← Chapters

အခန်း (၁၀၇၃)

Vol. 77 Ch. 1073

အခန်း (၁၀၇၃)

Vol. 77 Ch. 1073

မြွေပုံရိပ်သည် အားကောင်းသော အင်မော်တယ်သခင်တစ်ယောက်၏ စွမ်းအားဖြစ်သည်။

ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်တွင် ရှိမနေလျှင် အနားကပ်သွားရန် မသင့်တော်ပေ။ အလကားသက်သက် သေဆုံးနိုင်သည်။

“ဝီ”

အင်မော်တယ်သခင်တုရီယန်၏ ရွှေရောင်တူက လှုပ်ရှားလိုက်ပြန်သည်။

အကယ်၍ ထိုတူ ကျဆင်းလာလျှင် မီးပြင်းဖိုက ခုခံနိုင်သော်လည်း ဟွမ်ကျစ်ဟူက ခုခံနိုင်မည်မဟုတ်ပေ။

“သခင်မလေးကျစ်ဟူ၊ အရင်ထွက်သွားလိုက်ပါ”

ရှန့်လင်းရွှမ်းက အသက်ရှူသွင်းလိုက်ပြီး ဓားမြှောက်သည်။

အကယ်၍ သူက ရုပ်သေးရုပ်ကို အပြည့်အဝထိန်းချုပ်ထားလျှင် အင်မော်တယ်သခင်လုရီယန်ကို တိုက်ခိုက်ရန် ယုံကြည်ချက်ရှိသည်။

သို့သော် ရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်ရန် လိုအပ်နေသေးသည်။

ဟွမ်ကျစ်ဟူက ‌ခေါင်းခါလိုက်ပြီး ဓားကို ဆုပ်ကိုင်သည်။

သူမက ထွက်သွားမည်မဟုတ်ပေ။

ဓားကျင့်ကြံသူများက လက်ထဲတွင် ဓားကိုင်ထားလျှင် နောက်မဆုတ်သင့်ဟု မွေးစားအဖေက ပြောခဲ့သည်။

“ဟားဟား၊ အင်မော်တယ်သခင်အဆင့်ကို ရောက်နေတဲ့ အကြီးအကဲကျင့်ကြံသူက လူငယ်တွေကို ခက်ခဲအောင် လုပ်ချင်နေတာလား”

“ကျန်းယန်မျှော်စင်က ဟာသပဲ”

ထိုအချိန်တွင် အသံတစ်သံ ပေါ်ထွက်လာသည်။

ရွှေရောင်ဝတ်စုံနှင့် ယန်တင်းထျန်က အနှစ်သာရပြောင်းလဲခြင်း မီးပြင်းဖို၏ရှေ့သို့ ရောက်လာခဲ့သည်။

သူ့လက်ထဲတွင်ရှိသော ဓားသည် ရွှေအလင်းဖြင့် တောက်ပနေသည်။ ဓားအလင်းက အင်မော်တယ်သခင်လုရီယန်၏ တူအလင်းထက် ပိုမိုသိပ်သည်းနေသည်။

“မဆိုးဘူး။ မင်းတို့က အင်မော်တယ်သခင်တစ်ယောက်ရဲ့ ရှေ့မှာတောင် နောက်ဆုတ်မသွားကြဘူး”

ထို့နောက် သူက ဓားဖြင့် ရှေ့သို့ ညွှန်ပြသည်။

“ငါ့ရဲ့ ဓားနည်းစနစ်က မင်းတို့နဲ့ မတူဘူး။ ဒါပေမဲ့ နည်းနည်းလောက်တော့ သင်ယူနိုင်မှာပါ”

“ဝီ”

ဓား၏အပေါ်တွင် အင်မော်တယ်အလင်း ပေါ်ထွက်လာပြီး ဓားအလင်းက ပြေးထွက်သွားသည်။

သူက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ထို့ကြောင့် ပွင့်လင်းသည်။

သူက တိုက်ခိုက်ရန် ရောက်လာသောကြောင့် အချိန်ဖြုန်းနေမည်မဟုတ်ပေ။

“ရွှပ်”

ဓားအလင်းသည် ရွှေတူဆီသို့ ပြေးဝင်သွားသည်။

“ဒေါင် ....”

