← Chapters

အခန်း (၁၀၇၆)

Vol. 77 Ch. 1076

အခန်း (၁၀၇၆)

Vol. 77 Ch. 1076

‘သုံးနှစ်ကနေ ငါးနှစ်’

ယန်တင်းထျန်၏ရှေ့တွင် ရှိနေသော ပုံရိပ်သည် ဟန်မူယဲ့၏ မူလခန္ဓာ မဟုတ်ပေ။ သူ၏ မူလခန္ဓာ ပေါ်ထွက်လာရန် သုံးနှစ်မှ ငါးနှစ်ခန့် လိုအပ်သည်။

ယန်တင်းထျန်က နှလုံးသားထဲတွင်ရှိသော အံ့အားသင့်စိတ်ကို ဖိနှိပ်ထားလိုက်သည်။

သူ့ရှေ့တွင်ရှိသော ယွင်လန်ဓားအင်မော်တယ်က သုံးနှစ်၊ ငါးနှစ်ခန့် အချိန်ယူနေရသည့်အတွက် အစစ်အမှန်ရတနာတစ်ပါး မဟုတ်လျှင် အခွင့်အရေးကြီးတစ်ခု ဖြစ်လိမ့်မည်။

မည်သို့ပင်ဖြစ်စေ မူလခန္ဓာ ပြန်ပေါ်လာလျှင် သူ၏ တိုက်ခိုက်နိုင်စွမ်းက အဆပေါင်းများစွာ တိုးတက်လာလိမ့်မည်။

ယခင်က သူ၏ မူလဝိညာဉ်သည် သူနှင့် တိုက်ခိုက်နိုင်ခဲ့သည်။ ယခု မူလခန္ဓာ ပြန်ထွက်လာလျှင် သူ့ကိုပင် ကျော်ဖြတ်သွားနိုင်သည်။

“ဂိုဏ်းချုပ်ယန်က ရွှေကျီးကန်းကို လိုက်ရှာနေတာလား”

ဟန်မူယဲ့၏စကားကြောင့် ယန်တင်းထျန်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားသည်။

သူက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်”

အကယ်၍ သူက ကောင်းကင်နေမင်းဓားကို အပြည့်အဝ သန့်စင်ချင်လျှင် အလွန်အားကောင်းသော ယန်စွမ်းအားကို လိုအပ်သည်။

ထို့ကြောင့် သူက ရွှေကျီးကန်းကို လိုက်ရှာနေခဲ့သည်။

နေမင်းကို ကိုယ်စားပြုသော ရွှေကျီးကန်းသည် ယန်စွမ်းအား၏ အထွတ်အထိပ် ဖြစ်သည်။

ယန်တင်းထျန်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ငါက ရွှေကျီးကန်းကို လိုက်ရှာဖို့ ယွင်လန်ဓားအင်မော်တယ်ကို အကူအညီတောင်းချင်တယ်”

သူက ဟွမ်ကျစ်ဟူနှင့် တခြားလူများကို ပါရမီကောင်းသောကြောင့် ကူညီပေးခဲ့ခြင်း မဟုတ်ပေ။

အင်မော်တယ်သခင်များ၏ အမြင်တွင် ပါရမီရှင်များသည် အသုံးမဝင်ပေ။

သူတို့ကို အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်သွားအောင် ကူညီပေးနိုင်သော ရတနာနှင့် အခွင့်အရေးများကိုသာ လိုအပ်သည်။

ကောင်းကင်နေမင်းဓားသည် ယန်တင်းထျန်၏ ကျင့်ကြံခြင်းနှင့် ပတ်သတ်နေသည်။ ထို့ကြောင့် လက်လျော့ရန် မဖြစ်နိုင်ပေ။

“ရွှေကျီးကန်းရဲ့ အစစ်အမှန်ခန္ဓာကိုယ်က ကောင်းကင်တစ်သောင်းမြို့ရဲ့ ပဥ္မမအလွှာမှာ ရှိနေလောက်တယ်”

ဟန်မူယဲ့က ပြောသည်။

“ဆယ်နှစ်အတွင်းမှာ ကောင်းကင်တစ်သောင်းမြို့ရဲ့ ပဥ္စမအလွှာက သေချာပေါက် ပွင့်လာလိမ့်မယ်”

ဟန်မူယဲ့က ခိုင်မာစွာ ပြောသည်။

ဟန်မူယဲ့၏ ယုံကြည်ချက်ရှိနေသော အကြောင်းအရင်းကို ယန်တင်းထျန်က မသိသော်လည်း မမေးခဲ့ပေ။

