ကပ်ဆိုးကြီးရောက်လာပြီ
Vol. 45 Ch. 615
စုမင်၏ အမူအရာက ယခင်အတိုင်း ငြိမ်သက်နေခဲ့သည်။ သူက မျက်လုံးများကို အနည်းငယ်မှိတ်ထားကာ အတိတ်ကို စဉ်းစားနေမိလေသည်။ လွန်ခဲ့သော နှစ်များတစ်လျှောက် ဟုန်လော့က လျှို့ဝှက်နဂါးဂိုဏ်းမှ ထိုလူ(ကျီအန်)ကို တိုက်ခိုက်ရန် သူ့ခန္ဓာကိုယ်ကို ချုပ်ကိုင်ထားသည့်မြင်ကွင်းက ပေါ်လာသည်။
ထိုတိုက်ပွဲတွင် ဖုံးကွယ်နဂါးဂိုဏ်းမှကျင့်ကြံသူအား သတ်ဖြတ်ခဲ့သူမှာ ဟုန်လော့ မဟုတ်ဘဲ ကောင်းကင်တွင် ပေါ်လာသည့် ကြောက်မက်ဖွယ်ကောင်းသော ချောင်းမြောင်းဖြစ်သည်။ ၎င်း၏ အသွင်အပြင်က တောင်ပိုင်းအရုဏ်ဦးမနက်ခင်းတစ်ခုလုံး၏ အင်မော်တယ်အားလုံးကိုကြောက်ရွံ့ထိတ်လန့်စေခဲ့ပြီး အသက်ရှုကြပ်စေခဲ့သည်။
ထိုလှံသွားဓါးက တောင်ပိုင်းအရုဏ်ဉီးမနက်ခင်းနယ်မြေ၌ရှိသော မာန်ကျင့်ကြံသူတို့၏ကြောက်စရာကောင်းသောမှော်စီးယာဉ်ဖြစ်သည်။
စုမင်က အရှေ့မြေရိုင်းနယ်မြေသို့ ရောက်ရှိလာပြီး နတ်ဆိုးဝိညာဉ်ဂိုဏ်းအကြောင်းကို သင်ယူပြီးကတည်းက သူ့နှလုံးသားထဲတွင် မေးခွန်းတစ်ခု အမြဲရှိနေခဲ့သည်။ ထိုအချိန်တွင် သူနားလည်သွားသည်။
ထိုကိစ္စကို နားလည်သွားသည့်အခါ တိထျန်းကို သတိရသွားသည်။ ထိုလူ၏ကိုယ်ပွားကို မှော်စီးယာဉ်က လုံးဝအနှောက်အယှက်မ ပေးခဲ့ပေ။ သူကလည်း ၎င်းကိုဖျက်ဆီးရန် မရွေးချယ်ခဲ့ပေ။ သူ့ကိုသတိရှိစေသည့် ထိုစီးယာဥ်နှင့်ပတ်သက်သည့်အရာတစ်ခုရှိကြောင်း ထင်ရှားသည်။
သို့သော် နတ်ဆိုးဝိညာဉ်ဂိုဏ်းမှ ကျီအန်က အရှေ့မြေရိုင်းနယ်မြေရှိ မာန်မျိုးနွယ်စုများ၏ ၏မြင့်မြတ်သော မှော်စီးယာဉ်ရောက်ရှိမှုကို ထိန်းချုပ်သည့်ဥပဒေအား အမှန်တကယ်ပြောင်းလဲနိုင်စွမ်းရှိသည်။ ထိုစွမ်းရည်၏ ခွန်အားက ၎င်းကို ဖျက်ဆီးရန် လိုအပ်သည်ထက် ပို၍ပင် ကြီးမားနိုင်သည်၊ ၎င်းကို ဖျက်ဆီးရန်ခက်ခဲသည်မှာလည်း ၎င်းကို ဖျက်ဆီးခြင်းထက် ပို၍ပင် ကြီးမားပေမည်။
သို့သော် မြင့်မြတ်သောမှော်စီးယာဉ်က အနီးအနားတွင် ရှိနေသေးသည်။စုမင်က တိထျန်း၏ လုပ်ရပ်ကို တွေးပြီး ယင်းကိစ္စနှင့် ချိတ်ဆက်မိသွားသည်။မှော်စီးယာဉ်အတွင်း လျှို့ဝှက်ချက် တစ်စုံတစ်ရာပါဝင်ကြောင်း ရိပ်စားမိလေသည်။ ထို့ကြောင့် အင်မော်တယ်များက ၎င်းကို မဖျက်ဆီးဝံ့ကြပေ။ .
