အခန်း (၆၁၃)
Vol. 45 Ch. 613
စုမင်က ဆယ့်တစ်ခုမြောက် ကျစ်ထုံးကို ချည်လိုက်သော် သူ့ရှေ့မှ လောကကြီးက မှန်တစ်ချပ်ကဲ့သို့ ကွဲအက်ကာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။ အက်ကွဲစတစ်ခုစီတွင် ဝမ်းနည်းစွာကြည့်နေသော အမျိုးသမီး၏ ပုံရိပ်များပါရှိပြီး သူမ၏လှပသောမျက်နှာက အဝေးသို့ တဖြည်းဖြည်း မှိန်သွားခဲ့သည်။
စုမင်ဘေးနားရှိနေရာက နှင်းဖြူများနှင့်ဖုံးလွှမ်းထားနေရာ တစ်ဖန်ပြန်ဖြစ်သွားသည်။အိမ်ပုလေးနှင့်အပင်များ ရောက်ရှိလာသည်။ .. သူ့အမြင်အာရုံက ပုံမှန်ပြန်ဖြစ်သွားသည်။ သူက နတ်ဆိုးဝိညာဉ်တောင်ခြေသို့ ပြန်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် နတ်ဆိုးဝိညာဉ်ဂိုဏ်း ၏ အလယ်ဗဟိုရှိ နှစ်ထပ်အိမ်ကို မီးခိုးမည်းများက ဝိုင်းရံထားသည်။ ထိုခဏ၌ မိန်းမငယ်တစ်ယောက်၏ မျက်နှာအဖြစ်သို့ ပြောင်းလဲသွားသော အဘွားကြီးက တုန်တုန်ယင်ယင်ဖြစ်သွားလေသည်။သူမ၏ ဖြူဖျော့သော မျက်နှာဖြင့် အံကြိတ်လျက်ရှိလေသည်။
သို့သော် ဤအရာအားလုံးက ဆံဖြူပေါ်တွင် ဆယ့်တစ်ခုမြောက်ကျစ်ထုံးဖွဲ့ပြီးနောက် ဖြစ်ပေါ်လာသည်။
အမျိုးသမီး၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည့် အသံက အဆပေါင်းများစွာ ကျယ်လောင်သွားစေသည်။ စိတ်ဝိညာဉ်၌ ကျယ်လောင်စွာ ထွက်ပေါ်လာသည့် ဥပဒေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။ နောက်ဆုံးတော့… ထိုအသံက သူ့စိတ်ထဲတွင် သံမှိုစွဲသကဲ့သို့ ရိုက်သွင်းခံလိုက်ရသည်။
“ငါက မင်းရဲ့သခင်ပဲ..မင်းငါ့စကားအားလုံးကို နာခံရမယ်...”