ဟန်မူယဲ့က ထိုအကြောင်းနှင့် ပတ်သတ်ပြီး လိမ်ညာမည်မဟုတ်ပေ။

“ငါက ဆယ်နှစ်ကြာအောင် မစောင့်နိုင်လောက်ဘူး”

ယန်တင်းထျန်က နက်ရှိုင်းစွာ ပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ ကျွန်တော်သိသလောက်ဆိုရင်တော့ ရွှေကျီးကန်းရဲ့ ဝိညာဉ်က ကောင်းကင်တစ်သောင်းမြို့ရဲ့ ပဥ္မမအလွှာမှာ မဟုတ်ဘူး”

ရွှေကျီးကန်း၏ ဝိညာဉ် ....

ယန်တင်းထျန်က အငွေ့အသက်များကို ထိန်းချုပ်မထားနိုင်တော့ပေ။ သူက ဟန်မူယဲ့ကို စိုက်ကြည့်လိုက်သည်။

“ရွှေကျီးကန်းရဲ့ဝိညာဉ်က ဘယ်မှာလဲ”

သူက ရွှေကျီးကန်၏ ဝိညာဉ်အကြောင်းကို မတွေးဖူးပေ။

ရွှေကျီးကန်း၏ ခန္ဓာကိုယ်က ကောင်းမွန်သော်လည်း အလောင်းတစ်ခုသာ ဖြစ်သည်။

ရွှေကျီးကန်းသည် ရှေးခေတ်၏ အစစ်အမှန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပြီး အချိန်ကို ထိန်းချုပ်နိုင်သည်။

သူ၏ ဝိညာဉ်သည် အင်မော်တယ်ဘုရင်အဆင့်ကိုပင် ကျော်လွန်နေလိမ့်မည်။

ယန်တင်းထျန်က ရွှေကျီးကန်း၏ဝိညာဉ်ကို ရရှိနိုင်မည်ဟု မထင်ခဲ့ပေ။

သို့သော် ဟန်မူယဲ့၏ စကားကြောင့် သူက ရင်ခုန်လာသည်။

အကယ်၍ ရွှေကျီးကန်း၏ဝိညာဉ်ကို ရနိုင်လျှင် အင်မော်တယ်ဘုရင်တစ်ပါးကပင် ကောင်းကင်နေမင်းဓားကို ကြောက်ရွံ့နေလိမ့်မည်။

“အပျက်အစီးနယ်မြေ”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

“ခင်ဗျားက မဟာအပျက်အစီးနယ်မြေအကြောင်းကို ကြားဖူးမှာပါ”

“မဟာအပျက်အစီးနယ်မြေ”

ယန်တင်းထျန်က အံ့အားသင့်သွားသည်။

သူက ထိုအကြောင်းကို ကြားဖူးသည်။

ကောင်းကင်တစ်သောင်းချောက်နက်၏ အတွင်းပိုင်းတွင် အမည်မသိခေတ်များမှ ဆင်းသက်လာသော အပျက်အစီးနယ်မြေများ ရှိနေသည်။

တချို့နယ်မြေများသည် ဒါဇင်ချီသော ကပ်ဘေးများကို ကျော်ဖြတ်ခဲ့သည်ဟု ပြောကြသည်။

ထိုအပျက်အစီးနယ်မြေများသည် ယိုယွင်းနေပြီး သူတို့တွင် ပါဝင်နေသော ကပ်ဘေးစွမ်းအားကို ခုခံရန် ခက်ခဲသည်။

အင်မော်တယ်ဘုရင်များကပင် ထိုအပျက်အစီးနယ်မြေမျိုးမှ အသက်ရှင်လျက်ပြန်ထွက်လာရန် မသေချာပေ။

မဟာအပျက်အစီးနယ်မြေများသည် အလွန်အန္တရာယ်များသည်။

“ရွှေကျီးကန်းရဲ့ဝိညာဉ်က မဟာအပျက်အစီးနယ်မြေမှာ ရှိနေတာကို မင်းက ဘယ်လိုသိလဲ”

ယန်တင်းထျန်က တီးတိုးမေးသည်။

“ဘာဖြစ်လို့လဲဆိုတော့ အင်မော်တယ်ဘုရင်ချန်ယွမ်က မဟာတောရိုင်းအပျက်အစီးနယ်မြေကို ဝင်သွားပြီး နှစ်ပေါင်းသုံးသိန်းကြာသည်အထိ ပြန်မလာခဲ့ဘူးလေ”

