ကောင်းကင်မြစ်တောင်တန်း...ရွှေဝါရောင်သဲ
Vol. 45 Ch. 616
နတ်ဆိုးဝိညာဉ်ဂိုဏ်းက ထိုကဲ့သို့ တုံ့ပြန်သည့် တစ်ခုတည်းသောဂိုဏ်းမဟုတ်ပေ။ ထိုအချိန်တွင် အရှေ့မြေရိုင်းနယ်မြေရှိ နတ်ဆိုးမြူမှုန်ဂိုဏ်းနှင့်နတ်ဆိုးရာဂဂိုဏ်းတို့ကလည်း ဤပုံစံအတိုင်း လုပ်ဆောင်ခဲ့သည်။ သူတို့လည်း အပြင်လူအဖြစ် ဖြန့်ကျက်ပြီး ကောင်းကင်ကို ရွှေ့လျားသွားဘေသည်။
မှော်စီးယာဉ်က သူတို့ကို မတွေ့မိမှာကို ကြောက်နေပုံပင်။ ၎င်းတို့၏ တည်ရှိနေမှုကြောင့် ကောင်းကင်တွင် တိမ်များနှင့် လေများ ရွေ့လျားလာနေလေသည်။ အရှေ့မြေရိုင်းနယ်မြေတစ်ခုလုံးတွင် ရာသီဥတု ပြောင်းလဲလာပြီး မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
လောကကြီး ပြောင်းလဲလာသည်နှင့်အမျှ အရှေ့မြေရိုင်းနယ်မြေအရှေ့ဘက်ရှိ နတ်ဆိုးအင်မော်တယ်ဂိုဏ်းမှ အင်အားကြီးကျင့်ကြံသူများ ကောင်းကင်သို့ပျံသန်းလျက်ရှိသည်။
“နတ်ဆိုးဂိုဏ်းဆိုတာ ဘာလဲ... ကပ်ဘေးကြီးမလာခင်..အရပ်ရပ်က တခြားသူတွေ အားလုံး တွန့်ဆုတ်နေချိန်မှာ ငါတို့ကပဲ သတ္တိရှိရှိ တွန်းလှန်နေကြတာ...”
“ကဲ၊ ငါတို့ပတ်ဝန်းကျင်ကလူတွေအားလုံး သူတို့မလုပ်ရဲတာကို ပြလိုက်ရအောင်.. ငါတို့ကမာန်မျိုးနွယ်စုနယ်မှာရောက်နေပြီ..ဒါကြောင့် ဒီ ကပ်ဘေးကို ဘာလို့ကြောက်ရမှာလဲ . စောစော ရင်ဆိုင်လိုက်တာ ပိုကောင်းမယ် ..”
နတ်ဆိုးအင်မော်တယ်ဂိုဏ်းမှကြောက်စရာကောင်းသောအသံက နေရာအနှံ့ ပဲ့တင်ထပ်ကာ အရှေ့ေမြရိုင်းနယ်မြေ အတွင်းမှ နတ်ဆိုးဂိုဏ်းများအားလုံးသို့ ပျံ့နှံ့သွားသည့် မိုးခြိမ်းသံအဖြစ် ပြောင်းလဲသွားသည်။
တိုက်ကြီး၏အခြားတည်နေရာလေးခုက အရှေ့မြေရိုင်းနယ်မြေ၏အရှေ့ဘက်နှင့်ကြီးမားသောဆန့်ကျင်ဘက်ဖြစ်သည်။ တိထျန်းရှိသောမဟာမြူရွက်အင်မော်တယ်ဂိုဏ်းဖြစ်စေ... အခြသယအားလုံးက သူတို့၏ တည်ရှိမှုကို ထုတ်မပြောရဲကြပေ။ မှော်စီးယာဉ် တစ်ဖန် အိပ်ပျော်သွားသည့်တိုင်အောင် နှစ်ငါးဆယ်တစ်ကြိမ် ရောက်လာသော ဤအထူးနေ့ကို ရှောင်ရှားလိုကြောင်း ထင်ရှားပါသည်။
သူတို့ဧ။်ရွေးချယ်မှုက မှန်ကန်ပြီး နတ်ဆိုးဂိုဏ်း၏ လုပ်ရပ်များက ရူးသွပ်သကဲ့သို့ ဖြစ်ကောင်းဖြစ်နိုင်သည်။သို့သော်လည်း ထိုအရာက သူတို့၏ ယုံကြည်မှု မည်မျှကွာခြားကြောင်း ပြသရန် လုံလောက်ပါသည်။