‘ကျီအန်က တကယ်ကိုသတ္တိရှိတာပဲ...သူ့မှာ မှော်စီးယာဉ်ကို အနှစ်ငါးဆယ်မှတစ်ကြိမ်ရောက်လာအောင်လုပ်ဖို့ စွမ်းအားရှိတယ်..ပြီးတော့ တော်တဲ့တပည့်တွေကြစမ်းသပ်မှုတစ်ခုလုပ်တယ်.. အမှန်တယ် ထိုက်တန်သူများသာ အသက်ရှင်ရစ်တာပဲ..”
စုမင် မျက်လုံးဖွင့်ကြည့်လိုက်ပြီးနောက် တော်တော်များများကို နားလည်သွားသည် ။ ကြယ်တာယာနတ်သမီး ခေါင်းစဉ်သည် လူတစ်ဦးအတွက်သာ ကန့်သတ်မထားသော်လည်း လူအများကြားတွင် ပေးထားသော နာမည်တစ်ခုဖြစ်ကြောင်းကိုလည်း သတိရမိသည်။
ဤလူအုပ်စုက ဂိုဏ်းတစ်ခုစီတွင် တည်ရှိပြီး ၎င်းတို့၏တာဝန်မှာ မြေပြင်သို့ ဆင်းသက်လာသော လူများကို ဖုံးကွယ်ထားရမည်။မာန်မျိုးနွယ်စုနယ်မြေ၏ ကောင်းကင်ယံကို ဖုံးကွယ်ထားရန်ဖြစ်ပြီး ဆင်းသက်လာသူတို့၏ တည်ရှိနေမှုများကို ဖုံးကွယ်ထားနိုင်ရန်မှာဖြစ်သည်။နတ်ဆိုးဝိညာဥ်ဂိုဏ်းရှိ ကြယ်တာယာနတ်သမီးကို အသုံးပြုမှုက ထိုသို့ မဟုတ်ပေ။
စုမင်က ပေါင်ချိုးကို တစ်ချက်ကြည့်လိုက်ပြီး မေးသည်။
“ မင်းဒီလိုမျိုးရှင်သန် နေရတာဘယ်လောက်ထိယုံကြည်မှုရှိလဲ”
“အရင်က ဆယ်ခါမှာ ခုနစ်ခါလောက် ငါအသက်ရှင်နေမယ်လို့ ထင်ခဲ့တယ်... တကယ်တော့ ငါက မာန်ကျင့်ကြံသူတွေရဲ့ကပ်ဘေးကို တွန်းလှန်ဖို့တစ်ခုတည်းတော့ မဟုတ်ဘူး...ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်ရှိရင် အောင်နိုင်မှာပဲ…ဒါ့အပြင် လူအများကြီးက တိုက်ခိုက်နေတာပဲ...ပြီးတော့..ငါ့မှာကိုယ်ပွားတစ်ခုရှိနေတာပဲ.. ဒါကိုအသုံးချပြီး ငါကောင်း”ရှင်သန်လို့ရတယ်...”
“ဒါပေမယ့် အခု... ငါ့အခွင့်အရေးက ဆယ်ပုံ ၃ ပုံလောက် လျော့သွားပြီ..”
ပေါင်ချိုးက သူမ၏သေခြင်းအကြောင်းကို ပြောနေခဲ့သည်။
စုမင်က ပေါင်ချိုးကို တစ်ချက်ကြည့်လိုက်သည်။သူ တိတ်ဆိတ်သွားပြီးနောက် သူ ပြုံးလိုက်သည်။
“မင်း ငါ့အကူအညီတောင်းလို့ရတယ်..ဒါပေမဲ့ လက်သီးပုန်းမထုတ်နဲ့နော်..”