အမျိုးသမီးငယ်က တုန်တုန်ယင်ယင်နှင့် ချောင်းဆိုးလိုက်ကာ သွေးများ ပါးစပ်မှစီးကျလာသည်။ထိုစဉ် အနက်ရောင် မီးခိုးငွေ့များက သူမ၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စိမ့်ဝင်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အရာအားလုံးက မိန်းမငယ်လေး၏ ခန္ဓာကိုယ်ထဲကို သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
မကြာမီတွင်၊ ဤနေရာတွင် ဘာမှမဖြစ်စဖူးကဲ့သို့ ကျစ်ထုံးဆယ့်တစ်ခုပါသော ဆံချည်မျှင်များ ကွယ်ပျောက်သွားသည်။ သို့သော် ထိုအမျိုးသမီးငယ်၏ ဖြူဖျော့သောမျက်နှာက ယခုဖြစ်ပျက်ခဲ့သည့်အရာသည် အမှန်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သက်သေပြနေသည်။
‘အဲဒီလူက ဘယ်သူလဲ’
မိန်းမငယ်က မျက်လုံးများကိုမှိတ်ထားသည်။ သူမ၏ အကျွမ်းကျင်ဆုံးနယ်မြေရှိ နတ်ဘုရားစွမ်းရည်တိုက်ပွဲတွင် လုံးလုံးလျားလျား ဆုံးရှုံးခဲ့ရသည်။
အဆုံးတိုင်အောင် သူမက ထိုလူ၏မျက်နှာကို မမြင်ရပေ။ ပြိုင်ဘက်အပေါ် အတင်းအကြပ် လှည့်ဖြားခြင်းမှာ သူမ၏စွမ်းရည်ကြောင့် ဖြစ်သည်။ အကယ်၍ သူမက သူ့ကို လုံးဝလှည့်ဖြားနိုင်ပါက သူ့မျက်နှာကို မြင်နိုင်မည်ဖြစ်သည်။ သူမက သူ့ကို ကျွန်အဖြစ် ခိုင်းစေနိုင်သည်။
သို့ပေမဲ့ မအောင်မြင်ခဲ့ပေ… မိန်းမငယ်လေး၏ မျက်နှာမှာ နာကျင်ခြင်းများ ပေါ်လာသည်။ သူမစိတ်ထဲထည့်ထားသောထို စကားများ၏ဆိုလိုရင်းကို ကောင်းကောင်းသိလေသည်။ ထိုအချိန်တွင် သူမက သူ့ကို ထိခိုက်အောင် ဘာမှမလုပ်နိုင်တော့ပေ။ ဤသည်မှာ စကားလုံးများ၏ ကစားပွဲမဟုတ်ပေ။ ၎င်းတို့က သူမ၏ စိတ်ဝိညာဉ်တွင် သူ့ကိုယ်သူ တံဆိပ်ရိုက်ထားသော လှိုင်းတံပိုးများဖြစ်သည်။
ထိုလူက မည်သူဖြစ်ကြောင်း မသိသော်လည်း တစ်ချိန်ချိန်မှာ သူရောက်လာမည်ဖြစ်ကြောင်း သိလေ၏။
ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ခိုက်ရန်မရှိဘဲ စိတ်ပိုင်းဆိုင်ရာတိုက်ပွဲဖြစ်သည်။ မိန်းမငယ်၏စိတ်ညို့ခြင်းစွမ်းရည်နှင့် စုမင်၏မြက်ပင်ကျစ်ထုံးစွမ်းရည်အကြား တိုက်ပွဲက ၎င်းတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များကို မုန်တိုင်းကဲ့သို့ ဖြတ်ကျော်သွားခဲ့သည်။
ဆယ့်တစ်ခုမြောက်ကျစ်ထုံးတမ်းပေါ်လာသောအခါ စွမ်းရည်တိုက်ပွဲ ပြီးဆုံးသွားသည်။
ဤတိုက်ပွဲ၏ရလဒ်က သေခြင်းမဟုတ်၊ ရှုံးနိမ့်သူ၏ဝိညာဉ်ကို ထိန်းချုပ်ခြင်းပင်ဖြစ်သည်။
စုမင်က နတ်ဆိုးဝိညာဥ်တောင်ခြေရင်းရှိ နှင်းများပေါ်တွင် ထိုင်နေ၍ မျက်လုံးများကိုဖွင့်လိုက်သည်။ သူ့လက်ထဲတွင် ဆံဖြူမျှင်ကို ကိုင်ထားသည်။ ၎င်းတွင် ကျစ်ထုံး ၁၁ ခု ပါရှိပြီး လူသားပုံစံလေးပေါက်အောင် ကျစ်ခဲ့သည်။
စုမင် ၏ မျက်လုံးများတွင် ပင်ပန်းနွမ်းနယ်မှုအရိပ်အမြွက်ပေါ်လာသည်။ စွမ်းရည်တိုက်ပွဲက သူထင်ထားတာထက် အများကြီး ပိုအန္တရာယ်များလေသည်။ အဘွားအိုကို လျှော့တွက်ခဲ့ကြောင်း သူ ဝန်ခံရမည်။ ပိုတိတိကျကျပြောရလျှင် သူက ထိုအဘွားကြီးအဖြစ်ပြောင်းသွားသော အမျိုးသမီးငယ်ကို လျှော့တွက်ခဲ့သည်။
“အဲဒီ့လူရဲ့စိတ်ညို့ခြင်းစွမ်းရည်က အမှတ်ရစရာတွေကို ထိခိုက်စေနိုင်တဲ့ အဆင့်ကို ရောက်နေပါပြီ... သူမသာ ဒီထက်ပိုကောင်းလာမယ်ဆိုရင် ဒီတိုက်ပွဲရဲ့ ရလဒ်က ပိုခက်ခဲလိမ့်မယ်...’
