← Chapters

အခန်း (၁၀၇၈)

Vol. 77 Ch. 1078

အခန်း (၁၀၇၈)

Vol. 77 Ch. 1078

ဟန်မူယဲ့က ဓားကို သုံးလက်မအထိ ဆန့်ထုတ်လိုက်ပြီး ခပ်ဟဟရယ်လျက် ပြန်သိမ်းသည်။

ဖီးနစ်ပုံရိပ်ကလည်း ပျောက်ကွယ်သွားသည်။

သူက ဓားနည်းစနစ်ကို လေ့ကျင့်ရန်အတွက် ရင်းမြစ်စွမ်းအားကို အသုံးပြုသည်အထိ မတတ်နိုင်သေးပေ။

အင်မော်တယ်ဘုရင်တစ်ပါးကပင် ရင်းမြစ်စွမ်းအားကို ထိုသို့ ဖြုန်းတီးမည်မဟုတ်ပေ။

အစစ်အမှန်ဝိညာဉ် ဓားနည်းစနစ်သည် အင်မော်တယ်ဘုရင်အဆင့်ကို ကျော်ဖြတ်ပြီး ရှေးခေတ်ကျင့်ကြံသူများ၏ အဆင့်သို့ ရောက်နေပုံပေါ်သည်။

ဟန်မူယဲ့က လက်ထဲတွင်ရှိသော ဓားကို ငုံ့ကြည့်လိုက်ပြီး ဓာတ်စင်ငါးပါးမီးပြင်းဖိုကို ထုတ်ယူသည်။

“ဘုန်း”

အံ့ဖွယ်ကောင်းကင်နတ်ဘုရားမီးတောက်သည် မီးပြင်းဖို၏အောက်တွင် တောက်လောင်နေသည်။

ဓာတ်စင်ငါးပါးမီးပြင်းဖိုကို ယခုအချိန်အထိ မပေါင်းစပ်ရသေးပေ။

ခဏအကြာတွင် အနီရောင်အလင်းစီးကြောင်းသည် မီးပြင်းဖိုထဲတွင် တောက်ပလာသည်။

ဟန်မူယဲ့က လက်ထဲတွင်ရှိသော ဓားကို ငုံ့ကြည့်သည်။

မီးတောက်နီဓား ....

ထိုဓား၏စွမ်းအားသည် ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာတော့မည်မဟုတ်ပေ။

ယခုအချိန်တွင် ဓားကို အရည်ဖျော်ပြီး သတ္တုများကို ပြန်လည်ထုတ်ယူရန်သာ အသုံးပြုနိုင်လိမ့်မည်။

ဓားကို ရရှိထားသော ကျွမ်းကျင်သူကလည်း ထိုသို့ လုပ်ရန် စီစဉ်ခဲ့သည်။ သို့သော် ရှေးခေတ်၏ ပန်းပဲပညာရပ်သည် ယခုခေတ်နှင့် အလွန်ကွာခြားသောကြောင့် မလုပ်နိုင်ခဲ့ပေ။

အကယ်၍ ဓားကို ယခုခေတ်နည်းမလမ်းဖြင့် အရည်ကျိုလိုက်လျှင် ပျက်စီးသွားနိုင်သည်။

ဟန်မူယဲ့က လက်မြှောက်ပြီး ဓားကို မီးပြင်းဖိုထဲသို့ ပစ်ထည့်သည်။

သူက လက်ဝါးကို ဆန့်ထုတ်ပြီး ရင်းမြစ်စွမ်းအားကို လက်ချောင်းထိပ်တွင် စုစည်းသည်။

“ဝီ”

သူ၏ လက်ချောင်းများက လေထုထဲတွင် ရွှေရောင်အင်းကွက်များကို ရေးဆွဲနေသည်။ အင်းကွက်မျာားက တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။

ထိုအရာသည် မီးတောက်နီဓား၏ မှတ်ဉာဏ်ထဲတွင် မြင်ခဲ့ရသော တာအိုအနှစ်သာရပေါင်းစပ်ခြင်းနည်းစနစ် ဖြစ်သည်။