ပေါင်ချိုး ၏မျက်နှာက အနည်းငယ်နီမြန်းသွားသော်လည်း လျင်မြန်စွာ မှိန်ဖျော့သွားသည်။ သူမက သူ့အကူအညီကို အမှန်တကယ် လိုအပ်လေသည်။မဟုတ်လျှင် သူမလည်း သုတ်သင်ခံရမည်ဖြစ်ပြီး အလားတူပင် စုမင်သည်လည်း ငြိမ်းချမ်းစွာ လေ့ကျင့်နိုင်တော့မည်မဟုတ်ပေ။
လွန်ခဲ့သည့်လအနည်းငယ်က သူမခေါင်းထဲတွင် အတွေးစများ ပွက်ပွက်ဆူလာကာ စုမင်မည်မျှကြောက်စရာကောင်းသည်ကို သူမပထမဆုံးတွေ့ရှိခဲ့သည်။ သူမက စုမင်ကို အန္တရာယ်ပြုရန်မကြိုးစားပေ။ သူမ၏စိတ်ဝိညာဉ်အပေါ်ထားရှိသည့် ကန့်သတ်ချက်များကိုလည်းလိုက်နာခဲ့သည်။
သူမပြောခဲ့တဲ့စကားများ အရာရောက်စေရန် သူမ၏ နဂိုလှပတဲ့အသွင်အပြင်ကို ပြန်လည်ဖော်ဆောင်ခဲ့သည်။...
“သုံးလကြာရင် ကပ်ဘေးမှာ တစ်ကြိမ်ကူညီပေးပါမယ်.. မင်းရဲ့ဝိညာဉ်ကို ထိန်းသိမ်းထားဖို့ လုပ်ပေးမယ်..ငါ့အတွက် လေ့ကျင့်ဖို့နေရာနဲ့ မင်းရဲ့ဆေးအမြုတွေကို လျော်ကြေးတစ်ခုအဖြစ်ထားလိုက်.. အဲဒီနောက် မင်းနဲ့ငါနဲ့ တစ်ယောက်နဲ့တစ်ယောက် အကြွေးမတင်တော့ဘူး...”
စုမင် မျက်လုံးမှိတ်လိုက်သည်။
ပေါင်ချိုး ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အမြွက်ပေါ်လာသည်။ သူက အဆောက်အအုံ၏ပထမထပ်မှမြေညီထပ်သို့ ပြန်သွားစဉ် စုမင်ကနာ ဦးညွှတ်ခဲ့သည်။ သူမက မြေညီထပ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။သူမခေါင်းထဲတွင် အတွေးများစုံရောက်လာပြီး အချိန်အတန်ကြာ တရားထိုင်နေတော့သည်။
စုမင်၏ ကျင့်ကြံမှုက ရပ်မသွားပေ။ ပေါင်ချိုးကို သူ မည်ကဲ့သို့ကူညီရမည်ဟူသော အတွေးရှိထားပြီးသားဖြစ်ပြီး သူ့၏ ခန့်မှန်းချက် မှန်လား သိရန် ထိုအခွင့်အရေးကို အသုံးချချင်လေသည်။
‘ငါ့ရဲ့ ခန့်မှန်းချက် မှန်ရင် နောက်မှ ငါ သူ့ကို မေးရလိမ့်မယ်...’