စုမင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့ဘေးနားရှိ မြင်ပင်များကို ဖမ်းကိုင်လိုက်ပြီး လူသားပုံစံလေးအဖြစ် လျင်မြန်စွာ ယက်လုပ်လိုက်သည်။ ခဏအကြာတွင် သူ့လက်ထဲတွင် ပေါင်းပင်အရုပ်လေး ပေါ်လာသည်။
ထိုအရုပ်လေးထဲတွင် အဖြူရောင်ဆံပင်ကို ကျစ်ထုံးဆယ့်တစ်ချောင်းဖြင့် ချည်နှောင်ထားသည်။
စုမင်က ယက်လုပ်ပြီးစီးသည်နှင့် မြက်ခင်းပြင်ပုံစံကို ကြည့်ကာ ထိုမှတစ်ဆင့် သူမရောက်ရှိနေခြင်းကို သူခံစားနိုင်ခဲ့သည်။
‘သူမရဲ့အသိစိတ်ရှိနေသေးတယ်... သူမက အရုပ်ကို ကိုင်ဆောင်ထားသူရဲ့ စကားကိုသာ နားထောင်နေရတာ...ဒါက သူ့မစိတ်ဝိညာဉ် မခုခံနိုင်တဲ့အရာပဲ..”
စုမင်က ကောင်းကင်ကို မော့ကြည့်ပြီး မျက်လုံးကို မှိတ်လိုက်သည်။ အရုပ်လေးကို သိမ်းလိုက်ပြီး တရားထိုင်ပါတော့သည်။ ဤနေရာသို့ ရောက်ပြီးနောက် သူက စိတ်ရှင်းရှင်းနှင့် လေ့ကျင့်နိုင်သည့် အကြိမ်အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ ထိုအချိန်တွင်၊ သူ့အစီအစဉ်၏ အစိတ်အပိုင်းတိုင်းက အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ၎င်းကိုစတင်ရန် အရေးကြီးဆုံးအချက်ပင်ရှိသေးသည်။ နောက်ဆုံးတွင် သူ့စိတ်နှလုံးကို ငြိမ်သက်စေပြီး တရားထိုင်နေစဉ် နေ့အလင်းရောင်ကို စောင့်ဆိုင်းနိုင်ခဲ့သည်။
ညက လျင်မြန်စွာ ကုန်ဆုံးသွားသည်။ မနက်ခင်းနေရောင်ခြည်က စတင်တောက်ပလာပြီး မြေပြင်ပေါ်သို့ ကျလာသောအခါတွင် နှင်းများက စူးစူးရှရှ အလင်းတန်းများကို ရောင်ပြန်ဟပ်စေလေသည်။ ထိုအချိန်တွင် စုမင်က မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ မတ်တပ်ထရပ်ပြီး သူ့အင်ကျီကို သပ်ရပ်အောင်လုပ်ပြီး အလုပ်သမားဆောင် ရောက်သည်အထိ လျှောက်လိုက်၏။