အစစ်အမှန်ဝိညာဉ်အင်းကွက်ကို လမ်းညွှန်အနေဖြင့် အသုံးပြုပြီး မီးတောက်နီဓားကို ဖြိုခွဲ၍ ဝိညာဉ်သတ္တုအဖြစ် ပြန်လည်ပြောင်းလဲမည်။

ထိုနည်းစနစ်က မီးတောက်နီဓားအတွက်သာ အသုံးဝင်ခြင်း မဟုတ်ပေ။ ရှေးခေတ်ရတနာများအားလုံးအတွက် အသုံးဝင်သည်။

အစစ်အမှန်ဝိညာဉ်အင်းကွက် ဆင်းသက်လာသောအခါ မီးတောက်နီဓားက ဖြည်းဖြည်းချင်း အရည်ပျော်လာသည်။

မီးပြင်းဖိုက အားကောင်းသော အငွေ့အသက်ကို ထုတ်ပေးသည်။ ထို့အပြင် အလွန်ပျော်ရွှင်နေသကဲ့သို့ တဝီဝီအသံပေးနေသည်။

မီးပြင်းဖိုက အလွန်တန်ဖိုးရှိသော ဝိညာဉ်သတ္တုများကို အရည်ဖျော်ရန် ဆန္ဒရှိသည်။

ဓာတ်စင်ငါးပါးမီးပြင်းဖိုက အဆင့်မြင့်ရတနာများကို သန့်စင်နိုင်လျှင် ပိုမိုသန်မာလာလိမ့်မည်။

သို့သော် မဟူရာချပ်ဝတ်ဂိုဏ်းတွင် ဝိညာဉ်သတ္တုများ၏ အရည်အသွေးက ဖြည်းဖြည်းချင်း ကျဆင်းလာသည်။ ဓာတ်စင်ငါးပါးမီးပြင်းဖိုကလည်း အားနည်းလာပြီး အကန့်အသတ်သို့ ရောက်သွားခဲ့သည်။ ရတနာတစ်မျိုး၏ ဂုဏ်သိက္ခာမျိုး မရှိတော့ပေ။

ထိုအချိန်တွင် ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲတွင်ရှိသော တခြားမီးပြင်းဖိုလေးခုကလည်း တုန်ခါလာကြသည်။

ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး မီးပြင်းဖိုလေးခုကို ဆင့်ခေါ်သည်။

ထိုမီးပြင်းဖိုလေးခုက တုန်ခါနေပြီး ရှေ့တွင်ရှိသော မီးပြင်းဖိုနှင့် ပေါင်းစပ်သွားကြသည်။

ဓာတ်စင်ငါးပါးမီးပြင်းဖိုက တစ်ခုတည်း ပြန်ဖြစ်သွားသည်။

“ဟားဟား၊ ပစ္စည်းကောင်းတွေ ရှိတယ်ဆိုတာ ငါသိနေတယ်”

“အစစ်အမှန်ဝိညာဉ်အင်းကွက်ပါလား။ ငါက ဒီအင်းကွက်မျိုးကို မမြင်ရတာ ကပ်ဘေးတစ်ခုစာလောက် ရှိသွားပြီ”

“ငါက .... နေပါအုံး၊ နေပါအုံး။ ငါက ဒီဓားကို အရည်ဖျော်ပေးပါ့မယ်”

ဟန်မူယဲ့က ဓားအား အရည်ဖျော်နေသော ဓာတ်စင်ငါးပါးမီးပြင်းဖိုကို ကြည့်လိုက်ပြီး လက်ထဲတွင်ရျိသော အင်းကွက်ကို ဖယ်ရှားသည်။

