← Chapters

အခန်း (၁၀၇၄)

Vol. 77 Ch. 1074

အခန်း (၁၀၇၄)

Vol. 77 Ch. 1074

သို့သော် ယန်တင်းထျန်၏ ဓားအလင်းစီးကြောင်း ပျောက်ကွယ်သွားသောအချိန်တွင် ပျက်စီးနေသောချပ်ဝတ်နှင့် တစ်ပေခန့်ရှည်လျားသော ဓားမော့သာ ကျန်ရစ်ခဲ့သည်။ အင်မော်တယ်သခင်၏ အငွေ့အသက်က ပျောက်ကွယ်သွားသည်။

ယန်တင်းထျန်က ဓာကိုင်ထားပြီး ပေါ်လာသည်။ သူက အထင်သေးနေသော မျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်သည်။

“အင်မော်တယ်ဘုရင်ရဲ့တပည့်က ဒီလောက်တောင် ကြောက်တတ်တာလား”

သူက ဓားကို ဆုပ်ကိုင်ပြီး တစ်ဖက်သို့ လှည့်တော့မည့်အချိန်တွင် ရပ်တန့်လိုက်သည်။

လေဟာနယ်က တုန်ခါသွားပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားက စုစည်းလာသည်။

ရှေ့တွင် ပုံရိပ်ခြောက်ခု ပေါ်လာသည်။

“တံခါးပိတ်ကျင့်ကြံနေတယ်လို့ သတင်းထွက်နေတဲ့ အင်မော်တယ်ဘုရင်ရဲ့ ငါးယောက်မြောက်တပည့် ဓားတာအိုကျွမ်းကျင်သူ အင်မော်တယ်သခင်ရှန်းယောင်”

“ပြီးတော့ အင်မော်တယ်ဘုရင်ရဲ့ တခြားတပည့်တွေဖြစ်တဲ့ အင်မော်တယ်သခင်ကျစ်လင်း၊ အင်မော်တယ်သခင်ပိုင်ကျီ၊ အင်မော်တယ်သခင်ဝူရှန်း၊ အင်မော်တယ်သခင်ထိုက်ယန်နဲ့ အင်မော်တယ်သခင်ကျစ်ယန်”

ယန်တင်းထျန်က ဓားမြှောက်ပြီး ပြုံးသည်။ သူ့အကြည့်က လေးနက်နေသည်။

“အင်မော်တယ်သခင်ခြောက်ယောက်၊ မင်းတို့က ငါ့ကို အထင်ကြီးနေတာပဲ”

သူက စကားအဆုံးတွင် ဓားအလင်းကို ထုတ်ဖော်လိုက်သည်။

ရွှေရောင်ဓားအလင်းသည် ရေစီးကြောင်းအဖြစ် လှုပ်ရှားလိုက်သည်။

ဓားကျင့်ကြံသူများသည် အဓိပ္ပာယ်မရှိသော စကားများကို မပြောတတ်ပေ။

“ဘုန်း”

ဓားအလင်းသည် အင်မော်တယ်အလင်းခြောက်ခုနှင့် ထိတွေ့သွားသည်။

မိုင်တစ်ထောင်အကွာတွင် ကောင်းသွမ်ယွဲ့က စုတ်ပြတ်နေ‌သောအဝတ်များနှင့် မျက်နှာဖြူဖျော့လျက် ပြန်ပေါ်လာသည်။ သူက လှုပ်ရှားနေသော အင်မော်တယ်အလင်းများကို လှမ်းကြည့်သည်။

“ဟမ့်၊ မင်းလိုမျိုး အပြင်လူတစ်ယောက်က ....”

