← Chapters

အခန်း (၁၀၇၇)

Vol. 77 Ch. 1077

အခန်း (၁၀၇၇)

Vol. 77 Ch. 1077

ဟန်မူယဲ့က လက်မြှောက်သည်။ ဟွမ်ကျစ်ဟူက နေရာတွင် အေးခဲသွားသည်။

သူမက ခက်ခဲစွာ နောက်လှည့်ကြည့်ပြီး ကမောက်ကမဖြစ်နေသော မျက်နှာထားဖြင့် ပြောသည်။

“မွေးစားအဖေ၊ သမီးက ဒီမှာ အပျော်ရှာရုံတင်ပါ ....”

သူမက ကောင်းကင်တစ်သောင်းမြို့သို့ တိတ်ဆိတ်စွာ ရောက်လာပြီး ဓားကျင့်ကြံသူစစ်တပ်ကိုပင် လေ့ကျင့်ပေးခဲ့သည်။ ထိုအပြုအမူများအားလုံးသည် မွေးစားအဖေ၏ဆန္ဒနှင့် ဆန့်ကျင်နေသည်။

မွေးစားအဖေ၏ တင်းကျပ်ပုံနှင့်ဆိုလျှင် သူမကို အပြစ်ပေးပြီး အကျယ်ချုပ်ချထားလိမ့်မည်။

“မဆိုးဘူး”

ဟန်မူယဲ့က ညင်သာစွာ ပြောလိုက်ပြီး ဟွမ်ကျစ်ဟူ၏ပခုံးကို ပုတ်ပေးသည်။

ထို့နောက် သူက လက်မြှောက်ပြီး ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူသည်။ ထို့နောက် ဓားစံအိမ်ထဲသို့ ဝင်သွားသည်။

“မဆိုးဘူးတဲ့လား”

ဟွမ်ကျစ်ဟူက ကြောင်အနေသည်။

‘ငါ့ကို ချီးကျူးသွားတာလား’

သူမ၏အမြင်တွင် မွေးစားအဖေက တစ်ခါမှ ထိုသို့ မချီးကျူးခဲ့ပေ။

သူမက မျက်ရည်ဝဲလာပြီး ငိုချမိတော့မည်။

“အစ်မ၊ မွေးစားအဖေက ဘာပေးလိုက်တာလဲ ကြည့်ရအောင်”

ကျင်းဟော်က လျင်မြန်စွာရောက်လာပြီး ကျောက်စိမ်းသေတ္တာကို အပြုံးတစ်ခုနှင့်အတူ ကြည့်သည်။

သူ့စကားကို ကြားရသောအခါတွင် ဟွမ်ကျစ်ဟူက မျက်ရည်များကို သိမ်းဆည်းလိုက်ပြီး ရှေ့တွင်ရှိသော ကျောက်စိမ်းသေတ္တာကို ဆုပ်ကိုင်သည်။

ကျင်းဟော်က ကြည့်လိုက်ပြီး ညင်သာစွာ ရေရွတ်သည်။

“မွေးစားအဖေက တကယ်ချမ်းသာတာပဲ”

သေတ္တာထဲတွင် ကောင်းကင်ချောက်နက်ပုလဲ သုံးသောင်းခန့် ရှိနေသည်။

“မွေးစားအဖေရဲ့ ရိုးရှင်းတဲ့လက်ဆောင်တွေကို တကယ်ကြိုက်မိတယ်”

ဟွမ်ကျစ်ဟူက ကျောက်စိမ်းသေတ္တာကို သိမ်းလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ လှည့်ထွက်သွားသည်။

“အမ်၊ အစ်မ ငါ့ကို နည်းနည်းလောက်ပေးပါ့လား”

ရွှေမီးတောက် ကျင်းဟော်က သူမ၏နောက်သို့ လိုက်သွားသည်။

“ငါက မီးပြင်းဖိုတစ်လုံးကို သဘောကျနေတယ်”

“ဘာမီးပြင်းဖိုကို လိုချင်တာလဲ။ နင်က ဆေးလုံးမသန့်စင်တတ်ဘူးလေ”

ဟန်မူယဲ့က ဓားစံအိမ်သို့ လျှောက်သွားသောအခါ လင်းရှန်နှင့် တခြားလူများက တံခါးဝတွင် ရပ်နေကြသည်။

“ဂိုဏ်းတူအစ်ကိုဟန်၊ ပြန်ရောက်လာပြီပဲ”

လုကောက စိတ်လှုပ်ရှားနေပြီး တီးတိုးပြောသည်။

လင်းရှန်၊ လုကော၊ လျှိုဟုန်၊ ကောင်းချန်ကုန်း၊ ကျန့်တနျို ....