အကယ်၍ မီးပြင်းဖိုက ပေါက်ကရစကားများ ဆက်ပြောနေလျှင် သူက ပြန်ပြီး ခွဲထုတ်ပစ်မည်။

နောက်ဆုံးတစ်ကြိမ် စကားများခဲ့သောလူက တာအိုဆရာတယန် ဖြစ်သည်။ ယခုအချိန်တွင် သူက ဖူယွီအင်မော်တယ်ကမ္ဘာ၏ ထောင့်တစ်နေရာတွင် ပုန်းအောင်းနေပြီး ဟန်မူယဲ့ကို လာမတွေ့ရဲပေ။

ဓာတ်စင်ပါးပါးမီးပြင်းဖို၏ အကူအညီကြောင့် ဟန်မူယဲ့က သက်တောင့်သက်သာရှိနေသည်။

သူက ရင်းမြစ်စွမ်းအားကို မကြာခဏ ထောက်ပံ့ပေးနေလျှင် ဓာတ်စင်ပါးပါးမီးပြင်းဖိုကို အသက်သွင်းပြီး အထဲတွင်ရှိသောဓားကို လျင်မြန်စွာ သန့်စင်နိုင်လိမ့်မည်။

သုံးရက်အကြာတွင် ဓာတ်စင်ပါးပါးမီးပြင်းဖိုက တုန်ခါသွားသည်။

ဟန်မူယဲ့က လက်မြှောက်ပြီး အလင်းလုံးသုံးလုံးကို ဖမ်းယူသည်။

အကြီးဆုံးအရာက ကြက်ဥတစ်လုံး၏အရွယ်အစား ရှိသည်။ ထိုပစ္စည်းက အစိမ်းရောင်အလင်းကို ထုတ်လွှတ်ပြီး အနီရောင်အလင်းသည် အထဲတွင် လှည့်ပတ်နေသည်။

“ဒါက မူလမီးတောက်နီကျောက်တုံးလား”

ဟန်မူယဲ့က ရေရွတ်လိုက်ပြီး နွေးထွေးသော ကြက်ဥပုစံကျောက်တုံးကို ကိုင်ထားသည်။

“ဟုတ်တာပေါ့။ ကမ္ဘာဦးခေတ်မှာ ဒီပစ္စည်းက ရတနာနဲ့ လက်နက်တွေအတွက် အခြေခံဝိညာဉ်သတ္တုပဲ။ ကမ္ဘာဦးခေတ်မှာ အရမ်းတန်ဖိုးမရှိဘူး။ အခုတော့ .... ငါမပြောတော့ဘူး။ မလုပ်နဲ့ ....”

“ဘန်း”

ဓာတ်စင်ပါးပါးမီးပြင်းဖိုက မီးပြင်းဖိုငါးလုံးအဖြစ် ပြန်ပြောင်းသွားသည်။ ဟန်မူယဲ့က မီးပြင်းဖိုငါးလုံးကို စိတ်နယ်ပယ်ထဲတွင် သိမ်းလိုက်သည်။

ဓာတ်စင်ပါးပါးမီးပြင်းဖို၏ ဝိညာဉ်ကလည်း ဖိနှိပ်ခံလိုက်ရသည်။

မူလမီးတောက်နီကျောက်တုံးသည် ကမ္ဘာဦးခေတ်တွင် သိပ်တန်ဖိုးမရှိပေ။ ထိုကျောက်တုံးကို လက်နက်အများအပြားတွင် အခြေခံဝိညာဉ်သတ္တုအဖြစ် အသုံးပြုသည်။

တခြားနှစ်ခုသည် ရွှေရောင်စက်လုံးများ ဖြစ်ကြသည်။

တစ်ခုက ခိုဥအရွယ်အစားရှိပြီး မှုန်ဝါးသော အလင်းစက်ကွင်းကို ထုတ်လွှတ်နေသည်။ ထိုပစ္စည်းက အံ့ဖွယ်ကောင်းကင်သံမဏိ ဖြစ်သည်။

