင်များကသာ ရင်းမြစ်စွမ်းအားကို ထိန်းချုပ်နိုင်ကြသည်။

“ကောင်းကင်သစ်ပင်လား”

အဝေးတစ်နေရာတွင် အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက အံ့အားသင့်သွားပုံပေါ်သည်။ သူက ဖြည်းဖြည်းချင်း နောက်ဆုတ်ပြီး လှည့်ထွက်သွားသည်။

“နတ်ဘုရားခန်းဆောင် ရှာဖွေနေတဲ့ အင်မော်တယ်ဘုရင်က ထွက်ပေါ်လာပြီ”

....

“ဘုန်း ....”

အစိမ်း‌ရောင်အငွေ့အသက်သည် အင်မော်တယ်သခင်ချန်ချီဆီသို့ တိုးဝင်လာသည်။

သို့သော် အနက်ရောင်လက်ပုံရိပ်တစ်ခုက အစိမ်းရောင်အငွေ့အသက်ကို တားဆီးလိုက်သည်။ ထိုသို့မဟုတ်ရင် အင်မော်တယ်သခင်ချန်ချီက သေဆုံးသွားရလိမ့်မည်။

သူက ရှေ့တက်လာသော အင်မော်တယ်သခင်စုဟယ်ကို လှမ်းကြည့်သည်။ ထို့နောက် ချောင်ချိုးကျန်းကို ကြည့်သည်။ သူ့မျက်နှာက နီရဲနေပြီး သွေးအန်လိုက်ရသည်။

သူသန့်စင်ထားသော အင်မော်တယ်ရတနာက ပျက်စီးသွားသောကြောင့် သူ့ဝိညာဉ်က တုန်ခါနေပြီး ထိခိုက်သွားသည်။

“မင်းက ကျန်းယန်မျှော်စင်ကို စိန်ခေါ်ရဲတာ မထူးဆန်းတော့ပါဘူး။ တကယ် စွမ်းဆောင်နိုင်တာပဲ”

အင်မော်တယ်သခင်စုဟယ်က ဟွမ်ကျစ်ဟူ၏လက်ထဲတွင်ရှိသော မီးပြင်းဖိုကို ကြည့်သည်။ သူ့မျက်လုံးထဲတွင် လောဘစိတ်များ ရှိနေပြီး ညင်သာစွာ ပြောလိုက်သည်။

“ဘုန်း”

ဟွမ်ကျစ်ဟူ၏နောက်တွင်ရှိသော ရှန့်လင်းရွှမ်းက ပေတစ်‌သောင်းအထိ ကြီးမားသွားပြီး ဓားအလင်းကို ထုတ်ဖော်လျက် ပျံသန်းလာသည်။

ဓားနှစ်လက်က သွယ်ယှက်နေပြီး ကျဆင်းလာခဲ့သည်။

“ကမ္ဘာဦးရုပ်သေးရုပ်လား”

“မဟူရာချပ်ဝတ်ဂိုဏ်းက လူတွေလား”

ကျန်းယန်မျှော်စင်၏ ထိပ်ဆုံးအထပ်တွင်ရှိနေသော အင်မော်တယ်သခင်တုရီယန်က မျက်မှောင်ကြုတ်သည်။

ရှန့်လင်းရွှမ်း၏ ဓားနှစ်လက်က ဆက်လက်ကျဆင်းလာသည်။

ဓားနှစ်လက်က အလွန်အားကောင်းပြီး လေပြင်းနှင့်အတူ သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်၍ ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးနိုင်သည်ဟု ထင်ရသည်။

မိုင်တစ်ရာပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခတ်လာသည်။

“ဟမ့်”

စုဟယ်က အံ့အားသင့်သွားသော်လည်း နောက်မဆုတ်နိုင်ပေ။

စတုတ္ထအလွှာ၏ မရေမတွက်နိုင်သော တာအိုရောင်းရင်းများက ဤနေရာကို အာရုံစိုက်ထားကြသည်။ အကယ်၍ သူနောက်ဆုတ်လိုက်လျှင် ကျန်းယန်မျှော်စင်၏ ဂုဏ်သတင်းက ပျက်စီးသွားလိမ့်မည်။ ထိုအချိန်တွင် စတုတ္ထအလွှာ၏ မရေမတွက်နိုင်သော အင်အားစုများက ကျန်းယန်မျှော်စင်ကို ဖျက်ဆီးရန် လှုပ်ရှားလာကြလိမ့်မည်။