အသံသည် မကျယ်လောင်ပေ။

‌ရွှေရောင်အမှတ်အသားတစ်ခုသည် အင်မော်တယ်သခင်လုရီယန်၏ တူပေါ်တွင် ကျန်ရစ်ခဲ့သည်။

ဓား၏ အမှတ်အသား ဖြစ်သည်။

“ကမ္ဘာတိုင်းမှာ ကျော်ကြားတဲ့ မီးတောက်နီဓားဂိုဏ်းရဲ့‌ခေါင်းဆောင် ယန်တင်းထျန်က ဒီလောက်ပဲလား”

အင်မော်တယ်သခင်တုရီယန်က ရယ်လိုက်သည်။

ယန်တင်းထျန်က ကောင်းကင်တစ်သောင်းမြို့၏ စတုတ္ထအလွှာသို့ အင်အားစုကြီးတစ်ခု ခေါ်လာပြီး တိုးတက်နေသည်။ မြို့ထဲတွင် သူတို့နှင့်ပတ်သတ်ပြီး ကောလဟာလများ ရှိသည်။

အင်အားစုကြီးများအားလုံးက ယန်တင်းထျန်ကို အာရုံစိုက်ထားကြသည်။ အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူများကပင် သူနှင့် မတိုက်ခိုက်ချင်ကြပေ။

ယခုအချိန်တွင် ယန်တင်းထျန်၏ တိုက်ခိုက်မှုက အင်မော်တယ်သခင်လုရီယန်ကို ထိခိုက်မသွားစေခဲ့ပေ။

‘သူက ဓားကျင့်ကြံသူဆိုရင်ရော ဘာဖြစ်လဲ’

‘ဒီလောက်ပဲခွန်အားရှိတာလေ’

“ယန်တင်းထျန်က အင်မော်တယ်သခင်လုရီယန်နဲ့ မယှဉ်နိုင်ဘူးလား”

လူတစ်ယောက်က စိတ်ရှုပ်ထွေးစွာ မေးသည်။

အင်မော်တယ်သခင်လုရီယန်က ကောင်းကင်တစ်သောင်းမြို့တွင် အနည်းငယ် ကျော်ကြားသော်လည်း ပြင်ပလောကတွင် နာမည်မရှိပေ။

သို့သော် ပြင်ပလောက၏ မရေမတွက်နိုင်သော အင်မော်တယ်သခင်များကြားတွင် ယန်တင်းထျန်က အလွန်နာမည်ကြီးသည်။

ယခု တိုက်ပွဲအရ ယန်တင်းထျန်၏ ဂုဏ်သတင်းက အလကားဖြစ်နေပုံပေါ်သည်။

“အင်မော်တယ်သခင်လုရီယန်ကို ကောင်းကင်တစ်သောင်းမြို့ရဲ့ ကောင်းကင်နဲ့မြေကြီးစွမ်းအားက ထောက်ပံ့ပေးထားတယ်။ ကောင်းကင်တစ်‌သောင်းမြို့ကို အင်မော်တယ်ဘုရင်က တည်ဆောက်ခဲ့တယ်။ ဒီမြို့က ကောင်းကင်တစ်သောင်းချောက်နက်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် စွမ်းအားတွေကို စုစည်းထားတယ်”

လူတစ်ယောက်က ပြောလိုက်သည်။

ယန်တင်းထျန်က အင်မော်တယ်သခင်လုရီယန်ကို အနိုင်မယူနိုင်ခြင်း မဟုတ်ပေ။ သူက ကောင်းကင်တစ်သောင်းမြို့၏ စွမ်းအားနှင့် မယှဉ်နိုင်ရုံသာ ဖြစ်သည်။

“မင်းက အဲဒီဓားချက်ကို နားလည်လား”

ထိုအချိန်တွင် ယန်တင်းထျန်က စကားပြောလိုက်သည်။

‘နားလည်လား’

‘ဘာကိုနားလည်ရမှာလဲ’

လူတိုင်းက ကြောင်အသွားသည်။

အင်မော်တယ်သခင်လုရီယန်က လှောင်ပြောင်ချင်ပုံပေါ်သည်။

‘ထူးခြားတယ်လို့ ဟန်ဆောင်နေတာလား’