သူက စကားမဆုံးခင် တစ်ကိုယ်လုံး တုန်ခါသွားပြီး ဘေးသို့ လှည့်ကြည့်သည်။

သိပ်မဝေးသောနေရာတွင် အင်မော်တယ်သခင်ကျူးဟွမ်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး တည်ငြိမ်စွာ ရှိနေသည်။

“ဆရာတူအစ်ကိုကြီး”

ကောင်းသွမ်ယွဲ့က လျင်မြန်စွာ ဦးညွတ်ပြီး ရိုသေစွာ နှုတ်ဆက်လိုက်သည်။

“ကျွန်တော့်ကို ကယ်တင်ဖို့ ရောက်လာတဲ့အတွက် ဆရာတူအစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်”

သူက လေးစားနေပုံပေါ်သည်။

သူက ယန်တင်းထျန်၏ရှေ့သို့ ရောက်သွားခြင်းသည် ဆရာတူအစ်ကိုသုံး၏ အစီအစဉ်ဟု အတည်မပြူနိုင်ပေ။

ကံကောင်းစွာဖြင့် သူက လွတ်မြောက်လာခဲ့သည်။ သို့သော် ယန်တင်းထျန်က ဝိုင်းရံခံထားရသည်။

အင်မော်တယ်သခင်ခြောက်ယောက် ရှိနေသောကြောင့် ယန်တင်းထျန်က လွတ်မြောက်နိုင်မည်မဟုတ်ပေ။

သူက သေသွားရလိမ့်မည်။

“ဟမ့်၊ မင်းက အပြင်လူတွေရဲ့ရှေ့မှာ ထွက်ပြေးလာတယ်။ ကောင်းကင်တစ်သောင်းမြို့နဲ့ ဆရာ့ကို အရှက်ရစေတာပဲ”

အင်မော်တယ်သခင်ကျူးဟွမ်က သူ့ကို မကြည့်ပဲ ရှေ့သို့ ကြည့်နေသည်။

ကောင်းသွမ်ယွဲ့၏ မျက်နှာထားက ပြောင်းလဲသွားပြီး တီးတိုးပြောသည်။

“ဆရာတူအစ်ကိုကြီး ကျွန်တော်က အားနည်းပါတယ်”

ထို့နောက် သူက ခေါင်းမော့ကြည့်ပြီး အံကြိတ်လျက် ပြောသည်။

“ဆရာတူအစ်ကိုကြီး ယန်တင်းထျန်ရဲ့ဝိညာဉ်ကို ကျွန်တော့်ဆီ အပ်လိုက်ပါ။ သူက သေချင်ရင်တောင် မသေစေရဘူး ....”

စကားဆက်ပြောချင်သော ကောင်းသွမ်ယွဲ့က တုန်ခါသွားသည်။

သူက ဘေးမှ ပေါ်ထွက်လာသော သတ်ဖြတ်လိုစိတ်ကို ခံစားမိသည်။

အားကောင်းပြီး သန့်စင်သော သတ်ဖြတ်လိုစိတ် ဖြစ်သည်။

သူက ခေါင်းမော့ကြည့်လိုက်ပြီး အင်မော်တယ်သခင်ကျူးဟွမ်၏ လက်ထဲတွင်ရှိသော မိစ္ဆာဖိနှိပ်ကျိုင်းတုတ်ကို မြင်ရသည်။

ထိုကျိုင်းတုတ်ကို သူတို့၏ဆရာက ချန်ထားခဲ့သည်။ ထိုကျိုင်းတုတ်သည် ကောင်းကင်တစ်သောင်းမြို့ကို ဖိနှိပ်ထားသော ရတနာ ဖြစ်သည်။

မိစ္ဆာဖိနှိပ်ခြင်းကျိုင်းတုတ်သည် ကောင်းကင်တစ်သောင်းမြို့၏ စွမ်းအားကို သယ်ဆောင်ထားသည်။

ထိုရတနာကို ကိုင်ဆောင်ထားသော အင်မော်တယ်သခင်ကျူးဟွမ်သည် ပြိုင်ဘက်ကင်းသည်။

“ဆရာတူအစ်ကိုကြီး၊ မင်း .... မင်းက ....”