ချမ့်ချန်က အလုပ်သမားအချို့ကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းသည့် ကြိမ်းမောင်းနေသည်ကို သူတွေ့လိုက်ရသည်။ သူ၏ တံတွေးများကက နေရာတိုင်းသို့ လွင့်စင်သွားသော်လည်း ခေါင်းငုံ့ထားရသော အလုပ်သမားများက ဝေးရာသို့ မထွက်ခွာဝံ့ဘဲ ခေါင်းတညိတ်ညိတ်လုပ်နေလေသည်။
ချမ့်ချန်၏ လက်ရှိ ညစ်ညမ်းသောအမူအရာကြားက ယခင်ကစုမင်ကို ဆက်ဆံပုံနှင့် နှိုင်းယှဉ်ပါက လွန်စွာ ကွာခြားပါသည်။ စုမင်က သူ့ကို တစ်ချက်ကြည့်ပြီး ချောင်းဟန့်လိုက်သည်။
ထိုချောင်းသံက ချမ့်ချန်၏နားထဲသို့ ရောက်သောအခါတွင် သူ၏ ဆူပူကြိမ်းမောင်းမှုမှာ ရုတ်တရက် ရပ်သွားခဲ့သည်။ သူ တုန်တုန်ယင်ယင်နှင့် ခေါင်းကိုလှည့်လိုက်သည်။ သူ စုမင်ကို မြင်လိုက်သည်နှင့် မျက်နှာပေါ်ရှိ ယုတ်မာသောအမူအရာက အမြန် ပျောက်ကွယ်သွားခဲ့သည်။ယခု သူ့ပုံစံက ဒူးထောက်ပြီး ရှိခိုးတော့မတတ်ပင်။
“နှုတ်ဆက်ပါတယ် စီနီယာအစ်ကိုချန်.. မင်းဘာလိုလို့လဲ..မင်းငါ့ကိုခိုင်းချင်တာခိုင်းလို့ရတယ်..အချိန်မဆွဲဘဲ ချက်ချင်း လုပ်ပေးပါ့မယ်...”
သူ၏ သဘောထားကြောင့် ချက်ချင်းပင် ကြိမ်းမောင်းခံရသော အလုပ်သမားများမှာ မျက်လုံးများ ပြူးကျယ်လာကာ အံ့ဩမင်တက်သော အမူအရာများ ပေါ်လာသည်။
“ပြင်ပဂိုဏ်းကို သွားဖို့ ကျောက်စိမ်းတံဆိပ်တစ်ခု ပေး..”
စုမင်က ခပ်ပြတ်ပြတ်ပြောခဲ့သည်။ ပြင်ပဂိုဏ်းကို ကန့်သတ်ချက် ပိုများလာသည့်အတွက် တံဆိပ်ပြားမပါဘဲ သွားရခက်ခဲ၏။ သို့သော် ရှိလျှင် မြန်ဆန်လွယ်ကူလေ၏။
ချမ့်ချန်က သူ့စကားကြားလိုက်သည်နှင့် ချက်ချင်းဆိုသလို သူ့ရင်ဘတ်ကို ပွတ်သပ်ကာ သူ့ရင်ခွင်မှ အပြာရောင်တံဆိပ်ပြားကို ထုတ်ကာ စုမင်အား လေးစားစွာ ပေးအပ်လိုက်သည်။
“စီနီယာအစ်ကိုချန်.. ဒီနေရာက တံဆိပ်ပြားအပြာရောင်သာရှိပေမဲ့.. အလုပ်သမားဆောင်မှာ အာဏာအကြီးဆုံးတံဆိပ်ပြားပဲ.. ဒါနဲ့ဆိုရင် မင်းအတွင်းဂိုဏ်းကိုတောင် သွားနိုင်တယ်... ဒါပေမဲ့..အတွင်း ဂိုဏ်းကိုသွားတဲ့ တောင်တံခါးဝမှာ ရပ်ရလိမ့်မယ်.. အတွင်းစည်းတပည့်တွေ က မင်းကို ဆင့်ခေါ် ပြီး မှ ဝင် နိုင် မယ်..”