စုဟယ်က လက်မြှောက်ပြီး အဆောင်လက်ဖွဲ့များကို ထုတ်ဖော်သည်။

အဆောင်လက်ဖွဲ့များအားလုံးသည် ‌ရွှေအလင်းစီးကြောင်းကို ထုတ်လွှတ်နေကြသည်။

ထိုအလင်းရောင်သည် ချက်ချင်းဆိုသလိုပင် အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အဝေးတစ်နေရာတွင် အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

“အ‌ဆောင်လက်ဖွဲ့တိုင်းက ကမ္ဘာတစ်ခုပဲ။ အင်မော်တယ်အဆောင်လက်ဖွဲ့ကနေ နတ်ဘုရားအဆောင်လက်ဖွဲ့အဖြစ် ပြောင်းလဲသွားတယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်တယ်”

“စုဟယ်ရဲ့ အ‌ဆောင်လက်ဖွဲ့တာအိုက အထွတ်အထိပ်ကို ရောက်နေပြီပဲ။ နတ်ဘုရားအဆောင်လက်ဖွဲ့အဖြစ် ပြောင်းသွားနိုင်တယ်”

“နတ်ဘုရားအ‌ဆောင်လက်ဖွဲ့လား”

သွေးချီတချို့ ထုတ်လွှတ်နေသော သက်လတ်ပိုင်းအရွယ် တခြားကျင့်ကြံသူတစ်ယောက်က အဆောင်လက်ဖွဲ့၏ ရွှေအလင်းကို ကြည့်လိုက်သည်။

“အဲဒါဆိုရင် သူက အင်မော်တယ်ကျင့်ကြံခြင်းကို နတ်ဘုရားမျိုးနွယ်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်အဖြစ် ပြောင်းလဲနိုင်ပြီလား”

“ဟားဟား၊ အင်မော်တယ်တာအိုရဲ့ အဆုံးသတ်က ကောင်းကင်စက်ဝန်း နတ်ဘုရားကမ္ဘာပဲလေ။ မင်းက နတ်ဘုရားကမ္ဘာကို ဝင်ရောက်ချင်တယ်ဆိုရင် နတ်ဘုရားမျိုးနွယ်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်ကို ပြောင်းလဲလိုက်တာက မထူးဆန်းဘူး”

အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ဘုန်း”

ဓားနှစ်လက်က အဆောင်လက်ဖွဲ့နှင့် ထိတွေ့သွားသည်။ အဆောင်လက်ဖွဲ့က တုန်ခါနေသော်လည်း ပျက်စီးမသွားပေ။

ရှန့်လင်းရွှမ်းက ဓားကို ပြန်သိမ်းလိုက်ပြီး ဟွမ်ကျစ်ဟူ၏ရှေ့တွင် ရှိနေသည်။

ချန်ချီ၊ စုဟယ်နှင့် ချောင်ချိုးကျန်းတို့က အတူတကွ ရပ်နေကြသည်။

မျိုးဆက်သစ်ကျင့်ကြံသူ နှစ်ယောက်သည် အင်မော်တယ်သခင်သုံးယောက်နှင့် အငွေ့အသက်ချင်း ယှဉ်ပြိုင်နိုင်သည်။

ထိုမြင်ကွင်းကြောင့် မရေမတွက်နိုင်သော လူများက အသံပြုလိုက်ကြသည်။

လူငယ်များသည် ကြောက်ရွံ့စိတ်မရှိကြပေ။

“မင်းတို့က ငါ့ရဲ့ ကျန်းယန်မျှော်စင်ကို ဖျက်ဆီးဖို့ရောက်လာတာလား”

စုဟယ်၏ အဆောင်လက်ဖွဲ့က လေထုထဲတွင် လွင့်မျောနေသည်။ သူက ဟွမ်ကျစ်ဟူ၏ လက်ထဲတွင်ရှိသော မီးပြင်းဖိုကို ကြည့်လိုက်ပြီး နှာမှုတ်သည်။

“အဲဒါက မလုံလောက်ဘူး”

ရတနာဖြစ်နေလျှင်လည်း အရေးမကြီးပေ။ ကိုင်ဆောင်သူအပေါ်တွင်လည်း မူတည်သည်။

ရွှေအင်မော်တယ်အဆင့်သို့ မရောက်သေးသော အမျိုးသမီးငယ်တစ်ဦးက ရတနာကို ကိုင်ဆောင်ထားလျှင်ပင် အစွမ်းကုန်ထုတ်မသုံးနိုင်ပေ။