“ကျွန်တော်နားမလည်ဘူး။ ဒါပေမဲ့ အဲဒီဓားချက်နဲ့ ဆင်တူတဲ့ အစ်ကိုကြီးရဲ့ဓားချက်ကို ကျွန်တော်မြင်ဖူးတယ်”

ရှန့်လင်းရွှမ်းက တီးတိုးပြောလိုက်ပြီး ဟွမ်ကျစ်ဟူကို လှည့်ကြည့်သည်။

“သခင်မလေးကျစ်ဟူရဲ့ ပါရမီက ထူးခြားတယ်လို့ အစ်ကိုကြီးက အမြဲပြောခဲ့တယ်။ အဲဒီဓားချက်ကို နားလည်နိုင်လား”

ယခုအချိန်တွင် ရှ့န်လင်းရွှမ်းက ပေတစ်သောင်းကြီးမားနေသည်။ သူ၏ အသံက အလွန်ကျယ်လောင်ပြီး သူ့စကားကြောင့် လူတိုင်းက ဟွမ်ကျစ်ဟူကို ကြည့်လိုက်ကြသည်။

ယန်တင်းထျန်ကလည်း ဟွမ်ကျစ်ဟူကို ကြည့်နေသည်။

သူက ဟွမ်ကျစ်ဟူ၏ ဓားနည်းစနစ်ကို မြင်ဖူးသည်။

သူမက ဓားနည်းစနစ်တွင် အမှန်တကယ် ကျွမ်းကျင်သည်။

ဟွမ်ကျစ်ဟူက သူ၏ ဓားချက်ကို မည်မျှ နားလည်နိုင်မည်နည်း။

“အမှတ်အသားကို မြင်နိုင်ဖို့ ဓားလမ်းစဉ်ကို နားလည်ရမယ်”

“ဓားကို ထုတ်လိုက်တဲ့အချိန်မှာ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးတယ်”

“ဓားထုတ်လိုက်တဲ့အချိန်မှာ ခဏတာပျံသန်းခွင့်ပေးလိုက်ပါ”

ဟွမ်ကျစ်ဟူ၏စကားကြောင့် ယန်တင်းထျန်၏မျက်နှာထားက ပြောင်းလဲသွားသည်။

သူမ၏ စကားအဆုံးတွင် ယန်တင်းထျန်က ရယ်သည်။

“ယွင်လန်ဓားအင်မော်တယ်ရဲ့ ဂုဏ်ယူရတဲ့တပည့် ဖြစ်သင့်ပါတယ်။ ငါကတောင် မင်းရဲ့ ဓားပါရမီကို အထင်ကြီးမိတယ်”

“မင်းရဲ့ မွေးစားအ‌‌ဖေ ပြန်လာရင် မင်းကို ငါ့ရဲ့ဂိုဏ်းမှာ နှစ်တစ်ထောင်လေ့ကျင့်ဖို့ ခွင့်တောင်းလိုက်မယ်။ ဘယ်လိုထင်လဲ”

သူစကားအဆုံးတွင် ကျယ်လောင်သောပေါက်ကွဲသံ ပေါ်ထွက်လာသည်။

ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော ဓားအလင်းများက ကောင်းကင်တွင် ပြည့်နှက်သွားသည်။

အဆုံးရှိသော ဓားအလင်းသည် ကောင်းကင်နှင့်မြေကြီး၏အလွန်မှ ရောက်လာပုံပေါ်ပြီး လောကကို ဖျက်ဆီးတော့မည်။ ထို့နောက် သူတို့က ဥက္ကာခဲများ ကျဆင်းလာသကဲ့သို့ အင်မော်တယ်သခင်လုရီယန်၏ မြွေပုံရိပ်နှင့် ရွှေရောင်တူကို လွှမ်းခြုံလိုက်ကြသည်။

အဆုံးမရှိသော ဓားအလင်းများသည် ကောင်းကင်၏အလွန်မှ ကျဆင်းလာကြသည်။

ကောင်းကင်တစ်သောင်းမြို့သည် ကောင်းကင်တစ်သောင်းချောက်နက်ထဲတွင် တည်ရှိသော မြို့လေးတစ်မြို့သာ ဖြစ်သည်။