စုမင်က တံဆိပ်ပြားကို လက်ခံပြီး ချမ့်ချန်ကို ခေါင်းညိတ်ပြသည်။
ထိုလူ၏စိတ်ဝိညာဉ်က ချက်ချင်းပင် မြောက်တက်သွားသည်။ စုမင်၏ ခေါင်းညိတ်မှုက သူ့အတွက် အကြီးကျယ်ဆုံး အသိအမှတ်ပြုမှုဖြစ်ပြီး သူ့အား စိတ်လှုပ်ရှားစေသည်။
စုမင်က ချမ့်ချန်ကို ဂရုမစိုက်တော့ပေ။ တံဆိပ်ပြားကိုယူ၍ လှည့်ကာ ထွက်သွား၏။
စုမင်က အဝေးသို့ ထွက်ခွာသွားပြီးနောက်တွင်ပင် ချမ့်ချန်က သူ့နေရာတွင် တလေးတစား အချိန်အတန်ကြာ ဆက်လက်ရပ်နေလေသည်။ ထို့နောက်
သူက တောက်ပစွာ ပြုံးလိုက်လေသည်။ သူက အလုပ်သမားများကို လက်ဝှေ့ယမ်းပြပြီး သွားခိုင်းလိုက်သည်။ စုမင်၏အသိမှတ်ပြုမှုကြောင့် သူ့စိတ်ခံစားချက်များ ပိုကောင်းလာသည်။
စုမင်က နတ်ဆိုးဝိညာဉ်တောင်ဆီသို့ ဦးတည်သော လှေကားထစ်ကို တက်လာခဲ့သည်။ ဘေးတစ်ဖက်တစ်ချက်စီတွင် ရုပ်တုများ စိုက်ထူထားပြီး အာဃာတဝိညာဉ်များက ၎င်းတို့အား ဝိုင်းရံထားသော်လည်း ချဉ်းကပ်ဝံ့ခြင်းမရှိပေ။ စုမင်က လှေကားထစ်ပေါ်တက်သွားသည်။ ညဘက်တွင် တိတ်တဆိတ် လှုပ်ရှားရန် မရွေးချယ်ဘဲ မနက်ခင်းကို ရွေးချယ်ခဲ့သည်။
အပြာရောင်တံဆိပ်ပြား တောက်ပလာချိန်တွင် လျှို့ဝှက်ချိပ်စည်းများ အားလုံးက လွှတ်ပေးခဲ့သည်။ စုမင်က ၎င်းတို့အား လွယ်ကူစွာ ဖြတ်ကျော်သွားကာ နှစ်ထပ်အိမ်ဖြစ်သည့် စုံစမ်းရေးခန်းမဆီသို့ ရောက်သောအခါတွင် ပြင်ပဂိုဏ်းမှ တပည့်နှစ်ယောက်က ပိတ်ဆို့ထားခဲ့သည်။
ထိုတပည့်နှစ်ယောက်၏မျက်နှာမှာ ခက်ထန်နေပြီး သူတို့အတွင်း၌ ခံစားချက်အရိပ်အမြွက်မျှ မတွေ့ရသလို မျက်လုံးများက အေးစက်နေသည်။ ထိုအချိန်တွင် သူတို့က စကားတစ်ခွန်းမှ မပြောဘဲ စုမင်ကို စိုက်ကြည့်နေကြပြီး သူ့လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြသည်။
သူ့မျက်နှာပေါ်တွင် အေးစက်သောအကြည့်ဖြင့် သူ့လက်ထဲတွင် အပြာရောင်တံဆိပ်ပြားကို ထိုနှစ်ယောက်ဆီသို့ လွှင့်ပစ်လိုက်သည်။
“ငါ...ချန်စု.. တောင်ခြေကနေ ငါလာတာ စစ်ဆေးရေးခန်းမက အမိန့်နဲ့လာတာ”