ဟန်မူယဲ့က အဝေးတစ်နေရာတွင်ရှိသော မှုန်မှိုင်းနေသည့် ကောင်းကင်ချောက်နက်၏ အတွင်းပိုင်းကိုကြည့်ပြီး ညင်သာစွာ ပြောသည်။

‘ဒီလိုလျှို့ဝှက်ချက်မျိုး ရှိနေတာလား’

ယန်တင်းထျန်က ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့၏စကားကို သူက အတည်မပြုနိုင်ပေ။

အပြင်လူတစ်ယောက်က အင်မော်တယ်ဘုရင်၏လျှို့ဝှက်ချက်ကို အဘယ်ကြောင့် သိနေသနည်း။

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ကျွန်တော်က မဟာတောရိုင်းအပျက်အစီးနယ်မြေကို သွားကြည့်ချင်တယ်”

ဟန်မူယဲ့က ရယ်လိုက်ပြီး ယန်တင်းထျန်ကို ကြည့်သည်။

“နောက်သုံးလနေရင် မဟာတောရိုင်းအပျက်အစီးနယ်မြေရဲ့ အပြင်ဘက်မှာ ခင်ဗျားနဲ့ တွေ့မယ်”

“တကယ်လို့ ရွှေကျီးကန်းရဲ့ဝိညာဉ်ကို ရှာတွေ့ခဲ့ရင် ဂိုဏ်းချုပ်ယန်ကို ပေးပါ့မယ်”

သုံးလအကြာတွင် သူတို့က မဟာတောရိုင်းအပျက်အစီးနယ်မြေသို့ ဝင်ရောက်မည်။

ယန်တင်းထျန်က စဉ်းစားနေပြီး ခဏအကြာတွင် ခေါင်းညိတ်သည်။

“ကောင်းပြီ”

....

ယန်တင်းထျန်က ပျံသန်းသွားသောအခါတွင် ဟန်မူယဲ့၏ မီးခိုးရောင်ဝတ်စုံက ပျက်စီးနေသော အနက်ရောင်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်သည် သူ့ဘေးတွင် ပေါ်လာသည်။

“မင်းက မဟာတောရိုင်းအပျက်အစီးနယ်မြေကို တကယ်သွားမှာလား”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး စူးရှသောအသံဖြင့် မေးသည်။

“မဟာတောရိုင်းခေတ်က ကမ္ဘာဦးခေတ်ထက် တစ်ဆင့်ပဲနိမ့်တယ်”

“ကပ်ဘေးတွေနဲ့ ကြုံပြီးတာတောင် ပျက်စီးမသွားဘူးလို့ ပြောကြတယ်”

ကမ္ဘာဦးခေတ်ထက် တစ်ဆင့်သာနိမ့်သည်။

ကပ်ဘေးများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ပျက်စီးမသွားပေ။

သို့သော် အရာအားလုံးသည် အတိတ်တွင် ကျန်ရစ်ခဲ့သည်။

ယခုအချိန်တွင် မဟာတောရိုင်း၏ အပျက်အစီးနယ်မြေတစ်ခုသာ ကျန်တော့သည်။

“ကမ္ဘာဦးချပ်ဝတ်ကို ပြင်ချင်တယ်ဆိုရင် အံ့ဖွယ်ကောင်းကင်သံမဏိကို ရှာဖွေရမယ်”

“မဟာတောရိုင်းအပျက်အစီးနယ်မြေမှာပဲ ကမ္ဘာဦးခေတ်ကနေ ဆင်းသက်လာတဲ့ အဲဒီရတနာမျိုး ရှိနိုင်တယ်”

ဟန်မူယဲ့က တီးတိုးပြောလိုက်ပြီး ခန္ဓာကိုယ်တွင်ရှိသော အနက်ရောင်ချပ်ဝတ်ကို ကြည့်သည်။

ထိုချပ်ဝတ်ကို ပြုပြင်ရန်အတွက် အံ့ဖွယ်ကောင်းကင်သံမဏိကို ရှာဖွေရမည်။

သူက မဟာတောရိုင်းအပျက်အစီးနယ်မြေသို့ သွားရမည်။

“အံ့ဖွယ်ကောင်းကင်သံမဏိ”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ခေါင်းညိတ်သည်။ သူ့အသံထဲတွင် ခံစားချက်တချို့ ပါနေပုံရသည်။