နောက်တစ်ခုက ကျောက်စိမ်းအလင်းနှင့် ရွှေအလင်းရောနေသော ဝိညာဉ်အဆီအနှစ် ဖြစ်သည်။

ဟန်မူယဲ့က နောင်တများဖြင့် ခေါင်းခါသည်။

အလွန်နည်းပါးသည်။

ထိုရတနာနှစ်ခုက ယခုခေတ်တွင် အလွန်တန်ဖိုးရှိသည်။

မီးတောက်နီဓားသည် အလွန်ကြာမြင့်စွာ တည်ရှိခဲ့ပြီး ယိုယွင်းနေသည်။ ယခုအချိန်တွင် ထိုဝိညာဉ်သတ္တုများကိုသာ ပြန်ရတော့သည်။

“ဝီ”

ပေါ့ပါးသောအသံနှင့်အတူ အနက်ရောင်ချပ်ဝတ်သည် ဟန်မူယဲ့၏ရှေ့တွင် ပေါ်လာသည်။

ချပ်ဝတ်၏ရင်ဘတ်တွင် အပေါက်ကြီးတစ်ပေါက်ရှိပြီး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။

ဟန်မူယဲ့က ချပ်ဝတ်ကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပလာသည်။

သူက တာအိုအနှစ်သာရပေါင်းစပ်ခြင်းနည်းလမ်းကို နားလည်ပြီး ရှေးခေတ်၏ ဓားသန့်စင်ခြင်းနည်းလမ်းကို မြင်တွေ့ထားသောကြောင့် ချပ်ဝတ်ကို ပြုပြင်ရန် ယုံကြည်ချက်ပိုရှိလာသည်။

အထူးသဖြင့် ချပ်ဝတ်ပေါ်တွင်ရှိသော နတ်ဘုရားအင်းကွက်များ ဖြစ်သည်။

ထိုအင်းကွက်များက အစစ်အမှန်ဝိညာဉ်အင်းကွက် ဖြစ်သည်။

ယခုအချိန်တွင် ဟန်မူယဲ့က ထိုအင်းကွက်များ၏ လျှို့ဝှက်ချက်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်သည်။

သူ၏ လက်ထဲတွင် ရင်းမြစ်စွမ်းအားက ရွှေရောင်အင်းကွက်အဖြစ် ပြောင်းလဲသွားပြီး ချပ်ဝတ်ကို ဖိချလိုက်သည်။

ချပ်ဝတ်က အံ့အားသင့်နေသကဲ့သို့ တုန်ခါသွားသည်။ ထို့နောက် သာယာသောအသံကို ထုတ်ပေးသည်။

ချပ်ဝတ်ပေါ်တွင် ပျက်စီးနေသော အင်းကွက်များက တောက်ပနေပြီး ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာသည်။

ဟန်မူယဲ့၏ လက်ထဲတွင် အံ့ဖွယ်ကောင်းကင်သံမဏိက အရည်ပျော်သွားပြီး အင်းကွက်များတစ်လျှောက်တွင် စီးဆင်းနေသည်။

ခဏအကြာတွင် လက်ဝါးအရွယ်အစားရှိသော အင်းကွက်က ရင်ဘတ်တွင်ရှိသော အပေါက်ကြီးကို ပြုပြင်နေသည်။

သို့သော် ဟန်မူယဲ့က လက်မြှောက်ပြီး ရင်းမြစ်စွမ်းအားကို ပြန်သိမ်းသည်။

အံ့ဖွယ်ကောင်းကင်သံမဏိက အနည်းငယ်သာ ရှိသည်။ ချပ်ဝတ်ကို အပြည့်အဝ မပြုပြင်နိုင်ပေ။

“ဘုန်း”

ပြန်လည်ပြုပြင်ထားသော ကမ္ဘာဦးချပ်ဝတ်က သူ့ခန္ဓာကိုယ်ပေါ်သို့ ရောက်လာသည်။ သူ့မျက်နှာက နီရဲသွားသည်။

ချပ်ဝတ်က အလွန်အားကောင်းပြီး သူ၏ အကန့်အသတ်ထက် ကျော်လွန်နေသောကြောင့် မသက်မသာ ဖြစ်သွားသည်။

“ဒီစွမ်းအား”