စုမင် ထိုအကြောင်းကို မတွေးတော့ဘဲ သူ့ကနဦးကျင့်ကြံမှု ပြန်လည်ကောင်းမွန်ရန် အာရုံအပြည့်စိုက်ထည့်လိုက်သည်။
သူ၏ အသား၊ အသွေးနှင့် အရိုးများအားလုံးက အစစ်အမှန်မာန်ကျင့်ကြံသူအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ၎င်း၏ကျင့်ကြံမှုက လွန်ခဲ့သောနှစ်များတစ်လျှောက် ယခင်စွမ်းအား၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ကျင့်ကြံမှု တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်။ သူ့အသား၊ အသွေးနှင့် အရိုးများအပြင် သူ၏ကျင့်ကြံမှာ ဆယ်ပုံနှစ်ပုံခန့်ကို သူ၏ ဦးနှောက်က စုပ်ယူသွားကြောင်း တဖြည်းဖြည်း သိရှိလာခဲ့သည်။
ပို၍တိကျစွာပြောရလျှင် ထိုစွမ်းအား၏ ဆယ်ပုံနှစ်ပုံအား စုပ်ယူခဲ့သောအရာမှာ သူ၏ဝိညာဉ်ဖြစ်သည်။
စုမင်က ဤဖြစ်စဉ်ကို တွေ့ရှိပြီးသည်နှင့် သူ့နှလုံးသား တုန်လှုပ်သွားသည်။ သူ၏ဆုံးရှုံးသွားသော ကနဦးကျင့်ကြံမှုကို အပြည့်အဝပြန်လည်ရရှိပြီးသည်နှင့် ၎င်း၏နောက်ဆုံး ဆယ်ပုံနှစ်ပုံ တိုးလာခြင်းက မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ အောင်မြင်စွာရောက်ရှိရန် သူ့အတွက်သော့ချက်ဖြစ်လာမည် ဖြစ်သည်။
တိထျန်းနှင့် တိုက်ပွဲအပြီး သတိလစ်မသွားခင် သူ့နားထဲမှာ ပဲ့တင်ထပ်လာသော ပလွေသံစဉ်အကြောင်း သူ့ကို တွေးတောစေခဲ့သည်...
တစ်လ၊ နှစ်လ…
နှစ်လအကြာတွင် စုမင်၏ကနဦးကျင့်ကြံမှု ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ သူ၏ဝိညာဉ်က တဖြည်းဖြည်း အိပ်ပျော်နေသကဲ့သို့ ငြိမ်သက်သွားခဲ့သည်။ မဖော်ပြနိုင်သော ခံစားချက်တစ်ခုတွင် သူ နစ်မြုပ်နေခဲ့သည်။
စွမ်းအားအပြည့်ရရှိနေသကဲ့သို့ပင်..
နောက်ထပ် ရက်ပေါင်း နှစ်ဆယ်ကျော်ပြီး ကပ်ဘေးကြီး မရောက်မီ သုံးရက်သာကျန်တော့သောအခါ ပေါင်ချိုးက အဆောက်အဦး၏ ပထမထပ်သို့ ဖြည်းညှင်းစွာလျှောက်လာပြီး စုမင် ရှေ့မှာ ပေါ်လာသည်။
သူမသည် ငြိမ်သက်နေပုံရပြီး သုံးရက်သာကျန်တော့သော သူတစ်ယောက်၏ စိတ်ပျက်အားငယ်သောအကြည့်မျိုး မတွေ့ခဲ့ရပေ။ သူမက စုမင် ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ရှေ့တွင် ငြိမ်သက်စွာ ဝင်ထိုင်လိုက်သည်။ မိန်းမပျိုတစ်ဦး၏အသွင်အပြင်ကို ပြန်လည် ဖော်ဆောင်ခဲ့သော သူမက မြင့်မြတ်သောအလှကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူမက အဆောက်အဦးအပြင်ဘက် ကောင်းကင်ကို တိတ်တဆိတ်ကြည့်ကာစုမင် နိုးလာရန် စောင့်နေသည်။
သူနှင့်တစ်နှစ်ကြာ ရှိပြီးသည့်တိုင် သူမရှေ့တွင် ဤကောင်လေး၏ လျှို့ဝှက်ဆန်းကြယ်မှုအလွှာတစ်ခုရှိနေသည်ဟု သူမခံစားမိသေးသည်။ ထိုအချိန်တွင် သူမက ပြတင်းပေါက်မှ အဝေးသို့ လှည့်ကြည့်လိုက်ရာ သူ့အကြည့်များက သူ့ခန္ဓာကိုယ်ပေါ်သို့ တစ်ဖန် ကျဆင်းသွားပြန်သည်။
သူမ သူ့ကို ဆက်ကြည့်ရင်း ထိုချန်စုက ယခင်ပုံစံနှင့် အနည်းငယ် ကွာခြားပုံပေါက်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
သူ...နည်းနည်း အရွယ်ကြီးလာပုံရသည်