“ရုပ်သေးရုပ်နဲ့ ချပ်ဝတ်ရဲ့ အကြီးမားဆုံး ကွာခြားချက်က အံ့ဖွယ်ကောင်းကင်သံမဏိပဲ”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

သူက အပျက်အစီးနယ်မြေတွင် အံ့ဖွယ်ကောင်းကင်သံမဏိကို ရှာတွေ့မည်ဟု မပြောရဲပေ။ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို တိုးတက်လာအောင် ကူညီပေးမည်ဟုလည်း မပြောရဲပေ။

ယခုအချိန်တွင် သူက ထိုကိစ္စများကို မလုပ်နိုင်သေးပေ။

သူ၏ မူလခန္ဓာက ထွက်ပေါ်လာရန် သုံးနှစ်၊ ငါးနှစ်ခန့် ကြာလိမ့်မည်ဟု ယန်တင်းထျန်ကို ပြောခဲ့သည်။ ထိုစကားသည် အမှန်မဟုတ်ပေ။

သူက မူလခန္ဓာဖြင့် ဤနေရာတွင် ရှိနေသည်။

သို့သော် ကမ္ဘာဦးချပ်ဝတ်ကို အပြည့်အဝ မသန့်စင်ရသေးသောကြောင့် သူက အထဲတွင်ရှိသော စွမ်းအားကို မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် သူ၏ မူလခန္ဓာနှင့် မတူပဲ ပုံရိပ်ယောင်ဆန်နေသည်။

ဟန်မူယဲ့က ချပ်ဝတ်ကို အပြည့်အဝ သန့်စင်ရန်အတွက် သုံးနှစ်၊ ငါးနှစ်ခန့် အချိန်ယူရလိမ့်မည်။

သို့သော် သူက ချပ်ဝတ်ကို ထိုသို့ သန့်စင်ရန် စီစဉ်မထားပေ။

ကမ္ဘာဦးချပ်ဝတ်သည် ကပ်ဘေးကို ခုခံနိုင်သော ရတနာတစ်ပါး ဖြစ်သည်။

သူသန့်စင်နေသော ချပ်ဝတ်က ထိုစွမ်းအားမျိုးကို မပိုင်ဆိုင်တော့ပေ။

ယခင်စွမ်းအား၏ တစ်သောင်းပုံတစ်ပုံပင် မရှိတော့ပေ။

အကယ်၍ သူက ချပ်ဝတ်၏စွမ်းအားကို လှုံ့ဆော်ပေးချင်လျှင် အံ့ဖွယ်ကောင်းကင်သံမဏိကို ရှာဖွေရမည်။

သူက ချပ်ဝတ်၏ မှတ်ဉာဏ်မှတစ်ဆင့် အချက်အလက်များကို မြင်ခဲ့သည်။

အံ့ဖွယ်ကောင်းကင်သံမဏိ ရှိသောနေရာကိုလည်း သိခဲ့သည်။

သူက မဟာတောရိုင်းအပျက်အစီးနယ်မြေသို့ သွားရမည်။

သို့သော် မဟာတောရိုင်းအပျက်အစီးနယ်မြေသို့ မသွားခင် ကောင်းကင်တစ်သောင်းမြို့သို့ ပြန်သွားရမည်။

သူက ကောင်းကင်တစ်သောင်းမြို့သို့ နောက်တစ်ကြိမ် ပြန်ရောက်လာလျှင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလိမ့်မည်။

ထိုအချိန်တွင် သူတို့က ကောင်းကင်တစ်သောင်းချောက်နက်မှ ထွက်သွားတော့မည်။

သူ့အတွက် အရေးမကြီးသော်လည်း မူဝမ်နှင့် တခြားလူများက အပျက်အစီးနယ်မြေသို့ ဝင်ရောက်ပြီး အခွင့်အရေးကို ရှာဖွေရမည်။

အနက်ရောင်ချပ်ဝတ်က မီးခိုးရောင်ဝတ်စုံအဖြစ် ပြောင်းလဲသွားသည်။ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ချပ်ဝတ်အဖြစ် ဟန်မူယဲ့ကို လွှမ်းခြုံလိုက်သည်။ သူတို့က ပျောက်ကွယ်သွားသည်။

သူက ကောင်းကင်တစ်သောင်းမြို့သို့ ပြန်ရောက်လာသောအခါတွင် အခြေအနေက တည်ငြိမ်နေသည်။

တတိယအလွှာနှင့် စတုတ္ထအလွှာကို သက်ရောက်ခဲ့သော ဖရိုဖရဲဖြစ်နေသည့် တိုက်ပွဲသည် အဆုံးသတ်သွားသည်။