ဟန်မူယဲ့က မျက်လုံးမှိတ်ထားပြီး ညင်သာစွာပြောသည်။

မပြုပြင်ရသေးသော ချပ်ဝတ်သည် ယခင်စွမ်းအား၏ တစ်သောင်းပုံတစ်ပုံကိုသာ ပိုင်ဆိုင်သည်။ သို့သော် ယခုအချိန်တွင် အလွန်အားကောင်းလာပြီး ယခင်စွမ်းအား၏ ကိုးထောင်ပုံတစ်ပုံကို ထုတ်လွှတ်နိုင်သည်။

ထိုတိုးတက်မှုသည် စိတ်ကူးမယဉ်နိုင်သော တိုက်ခိုက်နိုင်စွမ်းကို ထောက်ပံ့ပေးလိမ့်မည်။

ဟန်မူယဲ့က လက်သီးဆုပ်ထားပြီး ပြုံးသည်။

အင်မော်တယ်ဘုရင်ချန်ယွမ် ပြန်မလာသ၍ သူက ကောင်းကင်တစ်သောင်းမြို့ကို လွှမ်းမိုးနိုင်သည်။

ချပ်ဝတ်က မီးခိုးရောင်ဝတ်စုံအဖြစ် ပြန်ပြောင်းပြီး ဟန်မူယဲ့၏ အငွေ့အသက်ကို လွှမ်းခြုံလိုက်သည်။

သူက တွက်ချက်ကြည့်ပြီး အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

သူက အစစ်အမှန်ဝိညာဉ်ဓားနည်းစနစ်ကို လေ့လာပြီး မီးတောက်နီဓားကို အရည်ဖျော်ခဲ့သောအချိန်အထိ ရင်းမြစ်စွမ်းအားများကို အသုံးပြုခဲ့ရသည်။

ရင်းမြစ်စွမ်းအားသည် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရာတွင် အခြေခံလိုအပ်ချက် ဖြစ်သည်။

အင်မော်တယ်သခင်ဖြစ်စေ အင်မော်တယ်ဘုရင်ဖြစ်စေ ရင်းမြစ်စွမ်းအားကို တန်ဖိုးထားကြသည်။

“ငါက ရင်းမြစ်စွမ်းအားတွေကို ပိုရှာရတော့မယ်”

ဟန်မူယဲ့က ညင်သာစွာ ရေရွတ်လိုက်ပြီး အခန်းထဲမှ ထွက်လာသည်။

တံခါးဝတွင်ရပ်နေသော နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က သူ့ကို လှည့်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။

“မင်းရဲ့စွမ်းအား၊ မဟုတ်ဘူး .... ကမ္ဘာဦးချပ်ဝတ်ရဲ့စွမ်းအားက အတော်လေး အားကောင်းလာတာကို ခံစားမိတယ်”

ရုပ်သေးရုပ်သည် ကမ္ဘာဦးချပ်ဝတ်၏ စွမ်းအားကို ကောင်းမွန်စွာ အာရုံခံနိုင်သည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး လက်မြှောက်သည်။ ကြက်ဥအရွယ်အစား ကျောက်တုံးတစ်တုံး ပေါ်လာသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ဖမ်းယူလိုက်ပြီး အမူအယာမဲ့နေသော မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားသည်။

“မီးတောက်နီကျောက်တုံးလား”

သူက တုံ့ဆိုင်းမနေပဲ ကျောက်တုံးကို ရင်ဘတ်ထဲသို့ ထည့်လိုက်သည်။ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ အသံက စူးရှနေသည်။

“ငါ့မှာ ဒီကျောက်တုံး ပေါင်သုံးထောင်ရှိနေရင် အဆင့်တစ်ဆင့် တိုးသွားလိမ့်မယ်။ အဲဒါဆိုရင် အင်မော်တယ်သခင်တွေအားလုံးကို အနိုင်ယူနိုင်ပြီ”

‘ပေါင်သုံးထောင်လား’