ကောင်းသွမ်ယွဲ့က မယုံကြည်နိုင်ဖြစ်နေသည်။

ကျူးဟွမ်က မိစ္ဆာဖိနှိပ်ခြင်းကျိုင်းတုတ်ဖြင့် ကောင်းသွမ်ယွဲ့ကို ညွှန်ပြလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ဆရာတူညီလေးကောင်း၊ မင်းမသေရင် ငါတို့က ယန်တင်းထျန်ကို ဝိုင်းရံတိုက်ခိုက်ဖို့ အကြောင်းပြချက်ရှိမှာမဟုတ်ဘူး”

“သူ့မှာ နောက်ခံမရှိတာမဟုတ်ဘူးလေ”

ကောင်းသွမ်ယွဲ့က မျက်လုံးပြူးနေပြီး တစ်ကိုယ်လုံး တုန်ခါသွားသည်။

သူက ထိတ်လန့်စွာ နောက်ဆုတ်သည်။

“ကျူးဟွမ်၊ မင်းက ရူးနေတာပဲ။ တပည့်အချင်းချင်း ပြန်သတ်ရင် ဆရာက ခွင့်လွှတ်မှာမဟုတ်ဘူး”

“ငါက မင်းကို ရင်းမြစ်စွမ်းအား ပေးခဲ့တယ်လေ။ ဘာဖြစ်လို့ ....”

သူက ထိုစကားကို ပြောလိုက်ပြီး ထိတ်လန့်သွားပုံပေါ်သည်။

“မင်း၊ မင်းက ဆရာ့နေရာကို အစားထိုးချင်နေတာပဲ”

“ဘုန်း ....”

သူ၏စကားကို အနက်ရောင်သန်းနေသော မိစ္ဆာဖိနှိပ်ခြင်းကျိုင်းတုတ်က ဖြေဆိုလိုက်သည်။

မိစ္ဆာဖိနှိပ်ခြင်းကျိုင်းတုတ်က ချောက်နက်၏စွမ်းအားကို လှုံ့‌ဆော်ပြီး ဝဲကတော့တစ်ခုကို ဖန်တီးသည်။

ကောင်းကင်တစ်သောင်းမြို့၏ ပဥ္စမမြောက်အလွှာက တုန်ခါသွားသည်။ ထို့နောက် ရွှေအလင်းသည် အားဖြည့်ပေးသော စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။

အင်မော်တယ်သခင်တစ်ပါး၏ စွမ်းအားသည် ဝင်္ကပါနှင့် ပေါင်းစပ်သွားသည်။

အင်မော်တယ်ဘုရင်ချန်ယွမ်၏ ရှစ်ယောက်မြောက်တပည့် ကောင်းသွမ်ယွဲ့က သေဆုံးသွားသည်။

“မင်းက အများကြီးသိလွန်းနေတယ်”

အင်မော်တယ်သခင်ကျူးဟွမ်က နှာမှုတ်လိုက်ပြီး မိစ္ဆာဖိနှိပ်ခြင်းကျိုင်းတုတ်ကို ပြန်သိမ်းသည်။

ထို့နောက် သူက ပျံသန်းသွားသည်။

“ယန်တင်းထျန်က ဆရာတူညီလေး ကောင်းသွမ်ယွဲ့ကို သတ်ဖြတ်လိုက်ပြီ။ မင်းတို့က အဲဒီအရူး ယန်တင်းထျန်ကို လွှတ်ပေးလို့မရဘူး ....”