လူတိုင်းက ဟွမ်ကျစ်ဟူ၏လက်ထဲတွင်ရှိသော မီးပြင်းဖိုကို ကြည့်လိုက်ကြသည်။

ဟွမ်ကျစ်ဟူသာမက အင်မော်တယ်သခင်တစ်ပါး ဖြစ်နေလျှင်ပင် ထိုမီးပြင်းဖို၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်မည်မဟုတ်ပေ။

“ဒေါ်လေးဝမ်က ကျန်းယန်မျှော်စင်ကို ဖျက်ဆီးဖို့ပြောလိုက်တယ်”

ဟွမ်ကျစ်ဟူက ရှေ့တက်လာပြီး လက်မြှောက်သည်။ သူမ၏ လက်ထဲတွင်ရှိသော အနှစ်သာရပြောင်းလဲခြင်း မီးပြင်းဖိုက လွင့်မျောသွားသည်။

“ဝီ”

မီးပြင်းဖိုက တုန်ခါနေပြီး ကောင်းကင်နှင့်မြေကြီး၏ အင်မော်တယ်စွမ်းအင်ကို လှုပ်ရှားစေသည်။

မီးပြင်းဖို၏အထက်တွင် ကောင်းကင်ကို ထောက်ပံ့ပေးထားသော သစ်ပင်ကြီးတစ်ပင် ရှိနေသည်။

သစ်ပင်၏ သစ်ကိုင်းများက ယိမ်းထိုးနေပြီး ကောင်းကင်တစ်သောင်းမြို့က တုန်ခါလာသည်။

“ဒါက ရင်းမြစ်စွမ်းအား .... မဟုတ်သေးဘူး စည်းမျဉ်းစွမ်းအားပဲ”

လူတစ်ယောက်က ထိတ်လန့်စွာ အော်ဟစ်သည်။

စည်းမျဉ်း ....

ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုစွမ်းအားသည် စည်းမျဉ်းကို လိုက်နာရသည်။

ထိုစွမ်းအားကို အင်မော်တယ်ဘုရင်များက ရှာဖွေကြသည်။ ထိုအရာသည် လောကစွမ်းအား၏ အရင်းအမြစ်ဖြစ်ပြီး အဆုံးစွန်သောစွမ်းအား ဖြစ်သည်။

စည်းမျဉ်းစွမ်းအားသည် ရင်းမြစ်စွမ်းအား၏အထက်တွင် ရှိနေသည်။

ရင်းမြစ်စွမ်းအားကို တွေ့ကြုံပြီးမှသာ စည်းမျဉ်းစွမ်းအားကို ဆုပ်ကိုင်ရန် အခွင့်အရေးရှိမည်။

အင်မော်တယ်ဘုရင်များအားလုံးသည် ကပ်ဘေးနှင့် ရင်ဆိုင်နိုင်ရန်အတွက် ကိုယ်ပိုင်စည်းမျဉ်းစွမ်းအားကို ရှာဖွေနေကြသည်။

စည်းမျဉ်းကသာ ကပ်ဘေးကို ခုခံနိုင်သည်။

ကောင်းကင်ထက်တွင် ဧရာမသစ်ပင်ကြီး၏ သစ်ကိုင်းများက လှုပ်ရှားနေသည်။ လောကတစ်ခုလုံးက တုန်ခါလာသည်။ ကောင်းကင်တစ်သောင်းမြို့၏ စတုတ္ထအလွှာက ပြိုကျသွားတော့မည်ဟု ထင်ရသည်။ ပတ်ဝန်းကျင်တွင်ရှိသော အ‌ဆောက်အအုံများက ပျက်စီးလာကြသည်။

မီးပြင်းဖို၏ရှေ့တွင် စုဟယ်၊ ချန်ချီနှင့် ချောင်ချိုးကျန်းတို့က မြက်ပင်များသဖွယ် ယိမ်းထိုးနေကြသည်။ သူတို့က အင်မော်တယ်သခင်များ ဖြစ်ကြသော်လည်း တည်ငြိမ်စွာ မရပ်နိုင်တော့ပေ။

“ဘယ်လိုလုပ်ပြီး စည်းမျဉ်းစွမ်းအား ဖြစ်နေတာလဲ”

ကျန်းယန်မျှော်စင်၏ ထိပ်ဆုံးတွင်ရှိသော အင်မော်တယ်သခင်တုရီယန်က အံ့အားသင့်သွားသည်။

“သူတို့ရဲ့ နောက်ကွယ်မှာ အင်မော်တယ်ဘုရင်တစ်ပါး ရှိနေတာလား”