သူတို့ထဲက တစ်ယောက်က ကပ်ဘေးကြီးကို တွန်းလှန်ပြီး ကျန်သူများက ထိုဖြစ်စဉ်ကို မျက်ဝါးထင်ထင် ကြည့်နေကြမည်။ ကပ်ဘေးကို ရှောင်ပြီးလျှင် သူတို့၏ အစွယ်ကို ပြကြလိမ့်မည်။
ကြမ်းတမ်းသော ကျားတစ်ကောင်နှင့် ဝံပုလွေတစ်အုပ်ကဲ့သို့ပင်။
စွမ်းအားကြီးသော ကျားတစ်ကောင်က ရန်သူနှင့်တိုက်ခိုက်သောအခါ များသောအားဖြင့် ထိုရန်သူကို ခွန်အားအပြည့်ဖြင့် တိုက်ခိုက်လေ့ရှိပြီး နောက်ဆုတ်သွားခဲသည်။ သို့သော်၊ ဝံပုလွေတစ်အုပ်က ရန်သူတစ်ဦးနှင့်တိုက်ခိုက်လျှင် များသောအားဖြင့် ဧရိယာအတွင်း၌ တဝဲလည်လည် ဖြစ်နေကြပြီး ၎င်းတို့၏ ရံဖန်ရံခါ တိုက်ခိုက်မှုများပင်လျှင် မှောင်မိုက်ပြီး ယုတ်မာသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ဂိုဏ်းဆိုးလေးခုသည် ၎င်းတို့၏ တည်ရှိမှုကို ဖော်ထုတ်ခဲ့သည်။ရုတ်တရက် ကျယ်လောင်သော အသံတစ်ခုက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေကာ ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ကောင်းကင်ယံမှာ လျင်မြန်စွာ ပေါ်လာခဲ့သည်။
အရာအားလုံးကို ဖြတ်သွားနိုင်သော ချွန်ထက်တသော အစွန်းတစ်ခု ရှိနေသကဲ့သို့ပင်။ ထိုချွန်ထက်သောအစွန်းက ကောင်းကင်ကို ဖြတ်တောက်လိုက်ကာ ပေတစ်ရာရှည်သော ကြီးမားသောအက်ကွဲကြောင်းကို ထင်ရှားစေသည်။
တစ်ယောက်ယောက်က ခေါင်းမော့ကြည့်လိုက်သည့်အခါ အပေါ်က အက်ကွဲကြောင်းက ကောင်းကင်ကို လုံးလုံးလျားလျား လှန်ပစ်ချင်နေသော အမာရွတ်တစ်ခုကဲ့သို့ပင်။
ကြီးမားပြင်းထန်သော ဖိအားတစ်ခုက အက်ကွဲကြောင်းမှ မြေပြင်ဆီသို့ ကျယ်လောင်စွာ ဆင်းသက်လာသည်။ ထိုဖိအားက တိုက်ကြီးတစ်ခုလုံးကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အရှေ့ဘက် မြေရိုင်းဒေသတစ်ခုလုံးကို ချက်ချင်းလွှမ်းမိုးခဲ့သည်။
စုမင်၏ မျက်လုံးများ ပွင့်လာသည်။ သူ့ ခေါင်းကိုမော့ပြီး ကောင်းကင်ယံရှိ အက်ကွဲကြောင်းမျာစကို ကြည့်လိုက်တယ်။ သူက ဖိအား၏တည်ရှိမှုနှင့် ၎င်း၏ခွန်အားကိုပင် သိရှိနိုင်သည်။ ၎င်းသည်...တောင်အရုဏ်ဦးနယ်မြေမှော်စီးယာဉ် ၏ စွမ်းအားကို ကျော်လွန်နေပြီဖြစ်သည်။ သို့သော် စုမင်က ဤဖိအားအတွက် အလွန်အမင်း ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။