သူသည် အသက်ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်မျှသာရှိပုံမရတော့ဘဲ ဆယ့်လေးဆယ့်ငါးနှစ်ခန့်ရှိပုံရသည်။ မျက်လုံးမှိတ်ထားလိုက်သောအခါတွင် သူ့မျက်နှာတွင် နုပျိုမှုနေလေသည်။ သူ့မျက်လုံးဖွင့်လာစဉ် နက်နဲသောအကြည့်များ ရှိနေလေသည်။သူမ သူ့မျက်လုံးများကို ဘယ်တော့မှမေ့မည်မဟုတ်ပေ။ ထိုနက်နဲ သောအသွင်အပြင်တွင် ဝမ်းနည်းပူဆွေးမှုများပါ၀င်ပြီး နေဝင်စပြုလာသောအခါ မှိန်ဖျော့သွားလေသည်။
‘သူ့မှာ ဘယ်လိုလျှို့ဝှက်ချက်မျိုး ရှိလဲ...သူက ဘယ်သူလဲ.. သူက ချန်စု မဟုတ်တာ သေချာတယ်..သူ့နာမည်ကဘာလဲ.. သူဘယ်ကလာတာလဲ... သူက စွမ်းအားကြီးတယ်..ဒါကြောင့် သူက သာမန်လူမဖြစ်နိုင်ဘူး… ဘယ်လိုလူက သူ့ကို ဒီလောက် ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်မှာလဲ..”
ထိုကဲ့သို့မေးခွန်းမျိုးက ပြီးခဲ့သည့်နှစ်အများစုအတွင်းမှာ ပေါင်ချိုး၏နှလုံးသားထဲမှာ မရပ်မနား တိုးလာခဲ့သည်။
ထိုကောင်လေးအေကြာင်းကို သူမ သိချင်လာသည်။
အထူးသဖြင့် သူ့ဆံပင်ရှိ အနက်ရောင်ကမှိန်ဖျော့လာပြီး အဖြူနှင့် ခရမ်းရောင်ပေါ်လာသည်။
သူ့ဆံပင်ထဲက ရောထွေးနေသောအရိပ်များက ဖိုသီဖတ်သီဖြစ်မနေစေပေ။ သို့သော် အန္တရယ်ရှိသောလေထုကိုလည်း မထုတ်လွှတ်ဘဲ လူငယ်တစ်ယောက်၏အသွင်သဏ္ဍန်ကိုပေါ်လွင်စေလေသည်။
ပေါင်ချိုးက သူမ၏မေးစေ့ကို မော့လိုက်ပြီး နောက်သုံးရက်အကြာတွင် သူမရင်ဆိုင်ရမည့် သေခြင်းတရားကို မေ့သွားသလိုမျိုး သူ့ကို ဆက်ကြည့်နေသည်။ အပြင်မှာ နောက်ဆုံး အလင်းတန်းတွေ မှိန်ဖျော့သွားသည့်အခါ အမှောင်ထုအုပ်စိုးသွားသည်။ နေ့အလင်းရောင်က တစ်ဖန် ပြန်ရောက်လာသည်။ ထို့နောက်တွင်ပင် စုမင်က တရားထိုင်ပြီး ပေါင်ချိုးက သူ့ကို ဆက်ကြည့်နေလေသည်။
မွန်းတည့်လွန်ပြီး နေဝင်ရီတရောအချိန် ပြတင်းပေါက်မှ နေရောင်က သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာပြီး စုမင် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
ပေါင်ချိုးက သူ့ကို စူးစူးစိုက်စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ သူ့မမျက်နှာပေါ်တွင် တောက်ပနီရဲနေသောပုံစံကို မြင်လိုက်ရပြီး မြင်ကွင်းတစ်ခုကို လင်းထိန်စေခဲ့သည်။
ထိုနေရာမှ အမျိုးသမီးက အနက်ရောင်ဆံပင်များနှင့် လှပနေပြီး ပန်းရောင်ဝတ်စုံကို ၀တ်ဆင်ထားသည်။ သူမ၏ မေးစေ့ကို လက်ပေါ်တွင် အုပ်ထားပြီး သူမ၏ မျက်တောင်များက မယုံနိုင်လောက်အောင် ရှည်လျားနေသည်... သူမ သူ့ကို ကြည့်ရင်း မျက်လုံးများ တောက်ပလာသည်။
နေရောင်ခြည်အောက်တွင် သူမ၏ မျက်နှာမှ ဆံနွယ်ကောင်းများကိုပင် မြင်တွေ့နိုင်သည်။ သူမ၏ အရေပြားက နေရောင်အောက်တွင် တဖြည်းဖြည်း နီမြန်းလာပြီး ကြည်လင်ပြတ်သားစွာ မမြင်နိုင်ပေ။
“ငါ့စိတ်ထဲ ထားရစ်ခဲ့တဲ့ချိပ်တံဆိပ်ကြောင့် နင့်ကို ကြည့်နေမိတာ.. အဲဒါကြောင့် ငါ့မသိစိတ်ထဲ နင့်ကို စွဲလမ်းနေပြီး ရင်းရင်းနှီးနှီး ခံစားရတယ်...”