ကျူးဟွမ်၏ ‌ဒေါသထွက်နေသောအသံက လေဟာနယ်ကို တုန်ခါသွားစေသည်။

မရေမတွက်နိုင်သော နတ်အာရုံများက လှုပ်ရှားနေပြီး လျင်မြန်စွာ သွယ်ယှက်လိုက်ကြသည်။

အင်မော်တယ်ဘုရင်ချန်ယွဲ့၏ ရှစ်ယောက်မြောက်တပည့်သည် ကောင်းကင်တစ်သောင်းမြို့တွင် သေဆုံးသွားသည်။

ထိုဖြစ်ရပ်သည် ကောင်းကင်တစ်‌သောင်းမြို့ တစ်မြို့လုံးကို သက်ရောက်မှုရှိလိမ့်မည်။

ပတ်ဝန်းကျင်တွင်ရှိနေသော ကျွမ်းကျင်သူများက နောက်ဆုတ်သွားကြသည်။

ကောင်းကင်တစ်သောင်းမြို့သည် ယန်တင်းထျန်ကို ဝိုင်းရံတိုက်ခိုက်လိမ့်မည်။

ယနေ့တွင် ယန်တင်းထျန် မသေခဲ့လျှင် ကောင်းကင်တစ်သောင်းမြို့က နာမည်ပျက်သွားလိမ့်မည်။

ယန်တင်းထျန်ကို သတ်ဖြတ်နိုင်လျှင် ကောင်းကင်တစ်သောင်းမြို့က ယခင်အတိုင်း ဆက်ရှိနေလိမ့်မည်။

“ဘုန်း”

မိစ္ဆာဖိနှိပ်ခြင်းကျိုင်းတုတ်က ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သော ကောင်းကင်တစ်သောင်းမြို့၏ ဝင်္ကပါစွမ်းအားကို သယ်ဆောင်ထားပြီး မြားတစ်လက်ကို ဖန်တီး၍ ယန်တင်းထျန်၏ ရင်ဘတ်ကို ပစ်ခတ်သည်။

အင်မော်တယ်သခင်တစ်ပါးက ထိုမြားချက်ကို ခုခံနိုင်မည်မဟုတ်ပေ။

ယန်တင်းထျန်က တောက်ပနေသော မျက်လုံးများဖြင့် ခေါင်းမော့ကြည့်သည်။

သူက ဓားမြှောက်ပြီး ခုတ်ချသည်။

“ဘုန်း”

ရွှေအလင်းစီးကြောင်းသည် မြားတံနှင့် ထိတွေ့သွားသည်။ ကောင်းကင်တစ်သောင်းချောက်နက်က တုန်ခါနေသည်။ ချောက်နက်ထဲတွင်ရှိသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ပဲ လဲကျသွားကြသည်။

ထိုတိုက်ခိုက်မှုသည် ပတ်ဝန်းကျင်တွင်ရှိသော သေဆုံးခြင်းစွမ်းအားကို ဖျက်ဆီးပစ်လိုက်သည်။

ယန်တင်းထျန်က လျင်မြန်စွာ နောက်ဆုတ်သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး သွေးအန်လိုက်ရသည်။

အင်မော်တယ်သခင်ခြောက်ယောက်၏ အင်မော်တယ်အလင်းများက ကြိုးအဖြစ် ပြောင်းလဲသွားပြီး ယန်တင်းထျန်ကို ချုပ်နှောင်ရန် ကြိုးစားသည်။

ယန်တင်းထျန်၏ မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များ ဖြတ်ပြေးသွားပြီး ဓားမြှောက်သည်။

“သတ် ....”