ဤတစ်ကြိမ်တွင် သူတို့အားလုံးက လှုပ်ရှားခဲ့ကြသည်။

ဟန်မူယဲ့မရှိသော်လည်း သူတို့က အခက်အခဲကို ရင်ဆိုင်နိုင်ခဲ့သည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ကျန့်တနျို၏ပခုံးကို ပုတ်ပေးသည်။ သူက စိတ်လှုပ်ရှားနေသော ရှန့်လင်းရွှမ်းကိုလည်း ကြည့်လိုက်သည်။

သူက အတိုးတက်ဆုံး ဖြစ်သည်။

ကမ္ဘာဦးရုပ်သေးရုပ်နှင့် ရှန့်လင်းရွှမ်းက အင်မော်တယ်သခင်၏ခွန်အားကို ပိုင်ဆိုင်သည်။

ဟန်မူယဲ့က ဓားစံအိမ်၏ တတိယထပ်သို့ တက်သွားပြီး ဆေးရနံ့ကို ရလိုက်သည်။

သူ့ကို မြင်လိုက်ရသောအခါတွင် မူဝမ်က တည်ငြိမ်နေသည်။ ယွင်ကျင်း၏ မျက်လုံးများက အနည်းငယ် နီရဲနေသည်။

“အစ်ကိုဟန်၊ အဆင်ပြေခဲ့လား”

မူဝမ်က တီးတိုးမေးသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။

“အစ်ကိုဟန်၊ ကျွန်မတို့က ဆေးလုံးတွေကို သန့်စင်ထားခဲ့တယ်။ ပြီးတော့ ....”

မူဝမ်၏စကား မဆုံးခင် ဟန်မူယဲ့က လက်မြှောက်သည်။ ရွှေအလင်းလွှာသည် တတိယထပ်ကို လွှမ်းခြုံသွားသည်။ မူဝမ်နှင့် ယွင်ကျင်းက ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ပဲ ဟန်မူယဲ့ဆီသို့ ရောက်လာကြသည်။

“ဆေးလုံးတွေကို ထားလိုက်ပါ။ တခြားဟာကို အရင်ပြောရအောင်”

ဟန်မူယဲ့က လက်ကို ဆန့်ထုတ်လိုက်သည်။

....

ဓားစံအိမ်၏သခင်က ပြန်ရောက်လာသောကြောင့် အင်အားစုကို ဆက်လက်ချဲ့ထွင်လိမ့်မည်ဟု စတုတ္ထထပ်တွင်ရှိသော တခြားလူများက ခန့်မှန်းနေကြသည်။

ဓားစံအိမ်၏သခင်က ဓားကျင့်ကြံခြင်းတွင် ပြိုင်ဘက်ကင်းသည်ဟု ကောလဟာလများ ထွက်နေသည်။

ကံကောင်းစွာဖြင့် ဟန်မူယဲ့က ဓားစံအိမ်တွင် တံခါးပိတ်ကျင့်ကြံနေပြီး မလှုပ်ရှားခဲ့ပေ။ ဓားစံအိမ်နှင့် ဆက်ဆံရေးကောင်းသော အင်အားစုများကပင် ဟန်မူယဲ့ကို မမြင်ခဲ့ရပေ။

ဟန်မူယဲ့က တတိယအလွှာတွင် ကျောက်ချန်ပေးလိုက်သော ဓားများ၏ မှတ်ဉာဏ်ကို သေချာကြည့်နေသည်။

သူက မဟာတောရိုင်းအပျက်အစီးနယ်မြေသို့ သွားရန်အတွက် အချက်အလက်များကို ပိုမိုလိုအပ်သည်။

“ဂိုဏ်းတူအစ်ကိုဟန်၊ ဒီဓားကို ထူးခြားတဲ့ ဓားကျင့်ကြံသူတစ်ယောက်က ရောင်းချခဲ့တယ်။ မဟာတောရိုင်းခေတ်ကနေ ဆင်းသက်လာတယ်လို့ ပြောတယ်”

ပိုင်စုကျန်းက ဓားရှည်တစ်လက်ကို ပေးလိုက်ပြီး တီးတိုးပြောသည်။

ပိုင်စုကျန်းက အံ့ဖွယ်ကိုးပါးဓားစံအိမ်၏ ကူးသန်းရောင်းဝယ်ရေးကို တာဝန်ယူထားသည်။ သူမက မဟာတောရိုင်းခေတ်၏ ဓားကို ရှာဖွေရန် တာဝန်ထုတ်ခဲ့သည်။ နောက်ဆုံးတွင် ဓားတစ်လက်ရလာသည်။