သို့ပေမဲ့ ပေါက်ချိုးကတော့ မတူပေ။ သူ့ဘေးမှာ တုန်လှုပ်နေပြီး မျက်နှာက ချက်ချင်း ဖျော့တော့သွားသည်။
သူမက မာန်မျိုးနွယ်စုဝင်မဟုတ်ခဲ့ပော သူမက အပြင်လူတစ်ယောက်ဖြစ်သည်။ ထိုအချိန်တွင် ကောင်းကင်မှ အက်ကွဲနေသော ဖိအားကို သူမ ခံစားလိုက်ရပြီး သူမ၏နှလုံးသားင ချက်ချင်းပင် တုန်ခါလာသည်။ သူမအတွင်း၌ ကြောက်မက်ဖွယ်ရာလှိုင်းလုံးကြီးတစ်ခု တိုးလာကာ သူမဘာမှ မလုပ်နိုင်ခဲ့ပေ။ ဘယ်တော့မှ ပြိုကျမလာသော တောင်ကြီးက သူ့အပေါ်ကနေ ပြိုကျနေသကဲ့သို့ပင် ခံစားနေရလေသည်။
အရာအားလုံးကို ကြိုတင်သတ်မှတ်ထားသကဲ့သို့ ဤဖိအားအောက်တွင် သူမက တိုက်ပွဲကို အလွန်အကျွံမတိုက်ပေ။ သူမက အရှေ့မြေရိုင်းနယ်မြေ၏မှော်စီးယာဉ် ဖြင့် ကြိတ်ခံရမည့် ကံကြမ္မာပါလာခဲ့သည်။
‘အဲ့ဒီဖိအားရဲ့ ကနဉီးစွမ်းအားပဲရှိသေးတယ်.. အရမ်းစွမ်းအားကြီးတယ်..ဒါေပမဲ့ ဒီနေရာကိုရောက်လာတဲ့သူတွေက ဒီဖိအားကိုတွန်းလှန်ဖို့နည်းလမ်းရှိရမယ်..မဟုတ်ရင် မှော်စီးယာဉ်စဆင်းကတည်းက သူတို့သေနိုင်လောက်တယ်.
“
‘နတ်ဆိုးဂိုဏ်းက ကျီအန်းက အခြားသူ တွေကို ဒီစမ်းသပ်မှုကို ဖြတ်ကျော်ခိုင်းမှာမဟုတ်ဘူး..”
စုမင်၏ မျက်နှာက ယခင်အတိုင်း ငြိမ်သက်နေခဲ့သည်။ ယခုထိ သူက ပေါင်ချိုးကိုမကူညီသေးပေ။
ယခု အမျိုးသမီးက တုန်တုန်ယင်ယင်ဖြင့် လက်ဖြင့် ချိတ်တံဆိပ်ဖန်တီးခြင်းကို လျင်မြန်စွာ ပြုလုပ်နေပါသည်။ သန့်ရှင်းသောအလင်းရောင်က သူမ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။
စုမင်တရားထိုင်တာကို ရပ်လိုက်ပြီး ထလိုက်သည်။ ပြင်ပပြောင်းလဲမှုများကြောင့် ဤနေရာရှိ လောကြီး၏ စွမ်းအားသည် ဖရိုဖရဲဖြစ်လာပြီး ကျင့်ကြံရေးအတွက် မသင့်လျော်တော့ပေ။ စုမင်က မတ်တပ်ထရပ်ပြီးသည်နှင်ြ ပြတင်းပေါက်နားကို လျှောက်သွားပြီး ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ သူ မျက်လုံးကို မှိတ်ထားသည်။
ကောင်းကင်၌ အက်ကွဲကြောင်း ပေါ်လာသည်နှင့် တပြိုင်နက် တောင်တစ်ခုလုံးရှိ ဝိညာဉ်အရှိန်အဝါက စုပ်ယူခံရသကဲ့သို့ အနောက်သို့ စီးဆင်းသွားသည်ကို သူ ယောင်ဝါးဝါး ခံစားနိုင်ခဲ့သည်။
တောင်ပေါ်ကို ထိခိုက်တာ တစ်ခုတည်း မဟုတ်ပေ။ ပို၍တိကျစွာပြောရလျှင် အရှေ့ဘက်မြေရိုင်းများ တစ်ခုလုံး ထိခိုက်ခဲ့သည်။ မမြင်နိုင်သော တိမ်တိုက်များကဲ့သို့ အဆုံးမရှိသော ဝိညာဉ်ရောင်ဝါက ကောင်းကင်ဆီသို့ လွှမ်းခြုံနေသည်။မှော်စီးယာဉ်က နိုးထရန် ထိုကြီးမားသောဝိညာဉ်များလိုအပ်နေသကဲ့သို့ ဝါးမြိုသွားခဲ့သည်။