ကောင်းကင်တစ်သောင်းမြို့သည် ကောင်းကင်တစ်သောင်းချောက်နက်၏ အပြင်ဘက်တွင် အရေးမပါပေ။

ရွှေရောင်ဓားအလင်းများသည် အင်မော်တယ်သခင်လုရီယန်ကို အပြည့်အဝ လွှမ်းခြုံလိုက်သည်။

“ငါက ကောင်းကင်နေမင်းဓားကို လမ်းညွှန်အနေနဲ့ အသုံးပြုပြီး နေမင်းစွမ်းအားကို နှစ်ထောင်ချီကြာအောင် စုစည်းခဲ့တယ်”

“ငါ့ဓားက သေဆုံးခြင်းနယ်မြေမှာ ဆယ်ဆပိုတဲ့စွမ်းအားနဲ့ စီးဆင်းနိုင်တယ်”

“မင်းက ငါ့ထက် ဆယ်ဆပိုပြီး မသန်မာရင် ဒီနေ့မှာ သေရလိမ့်မယ်”

အားကောင်းသော အင်မော်တယ်သခင်တစ်ပါးသည် သေဆုံးရန် ကံပါလာခဲ့သည်။

ယန်တင်းထျန်က အင်မော်တယ်သခင်ကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်တော့မည်။

သူက အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းသည်။

လောကတွင် ထိုနည်းလမ်းမျိုးကို ပိုင်ဆိုင်သောလူများ သိပ်မရှိပေ။

ပတ်ဝန်းကျင်တွင်ရှိသော ကျင့်ကြံသူများက မျက်လုံးပြူးနေပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသော ဓားအလင်းများကို ကြည့်သည်။

ဓားအလင်းများ ပျောက်ကွယ်သွားသောအခါတွင် အင်မော်တယ်သခင်လုရီယန်ကို မမြင်ရတော့ပေ။

ကျဆုံးသွားသည်။

ကောင်းကင်တစ်သောင်းမြို့၏ စတုတ္ထအလွှာတွင်ရှိသော ကျန်းယန်မျှော်စင်သခင် လုရီယန်သည် ဓားတစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။

ယန်တင်းထျန်သည် အစစ်အမှန် ဓားကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

လူအများအပြားက အဝေးတစ်နေရာတွင်ရှိနေသော မျက်နှာထားမှုန်မှိုင်းနေသည့် စုဟယ်နှင့် တခြားလူများကို ကြည့်သည်။

အင်မော်တယ်သခင်လုရီယန် မရှိတော့လျှင် သူတို့၏ခွန်အားဖြင့် ကျန်းယန်မျှော်စင်ကို ထိန်းသိမ်းထားရန် မဖြစ်နိုင်တော့ပေ။

ယန်တင်းထျန်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အဝေးတစ်နေရာတွင်ရှိသော ကောင်းသွမ်ယွဲ့ကို ကြည့်သည်။

“အင်မော်တယ်ဘုရင်ရဲ့ တပည့်တစ်ယောက် ဖြစ်နေတာတောင် ငါနဲ့ ရင်ဆိုင်ရဲဘူး။ ရယ်စရာပဲ”

ကောင်းသွမ်ယွဲ့၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက ရှေ့ထွက်သွားချင်သော်လည်း ရပ်တန့်လိုက်သည်။

သူက သတ်ဖြတ်လိုစိတ်များဖြင့် ယန်တင်းထျန်ကို ကြည့်လိုက်သည်။

“မင်းက ငါ့အတွက် ရောက်လာတာလား”

ယန်တင်းထျန်၏ တိုက်ခိုက်နိုင်စွမ်းသည် အင်မော်တယ်သခင်လုရီယန်ထက် အစပေါင်းများစွာ သာလွန်သည်။ သို့သော် သူက ယခုအချိန်တွင် ပေါ်ထွက်လာရန် ရွေးချယ်ခဲ့သည်။ ကောင်းသွမ်ယွဲ့က ငတုံးတစ်ယောက် မဟုတ်ပေ။

သူက မျက်လုံးပြူးနေပြီး လျင်မြန်စွာ နားလည်သွားသည်။

“မင်းနဲ့ သူတို့”