ဟန်မူယဲ့က နတ်စွမ်းအားသလင်းကျောက် သုံးသောင်း ပေးရသောဓားကို ကြည့်လိုက်သည်။

ထိုဓားသည် သံချေးတက်နေပြီး တောက်ပမှုလည်း မရှိတော့ပေ။

‘ဒီလိုဓားမျိုးမှာ မှတ်ဉာဏ်တွေ ရှိအုံးမှာလား’

ပိုင်စုကျန်းထွက်သွားသောအခါ သူက အသက်ရှူသွင်းလိုက်ပြီး ဓားဆန္ဒကို ထုတ်ဖော်လျက် ဓားရိုးကို ဆုပ်ကိုင်သည်။

“ဘုန်း”

တောက်ပသော ပုံရိပ်များက သူ့စိတ်ထဲသို့ တိုးဝင်လာကြသည်။

ချက်ချင်းဆိုသလိုပင် ဟန်မူယဲ့၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။ သူ့မျက်နှာက နီရဲလာပြီး ဖြူဖျော့သွားသည်။

မှတ်ဉာဏ်ထဲတွင် ဓားရှည်တစ်လက်က သူ့ခေါင်းကို ခုတ်ချလိုက်သည်။

‘ဒါက ဘယ်လိုဓားမျိုးလဲ’

ဓားအလင်းသည် အချိန်ကို ကျော်ဖြတ်လာပြီး သူ့နှလုံးသားကို ထိုစိုက်တော့မည်ဟု ထင်ရသည်။

သူက ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်ခါလာသည်။

ထိုဓားချက်၏အောက်တွင် သူ၏ ဝိညာဉ်က ပျက်စီးသွားလိမ့်မည်။

ဟန်မူယဲ့က အံကြိတ်ထားပြီး ဓားကို စိုက်ကြည့်သည်။

ဓားနည်းစနစ်များအားလုံးသည် သူ၏ မှတ်ဉာဏ်ထဲတွင် ပေါ်ထွက်လာကြသည်။

အံ့ဖွယ်တစ်ပါးဓားနည်းစနစ်၊ တစ်ယောက်တည်းရပ်နေခြင်း ....

အံ့ဖွယ်ငါးပါး ဓားနည်းစနစ်၊ လောင်ကျွမ်းနေသောမီးတောက်များ ....

‌လောကကို လွှမ်းမိုးခဲ့သော ဓားတစ်သောင်းတို့အိမ်အပြန် ....

မူလဝိညာဉ်ဓား ....

အင်မော်တယ်ဓားနည်းစနစ် ....

နတ်ဘုရားကမ္ဘာ၏ ဓားနည်းစနစ် ....

....

ထောင်ချီနေသော ဓားနည်းစနစ်များသည် သူ့မျက်လုံးရှေ့တွင် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ကျဆင်းလာသော ဓားချက်ကို ခုခံရန် ကြိုးစားသည်။

“ခလွမ် ....”

ဓားနှစ်လက်က ထိတွေ့သွားသည်။ ဓားအလင်းသည် မိုင်ထောင်ချီအကွာအထိ ပျံ့နှံ့သွားသည်။

သို့သော် ဟန်မူယဲ့၏ ဓားအလင်းကြောင့် ထိုသို့ ဖြစ်သွားခြင်း မဟုတ်ပေ။ အစိမ်းရောင်ဝတ်စုံ၊ ကျောက်စိမ်းခါးပတ်နှင့် တာအိုတန်ခိုးရှင်တစ်ယောက်၏ ဓားချက်ကြောင့် ဖြစ်သွားခဲ့သည်။

ထိုတန်ခိုးရှင်၏ ဓားသည် ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော သံချေးတက်နေသည့်ဓား ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ထိုဓားသည် တောက်ပနေပြီး အင်မော်တယ်အင်းကွက်များကိုလည်း ရှင်းလင်းစွာ မြင်နိုင်သည်။

ဓားနှစ်လက် ထိတွေ့သွားသည်။ တာအိုတန်ခိုးရှင်နှစ်ယောက်က တိုက်ခိုက်နေသည်။ ပတ်ဝန်းကျင်က တဝီဝီမြည်သံပေးနေသည်။

ဓားက အလွန်အားကောင်းသောကြောင့် ကောင်းကင်နှင့်မြေကြီး၏ တန်ပြန်စွမ်းအားကို လှုံ့ဆော်ခဲ့သည်။