အင်မော်တယ်သခင်တုရီယန်က စိတ်ထဲတွင်ရှိသော ထိတ်လန့်မှုကို ဖိနှိပ်ပြီး မျက်လုံးများ တောက်ပသွားသည်။

သူက နားလည်သွားသည်။

ဝူဆယ့်နှစ်က သူ့ကို စမ်းသပ်ခိုင်းသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။ နောက်ကွယ်တွင် အင်မော်တယ်ဘုရင်တစ်ပါး ရှိနေနိုင်သည်။

သူက ထိုအင်မော်တယ်ဘုရင်ကို မျှားခေါ်ပြီး အင်မော်တယ်ဘုရင်ချန်ယွမ် ပျောက်ကွယ်နေကြောင်း သေချာအောင် အတည်ပြုရမည်။

အကယ်၍ အင်မော်တယ်ဘုရင်ချန်ယွမ်က အမှန်တကယ် ပေါ်မလာခဲ့လျှင် သူက နတ်ဘုရားကမ္ဘာကို သတင်းပို့ပြီး ပဥ္စမထပ်တွင် ဖိနှိပ်ထားသော ရတနာကို ယူသွားနိုင်သည်။

အင်မော်တယ်သခင်တုရီယန်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ရယ်မောလျက် ပျံသန်းသွားသည်။

သူ့ခန္ဓာကိုယ်က ကောင်းကင်ဝါးမြိုခြင်းမြွေအဖြစ် ပြောင်းလဲသွားပြီး မီးပြင်းဖိုကို ဝင်တိုက်သည်။

“ဘုန်း”

မြွေပုံရိပ်သည် မီးပြင်းဖိုနှင့် ထိတွေ့သွားသည်။ မီးပြင်းဖိုက မိုင်တစ်ထောင်အကွာအထိ နောက်ဆုတ်ပေးလိုက်ရသည်။ သစ်ပင်ပုံရိပ်ကလည်း တုန်ခါသွားသည်။

သို့သော် မြွေပုံရိပ်က ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။

ထိုတိုက်ခိုက်မှုသည် နှစ်ဖက်လုံးကို ထိခိုက်သွားစေခဲ့သည်။

သိပ်မဝေးသောနေရာတွင် အနက်ရောင်ဝတ်စုံနှင့် ကောင်းသွမ်ယွဲ့ ပေါ်လာပြီး လောဘစိတ်များဖြင့် အနှစ်သာရမီးပြင်းဖိုကို ကြည့်နေသည်။

အကယ်၍ သူက ထိုရတနာကို ပိုင်ဆိုင်ထားလျှင် ဆရာတူအစ်ကိုသုံး ကျူးဟွမ်ကို တိုက်ခိုက်နိုင်လိမ့်မည်။

သူက အင်မော်တယ်သခင်တုရီယန်၏ အကြည့်ကို မြင်လိုက်ရသည်။

ကောင်းသွမ်ယွဲ့ကို မြင်လိုက်ရသောအခါတွင် အင်မော်တယ်သခင်တုရီယန်က ရယ်လိုက်ပြီး စကားတချို့ ပြောသည်။

ကောင်းသွမ်ယွဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြိး ခေါင်းညိတ်သည်။

သူက လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်နှင့်မြေကြီး၏ မမြင်နိုင်သော စွမ်းအားသည် အင်မော်တယ်သခင်တုရီယန်၏ မြွေဦး‌ခေါင်းအပေါ်သို့ ကျဆင်းလာသည်။

“ဂါး ....”

မြွေပုံရိပ်၏ ဦးခေါင်းထက်တွင် ရွှေရောင်နတ်ဘုရားအလင်း စုစည်းလာပြီး တူတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

ထိုရွှေတူက နတ်စွမ်းအားကို သယ်ဆောင်ထားပြီး တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်သည်။

ကောင်းကင်နှင့်မြေကြီး၏ ကောင်းချီးကြောင့် ရွှေတူပုံရိပ်က ချက်ချင်းသိပ်သည်းလာသည်။

“ကောင်းကင်နဲ့မြေကြီးရဲ့ ကောင်းချီး၊ ဒါက ....”