အော်ဟစ်သံနှင့်အတူ ဓားအလင်းသည် မိုင်ထောင်ချီအကွာအထိ ဖြာထွက်သွားသည်။

ရွှေရောင်ဓားအလင်းသည် ထပ်မံစုစည်းလာပြီး ကြိုးများကို ဖြတ်တောက်သည်။ ထို့နောက် သူက လေဟာနယ်ထဲသို့ တိုးဝင်ပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

“ဟမ့်၊ ယန်တင်းထျန်၊ မင်းက ထွက်သွားချင်တယ်ဆိုရင်တောင် မင်းရဲ့ မီးတောက်နီဓားဂိုဏ်းက လွတ်မြောက်နိုင်မှာလား”

အင်မော်တယ်သခင်ကျိုးဟွမ်က မိစ္ဆာဖိနှိပ်ခြင်းကျိုင်းတုတ်နှင့်အတူ ရပ်နေပြီး အော်ပြောသည်။

မီးတောက်နီဓားဂိုဏ်းတွင် အင်မော်တယ်သခင်နှစ်ပါး ဆက်ရှိနေသော်လည်း ယန်တင်းထျန်မရှိလျှင် တခြားလူများကို ခုခံနိုင်မည်မဟုတ်ပေ။

“ကျူးဟွမ်၊ မင်းကြိုးစားကြည့်လို့ရတယ်”

“မင်းက သူတို့ကို ထိရဲရင် ငါပြန်လာတဲ့အချိန်မှာ ကောင်းကင်တစ်သောင်းမြို့က ပျက်စီးသွားရလိမ့်မယ်”

“ငါက မင်းကို သတိမပေးခဲ့ဘူးလို့ မပြောနဲ့ ....”

လေဟာနယ်က တုန်ခါသွားပြီး ယန်တင်းထျန်၏အသံက တစ်မြို့လုံးတွင် ပျံ့နှံ့နေသည်။

အားကောင်းသော ယန်တင်းထျန်က အင်မော်တယ်ဘုရင်၏တပည့်ကို သတ်ဖြတ်ပြီး ခြိမ်းခြောက်စကားနှင့်အတူ ထွက်ပြေးသွားသည်။

အင်မော်တယ်သခင်များ၏ ဝိုင်းရံတိုက်ခိုက်မှုမှ လွတ်မြောက်သွားသောကြောင့် ယန်တင်းထျန်၏ခွန်အားကို တွေးကြည့်နိုင်သည်။

အင်မော်တယ်သခင်ကျူးဟွမ်က မျက်နှာထားပြောင်းလဲသွားပြီး ရှေ့တွင်ရှိသော လေဟာနယ်ကို ကြည့်သည်။

“ဆရာတူအစ်ကို၊ မီးတောက်နီဓားဂိုဏ်းကို မထိဘူးဆိုရင်လည်း တတိယအလွှာရဲ့ သူပုန်တွေကို ဖြေရှင်းပစ်နိုင်တယ်”

ကျူးဟွမ်၏ဘေးတွင် ရပ်နေသော အနက်ရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က တီးတိုးပြောသည်။

ကျူးဟွမ်၏ မျက်လုံးများက အေးစက်နေပြီး ခေါင်းညိတ်သည်။

“အဲဒီသူပုန်တွေ၊ ကျန်းယန်မျှော်စင်နဲ့ ကောင်းသွမ်ယွဲ့ရဲ့ တပည့်တွေအားလုံးကို သတ်ပစ်လိုက်”

“ကောင်းကင်တစ်သောင်းမြို့ကို တခြားလူတွေ အပြစ်ပြောမှာ အဖြစ်မခံနိုင်ဘူး”

သူက လှုပ်ရှားလိုက်ပြီး လှည့်ထွက်သွားသည်။

သို့သော် သူက လှုပ်ရှားလိုက်သောအချိန်တွင် တစ်ကိုယ်လုံး တုန်ခါသွားသည်။

ရွှေအလင်းသည် သူ့ရှေ့တွင် စုစည်းလာပြီး နတ်ဘုရားအင်းကွက်အဖြစ် ပြောင်းလဲသွားသည်။

နတ်ဘုရားအင်းကွက်ထဲတွင် အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ဦး ရှိနေသည်။

“ဆရာ”