ဟန်မူယဲ့က တာအိုတန်ခိုးရှင်နှစ်ယောက်၏ ဓားနည်းစနစ်များကို အာရုံစိုက်ထားသည်။

သူက ထိုသို့ လေးနက်သော ဓားနည်းစနစ်များကို မမြင်ဖူးပေ။

လှုပ်ရှားမှုတိုင်းသည် ကောင်းကင်နှင့်မြေကြီး၏ ပျက်စီးခြင်းနှင့် တန်ပြန်စွမ်းအားကို လှုံ့ဆော်ပေးနိုင်သည်။

ထိုဓားနည်းစနစ်များ၏ ရည်ရွယ်ချက်သည် သတ်ဖြတ်ခြင်း မဟုတ်တော့ပေ။

“ခလွမ် ....”

ဓားနှစ်လက်က ထိတွေ့သွားသည်။ တာအိုတန်ခိုးရှင်နှစ်ယောက်က နောက်ဆုတ်သည်။

“မကောင်းတော့ဘူး။ ငါက ခွန်အားကို သေချာမထိန်းချုပ်လိုက်ဘူး။ လေဟာနယ်ကပ်ဘေးကို လှုံ့ဆော်မိသွားပြီ”

အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က ခေါင်းခါလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။ ရွှေရောင်ကြာပန်းတစ်ခု ပေါ်ထွက်လာသည်။

ဓားရှည်ကို ကိုင်ထားသော တခြားတာအိုတန်ခိုးရှင်ကလည်း လက်မြှောက်ပြီး ရွှေရောင်ဝိညာဉ်သတ္တုကို ပစ်ချသည်။

“ကပ်ဘေးရွှေကြာပန်း”

“အံ့ဖွယ်ကောင်းကင်သံမဏိ”

ဟန်မူယဲ့က ထိုရတနာနှစ်မျိုးကို မှတ်မိလိုက်သည်။

ကပ်ဘေးရွှေကြာပန်းသည် နတ်ဘုရားရတနာတစ်ခုဖြစ်ပြီး မရေမတွက်နိုင်သော ကပ်ဘေးများတွင် ရှင်သန်လာခဲ့သည်။ ထိုရွှေကြာပန်းက ကောင်းကင်နှင့်မြေကြီး၏ အဆီအနှစ်အဖြစ် ပြောင်းလဲနိုင်ပြီး အာခီမီ၊ ပန်းပဲပညာနှင့် ကျင့်ကြံခြင်းနည်းစနစ်များအတွက် အကောင်းဆုံး အထောက်အကူပစ္စည်း ဖြစ်သည်။

အံ့ဖွယ်ကောင်းကင်သံမဏိသည် လောက၏ အမာကျောဆုံးရတနာတစ်ပါးဖြစ်ပြီး ကပ်ဘေးများကို ခုခံနိုင်သည်။

ကပ်ဘေးတိုက်ပွဲများတွင် အံ့ဖွယ်ကောင်းကင်သံမဏိကို အမြဲမြင်နိုင်သည်။

ထိုသို့ ရှားပါးပြီး အဖိုးတန်သော ရတနာနှစ်ပါးကို တာအိုတန်ခိုးရှင်တစ်ယောက်က သာမန်အတိုင်း ပစ်ချလိုက်သည်။

ထို့ကြောင့် အလွန်ကြွယ်ဝသော ဟန်မူယဲ့ကပင် အားကျသွားသည်။

သူက သူတို့ပစ်ချလိုက်သော ရတနာများကိုပင် မပိုင်ဆိုင်သေးပေ။

ကပ်ဘေးရွှေကြာပန်းနှင့် အံ့ဖွယ်ကောင်းကင်သံမဏိက ရွှေအလင်းစီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အစိမ်းရောင်ဝဲကတော့နှင့် ပေါင်းစပ်သွားသည်။

ချက်ချင်းဆိုသလိုပင် အစိမ်းရောင်ဝဲကတော့က မှိန်ဖျော့သွားသည်။

“ကပ်ဘေးစွမ်းအားကို ဖိနှိပ်နိုင်တယ်”

ဟန်မူယဲ့၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။

သူ၏ နားလည်မှုအရ ကပ်ဘေးစွမ်းအားသည် လောကတွင် အသန်မာဆုံးဖြစ်သည်။ ထိုစွမ်းအားကို မည်သူမှ မဖိနှိပ်နိုင်ကြပေ။