စုမင်က ငြိမ်ပြီး တိတ်တိတ်လေး ကြည့်နေလေသည်။
ပေါင်ချိုးက သူ့နောက်တွင်ထိုင်နေချိန်တွင် တုန်တုန်ယင်ယင်ဖြစ်နေဆဲဖြစ်ပြီး သူမတွင်ရှိသော အရာအားလုံးကို တွန်းလှန်နေသည်မှာ ထင်ရှားသည်။
အချိန် တဖြည်းဖြည်း ကုန်လွန်လာပြီး ထိုဖိအား၏ စွမ်းအားက ပိုအားကောင်းလာသည်။ အဆုံးတွင် ၎င်းက အလွန်ပြင်းထန်လာပြီး စုမင်၏မျက်လုံးများကို ဝေဝါးသွားစေသည်။ တခဏတာအတွင်းမှာလည်း ကွဲကွဲပြားပြား ဖြစ်သွားသည်။
ရွှေသားကို ရိုက်ခတ်မိသွားခြင်းအကြောင့် အသံတစ်ခု ပြတ်ပြတ်သားသား ထွက်ပေါ်လာပြီး အချိန်အတော်ကြာအောင် ပဲ့တင်ထပ်သွားသည်။ ၎င်းက အရှေ့မြေရိုင်းနယ်ေမြတစ်လျှောက် ပျံ့နှံ့သွားသည်။
မည်ကဲ့သို့ အသံမျိုးဖြစ်သည်ကို မည်သူမဆို လျင်မြန်စွာ ဆုံးဖြတ်ရန် ခက်ခဲသည်။ လေထဲမှာ တဟုန်ထိုး တုန်လှုပ်သွားသည့်အခိုက်တွင် ပေါင်ချိုး၏ ခန္ဓာကိုယ်က အေးခဲသွားပြီး သူမ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူမ၏ မျက်နှာက အရောင်ဖျော့သွားကာ သူမလက်များကို ရွှေ့လိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို အဆက်မပြတ် မြန်မြန်ဆန်ဆန် ပုတ်လိုက်သည် ။ ထိုအသံကြောင့် ပရမ်းပတာဖြစ်ခဲ့ရသော သူမ၏ ကျင့်ကြံမှုအခြေခံကို တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။
ထိုအချိန်တွင် နတ်ဆိုးဂိုဏ်းတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည်။ အသံထွက်လာသောအခါတွင် သူတို့၏သွေးမျိုးဆက်ကိုပြောင်းလဲခဲ့သော ကျင့်ကြံသူအများစုက သွေး ချောင်းဆိုးကာ အချို့မှာ တုန်တုန်ယင်ယင်ပင် သတိလစ်သွားကြသည်။
ဤပြည်သို့ ဆင်းသက်လာခဲ့ကြသော အင်မော်တယ်များက ၎င်းတို့၏ ကျင့်ကြံမှု အဆင့်အလိုက် အမျိုးမျိုးသော အမူအရာများဖြင့် အံကြိတ်ကာ ခံနိုင်ရည်ရှိခဲ့ကြသည်။
အပြာရောင် ၀တ်ရုံရှည်ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် ဂိုဏ်းအကြီးအကဲရှန်းတုန်က မကောင်းဆိုးဝါးဝိညာဉ်တောင်ထိပ်တွင် အနက်ရောင်မီးခိုးငွေ့များဖြင့် တရားထိုင်ရင်း ယခင်အတိုင်းပင် ငြိမ်သက်နေခဲ့သည်။ သူ့အမူအရာမှာ အပြောင်းအလဲ မရှိခဲ့ပေ။ လူအများ၏နှလုံးကို တုန်လှုပ်စေသော ထိုအသံသည် သူ့အတွက် အထူးအဆန်းမဟုတ်သလိုပင်။