ပြင်ပဂိုဏ်းဝင် တပည့်နှစ်ယောက်အနက်မှ တစ်ယောက်က တံဆိပ်ပြားကို လက်ခံယူပြီး စုမင်ကို မျက်မှောင်ကြုတ်ကာ တစ်ချက်ကြည့်လိုက်သည်။ တောင်ခြေမှတက်လာသောမည်သူ့ကိုမျှ အမိန့်ပေးခြင်းမရှိသော်လည်း အပြာရောင်တံဆိပ်ပြားကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် ထိုသူက စကားတစ်ခွန်းမှမပြောဘဲ စစ်ဆေးရေးခန်းမသို့ ဦးတည်သွားခဲ့သည်။
ယခုအချိန်တွင် ထိုအမျိုးသမီးငယ်က နှစ်ထပ်အဆောက် အအုံအတွင်း ရှုံ့တွနေသော မျက်နှာဖြင့် တိတ်တဆိတ် တရားထိုင်နေပါသည်။ယခင်ညက ထိုလူကိုတစ်ညလုံးစောင့်သော်လည်း ရောက်မလာခဲ့ပေ။ ထိုလူက ညဘက်တွင်သာ ပေါ်လာလိမ့်မည် ။
သူမ စိတ်အနှောက်အယှက်ဖြစ်ပြီး မျက်မှောင်ကြုတ်ထားလိုက်သည်။ထို့နောက် ခေါင်းကိုမော့ကာ အဆောက်အဦးအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ခဏအကြာတွင် ရိုသေသောအသံက အဆောက်အအုံထဲသို့ ဝင်လာသည်။
“ဟောခန်းတာဝန်ခံအကြီးအကဲ...ချန်စုအမည်နဲ့တောင်ခြေမှ တပည့်တစ်ဦးက တွေ့ဆုံဖို့ခွင့်တောင်းနေပါတယ်...”
အမျိုးသမီးငယ်က မယုံနိုင်လောက်အောင် စိတ်ပျက်သွားသည်။ ချန်စု ၏ နာမည်ကို သူမကြားလိုက်သည်နှင့် လွန်ခဲ့သည့်လအနည်းငယ်ကမှ ခပ်မိုက်မိုက်ပုံစံ ကောင်လေးက သူမ၏ ခေါင်းထဲတွင် ပေါ်လာသည်။ ပြင်ပဂိုဏ်း၏ တပည့်များ၏ စကားများအရ ချန်စုကို အလုပ်သမား ဆောင်သို့ ပို့လိုက်ကြောင်း သိလိုက်ရသည်။ အမျိုးသမီးငယ်က အလွန်အမင်းစဉ်းစားမနေဘဲ တပည့်ကို ချက်ချင်းအော်လိုက်သည်။
“အလုပ်သမားက တွေ့ခွင့်တောင်းတာကိုဘာလို့ လာတင်ပြနေတာလဲ..အလုပ်သမားတွေအများကြီးက တွေ့ခွင့်တောင်းရင် .. မင်းကလည်း လာပြောအုံးမှာလား..”
ကသိကအောက်ဖြစ်သောအကြည့်က အဆောက်အဦးအပြင်ဘက်ရှိ တပည့်၏မျက်နှာပေါ်ရှိ လျစ်လျူရှုသောအမူအရာကို ချက်ချင်းအစားထိုးလိုက်သည်။ သူက မြေပြင်ပေါ်တွင် လျင်မြန်စွာ ဒူးထောက်လိုက်သည်။ သူ့နှလုံးသားထဲတွင် စုမင်အပေါ် အမုန်းမီးများ လောင်ကျွမ်းနေပြီး သင်ခန်းစာပေးချင်နေလေသည်။ သူထပြီးသည်နှင့် အဆောက်အအုံပေါ်ကနေ ချက်ချင်းပြန်ထွက်လာသော အသံကို နားထောင်နေလေသည်။
“နေအုံး.. သူဘာကြောင့်တွေ့ခွင့်တောင်းတာလဲ...”