“ချိပ်တံဆိပ်ဖယ်လိုက်တာနဲ့..ဒါတွေအကုန်လုံးပေါ်လာတော့မှာမဟုတ်သလို အရာအားလုံးပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်.. နားလည်မှုမလွဲပါနဲ့...”
ပေါင်ချိုးက စုမင်၏အကြည့်ကို မရှောင်။ သူမ သူ့ကိုကြည့်ကာ အတတ်နိုင်ဆုံး တည်ငြိမ်စွာပြောလိုက်သည်။
စုမင်က ခပ်ဖျော့ဖျော့ ပြုံးပြီး စကားမပြောပေ။
“မင်းနားလည်မှုလွဲရင် ဒါက မင်းရဲ့ပြဿနာပဲ.. ငါနဲ့ဘာမှမဆိုင်ဘူး..မင်းရဲ့ကတိအတိုင်း မင်းလုပ်မယ်လို့ ငါမျှော်လင့်တယ်... ငါရဲ့စွမ်းအား အပြည့်အဝပြန်ရပြီဆိုတာနဲ့ငါ မင်းကို လွတ်လပ်မှုပြန်ပေးလိမ့်မယ်”
ပေါင်ချိုး၏ နှလုံးခုန်သံများ တုန်ခါသွားသော်လည်း သူမက စိတ်လှုပ်ရှားမှုမရှိဘဲ စကားပြောနေမြဲဖြစ်သည်။ သို့သော်လည်း နေရောင်ပျောက်ကွယ်သွားသည့်တိုင် သူမ၏ မျက်နှာက နီရဲနေသေးသည်။
“ရိုးရိုးသားသားပြောရရင် မင်းရဲ့လက်ရှိရုပ်ရည်ကို ငါအရမ်းကြိုက်တယ်..မင်းက အဘွားကြီးထက်တော့ ဒီပုံစံက ပိုကောင်းတယ်”
စုမင်က ပြုံးပြီး ပြောလိုက်သည်။ သူ့စကားတွေထဲမှာ မရိုးမသားအဓိပ္ပါယ်မပါပေ။သူပြောတာက အမှန်အတိုင်းပင်။
သို့ပေမဲ့ ပေါင်ချိုး နားထဲကို ရောက်သွားတော့ သူ့စကား၏ အဓိပ္ပါယ်က အနည်းငယ် ကွဲပြားသွားသည်။
သူမ သူ့ကို စိုက်ကြည့်နေသော်လည်း သူမ၏ စိတ်ထဲတွင် ခင်မင်ရင်းနှီးမှုနှင့် သူ့ကို တွန်းလှန်နိုင်စွမ်းမရှိသော သူမ၏အမူအရာက နူးညံ့သိမ်မွေ့သွားစေသည်။ သူမအကြည့်များကို မဖယ်သေးဘဲ သူ့မျက်လုံးများကို တည့်တည့်ကြည့်နေလေသည်။
အချိန်က တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။ အပြင်လောကသို့ အမှောင်ထုကြီးရောက်ရှိလာသည်။ သန်းခေါင်ယံတွင် သုံးရက်မြောက်နေ့ကို ရောက်ရှိလာတော့မည့်အချိန်တွင် စုမင်အနည်းငယ် အဆင်မပြေစပြုလာသည်။
သူက အရာများစွာကို ဖြတ်သန်းခဲ့ဖူးသော်လည်း ပေါင်ချိုးကဲ့သို့ သူမကို စေ့စေ့ကြည့်ကြည့်မည့် အမျိုးသမီးကို တစ်ခါမျှ မတွေ့ဖူးသေးသလို၊ ခဏတာမျှသာ မဟုတ်ပေ။ သူမ သူ့ကို မယုံနိုင်လောက်အောင် အကြာကြီး စိုက်ကြည့်နေသည်...