ဤနေရာတွင် သူတစ်ယောက်တည်းသာ ရှိနေသည်။

ဆရာတူအစ်ကိုသုံးက သူ့ကိုသာ စေလွှတ်ခဲ့သည်။

ထောင်ချောက်တစ်ခု ဖြစ်သည်။

သူက ပျံသန်းလိုက်ပြီး ရွှေရောင်ချပ်ဝတ်ကို ဆင့်ခေါ်သည်။ ဓားမော့တစ်လက်သည် သူ့လက်ထဲတွင် ပေါ်လာပြီး လေဟာနယ်ကို ခုတ်ချသည်။

လေဟာနယ်တွင် တံခါးတစ်ချပ် ပေါ်လာပြီး သူက အထဲသို့ ဝင်သွားသည်။

ကောင်းသွမ်ယွဲ့က ထွက်ပြေးသွားသည်။

ကောင်းကင်တစ်သောင်းမြို့ကို ထိန်းချုပ်ထားသော အဆင့်အတန်းမြင့်မားသည် အင်မော်တယ်သခင်က မတိုက်ခိုက်ပဲ ထွက်ပြေးသွားသည်။

‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’

‘သူက အင်မော်တယ်ဘုရင်ရဲ့ တပည့်လေ’

ယန်တင်းထျန်က ရယ်လိုက်ပြီး ဓားကို လှုပ်ရှားသည်။ ဓားအလင်းက ပျောက်ကွယ်တော့မည့် လေဟာနယ်တံခါးထဲသို့ ဝင်သွားသည်။

“ကောင်မလေး၊ ဒီနေရာကို ထားခဲ့တော့မယ်”

သူက စကားအဆုံးတွင် ကောင်းသွမ်ယွဲ့၏နောက်သို့ လိုက်သွားခဲ့သည်။

ယန်တင်းထျန် ပျောက်ကွယ်သွားသောအခါတွင် ဟွမ်ကျစ်ဟူက ရှေ့သို့ ကြည့်သည်။

ရှေ့တွင် စုဟယ်၊ ချန်ချီ၊ ချောင်ချိုးကျန်းနှင့် တခြားလူများ၏ မျက်နှာက ဖြူဖျော့သွားသည်။

ပတ်ဝန်းကျင်တွင်ရှိသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများက ကျန်းယန်မျှော်စင်ကို ကြည့်လိုက်ကြသည်။

ကျန်းယန်မျှော်စင်က အားနည်းနေသည်။

“ဘုန်း”

အနှစ်သာရပြောင်းလဲခြင်း မီးပြင်းဖိုက အင်မော်တယ်အလင်းကို ထုတ်လွှတ်၍ ကျန်းယန်မျှော်စင်ကို ရိုက်ချသည်။

ထို့နောက် မရေမတွက်နိုင်သော အင်မော်တယ်အလင်းများ ဆက်လက်ကျဆင်းလာကြသည်။

နံရံတံတိုင်းက ပြိုကျလာပြီး လူအုပ်က အထဲသို့ တိုးဝင်သွားသည်။

ဟွမ်ကျစ်ဟူက ထပ်မံလှုပ်ရှားရန် မလိုအပ်ခဲ့ပေ။ ယနေ့တွင် ကျန်းယန်မျှော်စင်က ပျက်စီးသွားရမည်။

....

“ဝီ”

ရွှေအလင်းသည် ကောင်းကင်တစ်သောင်းမြို့၏ အပြင်ဘက်တွင် ဖျတ်ခနဲ ပေါ်ထွက်လာသည်။

ဓားမော့ကိုင်ထားသော ကောင်းသွမ်ယွဲ့က ထိတ်လန့်နေသော မျက်နှာထားဖြင့် ပေါ်လာသည်။

သူက စိတ်ငြိမ်အောင် ထားလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။

သို့သော် ထိုအချိန်တွင် ဓားအလင်းက သူ့ကို ခုတ်ချလိုက်သည်။

“ခလွမ် ....”

ရွှေရောင်ဓားအလင်းသည် ရေစီးကြောင်းအဖြစ် အသွင်ပြောင်းပြီး သူ၏ ဓားမော့ကို လွင့်ထွက်သွားစေသည်။ ချပ်ဝတ်ကိုလည်း ဖျက်ဆီးပစ်လိုက်သည်။

All Chapters