အင်မော်တယ်ဘုရင်ချန်ယွမ် ရောက်လာပြီး အင်မော်တယ်သခင်ကျူးဟွမ်ကို တံခါးပိတ်ကျင့်ကြံစေခြင်းဖြင့် အပြစ်ပေးခဲ့သည်ဟု ကောလဟာလများ ထွက်လာသည်။

ကောင်းကင်တစ်သောင်းမြို့၏ အမိန့်အာဏာကို ဆယ့်နှစ်ယောက်မြောက်တပည့် ဝူကျန်းက လွှဲယူလိုက်သည်။

အင်‌မော်တယ်သခင်ဝူကျန်းက ကျန်းယန်မျှော်စင်ကို သူပုန်အဖြစ် သတ်မှတ်ပြီး တိမ်တိုက်နဂါးစံအိမ်၏ ပိုင်ရှင်ကို ရင်းမြစ်စွမ်းအား ပေးအပ်ခဲ့သော သူရဲကောင်းအဖြစ် ကြေညာသည်။

ကျန်းယန်မျှော်စင်၏ လုပ်ငန်းများအားလုံးကို တိမ်တိုက်နဂါးစံအိမ်က ရရှိသွားသည်။

ဟွမ်ကျစ်ဟူနှင့် တခြားလူများကလည်း အပြစ်ပေးမခံရပေ။

ယန်တင်းထျန်နှင့် မီးတောက်နီဓားဂိုဏ်းက စည်းကမ်းဖောက်ဖျက်ခဲ့သောကြောင့် ကောင်းကင်ချောက်နက်ပုလဲ တစ်‌သောင်းကို ပေးဆောင်ရမည်။

ယန်တင်းထျန်ကို ကောင်းကင်တစ်သောင်းမြို့သို့ ဝင်ရောက်ခွင့်မပြုတော့ပေ။

ကောင်းကင်ချောက်နက်ပုလဲ တစ်သောင်းသည် ကျွမ်းကျင်သူအများစုအတွက် အလွန်များပြားသည်။

သို့သော် အင်မော်တယ်သခင်များရှိနေသော မီးတောက်နီဓားဂိုဏ်းက သုံးရက်အတွင်း ထုတ်ပေးလိုက်သည်။

ဟန်မူယဲ့ ပြန်ရောက်လာသောအခါ တိမ်တိုက်နဂါးစံအိမ်တွင် ဘယ်သူမှ မရှိကြပေ။

“တာအိုရောင်းရင်းဟန်၊ မဟုတ်သေးဘူး .... ယွင်လန်ဓားအင်မော်တယ်”

ဟူယွင်လုံက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခံစားချက်များ လှုပ်ရှားလာသည်။

သူ၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုသည် မုန်တိုင်းကြီးတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူ့ရှေ့တွင်ရှိသော လူ၏ ကျင့်ကြံခြင်း၊ ခွန်အားနှင့် နောက်ခံတို့သည် ထူးခြားသည်။

ဟန်မူယဲ့က တိမ်တိုက်နဂါးစံအိမ်တွင် ခဏသာ ရပ်တန့်ပြီး ဟူယွင်လုံနှင့် တခြားလူများကို ပြဿနာရှိလျှင် အကူအညီတောင်းနိုင်သည်ဟု ပြောခဲ့သည်။ ထို့နောက် သူက စတုတ္ထအလွှာသို့ တက်သွားသည်။

ကျန်းယန်မျှော်စင်သည် ဖယ်ရှားခံလိုက်ရပြီး ဓားစံအိမ်တစ်ခုကို တည်ဆောက်ထားသည်။

ဟန်မူယဲ့ ရောက်လာသောအခါ စစ်သည်များကို လေ့ကျင့်ပေးနေသော ချပ်ဝတ်နှင့် ဟွမ်ကျစ်ဟူကို မြင်လိုက်ရသည်။

“မွေးစားအဖေ”

ကျင်းဟော်က စိတ်လှုပ်ရှားစွာ အော်ခေါ်သည်။

ထိုအသံကြောင့် ဟွမ်ကျစ်ဟူက တစ်ကိုယ်လုံး တုန်ခါသွားပြီး ထွက်ပြေးရန် ပြင်လိုက်သည်။

All Chapters