စုမင်က ချောင်းဟန့်လိုက်ကာ မျက်လုံးမှိတ်ပြီး တရားထိုင်ရန် ဆုံးဖြတ်လိုက်သည်။
များမကြာမီ သန်းခေါင်ယံအချိန်သို့ရောက်ရှိလာသော် ပေါင်ချိုးက သူမ၏အကြည့်ကို လွှဲလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်တွင် မှောင်မိုက်နေသောကောင်းကင်ဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် နတ်ဆိုးဝိညာဉ်ဂိုဏ်းမှ အခြားလူတစ်ဒါဇင်ခန့်သည် ကောင်းကင်ကို မော့ကြည့်နေကြသည်။ သူတို့အားလုံးက အိမ်ထဲတွင် ငြိမ်သက်စွာ ထိုင်ကာ ရှေ့ကို မျှော်ကြည့်နေကြသည်။
ထိုအချိန်တွင် နတ်ဆိုးဝိညာဉ်တောင်ထိပ်ရှိ အနက်ရောင်မီးခိုးများအတွင်းမှ ရုပ်ပွားတော်အချို့ကို ကိုးကွယ်ထားသည့် အုံ့မှိုင်းနေသော ဗိမာန်တစ်ခုအတွင်း လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေသည်။ ထိုလူက အပြာရောင် ၀တ်စုံရှည်ကို ၀တ်ထားကာ ဂိုဏ်း၏စွမ်းအား အကြီးဆုံး ဂိုဏ်းအကြီးအကဲရှန်းတုန် ဖြစ်သည်။
ထိုအနက်ရောင်မီးခိုးက သူ့ဆီမှ ထွက်လာပြီး ၎င်းက မာန်စိတ်ဝိညာဉ်နယ်ပယ်၊ အင်မော်တယ် စွမ်းအား တွင် ကြီးကျယ်စွာ ပြီးဆုံးသွားခဲ့သောကျင့်ကြံသူ နှင့် ညီမျှသော သူ၏ စွမ်းအား၏ သင်္ကေတဖြစ်သည်။
“အနှစ်ငါးဆယ်…မြန်လိုက်တာ…”
သူ့အသံက ကွဲအက်ကြမ်းတမ်းနေလေသညခ။ သူက မကျေမနပ် လေသံဖြင့် ပြောနေရင်း ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ ထိုအချိန်တွင် စွမ်းအားကြီးနယ်ပယ်တွင်ရှိသူများသာ ပိုင်ဆိုင်နိုင်သော အားကောင်းသည့် စွမ်းအားလှိုင်းကမသူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ပေါင်ချိုးက အပါအဝင် ဂိုဏ်းမှ လူတစ်ဒါဇင်အားလုံးသည် ၎င်းတို့ရောက်ရှိနေသည့်နေရာမှ စတင်ထွက်ခွာလာသည်။ ၎င်းတို့က ဤနေရာသို့ ဆင်းသက်လာခဲ့ကြသော အင်မော်တယ်များပင်။
သူတို့၏သွေးမျိုးဆက်ကိုပြောင်းလဲခဲ့သောကျင့်ကြံသူများက စွမ်းအားလှိုင်းများကို ထုတ်လွှတ်နေလေသည်။ ကြောက်လန့်ခြင်း၊ တိတ်ဆိတ်ခြင်း၊ မောက်မာခြင်း သို့မဟုတ် ဝမ်းနည်းခြင်းလှိုင်းများလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ နတ်ဆိုးဝိညာဉ်ဂိုဏ်းရှိ ပြင်ပလူများအားလုံးက ထိုခဏအတောအတွင်း ကောင်းကင်သို့ ပျံ့လွင့်သွားသည် ။