ဟန်မူယဲ့က လှည့်ထွက်သွားသည်။

သူ့တွင် ကြက်ဥတစ်လုံးစာသာ ရှိသည်။

ထိုပစ္စည်းသည် ရှေးခေတ်၏ ဝိညာဉ်သတ္တု ဖြစ်သည်။ လမ်းဘေးတွင်ရနိုင်သော ဂေါ်ဖီထုပ်များ မဟုတ်ပေ။

ဟန်မူယဲ့က လှည့်ထွက်သွားသောအခါ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က လက်နှစ်ဖက်ကို ဆန့်ထုတ်သည်။

ရွှေအလင်းသည် သူ့ခန္ဓာကိုယ်တွင် တောက်ပလာသည်။

ဟန်မူယဲ့က ယွင်ကျင်းနှင့်အတူ ဆေးလုံးသန့်စင်နေသော မူဝမ်ကို တွေ့လိုက်ရသည်။ ထို့နောက် ဝိညာဉ်အဆီအနှစ်ကို ပေးလိုက်သည်။

ဝိညာဉ်အဆီအနှစ်က မူဝမ်ကို ဆေးလုံးသန့်စင်ရာတွင် ကူညီပေးနိုင်လိမ့်မည်။ အလွန် အသုံးဝင်သည်။

သို့သော် မီးတောက်နီဓားကဲ့သို့ ရတနာများကို ပေါများစွာ မတွေ့နိုင်ပေ။

နောက်ရက်တွင် ပိုင်စုကျန်းပို့လိုက်သော ဓားများက အဖိုးတန်သော သတ္တုများကို သယ်ဆောင်မထားခဲ့ပေ။

ငါးရက်အကြာတွင် ကျောက်ချန်က ဧည့်သည်ရှိနေသည်ဟု သတင်းပို့ခဲ့သည်။

အင်မော်တယ်သခင်နှစ်ပါး ဖြစ်သည်။

တစ်ယောက်က ညကောင်းကင်မျှော်စင်၏ခေါင်းဆောင် အင်မော်တယ်သခင်ရယ်ဟွား ဖြစ်ပြီး နောက်တစ်ယောက်က မီးတောက်နီဓားဂိုဏ်း၏ အကြီးအကဲရှန့်ကွမ်းပေါ် ဖြစ်သည်။

သူတို့နှစ်ယောက်က အတူတူရောက်လာခြင်း မဟုတ်ပေ။ သို့သော် ဟန်မူယဲ့ဆီသို့ အလည်လာခြင်း ဖြစ်သည်။

ဟန်မူယဲ့နှင့် အင်မော်တယ်သခင်နှစ်ယောက်သည် ဓားစံအိမ်၏ ဒုတိယထပ်တွင် ငြိမ်သက်စွာ ထိုင်နေကြသည်။

ညကောင်းကင်မျှော်စင်သည် ယခင်တိုက်ပွဲတွင် ဝင်မပါခဲ့သော်လည်း သက်ရောက်ခံလိုက်ရသည်။

မီးတောက်နီဓားဂိုဏ်းက တိုက်ရိုက်ဝင်ပါခဲ့သည်။

သူတို့၏ အင်အားစုသုံးခုကို မဟာမိတ်များအဖြစ် ယူဆနိုင်သည်။

“ယွင်လန်ဓားအင်မော်တယ်၊ ဂိုဏ်းချုပ်က မင်းရဲ့အစီအစဉ်ကို စောင့်နေဖို့ ငါတို့ကို အမိန့်ပေးလိုက်တယ်”

ရှန့်ကွမ်းပေါ်က ဘေးတွင်ထိုင်နေသော အင်မော်တယ်သခင်ရယ်ဟွားကို တစ်ချက်ကြည့်လိုက်ပြီး တိုက်ရိုက်ပြောသည်။

မီးတောက်နီဓားဂိုဏ်း၏ ယန်တင်းထျန်သည် ကောင်းကင်တစ်သောင်းမြို့မှ နှင်ထုတ်ခံလိုက်ရသော်လည်း အင်မော်တယ်သခင်ခြောက်ယောက်၏ ဝိုင်းရံတိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အားကောင်းသည်။

All Chapters