“သွားကြစို့၊ သွားကြစို့။ ဒီနေရာက ကပ်ဘေးရဲ့အရင်းအမြစ် ဖြစ်လာလိမ့်မယ်”

တာအိုတန်ခိုးရှင်က ရေရွတ်လိုက်ပြီး လက်ထဲတွင်ရှိသော ဓားကို ကြည့်သည်။ ထို့နောက် ခေါင်းခါသည်။

“ဒီဓားက အလကားဖြစ်သွားပြီ။ နှမြောစရာပဲ”

ထို့နောက် သူက ဓားရှည်ကို ဝဲကတော့ထဲသို့ ပစ်သွင်းလိုက်ပြီး လှည့်ထွက်သွားသည်။

နောက်ထပ် တာအိုတန်ခိုးရှင်တစ်ယောက်က သက်ပြင်းချပြီး လက်ညှိုးညွှန်သည်။ အင်းကွက်များဖြစ်ပေါ်လာပြီး ကပ်ဘေးဝဲကတော့ကို ချိပ်ပိတ်လိုက်သည်။ ထို့နောက် ထွက်သွားသည်။

ဓားရှည်က ကပ်ဘေးထဲတွင် လွင့်မျောနေပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် အတွေ့အကြုံများကို ခံစားခဲ့သည်။ ထို့နောက် ကပ်ဘေးတစ်ခုတွင် မှောင်မည်းနေသောနေရာသို့ ပြုတ်ကျသွားသည်။

ကောင်းကင်တစ်သောင်းချောက်နက်၏ အောက်ခြေ ဖြစ်သည်။

“ကမ္ဘာဦးခေတ်က အစစ်အမှန်နတ်ဘုရားချီယန်ရဲ့ မီးတောက်နီနတ်ဘုရားဓား”

“ဒီဓားရဲ့ အခြေခံအုတ်မြစ်အဖြစ် မူလမီးတောက်နီကျောက်တုံးကို အသုံးပြုထားတယ်။ ပြီးတော့ အံ့ဖွယ်ကောင်းကင်သံမဏိအပြင် အရာအားလုံးရဲ့ ဝိညာဉ်အဆီအနှစ်ကိုလည်း ထည့်သွင်းထားတယ်”

“ဓားမှာ အစစ်အမှန်ဝိညာဉ်အင်းကွက် ၄၉ခု ပါဝင်တယ်”

ဟန်မူယဲ့က ရေရွတ်လိုက်ပြီး အဆုံးမဲ့အလင်းရောင်အား ထုတ်လွှတ်နေသော မျက်လုံးများကို ဖွင့်သည်။

အစစ်အမှန်နတ်ဘုရား ....

အစစ်အမှန်ဝိညာဉ် ....

ကမ္ဘာဦးခေတ်မှ ကျွမ်းကျင်သူများ၏ ဘွဲ့ထူး ဖြစ်သည်။

ထိုအခေါ်အဝေါ်သည် ရှေးခေတ်တွင် ပျောက်ကွယ်သွားခဲ့သည်။

“အစစ်အမှန်ဝိညာဉ်ဓားနည်းစနစ်”

ဟန်မူယဲ့က ဖြည်းဖြည်းချင်း မတ်တပ်ရပ်ပြီး လက်ထဲတွင်ရှိသော ဓား၏ ဓားရိုးကို ဆုပ်ကိုင်သည်။

အစစ်အမှန်နတ်ဘုရား ချီယန်သည် အစစ်အမှန်ဝိညာဉ် ဓားနည်းစနစ်ကို အသုံးပြုခဲ့သည်။

အစစ်အမှန်ဝိညာဉ် ဓားနည်းစနစ်၊ မီးမိုး ....

အစစ်အမှန်ဝိညာဉ် ဓားနည်းစနစ်၊ လမင်းအလင်းရောင် .....

သူက အငွေအသက်ကို ထိန်းချုပ်ထားပြီး ရင်းမြစ်စွမ်းအားကိုသာ ချန်ရစ်ခဲ့သည်။

သူက ဖြည်းဖြည်းချင်း ဓားကို ဆန့်ထုတ်သည်။

“ဝီ”

လေဟာနယ်က တုန်ခါသွားသည်။

ဖီးနစ်ငှက်ပုံရိပ် ပေါ်လာသည်။

အစစ်အမှန်ဝိညာဉ် ဓားနည်းစနစ်သည် မူလကမ္ဘာ၏ အစစ်အမှန်ဝိညာဉ်ကို စုစည်းပြီး ထိုစွမ်းအားဖြင့် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးသည်။

All Chapters