အလားတူ ဖြစ်ရပ်များက အရှေ့ မြေရိုင်းနယ်ပိုင်းမြေများရှိ နတ်ဆိုးဂိုဏ်း လေးခုစလုံးတွင် ဖြစ်ပျက်နေပါသည်။ မြေပြင်တွင် ဆင်းသက်လာသော အင်မော်တယ်အားလုံးနှင့် ၎င်းတို့၏ သွေးမျိုးဆက်ကို ပြောင်းလဲခဲ့ကြသော ကျင့်ကြံသူများအားလုံးက ဖိအားကို ခုခံကြသည်။ သူတို့က ရှင်သန်ရန် ၊ စွမ်းအားကြီးရန် သို့မဟုတ် တခြားအကြောင်းများကြောင့် ခုခဲကြသည်။ ထို့ပြင် သူတို့၏သွေးမျိုးဆက်ကိုပြောင်းလဲပြီး နတ်ဆိုးဝိညာဉ်ဂိုဏ်း၏ကျင့်စဉ်ကိုကျင့်ကြံခဲ့သည်။ ထိုအတွက် ပေးဆပ်ခဲ့ရတာက မယုံနိုင်လောက်အောင် ကြီးမားသည်။
သူတို့ကိုယ်သူတို့ ကျင့်ကြံသူဟုတောင် ခေါ်ပိုင်ခွင့်မရှိတော့ဘဲ နတ်ဆိုးဂိုဏ်းမှာတောင်မှ သာမညလူသားအဖြစ် နှိမ့်ချခံခဲ့ရပါတယ်။ သို့သော် နှစ်ငါးဆယ်တစ်ကြိမ် ပေါ်လာမည့်ကပ်ဘေးကာလအတွင်း ပို၍ပေးဆပ်ရလေသည်။ သူတို့ခံစားနေရသော ဖိအားက မာန်မျိုးနွယ်စု နယ်မြေကို ဆင်းသက်လာသူများ ခံစားခဲ့ရတာထက် အများကြီး ကြီးမားသည်။
မှော်စီးယာဉ်က ထိုလူမျိုးအပေါ် မယုံနိုင်လောက်အောင် မုန်းတီးမှုကို ဖုံးကွယ်ထားသကဲ့သို့ပင်။ ဘေးကပ်ဆိုးကြီး ရောက်လာတိုင်း သူတို့၏ သွေးမျိုးဆက်ကို ပြောင်းလဲခဲ့သောကျင့်ကြံသူတစ်ဝက်လောက်က ထိုအတွက်ကြောင့် သေဆုံးခဲ့သည်။
ကျယ်လောင်သောအသံက နတ်ဆိုးဂိုဏ်းအပြင် အရှေ့မြေရိုင်းနယ် မြေတစ်လျှောက်နှင့် အခြားအင် မော်တယ်ဂိုဏ်းများသို့ ပျံ့နှံ့သွားသည်။ သို့သော် ၎င်းတို့ကိုယ်တိုင် ပုန်းအောင်းနေခြင်းကြောင့် ထိခိုက်မှုများစွာ မခံခဲ့ရပေ။ မည်သို့ပင်ဆိုစေကာမူ၊ ထိုအသံများ၏ သက်ရောက်မှုက ၎င်းတို့၏ နှလုံးသားများဆီသို့ မာန်မျိုးနွယ်စုများ၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ခမ်းနားမှုအပေါ် ၎င်းတို့၏ အထင်ကြီးမှုကို နှစ်ငါးဆယ်တစ်ကြိမ် တိုးပွားလာစေခဲ့သည်။
နတ်ဆိုးဝိညာဉ်ဂိုဏ်းကဲ့သို့ ဖိအားကို တွန်းလှန်ခြင်းမပြုသော ဂိုဏ်းများတွင်
ဗလုံးဗ ထွေးအသံကိုသာကြားနိုင်သည်။ ဤအသံများ အားလုံးက အမျိုးသမီးများ ဖြစ်ကြသည်။ သူတို့ ဖြန့်ကျက်လာသောအခါ သွေးနီရောင်အလင်းတန်းက ထိုဂိုဏ်းခွဲများကို ဖုံးလွှမ်းသွားခဲ့သည်။