လူတစ်ယောက်က ရေရွတ်လိုက်ပြီး ရပ်တန့်သည်။

“ဟားဟား၊ ကောင်းကင်တစ်သောင်းမြို့က ကျန်းယန်မျှော်စင်ကို ကူညီဖို့ ရွေးချယ်လိုက်တာပဲ”

လူတစ်ယောက်က ရွှေတူကို ကြည့်လိုက်ပြီး ပေါ့ပါးစွာပြောသည်။

ဤနေရာတွင် မရေမတွက်နိုင်သော ကျွမ်းကျင်သူများ ရှိနေကြသည်။ သူတို့အားလုံးက ငတုံးများ မဟုတ်ကြပေ။

ကောင်းကင်တစ်သောင်းမြို့၏ စတုတ္ထအလွှာတွင် စည်းမျဉ်းများမရှိဟု ပြောကြသည်။ သို့သော် ကောင်းကင်နှင့်မြေကြီး၏ အမိန့်အာဏာကို ဆွဲကိုင်ထားသော အင်မော်တယ်ဘုရင်ချန်ယွမ်၏ တပည့်များ ရှိနေသည်။ သူတို့က စည်းမျဉ်းပင် ဖြစ်သည်။

အင်မော်တယ်ဘုရင်၏ တပည့်များက တစ်ဖက်ဖက်ကို ရွေးချယ်လိုက်လျှင် တိုက်ပွဲ၏ရလဒ်ကို ကြိုတင်ဆုံးဖြတ်နိုင်သည်။

“ငါက ပွဲကောင်းကောင်းကြည့်ရတော့မယ်လို့ ထင်ထားခဲ့တာ။ နှမြောစရာပဲ”

အားကောင်းသော အင်မော်တယ်သခင်တစ်ယောက်က တီးတိုးရေရွတ်လိုက်ပြီး အငွေ့အသက်ကို ရုတ်သိမ်း၍ နောက်ဆုတ်သည်။

တခြားလူများကလည်း တူညီသော ရွေးချယ်မှုကို ပြုလုပ်ခဲ့ကြသည်။

ကောင်းကင်တစ်သောင်းမြို့၏ စွမ်းအားကို ထိန်းချုပ်ထားသော အင်မော်တယ်ဘုရင်၏ တပည့်က ရွေးချယ်မှု လုပ်လိုက်သောကြောင့် ဤတိုက်ပွဲတွင် စိတ်လှုပ်ရှားစရာများ မရှိတော့ပေ။

“ဂါး ....”

မြွေ၏ ဦးခေါင်းထက်တွင်ရှိသော ရွှေရောင်တူက ရွှေအလင်းဖြင့် တောက်ပနေပြီး ဟွမ်ကျစ်ဟူ၏ ဦးခေါင်းထက်တွင်ရှိသော မီးပြင်းဖိုကို ရိုက်ချသည်။

ဟွမ်ကျစ်ဟူ၏ မျက်နှာထားက လေးနက်နေပြီး အသက်ပြင်းပြင်းရှူသွင်းသည်။ သူမ၏ ခန္ဓာကိုယ်ထဲတွင်ရှိသော အင်မော်တယ်စွမ်းအင်များက ပေါက်ကွဲထွက်လာပြီး မီးပြင်းဖိုကို တောက်ပလာစေသည်။

“ဟူး ....”

သစ်ကိုင်းများက လှုပ်ရှားသွားပြီး ရွှေရောင်တူနှင့် ရင်ဆိုင်သည်။

မီးပြင်းဖိုက တုန်ခါနေပြီး နောက်ဆုတ်ပေးလိုက်ရသည်။

မီးပြင်းဖို၏ နောက်တွင်ရှိသော ရှန့်လင်းရွှမ်းက တစ်ကိုယ်လုံး တုန်ခါသွားသည်။

မီးပြင်းဖိုက စွမ်းအားအများစုကို စုပ်ယူပေးခဲ့သည်။ ထိုသို့မဟုတ်လျှင် သူက လွင့်ထွက်သွားနိုင်သည်။

ဟွမ်ကျစ်ဟူ၏ မျက်နှာက ဖြူဖျော့နေသည်။

သူမက မီးပြင်းဖို၏ပိုင်ရှင် မဟုတ်သော်လည်း စွမ်းအားလှိုင်းကြောင့် သက်ရောက်ခံလိုက်ရသည်။

“ဂါး ....”

အင်မော်တယ်သခင်တုရီယန်၏ မြွေပုံရိပ်က ခေါင်းမော့ပြီး ဟိန်းဟောက်သည်။ စူးရှသော အော်သံကြောင့် ပတ်ဝန်းကျင်တွင်ရှိသော ကျင့်ကြံသူများက လျင်မြန်စွာ နောက်ဆုတ်ပေးလိုက်ရသည်။

All Chapters