ကျူးဟွမ်နှင့် နောက်တွင်ရှိသော လူများက ထိတ်လန့်စွာ ပြောလိုက်ကြသည်။

ဆန်းကြယ်သော အငွေ့အသက်များသည် ထိုတန်ခိုးရှင်ကို လွှမ်းခြုံထားသည်။

ကောင်းကင်တစ်‌သောင်းမြို့၏ အင်မော်တယ်ဘုရင်ချန်ယွမ် ဖြစ်သည်။ ကျူးဟွမ်နှင့် တခြားလူများ၏ ဆရာလည်း ဖြစ်သည်။

“ကျူးဟွမ်၊ ဟန်မူယဲ့ပေးလိုက်တဲ့ ရင်းမြစ်စွမ်းအားက ဘယ်မှာလဲ”

အင်မော်တယ်ဘုရင်ချန်ယွမ်က ကျူးဟွမ်ကို ကြည့်လိုက်ပြီး အေးစက်စွာ မေးသည်။

ကျူးဟွမ်၏ ခန္ဓာကိုယ်က တုန်ခါနေသည်။ သူက လျစ်လျူမရှုနိုင်ပဲ ဖြည်းဖြည်းချင်း လက်မြှောက်ပြီး အစိမ်းရောင်ရင်းမြစ်စွမ်းအားကို ထုတ်ပေးသည်။

အင်မော်တယ်ဘုရင်ချန်ယွမ်က ရင်းမြစ်စွမ်းအားကို လှမ်းယူလိုက်သည်။

“ငါက တံခါးပိတ်ကျင့်ကြံနေတဲ့အချိန်မှာ မြို့က ရှုပ်ထွေးနေတာပဲ”

အင်မော်တယ်ဘုရင်ချန်ယွမ်က ရင်းမြစ်စွမ်းအားကို ယူလိုက်ပြီး အကြည့်များ တင်းမာလာသည်။

“ကျူးဟွမ်၊ မင်းက ငါ့ကို စိတ်ပျက်စေတာပဲ”

ရှေ့တွင်ရှိသော တပည့်များအားလုံးက အားကောင်းသော သတ်ဖြတ်လိုစိတ်ကို ခံစားမိပြီး တုန်ခါသွားကြသည်။

အင်မော်တယ်ဘုရင်တစ်ပါး၏ ရှေ့တွင် သူတို့က ခေါင်းမမော့နိုင်ကြပေ။

ကျူးဟွမ်၏မျက်နှာက ဖြူဖျော့နေပြီး ဒူးတစ်ဖက် ထောက်လိုက်သည်။

“ကျွန်တော်က အသုံးမကျပါဘူး။ အပြစ်ပေးပါဆရာ”

“ဆရာ၊ အစ်ကိုသုံးက ကောင်းကင်တစ်သောင်းမြို့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးခဲ့ပါတယ်”

ကျူးဟွမ်၏နောက်တွင်ရှိသော အနက်ရောင်ဝတ်စုံနှင့်လူက လျင်မြန်စွာ ပြောသည်။

“ဟုတ်ပါတယ်ဆရာ။ ဆရာက တံခါးပိတ်ကျင့်ကြံနေတဲ့အချိန်မှာ လူအများစုက လှုပ်ရှားလာ ....”

နောက်ထပ် အင်မော်တယ်သခင်တစ်ယောက်က ဝင်ပြောလိုက်သော်လည်း အင်မော်တယ်ဘုရင်ချန်ယွမ်၏ နှာမှုတ်သံကြောင့် ရပ်တန့်လိုက်ရသည်။

“ဟမ့်၊ မင်းတို့က ငါ့တပည့်ဖြစ်ပြီး ကောင်းကင်တစ်သောင်းမြို့ကိုတောင် မထိန်းချုပ်နိုင်ရင် ဘာအသုံးကျမှာလဲ”

အင်မော်တယ်သခင်ချန်ယွမ်၏စကားကြောင့် လူတိုင်းက ခေါင်းငုံ့ထားလိုက်ကြသည်။

All Chapters