ဤသွေးနီရောင် အလင်းတန်းများက မာန်နယ်မြေ၏ ကောင်းကင်ကို ဖုံးအုပ်ထားသည်။အင်မော်တယ်တို့ခြေရာများကို ရှာဖွေရန် မှော်စီးယာဉ်အတွက် ခက်ခဲစေသည်။ သွေးနီရောင်မျက်နှာပြင်က မာန် နယ်မြေသို့ ဆင်းသက်လာသေ အင်မော်တယ်ဂိုဏ်းများအားလုံးအတွက် မရှိမဖြစ်လိုအပ်သော ပစ္စည်းတစ်ခုဖြစ်သည်။
ဤသည်မှာ ကြယ်တာယာနတ်သမီးများ ၏ မြင့်မြတ်သော စွမ်းရည်နှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များပင် ဖြစ်သည်။
ဆင်းသက်လာသော ထိုဂိုဏ်းများအတွင်း လူဖြူအမျိုးသမီး ရှစ်ဦးကို မြင်တွေ့နိုင်သည်။ ထိုအမျိုးသမီးအားလုံးက ခြွင်းချက်မရှိ မယုံနိုင်လောက်အောင် လှပသည်။ ထိုအချိန်တွင် အားလုံးက မျက်လုံးမှိတ်ပြီး လက်နှစ်ဖက်ကို ကျယ်ကျယ်ဖွင့်ထားကြသည်။ သူတို့မှာ အနီရောင်ပုလင်းငယ်တစ်ခုစီရှိခဲ့ပြီး ၎င်းတို့အတွင်း၌ အလွန်အဖိုးတန်သော သွေးစက်များပါရှိခဲ့သည်။
မာန်နယ်မြေ၏ ကောင်းကင်ကို ဖုံးကွယ်ထားနိုင်ရသော အကြောင်းရင်းက ထိုသွေးများပင်ဖြစ်သည်။
ကြယ်တာယာနတ်သမီးများက ထိုသွေးအတွင်းမှ စွမ်းအားအချို့ကို ထုတ်လွှတ်ပြီး ကောင်းကင်ကို ဖုံးအုပ်နိုင်သည့် တစ်ခုတည်းသောသူများဖြစ်သည်။ ၎င်းတို့က ဤအရာကို လုပ်နိုင်သူများသာဖြစ်ပြီး အခြားမည်သူမျှမရှိပေ။
နတ်ဆိုးဂိုဏ်းတွင် ကြယ်တာယာနတ်သမီး တစ်ယောက်လည်း ရှိသော်လည်း မာန်နယ်မြေ၏ ကောင်းကင်ကို ဖုံးအုပ်ရန် သူမမှာ တာဝန်မရှိပေ။ ယင်းအစား ကျီအန်၏ တောင်းဆိုမှုကြောင့် သူမမှာ ရည်ရွယ်ချက်တစ်ခုရှိခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်မှ အသံများ လွင့်ပါးသွားကာ မကြာမီ ဒုတိယမြောက် ရိုက်ခတ်မှု ထွက်ပေါ်လာသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပျံ့နှံ့သွားပြီး မြေပြင်နှင့် မယုံနိုင်လောက်အောင် နီးကပ်နေပုံရသည်။ အနက်ရောင် အလင်းလှိုင်းများက ကောင်းကင်ယံမှ အက်ကွဲရာများမှ ပြန့်ကျဲနေပြီး လင်းလက်လာသည်နှင့်အမျှ အတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည့် အရာတစ်ခု ရှိနေသကဲ့သို့ပင်။