မိန်းမငယ်လေး၏ နှလုံးသားထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ ရယ်စရာကောင်းသော်လည်း သူမက ထိုမေးခွန်းကို အလိုလို တပည့်ထံသို့ မေးလိုက်သေးသည်။
“ဟောခန်းတာဝန်ခံ.. အဲဒီလူက မင်းရဲ့အမိန့်အရ ဒီကိုလာခဲ့တာတဲ့.. မဟုတ်ရင် ကျုပ်လည်း လာမေးမှာ မဟုတ်ဘူး...”
နတ်ဆိုးဂိုဏ်း၏တပည့်ဖြစ်သူက အမှားလုပ်မိသွားဟန်တူသည်။
အမျိုးသမီး၏ မျက်လုံးထဲတွင် အလင်းဆန်းတစ်ခု လျင်မြန်စွာ ပေါ်လာပြီး ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမက စကားစလာသည်။
“သူ့ကို ဒီကို ခေါ်လာခဲ့...”
သိပ်မကြာခင်မှာပဲ သူ့၏ လမ်းညွှန်မှုအောက်မှာ စုမင်က ထိုနေရာလေးမှာ တစ်ဖန်ပြန်ပေါ်လာခဲ့သည်။ သူက လမ်းတစ်လျှောက်လုံး သခွားသီးကဲ့သို့ အေးမြနေကာ ဆောင်းရာသီဖြစ်လင့်ကစား အပင်များကို ကြည့်ကာ ဤနေရာရှိ လောကကြီး၏ ထူထပ်သော စွမ်းအားကို ခံစားမိသည်။ နှစ်ထပ်အိမ်အပြင်ဘက်သို့ရောက်သောအခါ၊ နတ်ဆိုးဂိုဏ်း၏တပည့်က နောက်ပြန်ခြေလှမ်းအနည်းငယ်လှမ်းကာ ထိုနေရာ၌ရပ်လိုက်သည် ။
“မင်း အခုသွားနိုင်ပြီ”
မိန်းမငယ်ဧ။်အသံက မယုံနိုင်လောက်အောင် အေးစက်နေပြီး နတ်ဆိုးဂိုဏ်း၏ တပည့်ဖြစ်သူက ခေါင်းညိတ်ပြီး နာခံဟန်ပြလိုက်သည်။
သူထွက်သွားပြီးသည်နှင့် စုမင်နှင့် မိန်းမငယ်လေးတစ်ယောက်သာ ကျန်ခဲ့သည်။
“ငါ့ကိုတွေ့ဖို့ မင်းကို ဘယ်တုန်းက အမိန့်ပေးလိုက်တာလဲ”
ခဏအကြာတွင် စိတ်မရှည်ခြင်းနှင့် အေးစက်သော တုန်လှုပ်ချောက်ချားမှုတစ်ခုက နှစ်ထပ်အိမ်ကြီးမှ ထွက်လာခဲ့သည်။
စုမင်က ယခင်အတိုင်း ငြိမ်သက်နေပြီး အဆောက်အဦးကို တစ်ချက်ကြည့်လိုက်တော့ သူက ဆတ်ဆတ်ထိမခံ စကားစပြောသည် ။
“မင်းငါ့ကိုတွေ့ပြီးကတည်းက ဘာလို့မနှုတ်ဆက်သေးတာလဲ”
ထိုစကားများက မိန်းမပျို၏နားထဲသို့ရောက်ရှိလာပြီး လောကကြီးပြိုပျက်သွားသကဲ့သို့ အထိတ်တလန့် ခံစားခဲ့ရသည်။