ဒုတိယခေါင်းလောင်းသံက နတ်ဆိုးဂိုဏ်းမှ ဆင်းသက်လာသော အင်မော်တယ်များကို ပို၍ပင် တုန်လှုပ်စေခဲ့သည်။ ပေါင်ချိုးက သူမ၏လက်ဖြင့် တံဆိပ်ခတ်ထားစဉ်တွင် ရှေ့ကိုချိန်ရွယ်လိုက်သည်။ ချက်ချင်းပင် သူမရှေ့တွင် ပုံရိပ် ယောင်တစ်ခု ပေါ်လာသည်။ ၎င်းက ရုပ်တုဖြစ်ပြီး မြေညီထပ်ရှိ ရုပ်တုနှင့် တူညီသည်။
ရုပ်တုပေါ်လာသည်နှင့် ပေါင်ချိုးက ၏မျက်နှာသည် အနည်းငယ်အရောင်ပြောင်းလာပြီး သူမက အနည်းငယ်အားပိုကောင်းလာသည်။သို့သော်လည်း တခဏချင်းနီးပါးတွင်၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမခေါင်းလောင်းသံများက ကျယ်လောင်သော အသံများနှင့်အတူ ကောင်းကင်မှ ထွက်လာသည်။
လေထုထဲ တဟုန်ထိုး တုန်ခါသွားသည်နှင့် တပြိုင်နက် ကောင်းကင်တွင် ကြီးမားသော အက်ကွဲမှုကြီးမှ အနက်ရောင် အလင်းတန်းများက ပို၍ အားကောင်းလာသည်။ မြေပြင်ကို လင်းထိန်သွားကာ ကောင်းကင်တစ်ခုလုံးကို ထိုအလင်းရောင်ဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေသည်။ အက်ကွဲခြင်းနှင့် အပြာရောင်အလင်းတန်းများကြောင့် မမြင်နိုင်တော့ပေ။ မြင်နိုင်သည့် တစ်ခုတည်းသောအရာမှာ အနက်ရောင်အလင်းရောင်အောက်တွင် ကောင်းကင်မှ စက်ဝိုင်းပုံသဏ္ဍာန် ဖြည်းညှင်းစွာ ဆင်းသက်လာခြင်းဖြစ်သည်။
ထိုအရာက… အလွန်ကြီးမားတဲ့ ခေါင်းလောင်းကြီးပင်။ ၎င်းက ဝိုင်းစက်နေပုံရသော်လည်း ၎င်းက ခေါင်းလောင်း၏အစွန်းတစ်ခုသာဖြစ်သည်။စုမင် ပုံစံအပြည့်အစုံကို မြင်လိုက်ရသောအခါတွင် ကျယ်လောင်သောစူးရှသံက သူ့ခေါင်းထဲသို့ ဝင်လာသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ကိုယ်သူ အလိုလို မထိန်းနိုင်လျှင် မျှော်စင်မှ ထွက်သွားပေလိမ့်မည်။
‘ဟန်တောင်တန်းခေါင်းလောင်း...”
စုမင်ဧ။်မျက်လုံးများက ပြူးကျယ်သွားပြီး သူ့မျက်နှာမှာ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေလေသည်။ သူ့အသက်ရှူသံ တခဏချင်း မြန်လာသည်။ ကောင်းကင်ယံရှိမှော်စီးယာဉ်က ဟန်တောင်တန်း ခေါင်းလောင်းနှင့် အလွန်ဆင်တူသည်။
သို့သော် ၎င်းတို့ကြားတွင် ကွဲပြားမှုများလည်း ရှိခဲ့ပြီး ခေါင်းကိုးလုံးနဂါးရုပ်ပုံက ကောင်းကင်ရှိ မှော်စီးယာဉ်ပေါ်မှ ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။
ယင်းအစား ခေါင်းလောင်းတစ်ဝက်ကို ဖုံးလွှမ်းနေသော အဆုံးမရှိသော ကောင်းကင်မြစ်တောင်တန်းတစ်ခုရှိသည်... ကျန်တစ်ဝက်ကတော့ ရွှေဝါရောင်သဲများပင်...